Pages

Friday, March 8, 2013

သုံးရက်ကြာ ကျင်းပမည်ဖြစ်သော NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံ ပထမနေ့တွင် ဗဟိုကော်မတီဝင် ဦးရေ ၁၀၀ ရွေးချယ်

3.8.7
ပထမနေ့ ညီလာခံအပြီး ပြန်လည်ထွက်ခွာလာသော NLD ညီလာခံ ကိုယ်စားလှယ်များကို တွေ့ရစဉ်

NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံ ပထမနေ့ကို မတ် ၈ ရက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်ခဲ့ပြီး တိုင်းနှင့်ပြည်နယ် အသီးသီးမှ ဗဟိုကော်မတီဝင်ဦးရေ ၁၀၀ ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဘဏ်များတွင် ၅,၀၀၀ တန် အတုများ လက်ခံရရှိနိုင်ဟုဘဏ္ဍာရေးနှင့် အခွန် ဒုတိယ ဝန်ကြီးက ပြောဆို

သောကြာနေ့၊ မတ်လ ၀၈ ရက် ၂၀၁၃ ခုနှစ်  နိုင်ငံအတွင်းရှိ ဘဏ်များတွင် ကျပ် ၅,၀၀၀ တန် ငွေစက္ကူအတုများ မလည်ပတ်စေနိုင်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသော်လည်း လည်ပတ်နေသော ငွေကြေးပမာဏအရ ဘဏ်များတွင် ငွေစက္ကူအတုများ လက်ခံရရှိနိုင်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဒုတိယ ဝန်ကြီးက ပြောဆိုလိုက်သည်။

စစ်တွေ ဆန္ဒပြပွဲ ဦးဆောင်သူ တချို့ တရားစွဲခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲ ဦးဆောင်သူ တချို့ကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းက စီတန်းလှည့်လည်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ နှင့် တရားစွဲခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲ ဦးဆောင်သူ ၂ ဦးဖြစ်သည့် ဒေါ်ညိုအေးနှင့် ဦးကျော်ဇော်ဦးတို့ကို ဆန္ဒပြပွဲအပြီး အိမ်ပြန် အရောက်တွင် ရဲစခန်းက လာရောက် ခေါ်ယူသွားပြီး ပုဒ်မ ၁၈ နှင့် တရားစွဲခဲ့ကြောင်းနှင့် တရားစွဲပြီး အာမခံဖြင့် ပြန်လွတ်ပေးလိုက်ကြောင်း တရားစွဲ ခံထားရသူ ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ပြောသည်။

ရခိုင်ပဋိပက္ခ ပြုပြင်ပြောင်းလဲရေးကို ခြိမ်းခြောက်ဟု ကင်တားနား ပြောဆို

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အကြပ်အတည်းသည် ၂၀၁၁ ခုနှစ်မှ စတင် ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂ၏  မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်က ယမန်နေ့ ဘယ်ဂျီယံနိုင်ငံ ဂျီနီဗာမြို့၌ ထုတ်ဝေသော အစီရင်ခံစာတွင် ရေးသားထားသည်။

၉၆၉ လှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး ကိုညီသစ်ရဲ့" တွေးစရာလေးတွေ"

တွေးစရာ ( ၄ )
=========
၁၉၃၂ ခုနှစ်က ဂျာမနီမှာ သုံးခဲ့တဲ့ ပိုစတာလေးတစ်ခုပါ
ဒုတိယ ကမ္ဘာစစ်မှာ စစ်မရှုံးခင် ဂျာမန်တပြည်လုံး နီးပါး ဟစ်တလာကို ထောက်ခံခဲ့ကြတယ် စစ်ရှုံးပြီး နောက်ပိုင်း တိုင်းပြည်က စုတ်ပြတ်သပ် သွားပြီး မဟာမိတ် နိုင်ငံတွေရဲ့ ဆိုးဆိုးရွားရွား ပညာပေး ခံနေရတာတောင်မှ ထောက်ခံတဲ့လူတွေက ထောက်ခံကြတုန်း
ဟစ်တလာ ဘာ ကတိတွေပေး ဘယ်လို ပေါ်လစီတွေ သုံးပြီး လူတွေရဲ့ ယုံကြည်မူနဲ့ ထောက်ခံမူ ယူသွားသလဲဆိုတော့ ခဏထား 
အဲ့ဒီ ပိုစတာထဲမှာ ဘာရေးထားတာလည်းဆိုတော့
ဟစ်တလာက  ပြည်သူတွေအတွက် နောက်ဆုံးမျှော်လင့်ချက်ပါတဲ့ 
ဟစ်တလာမှ တစ်ပါး အခြားရွေးစရာမရှိ ဆိုပါတော့ 

