Pages

Thursday, August 27, 2015

တိုက်ရိုက်ထုတ်လွှင့်နေစဉ် ကန်ဂျာနယ်လစ်နှစ်ဦး ပစ်သတ်ခံရ

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသော ဂျာနယ်လစ်နှစ်ဦးကိုတွေ့ရစဉ်
RangonNewsDaily:: August . 27 .2015
ဗာဂျီးနီးယား- အမေရိကန်နိုင်ငံ၊ ဗာဂျီးနီုးယားပြည်နယ်တွင် တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုရိုက်ကူးနေသော ဂျာနယ်လစ်နှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

အမြန်လမ်းဂိတ်ကြေး တစ်ရက် ကျပ်သိန်း ၇၅၀ ကျော်ရရှိ


RangonNewsDaily:: August . 27 .2015
ယာဉ်မတော်တဆ မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိ သည့် ရန်ကုန်-မန္တလေးအမြန် လမ်းတွင် လမ်းအသုံးပြုဂိတ်ကြေး မှ တစ်ရက်လျှင် ကျပ်သိန်း ၇၅၀ ကျော်ရရှိကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေက ပြောသည်။

ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်

RangonNewsDaily:: August . 27 .2015
ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းတစ် ခုဖြစ်ပေါ်နေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးလေးခု၌ နေရာ ကွက်၍ မိုးကြီးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတိပေးထားသည်။

ခရီးသည်သေသည်အထိ ယာဉ်တိုက်မှုဖြစ်ပါက ယာဉ်လိုင်းရှိ ကားအားလုံးပြေးဆွဲခွင့် ငါးရက်ပိတ်မည်

RangonNewsDaily:: August . 27 .2015
မထသလက်အောက်ရှိ ခရီးသည်တင်ယာဉ်များ ယာဉ်မ တော်တဆဖြစ်၍ လူသေဆုံးခဲ့ပါ က ယာဉ်ပြေးဆွဲခွင့် ခြောက်လ ပိတ်သိမ်းမည့်အပြင် အဆိုပါ ယာဉ်လိုင်းရှိ ယာဉ်များအားလုံးကို ပြေးဆွဲခွင့် ငါးရက် ထပ်မံပိတ် သိမ်းအရေးယူမည်ဖြစ်ကြောင်း မထသ(ဗဟို)မှ သတင်းရရှိသည်။ ယခင်က မထသလက် အောက်ရှိ ခရီးသည်တင်ယာဉ်များ လူသေဆုံးသည်အထိ ယာဉ်တိုက်မှုဖြစ်ပါက အဆိုပါယာဉ်ကိုသာ ပြေးဆွဲခွင့် ခြောက်လပိတ်သိမ်းအရေးယူခြင်း ဖြစ်သည်။ ယခု သြဂုတ် ၂၆ ရက်မှစတင်၍ ယာဉ်လိုင်းရှိ အခြားယာဉ်များအားလုံးကိုလည်း ပြစ်ဒဏ်အနေဖြင့် ငါးရက်တာ ပြေးဆွဲခွင့်ရပ်နားအရေးယူမည်ဟု မထသ (ဗဟို)ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။

အပစ်ရပ်စာချုပ်ကို အလျင်စလို လက်မှတ်မထိုးကြဖို့ ဒေါ်အောင် ဆန်းစုကြည် သတိပေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
RangonNewsDaily:: August . 27 .2015
အစိုးရနဲ့ တိုင်းရင်းသားတွေအကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို အလျင်စလို လက်မှတ်မထိုးကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြော ကြားလိုက်ကြောင်း AP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

တရုတ်ကုန်သည် ရာဂဏန်းနီးပါး ဗီဇာမရှိဘဲနေထိုင်နေဟုဆို

RangonNewsDaily:: August . 27 .2015
မန္တလေးမြို့ရှိ ဆောက်လုပ်ရေးလုပ် ငန်းခွင်တစ်ခုတွင် တရားဝင် ခွင့်ပြုချက်ဗီဇာ မရှိဘဲ နေထိုင်သည့် တရုတ်နိုင်ငံသား ၁၂ဦး ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် အမှု ဖွင့် အရေးယူထားပြီးဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တရုတ်ပြည်ဘက်မှ ဝင် ရောက်လာသော ကုန်သည် ရာဂဏန်းနီးပါး လုပ်ငန်းဗီဇာမရှိဘဲ နေအိမ်များတွင် ရက်ရှည် တည်းခိုခြင်းများရှိနေသေးသည်ဟု ဒေသခံ များထံမှ သိရသည်။

ဦးရွှေမောင်ပယ်ချခံရမှု ပြည်ပရိုဟင်ဂျာအဖွဲ့တွေ ရှုတ်ချ

နောက်တကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပယ်ချခံရတဲ့ ဦးရွှေမောင်
RangonNewsDaily:: August . 27 .2015
မကြာခင်ကျင်းပတော့မယ် ၂၀၁၅ ရွေးကောက်ပွဲမှာ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ရဲ့လျှောက်လွှာ ပယ်ချခံရတဲ့အပေါ် လူမျိုးရေးခွဲခြားမှုအဖြစ် ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ရှုတ်ချလိုက်ကြပါတယ်။

Thursday, August 20, 2015

ပုဂ္ဂလိကဘဏ်များ ငွေကြေးအခက်အခဲရှိလျှင် ဗဟိုဘဏ်မှ ထောက်ပံ့ပေးမည်


RangonNewsDaily:: August . 20 .2015
လတ်တလော ဘဏ်အချို့နှင့် ပတ်သက်ပြီး ထွက်ပေါ်နေသည့်သတင်း များသည် ကောလာဟလသာဖြစ်ပြီး ပုဂ္ဂ လိကဘဏ်များ ငွေကြေးအခက်အခဲဖြစ်ပေါ်ပါက ဗဟိုဘဏ်မှ ဥပဒေနှင့်အညီ ထောက်ပံ့ပေးသွားမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြော သည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင် အပါအဝင် ငါးဦးကို ထောင်ဒဏ်လေးလစီ အမိန့်ချ


RangonNewsDaily:: August . 20 .2015
လက်ပံတောင်းတောင် ဒေသရှိ လယ်သူမကြီး ဒေါ်ခင်ဝင်း သေနတ်နဲ့ ပစ်သတ်ခံရတဲ့အပေါ် အမှုမှန်ဖော်ထုတ်ပေးဖို့အတွက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြလို့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ အလုံမြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးခံနေရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဦးဘမြင့်၊ ကိုတင်ထွဋ်ပိုင်၊ ဦးသန်းဆွေနဲ့ ဒေါ်နောအုံးလှတို့ကို ဒီနေ့ (သြဂုတ်လ ၂၀ ရက်) နေ့လယ်ပိုင်းက ထောင်ဒဏ်လေးလစီ ချမှတ်ခဲ့တယ်လို့ အဲ့ဒီတရားရုံးထံမှ သိရပါတယ်။

ကိုရီးယားနှစ်နိုင်ငံ နယ်နိမိတ်တွင် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား


RangonNewsDaily:: August . 20 .2015
မြောက်ကိုရီးယားနှင့် နယ်စပ်တွင် နှစ်ဖက် အပြန်အလှန် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်နောက် အနီးအနားတွင် နေထိုင်သည့် အရပ်သားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေရန် တောင်ကိုရီးယား အစိုးရက အမိန့်ထုတ်လိုက်သည်။

"ယနေ့ ဒေါ်လာဈေး ၁၃၀၀ကျပ် ဖြင့် ဈေးပိတ်"


RangonNewsDaily:: August . 20 .2015
တရှိန်ထိုးတက်လာနေသည့် အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် သြဂုတ် ၂၀ ရက် ညနေ တွင် ၁၃၀၀ကျပ်ဖြင့် ဈေးပိတ်သွားကြောင်း ဒေါ်လာအရောင်းအဝယ်သမားများထံမှသတင်းရရှိသည်။

Wednesday, August 19, 2015

ချင်းမိုင်တွင် ယာယီပတ်စ်ပို့ကိုင်ဆောင်သူများကို ဈေးဆိုင်ရောင်းခွင့် ပိတ်ပင်


RangonNewsDaily:: August . 19 .2015
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယာယီပတ်စ်ပို့ ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများအား ကိုယ်ပိုင် ဈေးဆိုင် ရောင်းချခွင့် မရှိကြောင်း ထိုင်းအာဏာပိုင်များမှ လိုက်လံတားမြစ်နေသည်ဟု သိရသည်။

ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်ဗုံးခွဲ သံသယရှိသူ၏ ပုံကြမ်းကို ထုတ်ပြန်


RangonNewsDaily:: August . 19 .2015
ထိုင်းရဲတပ်ဖွဲ့ဟာ တနလာင်္နေ့ဗုံးပေါက်ကွဲမှုမှာ အဓိကသံသယရှိသူကို အသေးစိတ်ဆွဲထားတဲ့ ပုံကြမ်းကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

ဘန်ကောက်ဗုံးခွဲမှုအတွက် မသင်္ကာသူနှင့် မှားယွင်းထင်မှတ်ခံရသူ ရဲတပ်ဖွဲ့ထံတွင် လာရောက် ရှင်းလင်း


