Pages

Monday, August 5, 2024

သံလွင်မြစ်အတွင်း ခေါင်းဆေးကျွန်းအနီး လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေသည့် လှေသမားတစ်ဦး၏ ရုပ်အလောင်းပြန်တွေ့


မော်လမြိုင်၊ ဩဂုတ် ၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်မြစ်အတွင်းရှိ ခေါင်းဆေးကျွန်းအနီး လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေသော လှေသမားတစ်ဦး၏ ရုပ်အလောင်းပြန်‌တွေ့ပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂ ရက်နေ့ နေ့လည်အချိန်က သံလွင်မြစ်အတွင်းရှိ ခေါင်းဆေးကျွန်း လှေဆိပ်အနီး သောင်တင်‌နေသော ကျောက်စလစ်တင်လှေကို အနီးရှိ ကတို့စက်လှေမှ သွားရောက်ကယ်ဆယ်စဉ် လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး သွားရောက် ကယ်ဆယ်သည့် လှေသမား နှစ်ဦးမှာ ရေထဲပြုတ်ကျကာ မျောပါသွားခဲ့သည်။

ရေထဲပြုတ်ကျကာ မျောပါ ပျောက်ဆုံးနေသော လှေသမား နှစ်ဦးကို ဒေသခံကယ်ဆယ်ရေးအဖွဲ့များမှ ရှာဖွေရာ ဩဂုတ် ၄ ရက်နေ့ နံနက်ပိုင်းတွင် အသက် ၅၀ အရွယ် လှေသမား၏ ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့သည်။

ပျောက်ဆုံးနေသည့် အသက် ၂၄ နှစ်အရွယ် လှေသမားကို ပြန်တွေ့ခြင်း မရှိသေးကြောင်း သိရသည်။

0 comments:

Post a Comment