Pages

Friday, March 8, 2013

နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးက ထုတ်ပြန်ဖော်ပြထားပြီးဖြစ်တဲ့ သာသနာ့အလံတော်နဲ့ ၉၆၉ တံဆိပ်တော် အသုံးပြုပုံ နှင့် တားမြစ်ချက်များ

၉၆၉ တံစိပ်တွင် သာသနာ့ အလံကို ထည့်သွင်းပြီး ဈေးဆိုင်များ၊ ယဉ် ရထား များတွင် လိုက်လံကပ်နေသည်မှာ မသင့်တော်ပါ။ သာသနာ့အလံကို အသုံးပြုပုံ၊ တားမြစ်ချက်များကို သံဃနာယကအဖွဲ့ကြီးက သံဃနာယက ထုတ်ပြန်ဖော်ပြထားပြီး ဖြစ်ပါတယ်။

၉၆၉ လှုပ်ရှားမှုတွင်ပါဝင်သော သံဃာတော်တို့သည် ထိုအချက်ကို သတိပြုတော်မူကြပါ။ သာသနာ့အလံသည် မြန်မာတနိုင်ငံတည်းအတွက် တီတွင်ထားသည် မဟုတ်။ထိုအလံတော်ကို အသုံးပြုသော ထေရဝါဒ ဗုဒ္ဒ္ဓဘာသာဝင်နိုင်ငံတိုင်း လိုက်နာရမည့် ဝတ္တရားရှိပါတယ်။ အလံတော်၊ တံစိပ်တော်တို့သည် မူလသဘာဝ ကောင်းမြတ်သော ဂုဏ်ဖြင့် ပြည့်စုံပြီး ဖြစ်ပါတယ်။ အသုံးပြုရာမှာ ဘာသာရေးအထိမ်းအမှတ် အဖြစ်သာ အသုံးပြုသင့်ပါတယ်။ တခြားသော စီးပွါးရေး၊ လူမှုရေး ရည်ရွယ်ချက်များရောယှက်ပြီး အသုံးမပြုကောင်းပါ။

ရှေးမြန်မာဗုဒ္ဓဘာသာဝင်တို့ ဆိုင်၊ အိမ်နဖူးစည်းတွင် အရဟံ၊ ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံဟူသော စာတန်းများ ရေးထိုးခြင်းမှာ မိမိအိမ်၊ မိမိဆိုင် ဘာသာရေးယုံကြည်ချက်ဖြင့်ရေးထိုးကြခြင်း ဖြစ်ပါတယ်။ ထိုဓလေ့သည် တခြားသော မည့်သည့် ဘာသာခြားကိုမျှ အနှောက်အယှက်မဖြစ်ပါ။ အဘယ်ကြောင့်ဆိုသော် ရည်ရွယ်ချက်ကို နားလည်ကြသောကြောင့်ဖြစ်ပါတယ်။

ဘာသာရေးယုံကြည်ချက်၊ ရည်ရွယ်ချက်မှ အပဖြစ်သော လူမျိုးရေး၊ အမျိုးသားရေးများ ရောယှက်လာပါက အလံတော်၊ သင်္ကေတတို့၏ မူလဂုဏ်ကို ညိုးနွမ်းအောင် ပြုလုပ်ရာရောက်ပါတယ်။ မွတ်စလင်မဟုတ်သော ခရစ်ယန်၊ ဟိန္ဒူစသော တခြားဘာသာခြား၊ လူမျိုးခြားတို့ အနေဖြင့် စိုးရိမ်မကင်း ဖြစ်လာနိုင်ပါတယ်။ ဤအချက်သည် တိုင်းရင်းသားစည်းလုံးရေးကို ထိခိုက်စေနိုင်ပါတယ်။

သာသနာ့ အလံတော်ကို တခုလုံး သုံးစွဲ၍ ဖြစ်စေ၊ တစိတ်တပိုင်း သုံးစွဲ၍ဖြစ်စေ ဘာသာခြားတို့အား စီးပွါးရေး ပိတ်စို့ရေး ထိုးစစ်အသွင်ဖြင့် သုံးစွဲသော ရည်ရွယ်ချက်ကို လုံးဝဆန့်ကျင်ပါတယ်။ အစွန်းရောက်ဘာသာရေးကို ဆန့်ကျင်သူလျှင် မိမိကိုယ်တိုင် သူတို့ရဲ့ အတွေးအခေါ်၊အမူအကျင့်ကို အတုမယူသင့်ပါ။

ဒေါင်းလုပ်ချရန် >> http://dhammadownload.com/File-Library/The-Ministry-Of-Religious-Affairs/TheMinistryOfReligiousAffairs-ThangaNaryakaLetSwal.pdf

၉၆၉ တံစိပ်တွင် သာသနာ့ အလံကို ထည့်သွင်းပြီး ဈေးဆိုင်များ၊ ယဉ် ရထား များတွင် လိုက်လံကပ်နေသည်မှာ မသင့်တော်ပါ။ သာသနာ့အလံကို အသုံးပြုပုံ၊ တားမြစ်ချက်များကို သံဃနာယကအဖွဲ့ကြီးက သံဃနာယက ထုတ်ပြန်ဖော်ပြထားပြီး ဖြစ်ပါတယ်။ ၉၆၉ လှုပ်ရှားမှုတွင်ပါဝင်သော သံဃာတော်တို့သည် ထိုအချက်ကို သတိပြုတော်မူကြပါ။ သာသနာ့အလံသည် မြန်မာတနိုင်ငံတည်းအတွက် တီတွင်ထားသည် မဟုတ်။ထိုအလံတော်ကို အသုံးပြုသော ထေရဝါဒ ဗုဒ္ဒ္ဓဘာသာဝင်နိုင်ငံတိုင်း လိုက်နာရမည့် ဝတ္တရားရှိပါတယ်။ အလံတော်၊ တံစိပ်တော်တို့သည် မူလသဘာဝ ကောင်းမြတ်သော ဂုဏ်ဖြင့် ပြည့်စုံပြီး ဖြစ်ပါတယ်။ အသုံးပြုရာမှာ ဘာသာရေးအထိမ်းအမှတ် အဖြစ်သာ အသုံးပြုသင့်ပါတယ်။ တခြားသော စီးပွါးရေး၊ လူမှုရေး ရည်ရွယ်ချက်များရောယှက်ပြီး အသုံးမပြုကောင်းပါ။

ရှေးမြန်မာဗုဒ္ဓဘာသာဝင်တို့ ဆိုင်၊ အိမ်နဖူးစည်းတွင် အရဟံ၊ ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံဟူသော စာတန်းများ ရေးထိုးခြင်းမှာ မိမိအိမ်၊ မိမိဆိုင် ဘာသာရေးယုံကြည်ချက်ဖြင့်ရေးထိုးကြခြင်း ဖြစ်ပါတယ်။ ထိုဓလေ့သည် တခြားသော မည့်သည့် ဘာသာခြားကိုမျှ အနှောက်အယှက်မဖြစ်ပါ။ အဘယ်ကြောင့်ဆိုသော် ရည်ရွယ်ချက်ကို နားလည်ကြသောကြောင့်ဖြစ်ပါတယ်။

ဘာသာရေးယုံကြည်ချက်၊ ရည်ရွယ်ချက်မှ အပဖြစ်သော လူမျိုးရေး၊ အမျိုးသားရေးများ ရောယှက်လာပါက အလံတော်၊ သင်္ကေတတို့၏ မူလဂုဏ်ကို ညိုးနွမ်းအောင် ပြုလုပ်ရာရောက်ပါတယ်။ မွတ်စလင်မဟုတ်သော ခရစ်ယန်၊ ဟိန္ဒူစသော တခြားဘာသာခြား၊ လူမျိုးခြားတို့ အနေဖြင့် စိုးရိမ်မကင်း ဖြစ်လာနိုင်ပါတယ်။ ဤအချက်သည် တိုင်းရင်းသားစည်းလုံးရေးကို ထိခိုက်စေနိုင်ပါတယ်။

သာသနာ့ အလံတော်ကို တခုလုံး သုံးစွဲ၍ ဖြစ်စေ၊ တစိတ်တပိုင်း သုံးစွဲ၍ဖြစ်စေ ဘာသာခြားတို့အား စီးပွါးရေး ပိတ်စို့ရေး ထိုးစစ်အသွင်ဖြင့် သုံးစွဲသော ရည်ရွယ်ချက်ကို လုံးဝဆန့်ကျင်ပါတယ်။ အစွန်းရောက်ဘာသာရေးကို ဆန့်ကျင်သူလျှင် မိမိကိုယ်တိုင် သူတို့ရဲ့ အတွေးအခေါ်၊အမူအကျင့်ကို အတုမယူသင့်ပါ။

ဒေါင်းလုပ်ချရန် >> http://dhammadownload.com/File-Library/The-Ministry-Of-Religious-Affairs/TheMinistryOfReligiousAffairs-ThangaNaryakaLetSwal.pdf



The Ministry Of Religious Affairs-Thanga Naryaka LetSwal
Rangonnewsdaily
8.3.2013

0 comments:

Post a Comment