ဒီမှာ ၉၆၉ လုပ်နေတဲ့လူတွေ အစ္စလာမ် မုန်းတီးရေး လုပ်နေတဲ့ လူတွေကို
နာဇီ ၀ါဒ နဲ့ တူနေတယ်လို့ ပြောတော့ သကောင့်သားများက 
ဘာလို့ တူနေတယ်လို့ ပြောတယ်ဆိုတာကို မလေ့လာပဲနဲ့
ငါတို့က အမျိုးဘာသာ အတွက် လုပ်နေတာကွ ဆိုတဲ့ အသံကောင်း ဟစ်ဖို့လောက်ပဲ သိတယ် အစ္စလာမ်နိုင်ငံတွေမှာ ရေကြည်ရာ မြက်နုရာ
သွား အလုပ်လုပ်နေရတဲ့ လူနည်းစု မြန်မာတွေရဲ့ မျက်နှာကိုလည်း မထောက် ကြီးနိုင်ငယ်ညင်းစိတ်နဲ့ လုပ်ချင်တာ လုပ်နေသလိုပဲ
ငါတို့ဘာသာ ငါတို့ ကာကွယ်တာ ကာကွယ်ပါ ထိန်းသိမ်းပါ စောင့်ရှောက်ပါ ဘယ်သူမှ မပြောပါဘူး ဒါပေမယ့် နိုင်ငံတကာက အကြည်ဓာတ်ပျက်ပြီး မျက်စိစပါးမွှေး စူးအောင် လုပ်တဲ့ နလပိန်းတုန်း လုပ်ရပ်မျိုးကိုတော့ ရှောင်သင့်တယ်
 

ခုလုပ်နေတဲ့ လုပ်ရပ်က ဘာလည်းတော့ မသိဘူး
နိုင်ငံတကာမှာတော့ မြန်မာပြည်က လူများစု Majority လူမျိုးတွေက
ဘာသာရေးဆိုင်ရာ အဆုံးအမကြောင့် မဟုတ်ပဲနဲ့ သူတို့ ကိုးကွယ်တဲ့ ဘာသာဝင် ဆိုင်မှာပဲ ၀ယ်မယ် စားမယ်ဆိုပြီး အချင်းချင်း
 ခွဲခြားမူ လုပ်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တကမ္ဘာလုံးက မြင်မှာ
ကိုယ်တွေကဖြင့် စားစရာမရှိတဲ့ အရှေ့တောင် အာရှက အဆင်းရဲဆုံး တိုင်းပြည် နိုင်ငံတကာရဲ့ အထောက်အပံ့ ချေးငွေတွေ လိုချင်လို့
သမ္မတ လုပ်တဲ့ လူကလည်း မျက်နှာငယ်နဲ့ အပြင်ထွက်ပြီး လိုက်ချေးနေရတဲ့ အချိန် ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးကလည်း
ဒီတိုင်းပြည်မှာ လာပြီး လူပါးမ၀ဖို့ ဒီက မြန်မာတွေရဲ့ အကျိုးကို ကြည့်ပေးဖို့ နိုင်ငံတကာကို တောင်းဆိုနေရတဲ့အချိန်မှာ
တကမ္ဘာလုံးက မျက်စိထောက်ဒေါက် ကြည့်နေတာပါ ကိုယ်မှန်တယ်ထင်လို့
လုပ်လိုက်တဲ့ လုပ်ရပ်တစ်ခုက ကိုယ့်အကျိုးစီးပွားကို သွယ်ဝိုက်ပြီး ထိခိုက်နိုင်စရာတွေ အများကြီးပဲ ... 

