Pages

Friday, March 8, 2013

၉၆၉ လှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး ကိုညီသစ်ရဲ့" တွေးစရာလေးတွေ"

တွေးစရာ ( ၄ )
=========
၁၉၃၂ ခုနှစ်က ဂျာမနီမှာ သုံးခဲ့တဲ့ ပိုစတာလေးတစ်ခုပါ
ဒုတိယ ကမ္ဘာစစ်မှာ စစ်မရှုံးခင် ဂျာမန်တပြည်လုံး နီးပါး ဟစ်တလာကို ထောက်ခံခဲ့ကြတယ် စစ်ရှုံးပြီး နောက်ပိုင်း တိုင်းပြည်က စုတ်ပြတ်သပ် သွားပြီး မဟာမိတ် နိုင်ငံတွေရဲ့ ဆိုးဆိုးရွားရွား ပညာပေး ခံနေရတာတောင်မှ ထောက်ခံတဲ့လူတွေက ထောက်ခံကြတုန်း
ဟစ်တလာ ဘာ ကတိတွေပေး ဘယ်လို ပေါ်လစီတွေ သုံးပြီး လူတွေရဲ့ ယုံကြည်မူနဲ့ ထောက်ခံမူ ယူသွားသလဲဆိုတော့ ခဏထား 
အဲ့ဒီ ပိုစတာထဲမှာ ဘာရေးထားတာလည်းဆိုတော့
ဟစ်တလာက  ပြည်သူတွေအတွက် နောက်ဆုံးမျှော်လင့်ချက်ပါတဲ့ 
ဟစ်တလာမှ တစ်ပါး အခြားရွေးစရာမရှိ ဆိုပါတော့ 

ဒီမှာ ၉၆၉ လုပ်နေတဲ့လူတွေ အစ္စလာမ် မုန်းတီးရေး လုပ်နေတဲ့ လူတွေကို
နာဇီ ၀ါဒ နဲ့ တူနေတယ်လို့ ပြောတော့ သကောင့်သားများက 
ဘာလို့ တူနေတယ်လို့ ပြောတယ်ဆိုတာကို မလေ့လာပဲနဲ့
ငါတို့က အမျိုးဘာသာ အတွက် လုပ်နေတာကွ ဆိုတဲ့ အသံကောင်း ဟစ်ဖို့လောက်ပဲ သိတယ် အစ္စလာမ်နိုင်ငံတွေမှာ ရေကြည်ရာ မြက်နုရာ
သွား အလုပ်လုပ်နေရတဲ့ လူနည်းစု မြန်မာတွေရဲ့ မျက်နှာကိုလည်း မထောက် ကြီးနိုင်ငယ်ညင်းစိတ်နဲ့ လုပ်ချင်တာ လုပ်နေသလိုပဲ
ငါတို့ဘာသာ ငါတို့ ကာကွယ်တာ ကာကွယ်ပါ ထိန်းသိမ်းပါ စောင့်ရှောက်ပါ ဘယ်သူမှ မပြောပါဘူး ဒါပေမယ့် နိုင်ငံတကာက အကြည်ဓာတ်ပျက်ပြီး မျက်စိစပါးမွှေး စူးအောင် လုပ်တဲ့ နလပိန်းတုန်း လုပ်ရပ်မျိုးကိုတော့ ရှောင်သင့်တယ်
 

ခုလုပ်နေတဲ့ လုပ်ရပ်က ဘာလည်းတော့ မသိဘူး
နိုင်ငံတကာမှာတော့ မြန်မာပြည်က လူများစု Majority လူမျိုးတွေက
ဘာသာရေးဆိုင်ရာ အဆုံးအမကြောင့် မဟုတ်ပဲနဲ့ သူတို့ ကိုးကွယ်တဲ့ ဘာသာဝင် ဆိုင်မှာပဲ ၀ယ်မယ် စားမယ်ဆိုပြီး အချင်းချင်း
 ခွဲခြားမူ လုပ်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တကမ္ဘာလုံးက မြင်မှာ
ကိုယ်တွေကဖြင့် စားစရာမရှိတဲ့ အရှေ့တောင် အာရှက အဆင်းရဲဆုံး တိုင်းပြည် နိုင်ငံတကာရဲ့ အထောက်အပံ့ ချေးငွေတွေ လိုချင်လို့
သမ္မတ လုပ်တဲ့ လူကလည်း မျက်နှာငယ်နဲ့ အပြင်ထွက်ပြီး လိုက်ချေးနေရတဲ့ အချိန် ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးကလည်း
ဒီတိုင်းပြည်မှာ လာပြီး လူပါးမ၀ဖို့ ဒီက မြန်မာတွေရဲ့ အကျိုးကို ကြည့်ပေးဖို့ နိုင်ငံတကာကို တောင်းဆိုနေရတဲ့အချိန်မှာ
တကမ္ဘာလုံးက မျက်စိထောက်ဒေါက် ကြည့်နေတာပါ ကိုယ်မှန်တယ်ထင်လို့
လုပ်လိုက်တဲ့ လုပ်ရပ်တစ်ခုက ကိုယ့်အကျိုးစီးပွားကို သွယ်ဝိုက်ပြီး ထိခိုက်နိုင်စရာတွေ အများကြီးပဲ ... 

ဟစ်တလာ ဘယ်လိုတွေပြောပြီး အာဏာရလာလည်း ဆိုတာ လေ့လာကြည့်ပါ စိတ်ဓာတ်ကျပြီး  မွဲနေတဲ့ ဂျာမန်တွေ စားရမယ့်
 သောက်ရမယ့် ဖြစ်နေတဲ့ ဂျာမန်တွေကို မင်းတို့ မွဲနေတာ 
ဂျူးတွေကြောင့် ဆိုတဲ့ အမုန်းတရားကို အသက်သွင်းပါတယ် ဂျူးမုန်းတီးရေး ၀ါဒဖြန့်ချိရေးကို စနစ်တကျ လုပ်ပြီး
ပြည်သူလူထုရဲ့ ထောက်ခံမူကို ယူသွားတယ် ဒီမှာတော့ နောက်ကွယ်ကနေ
လုပ်နေတာ ဘယ်သူဘယ်ဝါဆိုတာ မသိပေမယ့် အဲ့ဒီ ၉၆၉ ထောက်ခံတဲ့ လူတွေ ၉၉ %က အစ္စလာမ် ဘာသာဝင်ဆိုတာနဲ့ ဆိုးဆိုးရွားရွား မုန်းတီးနေတဲ့ လူတွေချည်းပဲ  ပြောလိုက်ရင်တော့ အသံကောင်းဟစ်ပြီး ငါတို့က ကိုယ့်ဘာသာဝင်တွေ ကိုယ့်ဆိုင်မှာ အားပေးဖို့ပဲ ပြောတာ သူများ ဘာသာကို တိုက်ခိုက်တာ မဟုတ်ဘူး ကျန်တာ မပါဘူးဆိုပြီး
ဗြောင်လိမ်ချင်သေးတယ် သေချာလှန်လှောလိုက်ရင် 
ဆဲဆို စော်ကား ထားတာတွေမှ အများကြီးပဲ 

ကိုယ်နဲ့ ဘာသာမတူတဲ့ လူတွေကို ရဲရဲတောက် ဆဲဆိုစော်ကားပြီး ဗုဒ္ဓဘာသာကို အရောင်တင်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ဝေးသေးတယ် လို့ပဲ ပြောရမယ် ဗုဒ္ဓဘာသာကို ကာကွယ်ထိန်းသိမ်းချင်တဲ့ 
ပုဂ္ဂိုလ်ကြီးများက အတော် မိုက်ရိုင်းတာပဲ ဘယ်လို ဘာသာတရားကို
ကိုးကွယ်လို့များ ဒီလောက် မိုက်ရိုင်းသလဲ မသိဘူးဆိုတဲ့ Image ဆိုးကြီးပဲ အရင်ဆုံး ရလိမ့်မယ် ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ ဂုဏ်ကျက်သရေကို တပတ်လှည့်ပြီး ကိုယ်တိုင် စော်ကားနေကြတဲ့
ငရဲသွားရမယ့် အမျိုးအစားတွေပဲ 

ဗုဒ္ဓဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ချင်လို့ပါ ဆိုတဲ့
လူတွေရဲ့ ပါးစပ်က ဗုဒ္ဓ ဘုရားရဲ့ တရားဓမ္မတွေ ဘယ်လောက် ကောင်းကြောင်း ဘယ်လောက် သိမ်မွေ့ကြောင်း ပြောဆို ဆွေနွေးတာမျိုး မလုပ်ပဲနဲ့
ကိုယ်သေချာ မသိ မလေ့လာ ထားတဲ့ တခြား ဘာသာရဲ့ မကောင်းကြောင်းတွေပြောပြီး ထိန်းသိမ်းနေတယ်ဆိုတော့
ရှက်ဖို့ကောင်းတယ် ။ 

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဖြစ်ခွင့် ဥပဒေအရ တရားဝင် မြန်မာနိုင်ငံသား ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင် အစ္စလာမ် ဘာသာဝင် ဟိန္ဒူဘာသာဝင် ခရစ်ယာန် ဘာသာဝင် ဘာသာမဲ့ အကုန်လုံးက တန်းတူ ညီမျှ အခွင့်အရေး ရှိရပါမယ် ကိုယ် လိုချင်တဲ့ လူ့အခွင့်အရေးမျိုးကို ကိုယ်နဲ့ ဘာသာ လူမျိုး မတူတဲ့ လူတွေကိုကျတော့ မပေးချင်ဘူးဆိုရင်တော့ ကိုယ့်ကိုကိုယ် ဒီမိုကရေစီ ဆိုတာနဲ့ တန်ရဲ့လား ပြန်မေးပါ ..

ပြောသမျှယုံ ခိုင်းသမျှလုပ် မဲမဲမြင် ဆွဲချင်တဲ့ နလပိန်းတုန်းများအတွက်
မောင်ညီသစ် ကိုယ့်ထမင်းကိုယ်စားပြီး ရေးသည်။

အခုမြင်တွေ့နေရတာကတော့၁၉၃၂ ခုနှစ်က ဂျာမနီမှာ သုံးခဲ့တဲ့ ပိုစတာလေးတစ်ခုပါ ဒုတိယ ကမ္ဘာစစ်မှာ စစ်မရှုံးခင် ဂျာမန်တပြည်လုံး နီးပါး ဟစ်တလာကို ထောက်ခံခဲ့ကြတယ် စစ်ရှုံးပြီး နောက်ပိုင်း တိုင်းပြည်က စုတ်ပြတ်သပ် သွားပြီး မဟာမိတ် နိုင်ငံတွေရဲ့ ဆိုးဆိုးရွားရွား ပညာပေး ခံနေရတာတောင်မှ ထောက်ခံတဲ့လူတွေက ထောက်ခံကြတုန်းဟစ်တလာ ဘာ ကတိတွေပေး ဘယ်လို ပေါ်လစီတွေ သုံးပြီး လူတွေရဲ့ ယုံကြည်မူနဲ့ ထောက်ခံမူ ယူသွားသလဲဆိုတော့ ခဏထား
အဲ့ဒီပိုစတာထဲမှာဘာရေးထားတာလည်းဆိုတော့ဟစ်တလာက ပြည်သူတွေအတွက် နောက်ဆုံးမျှော်လင့်
ချက်ပါတဲ့ ဟစ်တလာမှ တစ်ပါး အခြားရွေးစရာမရှိ ဆိုပါတော့ ဒီမှာ ၉၆၉ လုပ်နေတဲ့လူတွေ အစ္စလာမ် မုန်းတီးရေး လုပ်နေတဲ့ လူတွေကိုနာဇီ ၀ါဒ နဲ့ တူနေတယ်လို့ ပြောတော့ သကောင့်သားများက ဘာလို့ တူနေတယ်လို့ ပြောတယ်ဆိုတာကို မလေ့လာပဲနဲ့ငါတို့က အမျိုးဘာသာ အတွက် လုပ်နေတာကွ ဆိုတဲ့ အသံကောင်း ဟစ်ဖို့လောက်ပဲ သိတယ် အစ္စလာမ်နိုင်ငံတွေမှာ ရေကြည်ရာ မြက်နုရာသွား အလုပ်လုပ်နေရတဲ့ လူနည်းစု မြန်မာတွေရဲ့ မျက်နှာကိုလည်း မထောက် ကြီးနိုင်ငယ်ညင်းစိတ်နဲ့ လုပ်ချင်တာ လုပ်နေသလိုပဲငါတို့ဘာသာ ငါတို့ ကာကွယ်တာ ကာကွယ်ပါ ထိန်းသိမ်းပါ စောင့်ရှောက်ပါ ဘယ်သူမှ မပြောပါဘူး ဒါပေမယ့် နိုင်ငံတကာက အကြည်ဓာတ်ပျက်ပြီး မျက်စိစပါးမွှေး စူးအောင် လုပ်တဲ့ နလပိန်းတုန်း လုပ်ရပ်မျိုးကိုတော့ ရှောင်သင့်တယ်

