Pages

Thursday, December 20, 2012

လူ ၃၀၀ ကို နေအိမ်ဖျက်ဆီးမှုဖြင့် မန္တလေးမြို့ အောင်ပင်လယ် ရဲ စခန်းတွင် တိုင်ကြား

လူ ၃၀၀ ကို နေအိမ်ဖျက်ဆီးမှုဖြင့် အောင်ပင်လယ် ရဲ စခန်းတွင် တိုင်ကြား
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မန်းမောင်မောင်
မန္တလေး၊ ဒီဇင်ဘာ ၁၉။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စက်တင်ဘာ ၁၇ ရက်တွင် မန္တလေးမြို့အရှေ့ဘက် ချမ်းမြ သာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အနီး စီမံကိန်းမြေဟု သတ်မှတ်ထားသော မြေလွတ်မြေရိုင်းများပေါ်တွင် ဆောက်လုပ်ထားသော နေအိမ်များကို ဖျက်ဆီးခြင်းနှင့် သယ်ယူသွားခဲ့ခြင်းအပေါ် အမှုဖွင့်အရေးယူပေးပါရန် နေအိမ်ဖျက်ဆီးခြင်း ခံရသော ဦးဝင်းအောင် အပါအ၀င် ၁၃ ဦးက ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲ စခန်းသို့ တိုင်ကြားထားကြောင်း တိုင်ကြားသူဦးဝင်းအောင်က ပြောသည်။

“ဆောက်ထားတဲ့ အိမ်တွေကို မြေထိုးမြေကော်ကားကြီးတွေနဲ့ ဖျက်တယ်ဗျာ၊ ပြီးတော့ ပစ္စည်းတွေ ထိုးကားနဲ့ သယ်သွားကြတယ်၊ ဖျက်တုန်းကတော့ မြေယာဌာနမှူး ဦးတင်ထွဋ်ကျော်က ခင်ဗျားတို့အတွက် အစီအစဉ်တွေ ရှိပါတယ်လို့ ပြောတယ်။ 

ဖျက်ပြီးတဲ့ နောက်ပိုင်းဘာမှလာလုပ်မပေးပါဘူး၊ အခု တိုင်ကြားတာကိုတော့ ရဲစခန်း က လက်ခံပါတယ်၊ စည်ပင်ကို ဖုန်းနဲ့ အကြောင်းကြားပေးမယ်လို့ပြောတယ်၊ ဒါပေမယ့်အမှုတော့ ဖွင့်မပေး သေးဘူး” ဟု ၎င်းက ပြောသည်။

တိုင်ကြားရာတွင် မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီအဖွဲ့မြေနှင့် မြေယာဌာနမှူး ဦးတင်ထွဋ်ကျော်နှင့်လူ ၃၀၀ ခန့်သည် တိုင်ကြားသူ ၀ယ်ယူပိုင်ဆိုင်ထားသည့်မြေကွက်ပေါ်၌ ဆောက်လုပ်ထားသောနေအိမ်များ ဖျက် ဆီးခံပြီး နေအိမ်ရှိ ပစ္စည်းများကို ပိုင်ရှင် ခွင့်ပြုချက်မရှိဘဲ ယူဆောင်သွားခြင်းဖြစ်ကြောင်း တိုင်ကြားသူသည် မြရည်နန္ဒာရပ်ကွက် အနီးရှိ လယ်လုပ်ကိုင်ခြင်း မရှိသည့် မြေလွတ်မြေရိုင်းကို ၀ယ်၍ ဆောက်လုပ် နေထိုင်ခြင်း ဖြစ်ကာ ၁၇-၉-၂၀၁၂က ဦးတင်ထွဋ်ကျော် ဦးဆောင်သော အဖွဲ့ပါ လူ ၃၀၀ ခန့်က သယ်ယူပို့ဆောင်ရေး ယာဉ် ၂၀ စီး၊ အချုပ်ကားတစ်စီး၊ မြေထိုးမြေကော် ဘော်ဒိုဇာသုံစီးဖြင့် လာရောက်ပြီး မိမိအိမ်အပါအ၀င် နေအိမ် ၁၀၀၀ ခန့်ကို ဖျက်ဆီး၍ ပစ္စည်းတချို့ကို ယူဆောင်သွားပါကြောင်း၊ ပစ္စည်းများကို သယ်ယူလိုသော်လည်း ရဲ တပ်ဖွဲ့များနှင့် စည်ပင်အဖွဲ့များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဟန့်တား ပိတ်ဆို့ခဲ့ခြင်းပြုသည့်အတွက် မည် သည့်ပစ္စည်းမှ ပြန်မရခဲ့ပါကြောင်း၊ ထို့အတွက်ကြောင့် နေအိမ်အား ဖျက်ဆီးပြီး ပစ္စည်းများ သယ်ယူသွားသော မြေနှင့်မြေယာဌာနမှူး ဦးတင်ထွဋ်ကျော်ပါ လူ ၃၀၀ ဦးအပေါ် ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူပေးပါရန် တိုင် ကြားရခြင်းဖြစ်ကြောင်း တိုင်ကြားချက်တွင် ပါရှိသည်။

စည်ပင်ယာယာအနေဖြင့် အစီအစဉ်များ ပြုလုပ်ပေးခြင်းမရှိဘဲ မြေရောင်း၊ မြေ၀ယ်သမားများကိုသာ အရေးယူ ရန်သာ ဖြစ်ကြောင်း မိမိတို့အနေဖြင့် မြေရောင်းချသူများ မြေပွဲစားများ၊ တစ်ဆင့်ပြန် ရောင်းသူများကို အရေးယူ ရန် အစီအစဉ်မရှိကြောင်း၊ အရောင်းအ၀ယ်ပြုလုပ်နေသည်ကို စည်ပင်သာယာမှ လာရောက် တားမြစ်အရေး ယူခြင်း မရှိသည်ကို အံ့အားသင့်ကြောင်း၊ အခြေတကျနေထိုင်မှ ဖျက်ဆီးခြင်းခံရ၍ တိုင်ကြားရခြင်းဖြစ်ကြောင်း တိုင်ကြားသူများထဲတွင်ပါဝင်သောအိမ်အဖျက်ခံရသူ ကိုသိန်းဝင်းကပြောသည်။

“မဖျက်ခင်ကတည်းက ကျွန်တော်တို့ စည်ပင်ကနေ ဒါဟာ စီမံကိန်းမြေပါ၊ ဒါတွေ တရားမ၀င်လို့ ဖျက်သိမ်းပေး ပါလို့ ကြိုတင်ကြေညာပေးထားတယ်၊ ကိုယ့်အိမ်ကိုယ် ဖျက်စီးယူသွားကြပါလို့ တွေ့ဆုံပွဲတုန်းကလည်း ပြော ထားတယ်၊ ကျွန်တော်တို့ ဖျက်တာ နယ်မြေအညီဖျက်သိမ်းတာပါ”ဟု မြေယာဌာနမှူးအား ဦးတင်ထွဋ်ကျော်က ပြောပါသည်။Venus News Weekly....သစ်ထူးလွင်  photo

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စက်တင်ဘာ ၁၇ ရက်တွင် မန္တလေးမြို့အရှေ့ဘက် ချမ်းမြ 
သာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အနီးစီမံကိန်းမြေဟုသတ်မှတ်ထားသော မြေလွတ်မြေရိုင်းများပေါ်တွင်
ဆာက်လုပ်ထားသော နေအိမ်များကို ဖျက်ဆီးခြင်းနှင့် သယ်ယူသွားခဲ့ခြင်းအပေါ် အမှုဖွင့်အရေးယူပးပါ
ရန် နေအိမ်ဖျက်ဆီးခြင်း ခံရသောဦးဝင်းအောင်အပါအ၀င်၁၃ ဦးက ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်
ရဲ စခန်းသို့ တိုင်ကြားထားကြောင်း တိုင်ကြားသူဦးဝင်းအောင်က ပြောသည်။

ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ရွှေအလေးချိန် (၁) ပိဿာ (၂ဝ) ကျပ်သား ကပ်လှူမည်

Photo: ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ရွှေအလေးချိန် (၁) ပိဿာ (၂ဝ) ကျပ်သား ကပ်လှူမည်
Thursday, 20 December 2012

ရန်ကုန် အနောက်ပိုင်းခရိုင် စမ်းချောင်းမြို့နယ် သီရိခေမာ ရပ်ကွက်ရှိ ရတနတ္တယ သမဂ္ဂအသင်းကြီးမှ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်
မြတ်ကြီးအား (၆၁) ကြိမ်မြောက်အထိ ရွှေပြား သင်္ကန်းတော်ပေါင်း ၂၆၃ ပြား၊ ရွှေအလေးချိန်ပေါင်း ၈ ပိဿာ ၄၁ ကျပ်သား တိတိကို ဆက်ကပ်လှူဒါန်း ပူဇော်ပြီး ဖြစ်သည်။

ယခုနှစ်တွင်လည်း တစ်ပေပတ်လည် အလေးချိန် သုံးကျပ်သားစီ ရှိသော ရွှေပြား သင်္ကန်းတော်ပေါင်း အပြား ၄ဝ၊ ရွှေအလေးချိန်ပေါင်း ၁ ပိဿာ ၂ဝ ကျပ်သား တန်ဖိုးငွေ ကျပ်သိန်း ၇၂ဝ ကို ဆက်ကပ်လှူဒါန်း ပူဇော် သွားမည်ဖြစ်သည်။ အဆိုပါ ရွှေပြား သင်္ကန်းတော်များကို ကြည့်မြင်တိုင် မြို့နယ်နှင့် စမ်းချောင်းမြို့နယ် တို့သို့ ဒီဇင်ဘာ ၂၁ ရက်မှ 
၂၃ ရက်အထိ အလှူရှင်များ ကြည်ညိုသဒ္ဓါ ပွားစေရန် လှည့်လည် အပူဇော်ခံမည် ဖြစ်ကြောင်း သိရသည်

မြ၀တီ
ရန်ကုန်အနောက်ပိုင်းခရိုင်စမ်းချောင်းမြို့နယ်သီရိခေမာရပ်ကွက်ရှိရတနတ္တယသမဂ္ဂအသင်းကြီးမှ လေး
ဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား (၆၁) ကြိမ်မြောက်အထိ ရွှေပြား သင်္ကန်းတော်ပေါင်း ၂၆၃ ပြား၊ ရွှေအလေးချိန်ပေါင်း ၈ ပိဿာ ၄၁ ကျပ်သား တိတိကို ဆက်ကပ်လှူဒါန်း ပူဇော်ပြီး ဖြစ်သည်။

တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ ပိတ်ပင်ရန် သမ္မတအိုဘားမား ထောက်ခံ

တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ ပိတ်ပင်ရန် သမ္မတအိုဘားမား ထောက်ခံ

20/Dec/2012

အမေရိကန်နိုင်ငံ ကွန်နက်တီကတ်ပြည်နယ် နယူးတောင်းမြို့၌ လူအစုအပြုံလိုက် သေနတ်ပစ်ခတ် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတ အိုဘားမားက တိုက်ခိုက်ရေးသေနတ်များ ပိတ်ပင်သွား ရန် ထောက်ခံကြောင်း ပြောကြားလိုက်သည်။ သမ္မတအိုဘားမားအနေဖြင့် အဆိုပါကိစ္စကို လာမည့်ကွန်ဂရက် အစည်းအဝေးတွင် ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေးက ပြောကြားသည်ဟု ဒီဇင်ဘာ ၁၉ ရက် ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံတွင် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများ တိုးလာနိုင်ကြောင်း အမျိုးသားရိုင်ဖယ်အသင်းက ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန် ကြေညာချက်၌ ဖော်ပြထားသည်။ ထိုနေ့မှစပြီး အမေရိကန်နိုင်ငံတွင် တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ အပါအဝင် သေနတ်ရောင်းအား မြင့်တက် လာသည်ဟု ဆိုသည်။ နယူးတောင်း၌ ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုတွင် တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်ကို အသုံးပြုခဲ့သည်ဟု ဆိုသည်။

 (ဘီဘီစီ)

အမေရိကန်နိုင်ငံကွန်နက်တီကတ်ပြည်နယ်နယူးတောင်းမြို့၌လူအစုအပြုံလိုက် သေနတ်ပစ်ခတ်သတ်ဖြတ်
မှုဖစ်ပွားခဲ့ပြီးနောက်အမေရိကန်သမ္မတအိုဘားမားကတိုက်ခိုက်ရေးသေနတ်များပိတ်ပင်သွားရန် ထောက်
ခံကြောင်း ပြောကြားလိုက်သည်။

ပိတောက်ပင် ရေနံမှော် လက်ယက်တွင်းတိမ် လုပ်ကွက် အသစ်မှ စီးပွားဖြစ် ရေနံစိမ်းများ ထွက်ရှိနေ

Photo: ပိတောက်ပင် ရေနံမှော် လက်ယက်တွင်းတိမ် လုပ်ကွက် အသစ်မှ စီးပွားဖြစ် ရေနံစိမ်းများ ထွက်ရှိနေ
Thursday, 20 December 2012

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့ ပိတောက်ပင် ကျေးရွာ အနီးရှိ ပိတောက်ပင် ရေနံမှော် ရေနံ လက်ယက် တွင်းတိမ်များ ရှာဖွေတူးဖော် ထုတ်လုပ် ခွင့်ရ ရွှေရာသီ ကုမ္ပဏီ လုပ်ကွက် ပိတောက်ပင် ကျေးရွာတောင်ဘက် ES လုပ်ကွက် အသစ် အတွင်းမှ
ရေနံစိမ်းများ စီးပွားဖြစ် ထွက်ရှိနေရာ ရေနံတူး လုပ်ငန်းရှင်များ ဝင်ရောက် တူးဖော်နေကြောင်း သိရသည်။

ရေနံ လက်ယက် တွင်းတိမ်များ ရှာဖွေတူးဖော် ထုတ်လုပ်ခွင့်ရ ရွှေရာသီ ကုမ္ပဏီ လုပ်ကွက် ၁၁၇၃ ဧကပေါ်ရှိ ပိတောက်ပင် ကျေးရွာ မြောက်ဘက် GSလုပ်ကွက်နှင့် MS လုပ်ကွက်တို့တွင် ရေနံစိမ်းများ စီးပွားဖြစ် တူးဖော် ထွက်ရှိပြီး ဒီဇင်ဘာ ၁၇ ရက်မှစ၍ ES လုပ်ကွက် အသစ်တွင် ခပ်လျှံတွင်း များမှ တစ်ရက် ရေနံစိမ်းပီပါ ၂ဝ မှ ၂၅ ပီပါ အထိ ထွက်ရှိနေ သည်။

'' ES လုပ်ကွက် အတွင်းရှိ မြေရှင်များ ထံမှ ရေနံတွင်း တစ်ပေါက်စာ
ငွေကျပ် ၁ဝ သိန်း၊ နှစ်ပေါက် ငွေကျပ် ၁၈ သိန်းအပြင် တူးဖော် ထုတ်လုပ် ခွင့်ရ ရွှေရာသီ ကုမ္ပဏီမှ ခွင့်ပြုမိန့် (စလစ်) ကြေးငွေ ကျပ်နှစ်သိန်း၊
ရေနံတူးစက် ဝါးတားဂျက် (ကရောင်းစက်) ငှားရမ်းခ ငွေကျပ် သိန်း ၂ဝ မှ ငွေကျပ် ၂၅ သိန်း အထိ ပေးရကြောင်း၊ သတ်မှတ်ပေ ၁ဝဝဝ ကျော် တူးဖော်ရပြီး ကာပိုက်၊ ကလပ်ခုံ၊ အင်ဂျင်စက် အပါအဝင် ရေနံတွင်း တစ်တွင်း ငွေကျပ် ၇၅ သိန်းကျော် ကုန်ကျကြောင်း'' မိုးကုတ်မြို့မှ ရေနံတူး လုပ်ငန်းရှင် တစ်ဦးက ပြောကြားကြောင်း သိရသည်။ 

မြ၀တီ
မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့ ပိတောက်ပင် ကျေးရွာ အနီးရှိ ပိတောက်ပင် ရေနံမှော် ရေနံလက်ယက်တွင်းတိမ်များ ရှာဖွေ တူးဖော် ထုတ်လုပ်ခွင့်ရ ရွှေရာသီ ကုမ္ပဏီလုပ်ကွက် ပိတောက် ပင် ကျေးရွာတောင်ဘက် ES လုပ်ကွက် အသစ် အတွင်းမှရေနံစိမ်းများ စီးပွားဖြစ် ထွက်ရှိနေရာ ရေနံတူး လုပ်ငန်းရှင်များ ဝင်ရောက် တူးဖော်နေကြောင်း သိရသည်။

မန္တလေးမြို့၌ ကားပြပွဲကြီး ခင်းကျင်း ပြသမည်

Photo: မန္တလေးမြို့၌ ကားပြပွဲကြီး ခင်းကျင်း ပြသမည်
Thursday, 20 December 2012

The Most Amazing Mandalay-Exhibition & Car Show ပြပွဲကြီးကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ မန္တလေး မြို့တော်ခန်းမ၌ ကျင်းပမည်
ဖြစ်သည်။

အထူး အခွင့်အရေး အနေဖြင့် မြန်မာ နိုင်ငံသားတိုင်း ကားပိုင်ဆိုင် နိုင်ရေး ရည်ရွယ်ကာ KBZ Bank ကပံ့ပိုး ကူညီပြီး Hire Purchase စနစ်ဖြင့်
ရောင်းချ ပေးမည် ဖြစ်သည်။ ထို့အပြင် အခြား လျှပ်စစ်ပစ္စည်းနှင့် လူသုံးကုန် ပစ္စည်း များကိုလည်း အထူး ဈေးနှုန်းများဖြင့် ရောင်းချ ပေးမည် ဖြစ်သည်။

အဆိုပါပြပွဲကို Best Auto ကား ရောင်းဝယ်ရေး၊ မြပန်းဝါ မီးလင်း ကတ္တားနှင့် Lwin & Swan ကားရောင်းဝယ်ရေး တို့က အဓိက ပံ့ပိုး ကူညီပြီး ဆိုင်ခန်းပေါင်း ၂ဝဝ ကျော်၊ ကုမ္ပဏီပေါင်း ၅ဝ ကျော်တို့မှ နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ခင်းကျင်း ပြသ ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
The Most Amazing Mandalay-Exhibition & Car Show ပြပွဲကြီးကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ မန္တလေး မြို့တော်ခန်းမ၌ ကျင်းပမည်ဖြစ်သည်။

မြေငလျှင်သတင်း********

မြန်မာနိုင်ငံမို့အတော်များများနဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသတွေမှာ ဒီကနေ့ မနက်ခင်း ပိုင်းနဲ့ နေ့လည် ပိုင်းမှာ မြေငလျင်လှုပ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ဒီနေ့ မနက် ၈ နာရီ ပတ်ဝန်းကျင်က ၁ ကြိမ်၊ မနက် ၉ နာရီခန့်က ၁ ကြိမ်၊ မိနစ်ပိုင်းလောက်သာကြာတဲ့ မြေငလျင် ၂ ကြိမ် လှုပ်ရှားသွားခဲ့ပြီး ပျက်စီးမှုတစုံတရာ မရှိခဲ့ပေမယ့် လူတွေ အထိတ်တလန့် အိမ်ပြင်ထွက်ပြေးတာ၊ ဘုရားကုန်းပေါ်တက်ခိုတာ၊ စာသင်ကျောင်းထဲက ကလေးတွေကို အပြင်ကို ခေါ်ထုတ်ရတာတွေ ရှိခဲ့တယ်လို့ တာချီလိတ် ဒေသခံတဦးက ပြောပါတယ်။

“စမ်းချောင်းရဲစခန်း အချုပ်ခန်းအတွင်း သေကြောင်းကြံစည်မှု ဖြစ်ပွား”

ခိုးမှု၊မသင်္ကာမှုဖြင့် ဖမ်းဆီးခံထားရသူမှ အချုပ်ခန်းအတွင်းမိမိကိုယ်ကို သေကြောင်းကြံစည်မှုတစ်ခု ဖြစ်ပွား

ခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။ဒီဇင်ဘာ၁၉ ရက်နေ့ ည(၇)နာရီခန့်ကစမ်းချောင်း

မြို့နယ် အတွင်း ရှိ နေအိမ်တစ်အိမ်တွင် 3K တံဆိပ်ပါ ဘက်ထရီအိုးကြီး တစ်လုံးအား ခိုးယူခဲ့ပြီးသံတံတားရပ်

ကွက် အတွင်းရှိ ရွှေညီကို အမှတ်(၂) ပစ္စည်းအဟောင်း ရောင်းဝယ်ရေးဆိုင်တွင်သွားရောက်ရောင်းချခဲ့သူဟု

မသင်္ကာမှုဖြင့်စမ်းချောင်းမြို့နယ်သံတံတားရပ်ကွက်နေ မောင်ဇော်အားစမ်းချောင်းရဲစခန်းမှ ပ-၄၇၆/၁၂ပုဒ်မ

၃၈၀/၅၄ ဖြင့် အမှုဖွင့် စစ်ဆေးခံခဲ့ရပြီးနောက်----------

(၂၀၁၁)ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်ခြင်း အခမ်းအနားတွင် သီချင်းဖျော်ဖြေမည့်သူများမှာ-

(၂၀၁၁)ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်ခြင်း အခမ်းအနားတွင် သီချင်းဖျော်ဖြေမည့်သူများမှာ-

၁။ ရန်အောင်
၂။ ဖိုးသောကြာ
၃။ ထွန်းထွန်း (Examplex)
၎။ မင်းမော်ကွန်း
၅။ ရဲအောင်
၆။ ချိုပြုံး
၇။ မေသန်းနု
၈။ ဆုပန်ထွာ
၉။ ၀ိုင်းစုခိုင်သိန်း
၁၀။ စိုးပြည့်သဇင်
၁၁။ ချစ်စနိုးဦး
၁၂။ နန်းဆုရတီစိုး
၁၃။ ပွင့်နဒီမောင်
၁၄။ ထွန်းအိန္ဒြာဗို တို့ ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်လုပ်ငန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အကယ်ဒမီဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ဖျော်ဖြေရေး အစီအစဉ်များကို ညနေ ၃ နာရီတွင် စတင်ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ  Popular Academy တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Academy

အကယ်ဒမီဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ဖျော်ဖြေရေးအစီအစဉ်များကိုညနေ ၃ နာရီတွင် စတင်ဖျော်ဖြေ
မည် ဖြစ်ကြောင်း သိရသည်။

တရားရုံးမရောက်မီ ရဲလက်တွင် အသက်ဆုံးရခြင်းအပေါ် လွှတ်တော်တင်မည်

ပြစ်မှုကျူးလွန်သူများဟု ယူဆရသူများအနေဖြင့် တရားရုံး၏ စစ်ဆေးစီရင်ဆုံးဖြတ်မှု မခံရမီ ရဲတပ်ဖွဲ့ဝင်များ

၏လက်တွင်အသက်ဆုံးရှုံးမှုများရှိနေခြင်းအပေါ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့တင်ပြရန် ကြိုးစားသွာ

မည်ဖြစ်ကြောင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကပြောသည်။“အခုကျွန်တော်အချက်

အလက်တွေ စုဆောင်းနေတယ်။ ပြီးရင်လွှတ်တော်ကို တင်ပြသွားဖို့ ရှိတယ်”ဟု ၎င်းက ပြောသည်။

မြန်မာပြည်အရောက်များတဲ့ ၈ခုမြောက် မျိုးဆက် ဟွန်ဒါ ဆီးဗစ် (Civic) ကား



မြန်မာပြည်အရောက်များတဲ့ ဟွန်ဒါ Civic ကတော့ ၈ခုမြောက် မျိုးဆက် ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း ထုတ်လုပ်ထားတဲ့ ဆလွန်းနဲ့ Coupe ဖြစ်ပြီး ဆလွန်းကို ပိုမိုအသားပေး တင်သွင်းနေ

တာ တွေ့ရပါတယ်။

အင်တာနက်တွင် ပျံ့နှံ့နေသော သုဿန်ရောက်ပြီးမှ ပြန်လည် ရှင်သန်လာသည့် အမျိုးသမီးတစ်ဦးသတင်း မမှန်ကန်ကြောင်း မန်းစည်ပင်က အတည်ပြုပြောကြား

ကြာနီကန်သုသာန် သို့ သဂြိုလ်ရန်ရောက်ရှိလာသော အမျိုးသမီးအလောင်း အသက်ပြန်ရှင်လာဟူသောသ

တင်းမှာ မှန်ကန်မှုမရှိကြောင်း ယင်းဖြစ်စဉ်မျိုး ကြာနီကန်သုသန်တွင် ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း မန္တလေးမြို့

တာ် စည်ပင်သာယာရေးဌာနမှ သန့်ရှင်းရေး ဌာနခွဲမှူး ဦးစိုးတင့်အောင် က အတည်ပြုပြောကြားသည်။

အမျိုးသား၏ီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀မှတ်တမ်းပုံရိပ်များ