Pages

Friday, March 8, 2013

နှစ် ၅၀ ကြာမှ စာကြည့်တိုက်ကို ပြန်ရောက်လာသည့်စာအုပ်

နှစ် ၅၀ ကြာမှ စာကြည့်တိုက်ကို ပြန်ရောက်လာသည့်စာအုပ်
Friday, March 8, 2013

နှစ် ၅၀ ကြာမှ စာကြည့်တိုက်သို့ စာအုပ်လာပြန်အပ်သည့် ထူးဆန်းသည့်
ဖြစ်ရပ်တစ်ခု စကော့တလန် တွင်ဖြစ်ပွားခဲ့သည်။ အသက် ၆၀ အရွယ်ရှိ
ဒေးဗစ် ဘလက်ဆိုသူသည် ပန်းချီစာအုပ်တစ်အုပ်ကို ၁၉၆၂ ခုနှစ် ကတည်းက စာကြည့်တိုက်တွင် ငှားခဲ့သည်။ ထိုစာအုပ်မှာ စပိန်နာမည်ကျော် ပန်းချီဆရာ ဂိုယာ၏ လက်ရာများ ကို စုစည်းထားသည့် စာအုပ်ဖြစ်သည်။ စုစုပေါင်း ၁၈၄၁၇ ရက် ကြာမှလာပြန်အပ်သည့်စာအုပ်အတွက်စာကြည့်တိုက်
မှ ဒေးဗစ်ကို ဒဏ်ကြေးကျသင့်ငွေ ၄၀၆၇ ဒေါ်လာ ဆောင်ခိုင်းရန်ဖြစ်သော်
လည်း၊ သက်သာခွင့် ပြုလိုက်ကြောင်း သိရသည်။

ဒေးဗစ်က မိမိအနေဖြင့် စာအုပ်ကို ပြန်အပ်လိုက်ရသည့်အတွက် စိတ်သက်
သာမှုရသွားကြောင်း၊ထိုစာအုပ်ကို မေ့သွားသဖြင့် ပြန်မအပ်ခဲ့ရခြင်းဖြစ်
ကြောင်း၊ ယခုလို စာကြည့်တိုက်သို့ပြန်အပ်လိုက်ရသဖြင့် တာဝန်ကျေသလို ခံစားရကြောင်းပြောကြားခဲ့သည်။

အီဒင်ဘတ် အနုပညာစာကြည့်တိုက်ကြီးသည် ငှားထားသောစာအုပ်များ
ပြန်အပ်ရေးနှင့်၊ ထိုသို့ပြန်အပ်ခြင်း အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အထိမ်းအမှတ်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ရလဒ်အဖြစ် စာအုပ်ပေါင်း ၄၀၀၀
ကျော် ပြန်လည်ရရှိခဲ့ပြီး၊ ထိုစာအုပ်များထဲတွင် ဒေးဗစ်ငှားသွားသည့်စာအုပ်
ကလည်း တစ်အုပ်အပါအဝင် ဖြစ်သည်။

စာကြည့်တိုက်မှူး ရစ်ချတ် လူးဝစ်ကလည်း နှစ်ပေါင်း ၅၀ ကြာမှ ပြန်ရောက်
လာသည့်စာအုပ်အတွက် ဝမ်းမြောက်ကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသား
စာကြည့်တိုက်အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်နေ့ကျင်းပလိုက်ရခြင်းသည်
အောင်မြင်သည်ဟုဆိုရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရွှေမောင် 
မောက္ခ

Friday, March 8, 2013
နှစ် ၅၀ ကြာမှ စာကြည့်တိုက်သို့ စာအုပ်လာပြန်အပ်သည့် ထူးဆန်းသည့် ဖြစ်ရပ်တစ်ခု စကော့တလန် တွင်ဖြစ်ပွားခဲ့သည်။ အသက် ၆၀ အရွယ်ရှိ ဒေးဗစ် ဘလက်ဆိုသူသည် ပန်းချီစာအုပ်တစ်အုပ်ကို ၁၉၆၂ ခုနှစ် ကတည်းက စာကြည့်တိုက်တွင် ငှားခဲ့သည်။ ထိုစာအုပ်မှာ စပိန်နာမည်ကျော် ပန်းချီဆရာ ဂိုယာ၏ လက်ရာများ ကို စုစည်းထားသည့် စာအုပ်ဖြစ်သည်။ စုစုပေါင်း ၁၈၄၁၇ ရက် ကြာမှလာပြန်အပ်သည့်စာအုပ်အတွက်စာကြည့်တိုက် မှ ဒေးဗစ်ကို ဒဏ်ကြေးကျသင့်ငွေ ၄၀၆၇ ဒေါ်လာ ဆောင်ခိုင်းရန်ဖြစ်သော် လည်း၊ သက်သာခွင့် ပြုလိုက်ကြောင်း သိရသည်။

ဒေးဗစ်က မိမိအနေဖြင့် စာအုပ်ကို ပြန်အပ်လိုက်ရသည့်အတွက် စိတ်သက် သာမှုရသွားကြောင်း၊ထိုစာအုပ်ကို မေ့သွားသဖြင့် ပြန်မအပ်ခဲ့ရခြင်းဖြစ် ကြောင်း၊ ယခုလို စာကြည့်တိုက်သို့ပြန်အပ်လိုက်ရသဖြင့် တာဝန်ကျေသလို ခံစားရကြောင်းပြောကြားခဲ့သည်။

အီဒင်ဘတ် အနုပညာစာကြည့်တိုက်ကြီးသည် ငှားထားသောစာအုပ်များ ပြန်အပ်ရေးနှင့်၊ ထိုသို့ပြန်အပ်ခြင်း အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အထိမ်းအမှတ်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ရလဒ်အဖြစ် စာပ်ပေါင်း ၄၀၀၀ ကျော် ပြန်လည်ရရှိခဲ့ပြီး၊ ထိုစာအုပ်များထဲတွင် ဒေးဗစ်ငှားသွားသည့်စာအုပ် ကလည်း တစ်အုပ်အပါအဝင် ဖြစ်သည်။

စာကြည့်တိုက်မှူး ရစ်ချတ် လူးဝစ်ကလည်း နှစ်ပေါင်း ၅၀ ကြာမှ ပြန်ရောက် လာသည့်စာအုပ်အတွက် ဝမ်းမြောက်ကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသား စာကြည့်တိုက်အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်နေ့ကျင်းပလိုက်ရခြင်းသည် အောင်မြင်သည်ဟုဆိုရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရွှေမောင်
မောက္ခ
Rangonnewsdaily
7.3.2013

0 comments:

Post a Comment