Pages

Monday, September 10, 2012

နိုင်ငံရေးအကျဉ်းသားများ ရှိနေဆဲဖြစ် အများစုမှာ ထောက်လှမ်းရေး လက်ထက်က ဖောက်ခွဲရေးပုဒ်များဖြင့် ဖမ်းဆီးခံထားရသူများဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ပြောကြား


အစိုးရသစ်လက်ထက်တွင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်အကျဉ်းသားအများအပြား လွှတ်ပေးခဲ့ရာ နိုင်ငံရေးအ
ကျဉ်းသားများ ပါဝင်မှုရှိ ခဲ့သော်လည်း လက်ရှိအချိန်ထိ အကျဉ်းထောင်အသီးသီး၌ ယခင်အစိုးရ လက်ထက် ကထောက်လှမ်းရေးမှဖောက်ခွဲရေးပုဒ်မများအပါအ၀င်ကျိုးကြောင်းဆီလျော်ခြင်းမရှိဘဲဖမ်းဆီးခဲ့သော နိုင်ငံ
ရေးအကျဉ်းသားများများစွာကျန်ရှိနေသေးကြောင်းပြန်လည်လွတ်မြောက်လာခဲ့သည့်င်ငံရေး အကျဉ်းသား
ဟောင်းများ က ပြောကြားခဲ့ကြပါသည်။
၂၀၁၀ရွးကောက်ပွဲအပြီးနောက်အရပ်သားအစိုးရအနေဖြင့်အကျဉ်းသားအများအပြားကို လွတ်ငြိမ်းချမ်းသာ
ခွင့် သုံးကြိမ်ထုတ်ပြန်ပြီး လွှတ်ပေးခဲ့ရာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် အကျဉ်းသား ၆၀၈၇ ဦး၊ အကျဉ်းသူ ၅၆၉ ဦး စုစုပေါင်း ၆၆၅၆ ဦးကို လွှတ်ပေးခဲ့သလို ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့တွင်လည်း အကျဉ်းသားစုစုပေါင်း ၆၅၁ ဦးကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ်ဇူလိုင်လ ၃ ရက်နေ့တွင် အကျဉ်းသား ၃၇ ဦး၊ အကျဉ်းသူ ၄၆ ဦးကို လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။
ယခုကဲ့သို့လွတ်ငြိမ်းချမ်းသာခွင့်များဖြင့်အကျဉ်းသားအများအပြားကိုလွှတ်ပေးခဲ့သော်လည်း ယခင်အစိုးရ
လက်ထက်ကနိုင်ငံရေးလှုပ်ရှားတက်ကြွသူများကိုဖောက်ခွဲရေးပုဒ်မများအပါအ၀င်င်ငံရေးနှင့် ဆက်စပ်ခြင်း
မရှိသောပုဒ်မများဖြင့်ထောက်လှမ်းရေးမှဖမ်းဆီးထိန်းသိမ်းထားသူများ ကျန်နေသေးကြောင်း နိုင်ငံရေးအ
ကျဉ်းသားဟောင်းများက ပြောကြားခြင်းဖြစ်ပါသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) AAPP မှ ထုတ်ပြန်သောစာရင်းတွင် မြန်မာနိုင်ငံ၌ စက်တင်ဘာလ ၁ ရက်နေ့အထိ အတည်ပြုနိုင်သော နိုင်ငံရေး အကျဉ်းသားအရေအတွက်မှာ ၄၂၄  ဦးရှိကြောင်း သိရသည်။ AAPP ၏ စာရင်းများအရ အဆိုပါနိုင်ငံရေး အကျဉ်းသားများမှာ ယခင်အစိုးရလက်ထက်က ဖမ်းဆီးခဲ့သူများဖြစ်ပြီး အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မများ၊ မတရားအသင်းနှင့်ဆက်သွယ်သောပုဒ်မများ၊ဖာက်ခွဲရေးပုဒ်မများဖြင့်စွဲချက်တင်ပြီး ဖမ်းဆီးခံထားရသူများ
ဖြစ်ကြောင်း သိရသည်။
"၁၇(၁)တို့ ၁၇(၂)တို့ဆိုတာ ပြောရရင် တပ်မတော်စစ်ကြောင်းက ရွာတွေကိုရောက်ရင် သူပုန်နဲ့အဆက် အသွယ်ရှိလားဆိုပြီး ရွာသားတွေကို မေးတယ်။ ကြောက်ရလို့ ကျွဲလေးကောင်အတွက် ဆက်ကြေး တစ်သောင်းပေးဖူးပါတယ်ဆိုရင် ခင်ဗျားတို့ မိ သားစုက တစ်ယောက်လာ။ သူပုန်နဲ့ ဆက်သွယ်တာ ထောင် ၂စ်ဆိုပြီးချခံခဲ့ရသူတွေ။အဲဒီလိုထောင်ချခံခဲ့ရတဲ့သူတွေကိုတောင်ကြီးထောင်မှာ အများအပြား တွေ့ခဲ့ရ
တယ်။

သူတို့ကတော့ကံမကောင်းလို့ထောင်ကျရ တာပဲဆိုပြီး ထောင်ပိုင်လည်း ကြောက်ရ၊ ထောင်ဝါဒါတွေကို
လည်းကြောက်ရပြီး ခိုင်းသမျှ အကုန်လုပ်ရတာ။ ICRCလည်း သတင်းပို့ရမှန်းမသိ။ ဒါမျိုးတွေများပါတယ်''ဟု  ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် တောင်ကြီးထောင်မှ လွတ်မြောက်လာသူ ကိုဇော်သက်ထွေးက ပြောပါသည်။
ထို့အပြင် ၎င်းကပင် ''နယ်စပ်ကလူတွေမပြောပါနဲ့ ကျွန်တော်လို မြို့ပေါ်မှာနေတဲ့သူကိုပဲ ၁၂၂(၁) တို့၊ ၁၇(၁)တို့၊ဖောက်ခွဲတို့တောင်တပ်ခံခဲ့ရသေးတာပဲ။တောထဲလည်းမရောက်ဖူးဘူး၊ နယ်စပ်လည်းမရောက်ဖူး
ဘဲနဲ့ ဒီလိုပုဒ်မတွေတပ်ပြီး အဖမ်းခံခဲ့ရတာလေ။ တပ်ချင်တဲ့ပုဒ်မကိုတပ်ပြီး စစ်ထောက်လှမ်းရေးခေတ်က အဖမ်းခံခဲ့ရတာ။

ပထမအကြိမ်အဖမ်းခံရတုန်းကဆိုရင်တပ်တဲ့ပုဒ်မက ၁၇(၁)တဲ့။ ဘာဖြစ်လို့တပ်တာလဲဆိုတော့ သူပုန်တွေနဲ့ ဆက်သွယ်လို့တဲ့။ တယ်လီဖုန်းဆိုတာ ဘယ်က ဆက်ဆက် ဆက်လို့ရတာပဲ။ တယ်လီဖုန်းဆက်တယ်ဆိုတာ စစ်ကြောရေးမှာ စစ်လို့ပေါ်သွားရင် ၁၇(၁) ဖြစ်သွားတော့တာပဲ။ ဒီလိုမျိုးမခိုင်မာဘဲနဲ့ ၁၇(၁)ဖြစ်တဲ့သူတွေ အများကြီးရှိတယ်''ဟု ဆက်လက်ပြောကြားခဲ့သည်။
''ကျွန်တော်လွတ်လာတော့ကလေးထောင်မှာနိုင်ငံရေးအကျဉ်းသား ၆ ယောက်ကျန်သေးတယ်လို့ ပြောခဲ့ဖူး
ပါတယ်။ ၁၇/၁ လေးယောက် ရှိတယ်။ ဖောက်ခွဲရေးအမှုနဲ့ကျနေတဲ့ HRDP ဦးမြင့်အေးတို့အမှုတွဲက ကိုရန်ရွှေဆိုတာရှိတယ်။ နောက် ထောက်လှမ်းရေးဟောင်းပေါ့ ဗိုလ်မှူးကြီးတင်လှဆိုတာ ရှိတယ်။ ကျွန်တော်ကတော့ ထောက်လှမ်းရေးကိုလည်း နိုင်ငံရေးအကျဉ်းသားလိုပဲ သတ်မှတ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို စွဲတဲ့ပုဒ်မတွေမှာ တကယ် ကျူးလွန်တဲ့သူတွေလည်း ပါကောင်း ပါမယ်။ အသေးစိတ်တော့ မသိနိုင်ဘူးပေါ့။ ဒါပေမယ့် သူတို့ သည်အထဲကို ၀င်သွားရတာဟာ ဗိုလ်ချုပ်ကြီးခင်ညွန်နဲ့ အပေါ်ကနိုင်ငံရေး ပဋိပက္ခကြောင့်ဆိုတာကတော့ သေချာတယ်။  အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ဥက္ကဋ္ဌ တာဝန်ပေးထားတယ်ဗျာ။ ဒါဆိုရင် NLD လို တခြားဒီမိုကရက်တစ် အဖွဲ့အစည်းတွေကပြုစုတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းကို အစိုးရအနေနဲ့ ဘာလို့ အ လေးအနက်ထားပြီး မသုံးသပ်တာလဲလို့ မေးချင်ပါတယ်။

 ဟိုတစ်နေ့ကလုပ်သွားတဲ့နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ကူညီရေးအဖွဲ့က လုပ်တဲ့ပွဲမှာပြောသွား
တာကတော့စုစုပေါင်းနိုင်ငံရေးအကျဉ်းသား၃၀၄ယောက်ရှိတယ်ပြောတယ်။NLDက လုပ်တဲ့စာရင်းမှာတော့ ဒီထက်များတယ်လို့သိရပါတယ်။ဒါကလည်းထောက်လှမ်းရေးတွေကိုပါထည့်တွက်ထားတဲ့အတွက်လို့ သိရပါ
တယ်။

ကျွန်တော့်သဘောကတော့ ထောက်လှမ်းရေးတွေကိုပါ ထည့်စေချင်ပါတယ်။ သူတို့လည်း အစုအလိုက် အပြုံလိုက် အဖမ်းခံခဲ့ရတာဟာ နိုင်ငံရေးပဋိပက္ခကြောင့်ဆိုတာ ရှင်းတယ်။ လက်နက်ကိုင်နေတဲ့ အဖွဲ့တွေနဲ့တောင် ငြိမ်းချမ်းရေးစကားပြောနေနိုင်ပြီဆိုရင် ဘာကြောင့် အထဲမှာရောက်နေတဲ့သူတွေကို ဘာကြောင့် မလွှတ်ပေးနိုင်ရတာ လဲ။ ကျွန်တော်လည်းနားမလည်ဘူး''ဟု ဇူလိုင်လ ၃ ရက်နေ့က ကလေးထောင်မှလွတ်မြောက်ခဲ့သောနိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သည့် ကိုအေးအောင်က ပြောကြားပါ
သည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှကိုထွန်းကြည်က''ကျွန်တော်တို့လက်လှမ်းမီသလောက် စာရင်းပြုစု
ထားမှုအရထောင်အသီးသီးမှာနိုင်ငံရေးအကျဉ်းသားပေါင်း၃၀၃ယောက်ကျန်နေပါသေးတယ်။ အဲဒီစာရင်း
ကျွန်တော်တို့ဆီမှာ ရှိပါတယ်။

လက်ရှိအချိန်မှာအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေ
တယ်လို့ဘယ်လောက်ပဲ ကျယ်ကျယ်လောင်လောင် ပြောနေပါစေ ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား
ျတွရှိနေတဲ့အတွက် အဓိပ္ပာယ် ပြည့်ဝတဲ့ လုပ်ဆောင်မှုမျိုးမဟုတ်ဘူးလို့ ဆိုချင်ပါတယ်။  ABSDF နဲ့ တိုက်ရိုက်ဖြစ်စေသွယ်ဝိုက်၍ဖြစ်စေဆက်သွယ်လို့ဆိုပြီးပုဒ်မအမျိုးမျိုးတပ်ပြီး အကျဉ်းချထားတဲ့ နိုင်ငံရေးအ
ကျဉ်းသားအများကြီးရှိနေပါတယ်။မျက်ကွယ်မှာသေဒဏ်ပေးခြင်းခံ ထားရတဲ့ABSDFခေါင်းဆောင်ဖြစ်သူ
တွေကိုကျတော့အစိုးရအနေနဲ့ပြည်တွင်းအထိ ဖိတ်ခေါ်ပြီးတော့ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်။

 အဲဒီခေါင်းဆောင်တွေနဲ့ပတ်သက်ပြီးအကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိုတော့ လက်ခံစဉ်းစားပေးခြင်းမရှိဘဲမျက်ကွယ်ပြုလျစ်လျူရှုထားတဲ့အပေါ် ကျွန်တော်တို့အနေနဲ့ မေးခွန်းထုတ်စရာ
 ဖြစ်နေပါတယ်။အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးတို့ကို အပြည့်အ၀ ဖော်ဆောင်စေ
ချင်တယ်ဆိုရင်အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းကသာ ထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်း
သားတွေလွတ်မြောက်လာနိုင်မှာဖြစ်သလို အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေတဲ့သူတွေအနေ
နဲ့ပြည်တွင်းကိုဂုဏ်သိက္ခာရှိရှိလုံခြုံစိတ်ချစွာပြန်လာနိုင်လိမ့်မယ်လို့ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်''
ဟု ပြောပြခဲ့ပါသည်။

တိုင်းပြည်ရဲ့ အကြီးမားဆုံးရန်သူလို့ တစ်လျှောက်လုံးပြောလာခဲ့တဲ့သူတွေ အခုတိုင်းပြည်ထဲ ပြန်ရောက်လာပြီ။ ပြည်ထောင်စုဝန်ကြီးတွေကိုယ်တိုင် တိုင်းပြည်ထဲပြန်လာဖို့ ဖိတ်ခေါ်ခဲ့တာ။ သူတို့ကိုတော့ တိုင်းပြည်ထဲ ပြန်လာခွင့်ပေးပြီး သူတို့နဲ့ ဆက်သွယ်တဲ့အတွက် နှစ်ရှည်ထောင်ဒဏ်ချခံထားရတဲ့သူတွေကို ပြန်လွှတ်မပေးဘူးဆိုရင် ကျိုးကြောင်းဆီလျှော်မှုမရှိတဲ့နိုင်ငံရေးဖြစ်စဉ်လို့ သတ်မှတ်ရမှာပဲ  . . .

''ကျွန်တော့်အနေနဲ့အဖေနဲ့ပတ်သက်ပြီးပြောရရင်ပုဂ္ဂိုလ်ရေးဆန်နေလိမ့်မယ်။ ဒါကြောင့်အများအနေနဲ့ပဲ
ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့ လူမသိသူမသိနဲ့ ကျန်နေတဲ့သူတွေ အများကြီးပဲ။ ကျွန်တော်တို့က မြို့ကြီးမို့တော်သေးတယ်။တခြားမြို့ငယ်တွေ၊အစွန်အဖျားပြည်နယ်တွေကလူတွေအများကြီး ကျန်နေသေး
တယ်ဆိုတာသေချာတယ်။ အဲဒီသူတွေအားလုံးကို အမြန်ဆုံး ပြန်လွှတ်စေချင်တယ်။ ခုချိန်မှာ လုပ်ပါတယ်လို့ ၀န်ခံထားတဲ့သူတွေကိုတောင်မှအရေးတယူနဲ့ခေါ်တွေ့ပြီးသူတို့နဲ့ပတ်သက်တဲ့ အရင်ပြစ်မှုတွေကို  ရေငုံနှုတ်
ပိတ်နေသေးတာပဲ။

 ပြည်တွင်းမှာရှိတဲ့သူတွေကိုကျတော့ဒီလိုအရေးမစိုက်ဘူး။လွှတ်ပေးဖို့ အသံမထွက်ဘူး။ တောတွင်းဆက်
သွယ်လို့ဆိုတာခုချိန်မှာသဟဇာတ မဖြစ်တော့ဘူး။ တောထဲရောက်နေသူတွေကို ခေါ်ယူဆွေးနွေးနေတဲ့အ
ချိန်မှာ ဒီလိုအမှုတွေနဲ့ ပြစ်ဒဏ်ချထားတာတွေကို ပြန်စဉ်းစားသင့်ပြီ။

ပြန်စဉ်းစားတဲ့အချိန်ကလည်းတော်တော်လွန်နေပါပြီ''ဟု၁၉၉၈ခုနှစ်မေလအတွင်း အမျိုးသားထောက်လှမ်း
ရေး၁မှဖမ်းဆီးပြီး၁၂၄(က)အရအနှစ်၂၀၊ဖောက်ခွဲ(၅)အရထောင်ဒဏ် ၁၄ နှစ်၊ ပုဒ်မ ၁၇(၂)အရ ထောင်ဒဏ် ၅စ်၊ပုဒ်မ၁၉(စ)အရထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသော ဦးရွှေထူး၏သား ကိုရွှေသွေးမှ ပြောကြားခဲ့သည်။
မတ်လ၁ရက်ကပြည်ထောင်စုလွှတ်တော်၌ပြောကြားသော မိန့်ခွန်းတွင် ပြောကြားခဲ့သော နိုင်ငံတော်
သမ္မတကြီး ဦးသိန်းစိန်၏ မိန့်ခွန်း၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးတွင် All Inclusive Political Process ဖြစ်စေရေးကို အလေးထား ပြောကြားထားခဲ့သည်။

 ထို့အပြင်ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
လည်းပြီးခဲ့သော၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ရွေးကောက်ပွဲဥပဒေ
အချို့ကိုပြင်ဆင်ပေးခဲ့သည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေမှုမှာ
လည်းအောင်မြင်မှုရရှိနေပြီးKIA/KIOအဖွဲ့နှင့်သာသဘောတူညီချက်မရရှိသေးခြင်းဖြစ်ပြီး ၎င်းတို့နှင့်
ဆွေးနွေးမှုသာ အောင်မြင်ခဲ့ပါက မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အောင်မြင်ပြီဟုပင် ဆိုနိုင်ကြောင်း နိုင်ငံတော်သမ္မတက ပြီးခဲ့သော စက်တင်ဘာ ၇ ရက်နေ့က ပြောကြားထားသည်။
ယခုကဲ့သို့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် လုပ်ဆောင်နေချိန်တွင် ယခင်က သဘောထားခြင်း မတူညီသူများအားဆက်လက်ဖမ်းဆီးထားခြင်းမှာ မရှိသင့်တော့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ
က ပြောကြားကြပါသည်။ ယခု အကျဉ်းကျခံနေရသော လူပုဂ္ဂိုလ်အများစုမှာ တစ်ချိန်က မတရားအသင်းဟု သတ်မှတ်ခံထားရသော အသင်းအဖွဲ့များနှင့် ဆက်သွယ်သည်ဟု သံသယရှိမှုဖြင့် ဖမ်းဆီးပြီး လျော်ကန် သင့်မြတ်ခြင်းမရှိသောပုဒ်မများတပ်ကာထိန်းသိမ်းခံထားရသူများဖြစ်သောကြောင့် ၎င်းတို့အားခြွင်းချက်မရှိ
 ပြန်လွှတ်ပေးရန်လိုကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောကြားသည်။
''အရင်ကတိုင်းပြည်ရဲ့အကြီးမားဆုံးရန်သူလို့တစ်လျှောက်လုံးပာလာခဲ့တဲ့သူတွေ အခုတိုင်းပြည်ထဲ ပြန်
ရောက်လာပြီ။ ပြည်ထောင်စုဝန်ကြီးတွေကိုယ်တိုင် တိုင်းပြည်ထဲပြန်လာဖို့ ဖိတ်ခေါ်ခဲ့တာ။ သူတို့ကိုတော့ တိုင်းပြည်ထဲပန်လာခွင့်ပေးပြီး သူတို့နဲ့ဆက်သွယ်တဲ့အတွက် နှစ်ရှည် ထောင်ဒဏ်ချခံထားရတဲ့သူတွေကို
ပြန်လွှတ်မပေးဘူးဆိုရင်ကျိုးကြောင်းဆီလျော်မှုမရှိတဲ့နိုင်ငံရေးဖြစ်စဉ်လို့သတ်မှတ်ရမှာပဲ''ဟု ကိုဇော်သက်
ထွေးက ပြောပါသည်။
''တော်တော်များများလွတ်သွားပြီလို့ ထင်နေတာ။ ထောင်ထဲမှာ နိုင်ငံရေးကျဉ်းသားမရှိလောက်တော့ဘူးလို့
 မေ့မေ့ပျောက်ပျောက် နေနေကြတယ်။ နာမည်ရှိပုဂ္ဂိုလ်တွေ တော်တော်များများ လွတ်သွားပြီဆိုတော့ ပြီးသွားပြီလို့သွေးအေးသွားကြတာ။နောက်ပိုင်းအသံတွေတအားတိုးတယ်လို့ခံစားရတယ်။ ကျန်တဲ့သူတွေက ဒီလိုနဲ့ တစ်နှစ်တစ်နှစ် ပြီးသွားတော့မှာလား။ အခုဖေဖေ့အသက်ဆိုရင် ၆၈ နှစ်ရှိပြီ''ဟု ကိုရွှေသွေးက ပြော ကြားပါသည်။
''နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ကတော့ အားလုံးလွှတ်ပေးပါလို့ အမြဲပြောခဲ့ပါတယ်။ ကျွန်မတို့ရရှိထားတဲ့ စာရင်းအရကတော့ နိုင်ငံရေးအကျဉ်းသား ၃၃၀ ရှိတယ်လို့ ပြောပါတယ်။ ဒီတော့ကျွန်မတို့အနေနဲ့ဒီ၃၃၀လုံးလွှတ်ပေးဖို့တောင်းဆိုမှာဖစ်ပါတယ်''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကလည်းဇူလိုင်လ၃ရက်နေ့ကဥရောပခရီးစဉ်နှင့်ပတ်သက်ပြီး ရှင်းလင်းခဲ့
သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားပါသည်။

-ဧရာဝတီ

0 comments:

Post a Comment