Pages

Friday, March 8, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ပထမနေ့ အကြိုဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဗဟိုကော်မတီဝင်အဖြစ်ရွေးချယ်ခံရ

၈ မတ်လ ၂၀၁၃
ဒီကနေ့စတင်ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံရဲ့ ပထမနေ့ အကြိုဆွေးနွေးပွဲနေ့ နေခင်းပိုင်း တစ်နာရီထိ ရရှိတဲ့သတင်းအရ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့်ညီလာခံသက်တမ်းမှာ ဗဟိုကော်မတီဝင် အဖြစ် ရွေးချယ်လိုက်ပါတယ်။ကျန်နှစ်ဦးကတော့ ဒေါက်တာမေ၀င်းမြင့်နဲ့ ဦးဟံသာမြင့်တို့ဖြစ်တယ်လို့ဆိုပါတယ်၊ ညီလာခံကို နောက်နှစ်ရက်ကျင်းပမှာဖြစ်ပြီး ညီလာခံမှာ ဗဟိုကော်မတီဝင် တစ်ရာကျော်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို ဆက်လက်ေ၇ွးချယ်ဖိြု့ဖစ်ပါတယ်။

နေ့ခင်းတစ်နာရီခွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပရေး ဗဟိုကော်မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို DVB သတင်းထောက် ကိုအေးနိုင်က မေးထားပါတယ်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံ အကြိုညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမနဲ့ တို့ရိုးရာခန်းမတို့မှာ ပြုလုပ်နေပါတယ်။
ဒီအစည်းအဝေးကို ကိုယ်စားလှယ် ၈၆၂ ယောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အေးနိုင် DVB 
Rangonnewsdaily
7.3.2013
 

0 comments:

Post a Comment