Pages

Friday, March 8, 2013

ဆန္ဒပြတာမဟုတ်ဘဲ ဆန္ဒတွေကို အကောင်အထည် ဖော်သည့် လက်ပံတောင်းတောင် တောင်သိမ်းတိုက်ပွဲ

ဆန္ဒပြတာမဟုတ်ဘဲ ဆန္ဒတွေကို အကောင်အထည်
ဖော်သည့် လက်ပံတောင်းတောင် တောင်သိမ်းတိုက်ပွဲ

ရန်ကုန်၊မတ်၈။

ယခင်ကဆန္ဒပြသပိတ်စခန်းဖွင့်လှစ်ခဲ့ရာမှ ယခင်အခါ
ဆန္ဒတွေကို ကောင်အထည်ဖော်ကာ တောင်သိမ်းတိုက်ပွဲကို
ဆင်နွှဲခြင်း ဖြစ်သည်ဟုဆိုကာ လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းတွင် ပါဝင်သော တောင်၃၃လုံးအနက်မှ 
လိပ်ခွံတောင်နှင့် အင်ကြင်းတောင်တို့ကိုမတ်လ ၇ ရက်နေ့ ည၇နာရီခွဲခန့်တွင် ဒေသခံရွာသူရွာသားများက တက်ရောက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တုံရွာသပိတ်စခန်းမှ ကိုသား
ကြီးက ပြောကြားသည်။

လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နှင်းမှု ဖြစ်ပွားပြီး
နာက်  တုံရွာသပိတ်စခန်းဖွင့်ကာ ဆန္ဒပြခဲ့ရာမှ ထူးခြားမှု 
မရှိသည့်အတွက် ဆန္ဒပြ သည့်အဆင့်မှ နောက်တစ်ဆင့်ကို 
တက်ကာ ဆန္ဒများကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်
ကြောင်း၊ သိမ်းပိုက်လိုက်သော လိပ်ခွံတောင်နှင့် အင်ကြင်း
တောင် တို့ကိုခြေကုပ်ယူကာသပိတ်စခန်းဖွင့်လှစ်လိုက်ပြီ
ဖြစ်ကြောင်း သိရသည်။

“မနေ့ကည ၇နာရီခွဲက ကျွန်တော်တို့ ရွာသူရွာသား တစ်ထောင်ကျော်လောက် လိပ်ခွံတောင်နဲ့ အင်ကြင်း
တောင်တွေကို တက်တယ်။ လရောင်အလင်းနဲ့ပဲ တက်တာ ကျွန်တော်တို့တောင်ပေါ်တတ်နေတာကိုဘယ်သူမှ မသိ 
လိုက်ဘူး။ အားလုံး တောင်နှစ်တောင်ကို သိမ်းပြီးနိုင်တဲ့ 
အချိန်ကြတော့မှ မီးတုတ်တွေ၊ ဖယောင်းတိုင်တွေထွန်း
လိုက်တယ်၊ မီးရှုးမီးပန်းတွေဖောက်ပြီး တောင်သိမ်းတိုက် ပွဲကို အောင်ပွဲခံတယ်”ဟု တောင်သိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သူ ကိုသားကြီးက ပြောကြားသည်။

ထိုလိပ်ခွံတောင်နှင့်အင်ကြင်းတောင်ခြေများတွင်ဝမ်ပေါင်
ဘက်မှ လုပ်ငန်းခွင်သုံး ကားများ၊ မြေတူးစက်များ၊ အဆောက်
အဦးများနှင့် လုံခြုံရေး အင်အား ၅၀၀ခန့်ရှိကြောင်း၊ ဒေသခံများ
တောင်ပေါ်သို့တတ်ချိန်တွင် မည်သူမှမသိရှိလိုက်ကြောင်း၊ 
ဒေသခံများ တောင်နှစ်လုံးကို သိမ်းပိုက် ပြီးချိန်မှ လုံခြုံရေး
များ သိရှိကြပြီးတောင်နှစ်လုံးကို မီးမောင်းများထိုးကာ ရဲများနှင့် လုံထိန်းများမှ ဒိုင်းများကိုနံပါတုတ်များဖြင့် ရိုက်ကာခြောက် လှန့်မှုများ ပြုလုပ်ကြောင်း၊ ၀မ်ပေါင်လုပ်ငန်းခွင်ဧရိယာတွင်
လည်း မီးမောင်းများထွန်းထားပြီး ကင်းပုန်းဝပ်ကာ လုံခြုံရေး တိုးမြှင့်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