ဟစ်တလာ ဘယ်လိုတွေပြောပြီး အာဏာရလာလည်း ဆိုတာ လေ့လာကြည့်ပါ စိတ်ဓာတ်ကျပြီး  မွဲနေတဲ့ ဂျာမန်တွေ စားရမယ့်
 သောက်ရမယ့် ဖြစ်နေတဲ့ ဂျာမန်တွေကို မင်းတို့ မွဲနေတာ 
ဂျူးတွေကြောင့် ဆိုတဲ့ အမုန်းတရားကို အသက်သွင်းပါတယ် ဂျူးမုန်းတီးရေး ၀ါဒဖြန့်ချိရေးကို စနစ်တကျ လုပ်ပြီး
ပြည်သူလူထုရဲ့ ထောက်ခံမူကို ယူသွားတယ် ဒီမှာတော့ နောက်ကွယ်ကနေ
လုပ်နေတာ ဘယ်သူဘယ်ဝါဆိုတာ မသိပေမယ့် အဲ့ဒီ ၉၆၉ ထောက်ခံတဲ့ လူတွေ ၉၉ %က အစ္စလာမ် ဘာသာဝင်ဆိုတာနဲ့ ဆိုးဆိုးရွားရွား မုန်းတီးနေတဲ့ လူတွေချည်းပဲ  ပြောလိုက်ရင်တော့ အသံကောင်းဟစ်ပြီး ငါတို့က ကိုယ့်ဘာသာဝင်တွေ ကိုယ့်ဆိုင်မှာ အားပေးဖို့ပဲ ပြောတာ သူများ ဘာသာကို တိုက်ခိုက်တာ မဟုတ်ဘူး ကျန်တာ မပါဘူးဆိုပြီး
ဗြောင်လိမ်ချင်သေးတယ် သေချာလှန်လှောလိုက်ရင် 
ဆဲဆို စော်ကား ထားတာတွေမှ အများကြီးပဲ 

ကိုယ်နဲ့ ဘာသာမတူတဲ့ လူတွေကို ရဲရဲတောက် ဆဲဆိုစော်ကားပြီး ဗုဒ္ဓဘာသာကို အရောင်တင်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ဝေးသေးတယ် လို့ပဲ ပြောရမယ် ဗုဒ္ဓဘာသာကို ကာကွယ်ထိန်းသိမ်းချင်တဲ့ 
ပုဂ္ဂိုလ်ကြီးများက အတော် မိုက်ရိုင်းတာပဲ ဘယ်လို ဘာသာတရားကို
ကိုးကွယ်လို့များ ဒီလောက် မိုက်ရိုင်းသလဲ မသိဘူးဆိုတဲ့ Image ဆိုးကြီးပဲ အရင်ဆုံး ရလိမ့်မယ် ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ ဂုဏ်ကျက်သရေကို တပတ်လှည့်ပြီး ကိုယ်တိုင် စော်ကားနေကြတဲ့
ငရဲသွားရမယ့် အမျိုးအစားတွေပဲ 

ဗုဒ္ဓဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ချင်လို့ပါ ဆိုတဲ့
လူတွေရဲ့ ပါးစပ်က ဗုဒ္ဓ ဘုရားရဲ့ တရားဓမ္မတွေ ဘယ်လောက် ကောင်းကြောင်း ဘယ်လောက် သိမ်မွေ့ကြောင်း ပြောဆို ဆွေနွေးတာမျိုး မလုပ်ပဲနဲ့
ကိုယ်သေချာ မသိ မလေ့လာ ထားတဲ့ တခြား ဘာသာရဲ့ မကောင်းကြောင်းတွေပြောပြီး ထိန်းသိမ်းနေတယ်ဆိုတော့
ရှက်ဖို့ကောင်းတယ် ။ 

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဖြစ်ခွင့် ဥပဒေအရ တရားဝင် မြန်မာနိုင်ငံသား ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင် အစ္စလာမ် ဘာသာဝင် ဟိန္ဒူဘာသာဝင် ခရစ်ယာန် ဘာသာဝင် ဘာသာမဲ့ အကုန်လုံးက တန်းတူ ညီမျှ အခွင့်အရေး ရှိရပါမယ် ကိုယ် လိုချင်တဲ့ လူ့အခွင့်အရေးမျိုးကို ကိုယ်နဲ့ ဘာသာ လူမျိုး မတူတဲ့ လူတွေကိုကျတော့ မပေးချင်ဘူးဆိုရင်တော့ ကိုယ့်ကိုကိုယ် ဒီမိုကရေစီ ဆိုတာနဲ့ တန်ရဲ့လား ပြန်မေးပါ ..

ပြောသမျှယုံ ခိုင်းသမျှလုပ် မဲမဲမြင် ဆွဲချင်တဲ့ နလပိန်းတုန်းများအတွက်
မောင်ညီသစ် ကိုယ့်ထမင်းကိုယ်စားပြီး ရေးသည်။

အခုမြင်တွေ့နေရတာကတော့၁၉၃၂ ခုနှစ်က ဂျာမနီမှာ သုံးခဲ့တဲ့ ပိုစတာလေးတစ်ခုပါ ဒုတိယ ကမ္ဘာစစ်မှာ စစ်မရှုံးခင် ဂျာမန်တပြည်လုံး နီးပါး ဟစ်တလာကို ထောက်ခံခဲ့ကြတယ် စစ်ရှုံးပြီး နောက်ပိုင်း တိုင်းပြည်က စုတ်ပြတ်သပ် သွားပြီး မဟာမိတ် နိုင်ငံတွေရဲ့ ဆိုးဆိုးရွားရွား ပညာပေး ခံနေရတာတောင်မှ ထောက်ခံတဲ့လူတွေက ထောက်ခံကြတုန်းဟစ်တလာ ဘာ ကတိတွေပေး ဘယ်လို ပေါ်လစီတွေ သုံးပြီး လူတွေရဲ့ ယုံကြည်မူနဲ့ ထောက်ခံမူ ယူသွားသလဲဆိုတော့ ခဏထား
အဲ့ဒီပိုစတာထဲမှာဘာရေးထားတာလည်းဆိုတော့ဟစ်တလာက ပြည်သူတွေအတွက် နောက်ဆုံးမျှော်လင့်
ချက်ပါတဲ့ ဟစ်တလာမှ တစ်ပါး အခြားရွေးစရာမရှိ ဆိုပါတော့

နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးက ထုတ်ပြန်ဖော်ပြထားပြီးဖြစ်တဲ့ သာသနာ့အလံတော်နဲ့ ၉၆၉ တံဆိပ်တော် အသုံးပြုပုံ နှင့် တားမြစ်ချက်များ

၉၆၉ တံစိပ်တွင် သာသနာ့ အလံကို ထည့်သွင်းပြီး ဈေးဆိုင်များ၊ ယဉ် ရထား များတွင် လိုက်လံကပ်နေသည်မှာ မသင့်တော်ပါ။ သာသနာ့အလံကို အသုံးပြုပုံ၊ တားမြစ်ချက်များကို သံဃနာယကအဖွဲ့ကြီးက သံဃနာယက ထုတ်ပြန်ဖော်ပြထားပြီး ဖြစ်ပါတယ်။

၉၆၉ လှုပ်ရှားမှုတွင်ပါဝင်သော သံဃာတော်တို့သည် ထိုအချက်ကို သတိပြုတော်မူကြပါ။ သာသနာ့အလံသည် မြန်မာတနိုင်ငံတည်းအတွက် တီတွင်ထားသည် မဟုတ်။ထိုအလံတော်ကို အသုံးပြုသော ထေရဝါဒ ဗုဒ္ဒ္ဓဘာသာဝင်နိုင်ငံတိုင်း လိုက်နာရမည့် ဝတ္တရားရှိပါတယ်။ အလံတော်၊ တံစိပ်တော်တို့သည် မူလသဘာဝ ကောင်းမြတ်သော ဂုဏ်ဖြင့် ပြည့်စုံပြီး ဖြစ်ပါတယ်။ အသုံးပြုရာမှာ ဘာသာရေးအထိမ်းအမှတ် အဖြစ်သာ အသုံးပြုသင့်ပါတယ်။ တခြားသော စီးပွါးရေး၊ လူမှုရေး ရည်ရွယ်ချက်များရောယှက်ပြီး အသုံးမပြုကောင်းပါ။

ရှေးမြန်မာဗုဒ္ဓဘာသာဝင်တို့ ဆိုင်၊ အိမ်နဖူးစည်းတွင် အရဟံ၊ ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံဟူသော စာတန်းများ ရေးထိုးခြင်းမှာ မိမိအိမ်၊ မိမိဆိုင် ဘာသာရေးယုံကြည်ချက်ဖြင့်ရေးထိုးကြခြင်း ဖြစ်ပါတယ်။ ထိုဓလေ့သည် တခြားသော မည့်သည့် ဘာသာခြားကိုမျှ အနှောက်အယှက်မဖြစ်ပါ။ အဘယ်ကြောင့်ဆိုသော် ရည်ရွယ်ချက်ကို နားလည်ကြသောကြောင့်ဖြစ်ပါတယ်။

ဘာသာရေးယုံကြည်ချက်၊ ရည်ရွယ်ချက်မှ အပဖြစ်သော လူမျိုးရေး၊ အမျိုးသားရေးများ ရောယှက်လာပါက အလံတော်၊ သင်္ကေတတို့၏ မူလဂုဏ်ကို ညိုးနွမ်းအောင် ပြုလုပ်ရာရောက်ပါတယ်။ မွတ်စလင်မဟုတ်သော ခရစ်ယန်၊ ဟိန္ဒူစသော တခြားဘာသာခြား၊ လူမျိုးခြားတို့ အနေဖြင့် စိုးရိမ်မကင်း ဖြစ်လာနိုင်ပါတယ်။ ဤအချက်သည် တိုင်းရင်းသားစည်းလုံးရေးကို ထိခိုက်စေနိုင်ပါတယ်။

သာသနာ့ အလံတော်ကို တခုလုံး သုံးစွဲ၍ ဖြစ်စေ၊ တစိတ်တပိုင်း သုံးစွဲ၍ဖြစ်စေ ဘာသာခြားတို့အား စီးပွါးရေး ပိတ်စို့ရေး ထိုးစစ်အသွင်ဖြင့် သုံးစွဲသော ရည်ရွယ်ချက်ကို လုံးဝဆန့်ကျင်ပါတယ်။ အစွန်းရောက်ဘာသာရေးကို ဆန့်ကျင်သူလျှင် မိမိကိုယ်တိုင် သူတို့ရဲ့ အတွေးအခေါ်၊အမူအကျင့်ကို အတုမယူသင့်ပါ။

ဒေါင်းလုပ်ချရန် >> http://dhammadownload.com/File-Library/The-Ministry-Of-Religious-Affairs/TheMinistryOfReligiousAffairs-ThangaNaryakaLetSwal.pdf

၉၆၉ တံစိပ်တွင် သာသနာ့ အလံကို ထည့်သွင်းပြီး ဈေးဆိုင်များ၊ ယဉ် ရထား များတွင် လိုက်လံကပ်နေသည်မှာ မသင့်တော်ပါ။ သာသနာ့အလံကို အသုံးပြုပုံ၊ တားမြစ်ချက်များကို သံဃနာယကအဖွဲ့ကြီးက သံဃနာယက ထုတ်ပြန်ဖော်ပြထားပြီး ဖြစ်ပါတယ်။

ဆန္ဒပြတာမဟုတ်ဘဲ ဆန္ဒတွေကို အကောင်အထည် ဖော်သည့် လက်ပံတောင်းတောင် တောင်သိမ်းတိုက်ပွဲ

ဆန္ဒပြတာမဟုတ်ဘဲ ဆန္ဒတွေကို အကောင်အထည်
ဖော်သည့် လက်ပံတောင်းတောင် တောင်သိမ်းတိုက်ပွဲ

ရန်ကုန်၊မတ်၈။

ယခင်ကဆန္ဒပြသပိတ်စခန်းဖွင့်လှစ်ခဲ့ရာမှ ယခင်အခါ
ဆန္ဒတွေကို ကောင်အထည်ဖော်ကာ တောင်သိမ်းတိုက်ပွဲကို
ဆင်နွှဲခြင်း ဖြစ်သည်ဟုဆိုကာ လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းတွင် ပါဝင်သော တောင်၃၃လုံးအနက်မှ 
လိပ်ခွံတောင်နှင့် အင်ကြင်းတောင်တို့ကိုမတ်လ ၇ ရက်နေ့ ည၇နာရီခွဲခန့်တွင် ဒေသခံရွာသူရွာသားများက တက်ရောက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တုံရွာသပိတ်စခန်းမှ ကိုသား
ကြီးက ပြောကြားသည်။

လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နှင်းမှု ဖြစ်ပွားပြီး
နာက်  တုံရွာသပိတ်စခန်းဖွင့်ကာ ဆန္ဒပြခဲ့ရာမှ ထူးခြားမှု 
မရှိသည့်အတွက် ဆန္ဒပြ သည့်အဆင့်မှ နောက်တစ်ဆင့်ကို 
တက်ကာ ဆန္ဒများကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်
ကြောင်း၊ သိမ်းပိုက်လိုက်သော လိပ်ခွံတောင်နှင့် အင်ကြင်း
တောင် တို့ကိုခြေကုပ်ယူကာသပိတ်စခန်းဖွင့်လှစ်လိုက်ပြီ
ဖြစ်ကြောင်း သိရသည်။

“မနေ့ကည ၇နာရီခွဲက ကျွန်တော်တို့ ရွာသူရွာသား တစ်ထောင်ကျော်လောက် လိပ်ခွံတောင်နဲ့ အင်ကြင်း
တောင်တွေကို တက်တယ်။ လရောင်အလင်းနဲ့ပဲ တက်တာ ကျွန်တော်တို့တောင်ပေါ်တတ်နေတာကိုဘယ်သူမှ မသိ 
လိုက်ဘူး။ အားလုံး တောင်နှစ်တောင်ကို သိမ်းပြီးနိုင်တဲ့ 
အချိန်ကြတော့မှ မီးတုတ်တွေ၊ ဖယောင်းတိုင်တွေထွန်း
လိုက်တယ်၊ မီးရှုးမီးပန်းတွေဖောက်ပြီး တောင်သိမ်းတိုက် ပွဲကို အောင်ပွဲခံတယ်”ဟု တောင်သိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သူ ကိုသားကြီးက ပြောကြားသည်။