ခုလုပ်နေတဲ့ လုပ်ရပ်က ဘာလည်းတော့ မသိဘူးနိုင်ငံတကာမှာတော့ မြန်မာပြည်က လူများစု Majority လူမျိုးတွေကဘာသာရေးဆိုင်ရာ အဆုံးအမကြောင့် မဟုတ်ပဲနဲ့ သူတို့ ကိုးကွယ်တဲ့ ဘာသာဝင် ဆိုင်မှာပဲ ၀ယ်မယ် စားမယ်ဆိုပြီး အချင်းချင်းခွဲခြားမူ လုပ်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တကမ္ဘာလုံးက မြင်မှာကိုယ်တွေကဖြင့် စားစရာမရှိတဲ့ အရှေ့တောင် အာရှက အဆင်းရဲဆုံး တိုင်းပြည် နိုင်ငံတကာရဲ့ အထောက်အပံ့ ချေးငွေတွေ လိုချင်လို့သမ္မတ လုပ်တဲ့ လူကလည်း မျက်နှာငယ်နဲ့ အပြင်ထွက်ပြီး လိုက်ချေးနေရတဲ့ အချိန် ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးကလည်းဒီတိုင်းပြည်မှာ လာပြီး လူပါးမ၀ဖို့ ဒီက မြန်မာတွေရဲ့ အကျိုးကို ကြည့်ပေးဖို့ နိုင်ငံတကာကို တောင်းဆိုနေရတဲ့အချိန်မှာတကမ္ဘာလုံးက မျက်စိထောက်ဒေါက် ကြည့်နေတာပါ ကိုယ်မှန်တယ်ထင်လို့လုပ်လိုက်တဲ့ လုပ်ရပ်တစ်ခုက ကိုယ့်အကျိုးစီးပွားကို သွယ်ဝိုက်ပြီး ထိခိုက်နိုင်စရာတွေ အများကြီးပဲ ...