မတ်လ၈ရက်နေ့လည် ၁၂နာရီခန့်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲအရာရှိတစ်ဦးနှင့် ရဲနှစ်ဦး၊ ၀မ်ပေါင်ကုမ္ပဏီဘက်မှ တာဝန်ရှိ
သူတစ်ဦး၊ ဦးပိုင်မှ တာဝန်ရှိသူတစ်ဦး အပါအ၀င် အင်အား သုံးဆယ်ခန့် တောင်ပေါ်သို့ တက်လာကြောင်း၊ ဒေသခံရွာသူ
ရွာသားများမှ အလှည့်ကျ ကင်းပုန်းဝပ် နေသဖြင့်ထိုလူများကို
တွေ့ရှိကာ တောင်ပေါ်သို့ အတက်မခံဘဲ သပိတ်စခန်းမှ
ခေါင်းဆောင်တချို့မှ တောင်ခြေတွင်ထိုလူများနှင့် သွားရောက်
တွေ့ဆုံခဲ့ကြောင်း၊ အာဏာပိုင်ဘက်မှ ဒေသခံများကို ကိုယ့် အိမ်ကိုယ်ပြန်ရန်နှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပေးမည့် အဖြေကို စောင့်ကြ ရန် ပြောကြားကြောင်း၊ ထိုသို့နှစ်ဘက်
တာဝန်ရှိသူများ ညှိုနှိုင်းနေစဉ် တောင်နှစ်လုံးကို ဒေသခံများမှ လက်ချင်းချိတ်ကာ ပိတ်ထားကြောင်း သိရသည်။

အာဏာပိုင်ဘက်မှ ပြောကြားချက်ကိုနိုင်ငံတော်သမ္မတ 
ဦးသိန်းစိန်ကို တရားစွဲဆိုထားရာတွင် ပါဝင်သူတစ်ဦးဖြစ်
သော မ၀င်းဝင်းဌေးက  “ကျွန်မတို့ လုံးဝနောက်မဆုတ်နိုင်ဘူး၊ 
အခု တုံရွာသပိတ်စခန်းကို ပုဒ်မ ၁၄၄ ထုတ်ထားတယ်။ ဒီပုဒ်မ 
၁၄၄ ကိုထုတ်ထားတာ မတရားခံရတဲ့ ပြည်သူတွေအတွက် ကာကွယ်ပြီးထုတ်ထားတာ မဟုတ်ဘူး၊ ၀မ်ပေါင်နဲ့ ဦးပိုင်ကို ကာကွယ်ပြီးထုတ်ထားတဲ့ ပုဒ်မ ၁၄၄ကို လက်မခံနိုင် ဘူး” ဟု ပြန်လည်ပြောကြားခဲ့သည်။

ဒေသခံရွာသူရွာသားများဘက်မှ သိမ်းပိုက်ထားသော အင်ကြင်း
တောင်နှင့် လိပ်ခွံတောင်တို့ကို ခြေကုပ်စခန်းအဖြစ် ယူထားပြီး 
အလှည့်ကျ ကင်းပုန်းများဝပ်ကာ စောင့်လျက်ရှိကြောင်း၊နောက်
တောင်များကိုလည်းသိမ်းနိုင်ရန် အစီအစဉ်များ ရေးဆွဲကာ တိုင်ပင်လျက်ရှိကြောင်း သိရ သည်။

ဆုဝေ

ရန်ကုန်၊မတ်၈။

ယခင်ကဆန္ဒပြသပိတ်စခန်းဖွင့်လှစ်ခဲ့ရာမှယခင်အခါ ဆန္ဒတွေကို ကောင်အထည်ဖော်ကာ တောင်သိမ်း
တိုက်ပွဲကို ဆင်နွှဲခြင်း ဖြစ်သည်ဟုဆိုကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပါဝင်သော တောင်၃၃လုံးအနက်မှ လိပ်ခွံတောင်နှင့် အင်ကြင်းတောင်တို့ကိုမတ်လ ၇ ရက်နေ့ ည၇နာရီခွဲခန့်တွင် ဒေသခံရွာသူရွာသားများက တက်ရောက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တုံရွာသပိတ်စခန်းမှ ကိုသား ကြီးက ပြောကြားသည်။ လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နှင်းမှု ဖြစ်ပွားပြီး နာက် တုံရွာသပိတ်စခန်းဖွင့်ကာ ဆန္ဒပြခဲ့ရာမှ ထူးခြားမှု မရှိသည့်အတွက် ဆန္ဒပြ သည့်အဆင့်မှ နောက်တစ်ဆင့်ကို တက်ကာ ဆန္ဒများကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ် ကြောင်း၊ သိမ်းပိုက်လိုက်သော လိပ်ခွံတောင်နှင့် အင်ကြင်း တောင် တို့ကိုခြေကုပ်ယူကာသပိတ်စခန်းဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“မနေ့ကည ၇နာရီခွဲက ကျွန်တော်တို့ ရွာသူရွာသား တစ်ထောင်ကျော်လောက် လိပ်ခွံတောင်နဲ့ အင်ကြင်း
တောင်တွေကို တက်တယ်။ လရောင်အလင်းနဲ့ပဲ တက်တာ ကျွန်တော်တို့တောင်ပေါ်တတ်နေတာကိုဘယ်သူမှ မသိ လိုက်ဘူး။ အားလုံး တောင်နှစ်တောင်ကို သိမ်းပြီးနိုင်တဲ့ အချိန်ကြတော့မှ မီးတုတ်တွေ၊ ဖယောင်းတိုင်တွေထွန်း လိုက်တယ်၊ မီးရှုးမီးပန်းတွေဖောက်ပြီး တောင်သိမ်းတိုက် ပွဲကို အောင်ပွဲခံတယ်”ဟု တောင်သိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သူ ကိုသားကြီးက ပြောကြားသည်။

