Pages

Tuesday, August 6, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို TNLA ဦးဆောင်သော မဟာမိတ်တပ်များက အပြီးသတ်ထိန်းချုပ်လိုက်ပြီး ၄ ခုမြောက်သိမ်းပိုက်ရရှိသော မြို့ဖြစ်လာ


ကျောက်မဲ၊ ဩဂုတ် ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို 
TNLA ဦးဆောင်သော မဟာမိတ်တပ်များက အပြီးသတ်
ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်
ထံမှသိရသည်။

စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ခမရ ၅၀၂ တို့ကို TNLA ဦးဆောင်သော မဟာမိတ်တပ်များက ထိန်းချုပ်လိုက်ပြီး မြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်ပြီဖြစ်ကြောင်းသိရသည်။
ဩဂုတ်လ ၅ ရက်နေ့ညပိုင်းတွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စစ်စခန်းဖြစ်သော ခမရ ၅၀၁ ၊ ခမရ ၅၀၂ တို့ကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊  ယင်းနောက်ဆုံး လက်ကျန်စခန်း ၂ ခုကို ၁ လခွဲနီးပါး တိုက်ခိုက်ခဲ့ရကြောင်း  သိရှိရသည်။ 

"နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ 

ဇွန်လ ၂၅ ရက်နေ့တွင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး  ဇွန်လ ၂၆ ရက်နေ့ တွင် ကျောက်မဲ မြို့နယ်ရှိ အကြမ်း ဖက် စစ်တပ် ၏ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် ၃၅၂ အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း တို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ ယင်းနောက်  နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ၅၀၂ တို့ကို  ၁ လခွဲနီးပါး တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခဲ့ကြောင်း၊ ယခုအခါ  ကျောက်မဲမြို့နယ်တစ်ခုလုံးသည် စစ်တပ်ကင်းစင် နယ်မြေ ဖြစ်လာကြောင်း သိရှိရသည်။

၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးတွင် နောင်ချို၊ မိုးကုတ်၊ လားရှိုး ပြီးလျှင် ကျောက်မဲမြို့နယ်သည် ၄ ခုမြောက်သိမ်းပိုက်ရရှိသော မြို့နယ်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment