Pages

Friday, August 14, 2015

စာမေးပွဲကျသဖြင့် ကျောင်းထွက်ထားရသည့် ဆေးကျောင်းသားများပြန်တက်ရန် လျှောက်ထားနိုင်

RangonNewsDaily:: August . 14 .2015
ဆေးတက္ကသိုလ်များမှ ၂ဝ၁ဝ ခုနှစ်နောက်ပိုင်း စာမေးပွဲကျရှုံးသဖြင့် ကျောင်းထွက်ထားရသူများ သက်ဆိုင် ရာ တက္ကသိုလ်များ တွင် ပြန်လည် တက်ရောက်ရန် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း မကွေးဆေးတက္ကသိုလ်မှ ဒေါက်တာ ဦးအေးထွန်းက ပြောသည်။
ဆေးတက္ကသိုလ်များမှ ပထမနှစ် တွင် နှစ်ကြိမ်ကျရှုံး ကျောင်းသားများနှင့် ဒုတိယနှစ်နှင့်အထက် စာသင်နှစ်များ တွင် သုံးကြိမ်ကျရှုံး သည့် ကျောင်းသား များကို ပြန်လည်လျှောက်ထားခွင့် ပြု မည်ဖြစ်သည်။၂ဝ၁ဝ ခုနှစ် နောက်ပိုင်း ကျရှုံး ကျောင်းသား ကျောင်းသူများကိုသာ ပြန်လည် တက်ရောက်ခွင့် ပြုရခြင်းမှာ စာသင်ချိန်နှင့် အလွန် ကွာဝေးသွားသူ များအဖို့ ပညာ ဆက်လက် သင်ယူရန် အဆင်ပြေနိုင်မည် မဟုတ်သည့် အ တွက် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
.
”စာမေးပွဲဖြေရတဲ့ အကြိမ်အရေ အတွက်ကြောင့် ကျောင်းသား ကျောင်း သူတွေရဲ့ အရည်အသွေးကို ထိခိုက်စေ မယ်လို့ မယုံကြည်ပါ ဘူး။ ကျောင်း သားတွေကလည်း အခွင့်အရေးကို လက်လွှတ်မခံဘဲကြိုးစားကြပြီး အရည် အသွေးကောင်းတွေ ပြသနိုင်ဖို့ မျှော် လင့်ပါ တယ်” ဟု၎င်းက ပြောသည်။
.
ကျောင်းပြန် တက်လိုသူ ကျောင်း သားကျောင်းသူများအနေဖြင့် ကျောင်း တက်ခွင့် လျှောက်ထားရန်လိုအပ်သည် များနှင့် နောက် ဆုံးလျှောက်လွှာတင်ရ မည့်နေ့ စသည်ဖြင့် အသေးစိတ်များကို မိမိတို့ တက်ရောက်ခဲ့သော ဆေးတက္က သိုလ် အသီးသီးတွင် မေးမြန်း စုံစမ်းပြီး အကူအညီများရယူနိုင်ကြောင်းသိရသည်။ဆေးတက္ကသိုလ် (၂) မှ ဒေါက်တာ ဒေါ်မြင့်မြင့်ငြိမ်းက ”ဒီကိစ္စနဲ့ ပတ် သက်ပြီး အစည်းအဝေးတွေမှာတော့ မပြောသေးပါဘူး။ အဲဒီ အတွက် သေ ချာမသိသေးဘူး။ ပြောလို့ မရသေး ပါဘူး” ဟု ဆိုသည်။
.
၂ဝ၁ဝ ခုနှစ် နောက်ပိုင်း စာ မေးပွဲကျရှုံးသဖြင့် ကျောင်းထွက်ထား ရသော ကျောင်းသား ကျောင်းသူ အ များစုသည် ကျောင်းပြန် တက်ရန် ဆန္ဒ ရှိကြပြီး ပြန်လည် လျှောက်ထားရန် ကြိုးပမ်းနေကြကြောင်း သိရသည်။
Popular Myanmar ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment