Pages

Monday, September 10, 2012

မြန်မာမွတ်စလင် ကွန်ရက်အဖွဲ့ က ဦးဆောင် ကျင်းပတဲ့ ဘာသာပေါင်းစုံ စုပေါင်း ဆုတောင်းပွဲ အခမ်းအနား ရန်ကုန်မြို့တွင်ကျင်းပ

မုံရွာမြို့မှ အာဏာပိုင်တွေရဲ့ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီး (၁၂) ဦးကိုပြန်လွတ်ပေးဖို့ ဗကသကျောင်းသား အဖွဲ့ဝင်တွေပါဝင်တဲ့ ပြည်သူလူထု(၃၀၀)နီးပါးကတောင်းဆို

ကမာရွတ်မြို့နယ် ဗဟိုလမ်းတွင် ပုတ်ပွနေသော မိန်းကလေး အလောင်းတွေ့

ကမာရွတ်မြို့နယ်ဗဟိုလမ်းအမှတ် ၁၉၅ (ခိုင်ရွှေဝါ ဆိုက္ကားဂိတ်မှတ်တိုင် အနီး) နေအိမ်တိုက်ခန်း တစ်ခုတွင် အသက်၁၃နှစ်အရွယ်အိမ်ဖော်မိန်းကလေးတစ်ဦးအသတ်ခံရကြောင်းအဆိုပါနေရာသို့ သွားရောက်သတင်း
ရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ရှမ်းပြည်တောင် ပိုင်း တပ်မတော်ရဲ့ တပ်စခန်းတွေကိုအစိုးရတပ်ဖွဲ့တွေက ၀င်ရောက် တိုက် ခိုက်

(MYUE & SUE) အထည်ချုပ်စက်ရုံက အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ ဆန္ဒပြခဲ့တဲ့ အလုပ်သမားတစ်ထောင်ကျော်ထဲက ကိုယ်စားလှယ် (၆)ယောက်ကို ခွင့် ပြုချက်မယူဘဲ ဆန္ဒပြမှုနဲ့ တရားစွဲဆို

မြေမျိုရာမှ ရခိုင် ပဋိပက္ခ ဖြစ်ပွားရကြောင်း အမေရိကန်လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးနဲ့ အဖွဲ့ကို ရွှေစေတီ ဆရာတော်က ပြောကြား

အမေရိကန် အာရှနဲ့ ပစိတ်ဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Mr. Joseph  Yun နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်မြို့တော်စစ်တွေကိုစက်တင်္ဘာလ၈ရက်နေ့ကနေ၉နာရီထိလာရောက် လည်ပတ်သွားခဲ့ပါ
တယ်။ထိုသို့တွေ့ဆုံရာတွင်----------------------

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ လူနေရပ်ကွက် အတွင်းရှိ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကို ကန့်ကွက်ရန် သုံးပါတီဆုံးဖြတ်

တနင်္သာရီတိုင်း၊ကော့သောင်းမြို့ လူနေရပ်ကွက် အတွင်းရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို ကန့်ကွက် သွားမည် ဖြစ်ကြောင်း ကော့သောင်းရှိ နိုင်ငံရေး  ပါတီ သုံးခု၏ ပူးပေါင်း အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်ဟု ဒေသခံ ပါတီ တာဝန်ရှိသူများက ပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကုမ္ပဏီဝန်ထမ်းက အမျိုးသားသီးသန့် အိမ်သာတွင် ကျည်ဆန်များ တွေ့ရှိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပြည်ပထွက်ခွာဌာနအနီးရှိအိမ်သာတွင် ကျည်ဆန်များ တွေ့ရှိသော
ကြောင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုံခြုံရေးကိုစက်တင်ဘာလ၁ရက်နေ့မှစတင်၍ အထူးတင်းကျပ် ထားကြောင်း လေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Flower News အယ်ဒီတာကို လက်ဖက်ရည်ဆိုင်ပိုင်ရှင်က တရားစွဲဆိုမှုအား ခရိုင်မှ ထပ်မံပလပ်


သတင်းရေးသားဖော်ပြရာတွင် ဂုဏ်သိက္ခာကျဆင်းစေသည့် ရေးသားချက်များအား ထည့်သွင်း ဖော်ပြ
ပေးထားသည်ဟုဆိုကာ ပုသိမ်မြို့ရှိ လက်ဘက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးမှ Flower News အယ်ဒီတာဦး
ကျော်စွာမင်းအား တရားစွဲဆိုထားမှုကို ပုသိမ်ခရိုင်တရားလွှတ်တော်မှ ထပ်မံ ပလပ်ခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း၌ မြန်မာ့တပ်မတော်နှင့် KIA စစ်တပ် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေ

တိုက်ပွဲများအတွင်းမှတပ်သားတစ်ဦး
ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း၌ မြန်မာ့တပ်မတော်နှင့် KIA စစ်တပ်တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန်
ဖြစ်ပွားလျှက် ရှိကြောင်း ဒေသခံများထံက သိရှိရသည်။

မုံရွာဆေးရုံတွင် ဆေးကုသမှုခံယူနေ သည့် ရွာသားတစ်ဦးအား သတင်းမေးရန်လာသူများကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပုံနေခြင်းဟုယူဆကာ ရဲကဖမ်းဆီးထိမ်းသိမ်း

မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီး ရင်ပြင်တော်တွင် ပိတ်လှောင်ခံထားရသည့် အမျိုးသမီးများအား ယနေ့
နေ့လည် ၁၁ နာရီခန့်က ပြန်လွှတ်ပေး ပြီးနောက် အမျိုးသမီးများမှာ ရွာသို့မပြန်ဘဲ မုံရွာမြို့ နန်ချွန်ဆိပ်ကမ်း
တွင် ၀ိုင်းထိုင်နေသဖြင့် သက်ဆိုင်ရာက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပုံပေါ်နေခြင်းဖြစ်သည်ဟုယူဆကာမုံရွာ
မြို့ အမှတ်(၁)ရဲစခန်းတွင် ခေတ္တထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

စက်ရုပ်နေရာကိုအစားထိုးမယ့် ပိုးဟပ်ကွန်မန်ဒိုတပ်ဖွဲ့


စက်ရုပ်နေရာမှာ အစားထိုးတော့မယ့် ပိုးဟပ်တွေကို အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်က တက္ကသိုလ်တစ်ခုမှာ ဖန်တီး အောင်မြင်ခဲ့ပါတယ်။ဒါကို နိုင်ငံတကာက ပိုးဟပ်ဂျိမ်းဆဘွန်းလို့ဆိုပါတယ်။
ပိုးဟပ်ရဲ့ ဦးမင်နဲ့ ဝမ်းဗိုက်က Sensor ကို မိုက်ခရိုက်ကွန်ထရိုလာနဲ့ ချိတ်ဆက်ပြီး လိုသလို ထိန်းချုပ်ခိုင်းစေ
မယ့် နည်းပညာ သစ် ဖြစ်ပါတယ်။

Hacker များနှင့် DDOS တိုက်ခိုက်မှုများအတွက် ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းပြောကြား

 
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းသည် Hacker များနှင့် DDOSတိုက်ခိုက်မှုများအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်ရတနာပုံတယ်လီပို့မှ ၀န်ထမ်းများကို
မှာကြားခဲ့သည်ဟုသိရသည်။ 

အင်တာနက်စနစ်ချို့ယွင်းပါက လျော်ကြေးပြန်ပေးမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းပြောကြား


အင်တာနက်စနစ်ကို ယုံကြည်၍ နိုင်ငံခြားကုမ္ပဏီများမှ အပ်နှံသည့် outsourcing လုပ်ငန်းများကို ပြည်တွင်းမှ လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ အင်တာနက်စနစ်ချို့ ယွင်းခဲ့ပါက လျော်ကြေး အနေဖြင့် ပြန်လည်ပေးအပ် သွားမည်ဖြစ်သည့် အတွက် ယုံကြည်စိတ်ချစွာ လုပ်ကိုင်ေ ဆာင်ရွက်စေလိုကြောင်း ဆက်သွယ်ရေး၊စာတိုက်
နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းထွန်း ကပြောသည်။

ပြည်သူ့ရဲနဲ့ လူငယ်ပူးပေါင်းပြီး ၁၅ သိန်းဖိုး ပစ္စည်းခိုးယူသူ ဖမ်းဆီးအရေးယူ

ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့က ချင်းပြည်နယ် မြို့တော်ဟားခါးတွင် ဆိုင်ကယ် နှစ်စီး ၊ ငွေသား တသိန်း၊ မိုဘိုင်းဖုန်း ကာလတန်ဖိုး ကျပ်ငွေ ၁၅ သိန်းတန် ခိုးယူသူ ဟားခါးမြို့ဟောင်းရပ်ကွက်နေ အသက် ၂၅ နှစ်
အရွယ်ရှိသူ Ngun Ling  ဆိုသူအား ပြည်သူ့ရဲနှင့် ရပ်ကွက် လူငယ်များပူးပေါင်းပြီး ဖမ်းဆီးနိုင် ခဲ့သည်ဟု သိ
ရသည်။

နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်သို့ စတင်ဖွင့်လှစ်ခဲ့သည့် သောကြာနေ့မှစ၍ ယနေ့အထိ တင်ပြစာ(၅၀)ကျော် ရောက်ရှိ

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်သို့စတင်ဖွင့်လှစ်ခဲ့သည့်သောကြာနေ့မှစ၍ယနေ့အထိ တင်ပြစာ(၅၀)
ကျော် ရောက်ရှိထားပြီး ဖြစ်ပါသည်။ သမ္မတရုံး Mail Box ဖွင့်လှစ်ရခြင်း အကြောင်းအရင်းအောက်ပါအတိုင်း
ဖြစ်ပါသည်။

မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီးတွင် ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအားနန်ချွန်ဆိပ်ကမ်းသို့  ဖမ်းဆီးခေါ်ဆောင်သွား

 
မုံရွာမြို့ဆုတောင်းပြည့်ဘုရားကြီးပိတ်လှောင်ခံထားရသည့်မသွဲ့သွဲ့ဝင်းအား၁၂နာရီခန့်တွင် နန်ချွန်ဆိပ်
ကမ်းတွင် ဖမ်းဆီးသွားကြောင်းသတင်းရရှိပါသည်။

သာကေတမြို့နယ်တွင်လွန်းကားအဖြူရောင်တစ်စင်း ရေထဲထိုးကျ

ဓာတ်ပုံ- စောပြည့်စုံ
သာကေတမြို့နယ်၊ ရှုခင်းသာလမ်းပေါ်ရှိ နဂါးပျံတည်းခိုခန်းရှေ့တွင်စက်တင်ဘာ ၈ ရက်က တစ်ဖက်ယာဉ်
ကြောမှ မောင်းနှင်လာသော ဆလွန်းကားအဖြူရောင်သည် စီးနင်းနေသည့်စက်ဘီးနှစ်စီးကိုတိုက်မိ၍လမ်း
ဘေးရေကန်အတွင်းသို့ ကျသွားခဲ့ကြောင်း သတင်းရရှိသည်။ 

မြောက်ဥက္ကလာလူသတ်မှုအတွက် ၂၃ ဦးကို ဖမ်းထား


ရန်ကုန်မြို့ Six STAR အရက်ဆိုင် လူသတ်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၂၃ ဦးကို ဖမ်းထားတယ်၊တိမ်း
ရှောင်သူ ၁၂ ဦးကို တရားခံပြေးအဖြစ် ကြေညာထားတယ်လို့ မနေ့က ကြေးမုံသတင်းစာမှာ ရေးထားပါ
တယ်။

လူသတ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဘရာဇီး ဂိုးသမား

 Bruno နှင့် အသတ်ခံရသူ ဘရာဇီးမော်ဒယ် Eliza၊ ဓာတ်ပုံ- mail online

ဘရာဇီး ဘောလုံးအသင်း ဂိုးသမား Bruno Fernandes de Souza ဟာ မော်ဒယ် သရုပ်ဆောင် Eliza Samudio ကို သတ်မှုနဲ့ စွပ်စွဲ ရုံးတင်ခံ နေရပါတယ်။အသက် ၂၅ နှစ်အရွယ် မော်ဒယ် Eliza ဟာ Bruno နဲ့ ကလေးရခဲ့
တယ်လို့ ပြောဆိုပြီးနောက်မှာ အစီအစဉ် ရှိရှိ သတ် ဖြတ်ခဲ့တာလို့ တရားစွဲဆိုသူတွေက ဆိုပါတယ်။

NCGUB ၀န်ကြီးချုပ် ဒေါက်တာ စိန်ဝင်း ပြည်တော်ပြန်မလား