Pages

Friday, August 14, 2015

တိယန်ကျင်းမြို့ ပေါက်ကွဲမှု၊ သေဆုံးသူ တိုးလာ


RangonNewsDaily:: August . 14 .2015
တရုတ်နိုင်ငံ မြောက်ပိုင်းက တီယန်ကျင်းဆိပ်ကမ်းမြို့မှာ အင်အားပြင်း တဲ့ ပေါက်ကွဲမှုကြီး တရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ဦးသေဆုံး လူရာပေါင်းများစွာ ဒဏ်ရာရှိခဲ့ကြောင်း၊ ဓာတုဗေဒ ပစ္စည်းများသိုလှောင်ထားသည့် နေရာမှ စတင်ပေါက်ကွဲသည်ဟု ယူဆရကြောင်း တရုတ် CCTVတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ တီယန်ကျင်းတွင် မနေ့ည သန်းခေါင်အချိန် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ ဓာတုဗေဒ သိုလှောင်ရုံမှ စတင်ခဲ့ခြင်းဖြစ်ပြီး နောက် တခြား နေရာရှိ မီးလောင်လွယ်သည့် ကုန်ပစ္စည်းများထည့်ထားသည့် ကွန်တိန်နာကို ကူးစက်ကာ ၂ကြိမ်တိုင်ပေါက် ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။








လတ်တလောမှာ မီးသတ်သမား ၁၀၀၀ကျော်နှင့် ကယ်ဆယ်ရေး၊ ရှာဖွေရေး လုပ်သားများဖြင့် ကယ်ဆယ်ကူညီလျှက်ရှိသည်၊ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ဒဏ်ရာရပြည်သူများကို ကယ်တင်ရေး ပိုမိုအားစိုက်ရန် ပြောကြားခဲ့သလို၊ ၀န်ကြီးချုပ် Li Keqiang ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်မည်ဟု ဆိုသည်။
.
တိယန်ကျင်း မြို့ ပေါက်ကွဲမှုကြီးကြောင့် အယောက် ၅၀ သေဆုံးတယ်လို့ ခုချိန်အထိ အတည်ပြုနိုင်ပြီး ဒဏ်ရာရသူ အယောက် ၇၀၀ ကျော် ရှိခဲ့ပါတယ်။
.
အန္တရာယ်ရှိတဲ့ ဓာတု ပစ္စည်းတွေ သိုလှောင်ရာ ကုန်လှောင်ရုံ တစ်ခုမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးတောက် မီးလျှံတွေဟာ အာကာသကနေ လှမ်းမြင်ရနိုင်တဲ့အထိ ကြီးမားခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ မီးသတ်သမား ၁၂ ဦး ပါဝင်ပြီး၊ မီးသတ်သမား ၃၆ ဦးကလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
.
ပေါက်ကွဲမှု အရှိန်နဲ့ လွင့်ပျံလာတဲ့ ဖန်ကွဲတွေ၊ အစအနတွေကြောင့် ဒဏ်ရာရသူ အများအပြားဟာလည်း ဆေးရုံတွေမှာ ပြည့်လျှံနေပါတယ်။ ဒဏ်ရာရသူတွေ အနေနဲ့ ၇၁ ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။အခု ပေါက်ကွဲမှုအပေါ် စေ့စေ့စပ်စပ် စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပြီး လူထုကို မခြွင်းမချန် ချပြ အသိပေးသွားမယ်လို့ သမ္မတ ရှီကျင်းပင်က ကတိပေးခဲ့ကြောင်း ရှင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။
BBC::--
KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment