Pages

Monday, September 10, 2012

မြောက်ဥက္ကလာလူသတ်မှုအတွက် ၂၃ ဦးကို ဖမ်းထား


ရန်ကုန်မြို့ Six STAR အရက်ဆိုင် လူသတ်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၂၃ ဦးကို ဖမ်းထားတယ်၊တိမ်း
ရှောင်သူ ၁၂ ဦးကို တရားခံပြေးအဖြစ် ကြေညာထားတယ်လို့ မနေ့က ကြေးမုံသတင်းစာမှာ ရေးထားပါ
တယ်။
လူသတ်မှု ဘာကြောင့် ဖြစ်ပွားခဲ့တယ် ဆိုတာ ဖော်ပြထားခြင်း မရှိပါ။ သတင်းရဲ့ ဆိုလိုရင်းကတော့ "သင့်
တော်ရာ ခရိုင် တရားရုံးတစ်ရုံးသို့ လုံခြုံရေးအရ ပြောင်းရွှေ့စစ်ဆေးခွင့်" ဖြစ်ပါတယ်။

လုံခြုံရေး ဆိုပေမယ့် ဘယ်လို မလုံခြုံသလဲ ဆိုတာကို လုံးဝ ရေးမထားပါ။ (အရင်တုန်းကတော့ အရေးကြီး

အကျဉ်းသားတွေရဲ့ အမှုကို အင်းစိန်ထောင်ထဲမှာ ခရိုင်တရားသူကြီးတွေ အရောက်သွားပြီး ကြားနာစစ်
ဆေးစီရင်ကြပါတယ်။)

သတင်းစာဖော်ပြချက်အရ ဆိုရင် ဒီလူသတ်မှုကို သဃန်းကျွန်းမှာရှိတဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ စစ်ခဲ့ပုံ

ရပါတယ်။ခုချိန်ထိတော့ တရားလိုပြသက်သေ ၇ ယောက်ကို စစ်ပြီးပါပြီ တဲ့။ တရားလိုပြသက်သေပေါင်း ၆၀ ရှိတယ်လို့ ဆိုတယ်။

ဒီအမှုအစပြုခဲ့တာ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းမှာပါ။ သေဆုံးသူက အသက် ၃၂ နှစ်အရွယ် ကိုကျော်မင်း

ဖြစ်ပါတယ်။သူ့ကို Six STAR အရက်ဆိုင်မှာ မျက်နှာဖုံးစွပ်လူ ၆ ယောက်က ဓားနဲ့ ၀ိုင်းခုတ်ကြတယ်လို့ ဂျာ
နယ်သတင်းတွေမှာ ပါခဲ့ပါတယ်။

၃ ယောက်က ဆိုင်ထဲဝင်ပြီး ၃ ယောက်က ဆိုင်အပြင်က စောင့်တယ်၊ ကိုကျော်မင်း ဆိုင်ထဲက ပြေးထွက်

လာတော့ စောင့်နေသူ ၃ ယောက်က ၀ိုင်းပြီး ဓားနဲ့ခုတ်ကြတယ်လို့ ဆိုပါတယ်။သူတို့စီးလာတဲ့ကားတွေမှာ
လည်း ကားနံပါတ်ကို ဖုံးအုပ်ထားတယ် တဲ့။

လူသတ်မှုမတိုင်ခင် ဖြစ်ရပ်တချို့ကို ပေါ်ပြူလာ ဂျာနယ်တစောင်မှာ အခုလို ရေးထားပါတယ် -


ယင်းည၌ သေဆုံးသူ ကိုကျော်မင်း ၏မိခင်အား မေးမြန်းကြည့်ရာ ဝေဘာဂီမြို့သစ် ၁ ရပ်ကွက်မှ ရေလုပ်
ငန်း လုပ်ကိုင်ပြီး ငွေကြေး ချမ်းသာသူ ကိုသက်ဦးနှင့် သူ၏ သားတို့နှင့် တန်ဆောင်တိုင် လပြည့်နေ့မတိုင်မီ
ကတည်းက ခိုက်ရန် ဖြစ်ပွားခဲ့ဖူးသည်ဟု ဆိုသည်။”အဲဒီတုန်းက ကျော်မင်း ခေါင်းကွဲသွားတယ်။ ကျော်မင်း
ရဲ့ သူငယ်ချင်းလည်း မျက်နှာမှာတာ် တ်ာထိသွားတယ်။ ပြီးတော့ ရပ်ကွက်ရုံးမှာပဲသူတို့ဘက်က လျော်
ကြေး ပေးပြီး ကျေအေး လိုက်တယ်” ဟု ကိုကျော်မင်း မိခင်က ဆိုသည်။

ရန်ကုန်မှာ (အရပ်သားအချင်းချင်းကျူးလွန်တဲ့) လူသတ်မှု အများအပြား ပေါ်ပေါက်ခဲ့ပေမယ့် အခုလို အုပ်စု

ဖွဲ့ပြီး ကျူးလွန်တဲ့အမှုအကြောင်း ဖတ်ရတာက ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ယူဆရပါတယ်။

ဧရာဝတီသတင်း



0 comments:

Post a Comment