Pages

Friday, March 8, 2013

ချင်းရိုးရာဝတ်စုံ၊ ခေါင်ရည်နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ

ချင်းရိုးရာဝတ်စုံ၊ ခေါင်ရည်နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ
Thursday, March 7, 2013

ချင်းပြည်နယ်ရောက်နေကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို တီးတိန်မြို့မှာ မြင်တွေ့ရတဲ့ ချင်းတိုင်းရင်းသား ရိုးရာဝတ်စုံတွေနဲ့ ရိုးရာခေါင်ရည်တွေကိုယ်စီနဲ့ မြင်ကွင်းပါ။ 

" ဒီကနေ့ ချင်းပြည်နယ် တီးတိန်မြို့ ကို ညနေ ၂ နာရီ လောက်က ရောက်တယ်။ ချင်းတိုင်းရင်းသားတွေ က တီးတိန်ကို ရောက်ရောက်ခြင်း ချင်းရိုးရာ ၀တ်စုံကို တန်းဆင် တယ်။ နောက် ရိုးရာ ခေါင်ရည် နဲ့ ဧည့်ခံ တယ် " လို့ စမ်းချောင်းကိုကိုကြီးက ဆိုထားပါတယ်။ 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ တိုင်းရင်းသားအရေးနဲ့ပတ်သက်ရင် အခုလို ၀တ်စုံတွေ ဆင်မြန်းထားရုံနဲ့ အလေးအနက်ထားတယ်လို့ မခံယူထားကြပဲ တကယ်ပဲ တိုင်းရင်းသားဒေသတွေကို ကိုယ်တိုင်သွားပြီး  တိုင်းရင်းသားတွေရဲ့ တကယ့် ရင်ခုန်သံ စစ်စစ်ကို နားထောင်ခြင်းနဲ့ အကောင် အထည်
ပေါ်အောင် ကြိုးပမ်းခြင်းနဲ့သာ အလေးထားတယ် ဆိုကြပါတယ်။ 

ချင်းပြည်နယ် ရောက်နေတဲ့ ကိုအံ့ဘွယ်ကျော်ကလည်း လျှပ်စစ်မီးမပျက်ခင်လေးမှာ "လမ်းခရီး ပင်ပန်း တာတွေဟာ ကြိုဆိုမှုကြောင့် အပန်းပြေရတယ်"လို့ ဧရာဝတီကို ပြောပါတယ်။

"ဒီမှာ မီးပြတ်တော့မယ်"လို့ သူက ဆက်ပြောပါတယ်။ 


ဒါဟာ ဖွံ့ဖြိုးမှု နောက်ကျတဲ့ ချင်းပြည်နယ်မှာ လျှစ်စစ်မီး လိုအပ်နေမှုကို ချက်ချင်း မီးမောင်းထိုးပြလိုက် တာ ဖြစ်ပါတယ်။ 

အေးချမ်းမွန်မှ ( ဧရာဝတီ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

Thursday, March 7, 2013

ချင်းပြည်နယ်ရောက်နေကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို တီးတိန်မြို့မှာ မြင်တွေ့ရတဲ့ ချင်းတိုင်းရင်းသား ရိုးရာဝတ်စုံတွေနဲ့ ရိုးရာခေါင်ရည်တွေကိုယ်စီနဲ့ မြင်ကွင်းပါ။ " ဒီကနေ့ ချင်းပြည်နယ် တီးတိန်မြို့ ကို ညနေ ၂ နာရီ လောက်က ရောက်တယ်။ ချင်းတိုင်းရင်းသားတွေ က တီးတိန်ကို ရောက်ရောက်ခြင်း ချင်းရိုးရာ ၀တ်စုံကို တန်းဆင် တယ်။ နောက် ရိုးရာ ခေါင်ရည် နဲ့ ဧည့်ခံ တယ် " လို့ စမ်းချောင်းကိုကိုကြီးက ဆိုထားပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ တိုင်းရင်းသားအရေးနဲ့ပတ်သက်ရင် အခုလို ၀တ်စုံတွေ ဆင်မြန်းထားရုံနဲ့ အလေးအနက်ထားတယ်လို့ မခံယူထားကြပဲ တကယ်ပဲ တိုင်းရင်းသားဒေသတွေကို ကိုယ်တိုင်သွားပြီး တိုင်းရင်းသားတွေရဲ့ တကယ့် ရင်ခုန်သံ စစ်စစ်ကို နားထောင်ခြင်းနဲ့ အကောင် အထည်
ပေါ်အောင် ကြိုးပမ်းခြင်းနဲ့သာ အလေးထားတယ် ဆိုကြပါတယ်။

ချင်းပြည်နယ် ရောက်နေတဲ့ ကိုအံ့ဘွယ်ကျော်ကလည်း လျှပ်စစ်မီးမပျက်ခင်လေးမှာ "လမ်းခရီး ပင်ပန်း တာတွေဟာ ကြိုဆိုမှုကြောင့် အပန်းပြေရတယ်"လို့ ဧရာဝတီကို ပြောပါတယ်။"ဒီမှာ မီးပြတ်တော့မယ်"လို့ သူက ဆက်ပြောပါတယ်။


ဒါဟာ ဖွံ့ဖြိုးမှု နောက်ကျတဲ့ ချင်းပြည်နယ်မှာ လျှစ်စစ်မီး လိုအပ်နေမှုကို ချက်ချင်း မီးမောင်းထိုးပြလိုက် တာ ဖြစ်ပါတယ်။

RND: 7.3.2013
ဧရာဝတီ

0 comments:

Post a Comment