ထိုလိပ်ခွံတောင်နှင့်အင်ကြင်းတောင်ခြေများတွင်ဝမ်ပေါင် ဘက်မှ လုပ်ငန်းခွင်သုံး ကားများ၊ မြေတူးစက်များ၊ အဆောက် အဦးများနှင့် လုံခြုံရေး အင်အား ၅၀၀ခန့်ရှိကြောင်း၊ ဒေသခံများ တောင်ပေါ်သို့တတ်ချိန်တွင် မည်သူမှမသိရှိလိုက်ကြောင်း၊ ဒေသခံများ တောင်နှစ်လုံးကို သိမ်းပိုက် ပြီးချိန်မှ လုံခြုံရေး များ သိရှိကြပြီးတောင်နှစ်လုံးကို မီးမောင်းများထိုးကာ ရဲများနှင့် လုံထိန်းများမှ ဒိုင်းများကိုနံပါတုတ်များဖြင့် ရိုက်ကာခြောက် လှန့်မှုများ ပြုလုပ်ကြောင်း၊ ၀မ်ပေါင်လုပ်ငန်းခွင်ဧရိယာတွင် လည်း မီးမောင်းများထွန်းထားပြီး ကင်းပုန်းဝပ်ကာ လုံခြုံရေး တိုးမြှင့်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

မတ်လ၈ရက်နေ့လည် ၁၂နာရီခန့်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲအရာရှိတစ်ဦးနှင့် ရဲနှစ်ဦး၊ ၀မ်ပေါင်ကုမ္ပဏီဘက်မှ တာဝန်ရှိ သူတစ်ဦး၊ ဦးပိုင်မှ တာဝန်ရှိသူတစ်ဦး အပါအ၀င် အင်အား သုံးဆယ်ခန့် တောင်ပေါ်သို့ တက်လာကြောင်း၊ ဒေသခံရွာသူ ရွာသားများမှ အလှည့်ကျ ကင်းပုန်းဝပ် နေသဖြင့်ထိုလူများကို တွေ့ရှိကာ တောင်ပေါ်သို့ အတက်မခံဘဲ သပိတ်စခန်းမှ ခေါင်းဆောင်တချို့မှ တောင်ခြေတွင်ထိုလူများနှင့် သွားရောက် တွေ့ဆုံခဲ့ကြောင်း၊ အာဏာပိုင်ဘက်မှ ဒေသခံများကို ကိုယ့် အိမ်ကိုယ်ပြန်ရန်နှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပေးမည့် အဖြေကို စောင့်ကြ ရန် ပြောကြားကြောင်း၊ ထိုသို့နှစ်ဘက် တာဝန်ရှိသူများ ညှိုနှိုင်းနေစဉ် တောင်နှစ်လုံးကို ဒေသခံများမှ လက်ချင်းချိတ်ကာ ပိတ်ထားကြောင်း သိရသည်။

အာဏာပိုင်ဘက်မှ ပြောကြားချက်ကိုနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို တရားစွဲဆိုထားရာတွင် ပါဝင်သူတစ်ဦးဖြစ် သော မ၀င်းဝင်းဌေးက “ကျွန်မတို့ လုံးဝနောက်မဆုတ်နိုင်ဘူး၊ အခု တုံရွာသပိတ်စခန်းကို ပုဒ်မ ၁၄၄ ထုတ်ထားတယ်။ ဒီပုဒ်မ ၁၄၄ ကိုထုတ်ထားတာ မတရားခံရတဲ့ ပြည်သူတွေအတွက် ကာကွယ်ပြီးထုတ်ထားတာ မဟုတ်ဘူး၊ ၀မ်ပေါင်နဲ့ ဦးပိုင်ကို ကာကွယ်ပြီးထုတ်ထားတဲ့ ပုဒ်မ ၁၄၄ကို လက်မခံနိုင် ဘူး” ဟု ပြန်လည်ပြောကြားခဲ့သည်။

ဒေသခံရွာသူရွာသားများဘက်မှ သိမ်းပိုက်ထားသော အင်ကြင်း တောင်နှင့် လိပ်ခွံတောင်တို့ကို ခြေကုပ်စခန်းအဖြစ် ယူထားပြီး အလှည့်ကျ ကင်းပုန်းများဝပ်ကာ စောင့်လျက်ရှိကြောင်း၊နောက် တောင်များကိုလည်းသိမ်းနိုင်ရန် အစီအစဉ်များ ရေးဆွဲကာ တိုင်ပင်လျက်ရှိကြောင်း သိရ သည်။

ဆုဝေ
Myanmar Age
Rangonnewsdaily
7.3.2013
 

0 comments:

Post a Comment