ထိုလိပ်ခွံတောင်နှင့်အင်ကြင်းတောင်ခြေများတွင်ဝမ်ပေါင်
ဘက်မှ လုပ်ငန်းခွင်သုံး ကားများ၊ မြေတူးစက်များ၊ အဆောက်
အဦးများနှင့် လုံခြုံရေး အင်အား ၅၀၀ခန့်ရှိကြောင်း၊ ဒေသခံများ
တောင်ပေါ်သို့တတ်ချိန်တွင် မည်သူမှမသိရှိလိုက်ကြောင်း၊ 
ဒေသခံများ တောင်နှစ်လုံးကို သိမ်းပိုက် ပြီးချိန်မှ လုံခြုံရေး
များ သိရှိကြပြီးတောင်နှစ်လုံးကို မီးမောင်းများထိုးကာ ရဲများနှင့် လုံထိန်းများမှ ဒိုင်းများကိုနံပါတုတ်များဖြင့် ရိုက်ကာခြောက် လှန့်မှုများ ပြုလုပ်ကြောင်း၊ ၀မ်ပေါင်လုပ်ငန်းခွင်ဧရိယာတွင်
လည်း မီးမောင်းများထွန်းထားပြီး ကင်းပုန်းဝပ်ကာ လုံခြုံရေး တိုးမြှင့်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

မတ်လ၈ရက်နေ့လည် ၁၂နာရီခန့်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲအရာရှိတစ်ဦးနှင့် ရဲနှစ်ဦး၊ ၀မ်ပေါင်ကုမ္ပဏီဘက်မှ တာဝန်ရှိ
သူတစ်ဦး၊ ဦးပိုင်မှ တာဝန်ရှိသူတစ်ဦး အပါအ၀င် အင်အား သုံးဆယ်ခန့် တောင်ပေါ်သို့ တက်လာကြောင်း၊ ဒေသခံရွာသူ
ရွာသားများမှ အလှည့်ကျ ကင်းပုန်းဝပ် နေသဖြင့်ထိုလူများကို
တွေ့ရှိကာ တောင်ပေါ်သို့ အတက်မခံဘဲ သပိတ်စခန်းမှ
ခေါင်းဆောင်တချို့မှ တောင်ခြေတွင်ထိုလူများနှင့် သွားရောက်
တွေ့ဆုံခဲ့ကြောင်း၊ အာဏာပိုင်ဘက်မှ ဒေသခံများကို ကိုယ့် အိမ်ကိုယ်ပြန်ရန်နှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပေးမည့် အဖြေကို စောင့်ကြ ရန် ပြောကြားကြောင်း၊ ထိုသို့နှစ်ဘက်
တာဝန်ရှိသူများ ညှိုနှိုင်းနေစဉ် တောင်နှစ်လုံးကို ဒေသခံများမှ လက်ချင်းချိတ်ကာ ပိတ်ထားကြောင်း သိရသည်။

အာဏာပိုင်ဘက်မှ ပြောကြားချက်ကိုနိုင်ငံတော်သမ္မတ 
ဦးသိန်းစိန်ကို တရားစွဲဆိုထားရာတွင် ပါဝင်သူတစ်ဦးဖြစ်
သော မ၀င်းဝင်းဌေးက  “ကျွန်မတို့ လုံးဝနောက်မဆုတ်နိုင်ဘူး၊ 
အခု တုံရွာသပိတ်စခန်းကို ပုဒ်မ ၁၄၄ ထုတ်ထားတယ်။ ဒီပုဒ်မ 
၁၄၄ ကိုထုတ်ထားတာ မတရားခံရတဲ့ ပြည်သူတွေအတွက် ကာကွယ်ပြီးထုတ်ထားတာ မဟုတ်ဘူး၊ ၀မ်ပေါင်နဲ့ ဦးပိုင်ကို ကာကွယ်ပြီးထုတ်ထားတဲ့ ပုဒ်မ ၁၄၄ကို လက်မခံနိုင် ဘူး” ဟု ပြန်လည်ပြောကြားခဲ့သည်။

ဒေသခံရွာသူရွာသားများဘက်မှ သိမ်းပိုက်ထားသော အင်ကြင်း
တောင်နှင့် လိပ်ခွံတောင်တို့ကို ခြေကုပ်စခန်းအဖြစ် ယူထားပြီး 
အလှည့်ကျ ကင်းပုန်းများဝပ်ကာ စောင့်လျက်ရှိကြောင်း၊နောက်
တောင်များကိုလည်းသိမ်းနိုင်ရန် အစီအစဉ်များ ရေးဆွဲကာ တိုင်ပင်လျက်ရှိကြောင်း သိရ သည်။

ဆုဝေ

ရန်ကုန်၊မတ်၈။

ယခင်ကဆန္ဒပြသပိတ်စခန်းဖွင့်လှစ်ခဲ့ရာမှယခင်အခါ ဆန္ဒတွေကို ကောင်အထည်ဖော်ကာ တောင်သိမ်း
တိုက်ပွဲကို ဆင်နွှဲခြင်း ဖြစ်သည်ဟုဆိုကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပါဝင်သော တောင်၃၃လုံးအနက်မှ လိပ်ခွံတောင်နှင့် အင်ကြင်းတောင်တို့ကိုမတ်လ ၇ ရက်နေ့ ည၇နာရီခွဲခန့်တွင် ဒေသခံရွာသူရွာသားများက တက်ရောက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တုံရွာသပိတ်စခန်းမှ ကိုသား ကြီးက ပြောကြားသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်နှင့်မြေနေရာ ပေါက်ဈေးထက် ဘီလျံပေါင်းများစွာ သက်သာပြီး ဦးတေဇ ရရှိ

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်နှင့်မြေနေရာ ပေါက်ဈေးထက် ဘီလျံပေါင်းများစွာ သက်သာပြီး ဦးတေဇ ရရှိ

ရန်ကုန်၊ မတ် ၇

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် (Kandawgyi Palace Hotel) အား ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ စီးပွားရေးလုပ် ငန်းရှင်တစ်ဦးဖြစ်သူ ဦးတေဇသို့ ကာလပေါက်ဈေး ထက် လျှော့ချကာ ဟိုတယ်တန်ဖိုး စုစုပေါင်း ငွေကျပ် ၂၈၄၃၆ ဒသမ ၈၆၀ သန်းဖြင့် လွှဲပြောင်း ရောင်းချခဲ့သည်။


မူလပိုင်ရှင်ဖြစ်သောဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက မြေဧက (၅ဒသမ ၅၀၇) အပါအ၀င် အဆောက်အအုံ၊ စက်နှင့် စက်ကိရိယာ ပစ္စည်းများကို ငွေကျပ် ၂၈၄၃၆ ဒသမ ၈၆၈ သန်းဖြင့် ဦးတေဇထံသို့ ရောင်းချခဲ့ကြောင်း 

ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ အမိန့်ကြော်ငြာစာ တွင် ရေးသားဖော်ပြ ထားပြီး မင်္ဂလာတောင်ညွန့်မြို့နယ်ပိုင် ကန်တော်ကြီးပတ်လမ်းရှိ မြေတန်ဖိုး ကာလပေါက်ဈေးသည် ၁ စတုရန်းပေလျှင် ငွေကျပ်လေးသိန်းမှ ခြောက် သိန်းကြား ပေါက်ဈေးရှိကြောင်း၊

 လက်ရှိမြေပေါက်ဈေးအား ငွေကျပ်ငါးသိန်းဖြင့် တွက်ချက်ရာ ပျမ်းမျှ သိန်းပေါင်း ၁၂၀ ဘီလျံခန့်တန်ဖိုးရှိကြောင်းကို နာမည်ကြီး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါအချက်အလက်များအရ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို ရရှိခဲ့သည့် ဦးတေဇအနေဖြင့် ကာလပေါက်ဈေးထက် ကျပ် ၁၀၀ ဘီလီယံကျော် သက်သာစွာဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်တွင် ဦးတေဇက ၎င်းငွေတန်ဖိုး အား ပေးသွင်းခဲ့ပြီးဖြစ်သည့်အတွက် အဆိုပါမြေ၊အဆောက်အအုံ၊ စက်နှင့် စက်ကိရိယာပစ္စည်းများကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ဦးတေဇသို့ စနစ်တကျလွှဲပြောင်းကာ ဦးတေဇအ မည်ပေါက်ပြောင်း ရန်ထုတ်ပေးရေးကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော် မတီကဆောင်ရွက်ရန် စသည်ဖြင့် အထက်ပါ အမိန့်ကြော်ငြာစာတွင် ထည့်သွင်း ဖော်ပြထားသည်။

ဦးတေဇသည် မြန်မာနိုင်ငံ၏ သူဌေးကြီး စာရင်းထဲတွင်ပါဝင်သူတစ်ဦးဖြစ်ပြီး ယခင်အစိုးရအဖွဲ့များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူတစ်ဦးလည်းဖြစ်သည်။

 ဦးတေဇသည် နောက်ဆုံးဖွင့်လှစ်ထားသော ဘဏ်ကြီး ၅ ဘဏ်ထဲမှ (AGD) အာရှစိမ်းလန်း ဖွံ့ဖြိုးမှုဘဏ် အပါအ၀င် Elite-Tech ကုမ္ပဏီ၊ အဲပုဂံလေကြောင်းလိုင်း၊ ဟိုတယ်လုပ်ငန်းများနှင့် အခြားလုပ်ငန်းများကို ဦးစီးလုပ်ကိုင်လျက်ရှိသူတစ်ဦးဖြစ်သည်။

Posted From မြန်မာသံတော်ဆင့်

ရန်ကုန်၊ မတ် ၇

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် (Kandawgyi Palace Hotel) အား ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ စီးပွားရေးလုပ် ငန်းရှင်တစ်ဦးဖြစ်သူ ဦးတေဇသို့ ကာလပေါက်ဈေး ထက် လျှော့ချကာ ဟိုတယ်တန်ဖိုး စုစုပေါင်း ငွေကျပ် ၂၈၄၃၆ ဒသမ ၈၆၀ သန်းဖြင့် လွှဲပြောင်း ရောင်းချခဲ့သည်။

မြန်မာ့လေကြောင်းမှ လေယာဉ်မှူး ဦးသန်းထွေး7Day News Hero ဆုရရှိ

7Day News Hero ဆုရှင်

လေယာဉ်မှူး ဦးသန်းထွေး
မြန်မာ့လေကြောင်း

ဒဏ်ရာပြင်းထန်စွာရထားသည့်လူနာနှင့်အတူ လူနာရှင်များကို လေယာဉ်လက်မှတ်မရှိဘဲ ခေါ်တင်ခဲ့သည့် အစိုးရပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်သော မြန်မာ့လေကြောင်း လေယာဉ်မှုတစ်ဦး၏ဆုံးဖြတ်ချက်မှာ စွန့်စား မှုတစ်ခုဖြစ်သည်။
ထားဝယ်မြို့လေဆိပ်မှ လေယာဉ်ထွက်ခွာရန်တံခါးပိတ်ပြီးနောက် လေယာဉ်တံခါးပေါက်မှတဆင့် ပိုက်တန်း လန်းနှင့် ကလေးငယ်တစ်ဦးအားပွေ့ချီလျက်လေယာဉ်ဆီအော်ဟစ်ပြေးလွှားလာနေသူများကို လေယာဉ်ပြ တင်းမှတဆင့် လေယဉ်မှုး ဦးသန်းထွေးတွေ့ခဲ့ရသည်။ 
ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ခဲ့သည့် ၁၅နှစ်အရွယ်ကလေးငယ်တစ်ဦးဖြစ်ကြောင်း သိရသည့်အခါ လေယာဉ်မှုး တစ်ဦးလိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို မေ့ဖောက်လျက်အရေးပေါ်အသက်ကယ်နိုင်ရေးအတွက် လက်မှတ်မရှိ ခွင်ပြုချက်မရှိသည့် အရေးပေါ်လူနာနှင့် လူနာရှင်များအားလေယာဉ်ပေါ်တွင်တင် ဆောင်လာရန်ဆုံး ဖြတ်ခဲ့သူဖြစ်သည်။ 
မိမိအလုပ်၊ နေရာနှင့်ရင်းကာ လူသားစိတ်အပြည့်ဖြင့်အသက်တစ်ချောင်းကယ်တင်ရန်ကြိုးစားခဲ့သော ဦးသန်းထွေး၏ သူရဲ ကောင်းစိတ်ဓာတ်ကြောင့် 7Day News သူရဲကောင်းအဖြစ်ရွေးချယ်လိုက်ခြင်းဖြစ်သည်။

လေယာဉ်မှူးဦးသန်းထွေးအား ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပေးအပ်ချီးမြှင့်ခဲ့သည်။

ဒဏ်ရာပြင်းထန်စွာရထားသည့်လူနာနှင့်အတူ လူနာရှင်များကို လေယာဉ်လက်မှတ်မရှိဘဲ ခေါ်တင်ခဲ့သည့် အစိုးရပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်သော မြန်မာ့လေကြောင်း လေယာဉ်မှုတစ်ဦး၏ဆုံးဖြတ်ချက်မှာ စွန့်စား မှုတစ်ခုဖြစ်သည်။

ပုဒ်မ၁၄၄ထုတ်ပြန်ထားတဲ့တောင်နှစ်လုံးကိုလက်ပံတောင်းတောင်ဒေသခံများပြန်လည်သိမ်းယူ