RangonNewsDaily:: August . 19 .2015
ဘန်ကောက်တွင် ဗုံးဖောက်ခွဲမှု၏ နောက်ကွယ်မှ တရားခံနှင့် မှားယွင်းထင်မှတ်ခံရသူ သြစတြေးလျ မော်ဒယ်သရုပ်ဆောင်တစ်ဦးက ရဲတပ်ဖွဲ့ထံသို့ ကိုယ်တိုင်သွားရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။ 

တယ်လီနောဖုန်း အချင်းချင်း တစ်မိနစ် ၁၈ ကျပ်နဲ့ ခေါ်ဆိုနိုင်ပြီ

RangonNewsDaily:: August . 19 .2015
တယ်လီနောဖုန်း ဆင်းကတ် အသုံးပြုသူတွေအနေနဲ့ တယ်လီနောဖုန်း အချင်းချင်း တစ်မိနစ် ၁၈ ကျပ်နဲ့ ခေါ်ဆိုနိုင်မယ့် စူပါပွားဆိုတဲ့ အစီအစဉ်တစ်ခုကို သြဂုတ်လ ၂၀ ရက် နံနက် ၉ နာရီမှ စတင် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ တယ်လီနောရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ ဘန်ကောက် မြန်မာသံရုံးမှ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား အထူးသတိပေး နှိုးဆော်ချက်


RangonNewsDaily:: August . 19 .2015
ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ ဘန်ကောက် မြန်မာသံရုံးမှ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား အထူးသတိပေး နှိုးဆော်ချက်

ဟိန္ဒူဘုရားကျောင်း ဗုံးပေါက်ကွဲမှုမှ သံသယရှိသူ အမျိုးသားကို ထိုင်းရဲတပ်ဖွဲ့ ရှာဖွေနေ


RangonNewsDaily:: August . 19 .2015
လုံခြုံရေး ကင်မရာ မှတ်တမ်းများကို အခြေခံပြီး ဘန်ကောက်မြို့၊ ဧရာဝဏ် ဟိန္ဒူ ဘုရားကျောင်း ဗုံးပေါက်ကွဲမှု၏ အဓိက လက်သည်ဟု ယူဆရသူ အမျိုးသားကို ရှာဖွေနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

ကျားဖြူပါတီမှ ကိုယ်စားလှယ် ၂ ဦး နုတ်ထွက်၊ တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မည်


RangonNewsDaily:: August . 19 .2015
လာမည့် ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ(ကျားဖြူပါတီ – SNDP) ကိုယ်စားလှယ် ၂ ဦးသည် ပါတီ မှ နုတ်ထွက်ပြီး တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက် ဖောက်ထွင်းခံရတယ်လို့ သတင်းထွက်ပေါ်ပေမယ့် စစ်ဆေးဖို့ မညွှန်ကြားထားဘူးလို့ဆို

RangonNewsDaily:: August . 19 .2015
ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်ရဲ့ Email Server ကို ဖောက်ထွင်းတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပေမယ့် စစ်ဆေးဖို့ ညွှန်ကြားထားမှု မရှိသေးဘူးလို့ အမျိုးသား ဆိုက်ဘာလုံခြုံရေး ဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက ပြောပါတယ်။
“တိုက်ခိုက်ခံလိုက်ရပြီလို့ ကျွန်တော်တို့ဆီ အကြောင်းကြားလာရင်တော့ Website ပြန်အသက်ဝင်လာအောင် နည်းပညာပိုင်းအရ အကြံဉာဏ်ပေးမှာပါ” လို့ သူက ပြောပါတယ်။

ပြည်ခိုင်ဖြိုးခေါင်းဆောင်အပြောင်းအလဲကြောင့် ဒီချုပ်အနိုင်ရရန် ပိုသေချာလာဟု ဒေါ်အောင်ဆန်းစုကြည်ပြော

RangonNewsDaily:: August . 19 .2015
လက်ရှိအာဏာရပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီအတွင်း ခေါင်းဆောင်အပြောင်းအလဲကိစ္စကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ပြည်သူထောက်ခံမှု ပိုတိုးလာကာ လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ပါတီအနိုင်ရရှိရန် ပိုမိုသေချာသွားသည့်အနေအထားဖြစ်ကြောင်းပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Tuesday, August 18, 2015

ဘန်ကောက်မြို့လည် ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူ ၁၅ဦးအထိရှိ





RangonNewsDaily:: August . 18 .2015
ဘန်ကောက်မြို့လည် ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူ ၁၅ဦးအထိရှိ၊၈၀ ထက်မနည်းဒဏ်ရာရကာ အများစုမှ နိုင်ငံခြား ခရီးသွားများဖြစ်ကြောင်း Bangkok Post သတင်းကဖော်ပြသည်။