ဟစ်တလာ ဘယ်လိုတွေပြောပြီး အာဏာရလာလည်း ဆိုတာ လေ့လာကြည့်ပါ စိတ်ဓာတ်ကျပြီး မွဲနေတဲ့ ဂျာမန်တွေ စားရမယ့်သောက်ရမယ့် ဖြစ်နေတဲ့ ဂျာမန်တွေကို မင်းတို့ မွဲနေတာ ဂျူးတွေကြောင့် ဆိုတဲ့ အမုန်းတရားကို အသက်သွင်းပါတယ် ဂျူးမုန်းတီးရေး ၀ါဒဖြန့်ချိရေးကို စနစ်တကျ လုပ်ပြီးပြည်သူလူထုရဲ့ ထောက်ခံမူကို ယူသွားတယ် ဒီမှာတော့ နောက်ကွယ်ကနေလုပ်နေတာ ဘယ်သူဘယ်ဝါဆိုတာ မသိပေမယ့် အဲ့ဒီ ၉၆၉ ထောက်ခံတဲ့ လူတွေ ၉၉ %က အစ္စလာမ် ဘာသာဝင်ဆိုတာနဲ့ ဆိုးဆိုးရွားရွား မုန်းတီးနေတဲ့ လူတွေချည်းပဲ ပြောလိုက်ရင်တော့ အသံကောင်းဟစ်ပြီး ငါတို့က ကိုယ့်ဘာသာဝင်တွေ ကိုယ့်ဆိုင်မှာ အားပေးဖို့ပဲ ပြောတာ သူများ ဘာသာကိုတိုက်ခိုက်တာမဟုတ်ဘူးကျန်တာ မပါဘူးဆိုပြီးဗြောင်လိမ်ချင်သေးတယ် သေချာလှန်လှော
လိုက်ရင် ဆဲဆို စော်ကား ထားတာတွေမှ အများကြီးပဲ

ကိုယ်နဲ့ ဘာသာမတူတဲ့ လူတွေကို ရဲရဲတောက် ဆဲဆိုစော်ကားပြီး ဗုဒ္ဓဘာသာကို အရောင်တင်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ဝေးသေးတယ် လို့ပဲ ပြောရမယ် ဗုဒ္ဓဘာသာကို ကာကွယ်ထိန်းသိမ်းချင်တဲ့
ပုဂ္ဂိုလ်ကြီးများက အတော် မိုက်ရိုင်းတာပဲ ဘယ်လို ဘာသာတရားကိုကိုးကွယ်လို့များ ဒီလောက် မိုက်ရိုင်းသလဲ မသိဘူးဆိုတဲ့ Image ဆိုးကြီးပဲ အရင်ဆုံး ရလိမ့်မယ် ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ ဂုဏ်ကျက်သရေကို တပတ်လှည့်ပြီး ကိုယ်တိုင် စော်ကားနေကြတဲ့ငရဲသွားရမယ့် အမျိုးအစားတွေပဲ

ဗုဒ္ဓဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ချင်လို့ပါ ဆိုတဲ့လူတွေရဲ့ ပါးစပ်က ဗုဒ္ဓ ဘုရားရဲ့ တရားဓမ္မတွေ ဘယ်လောက် ကောင်းကြောင်း ဘယ်လောက် သိမ်မွေ့ကြောင်း ပြောဆို ဆွေနွေးတာမျိုး မလုပ်ပဲနဲ့ကိုယ်သေချာ မသိ မလေ့လာ ထားတဲ့ တခြား ဘာသာရဲ့ မကောင်းကြောင်းတွေပြောပြီး ထိန်းသိမ်းနေတယ်ဆိုတော့ရှက်ဖို့ကောင်းတယ် ။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဖြစ်ခွင့် ဥပဒေအရ တရားဝင် မြန်မာနိုင်ငံသား ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင် အစ္စလာမ် ဘာသာဝင် ဟိန္ဒူဘာသာဝင် ခရစ်ယာန် ဘာသာဝင် ဘာသာမဲ့ အကုန်လုံးက တန်းတူ ညီမျှ အခွင့်အရေး ရှိရပါမယ် ကိုယ် လိုချင်တဲ့ လူ့အခွင့်အရေးမျိုးကို ကိုယ်နဲ့ ဘာသာ လူမျိုး မတူတဲ့ လူတွေကိုကျတော့ မပေးချင်ဘူးဆိုရင်တော့ ကိုယ့်ကိုကိုယ် ဒီမိုကရေစီ ဆိုတာနဲ့ တန်ရဲ့လား ပြန်မေးပါ ..
 
Credit by: Nyi Thit's
Rangonnewsdaily
7.3.2013
 

0 comments:

Post a Comment