skip to main |
skip to sidebar
လာမယ့်နှစ်အတွင်း လူထုရဲ့ဘဝတွေ သိသာမြင်သာ တိုးတက်အောင် ကြိုးပမ်း မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား
3:42 PM
zawwinnaung
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နဲ့ မုံရွာကြေးနီတောင်စီမံကိန်း
စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က
လက်ပန်းတောင်းတောင် အရေးအခင်းမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေနိုင်ငံခြားပို့ပြီးကုသရေးအတွက်ဆရာဝန်ကြီးတွေရဲ့ဆုံးဖြတ်ချက်အတိုင်း လိုအပ်သလို ဆောင်ရွက်မှာ ဖြစ်တယ်လို့ RFA RFA က ပုံမှန်တင်ဆက်နေတဲ့
“ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် မနေ့က
ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မူလတန်းကျောင်းသား အသက် ၆ နှစ်နဲ့ ရ နှစ် အရွယ်
ကလေးငယ် ၂ဝ သတ်ဖြတ်ခံခဲ့ရမှုအတွက် သဘောထားမေးမြန်းရာမှာတော့
ဒေါ်အောင်ဆန်းစုကြည်က မိမိ အင်မတန် ဝမ်းနည်းရကြောင်းနဲ့ ဒီိကိစ္စအတွက်
သဝဏ်လွှာတစ်စောင် ပေးပို့ဖို့စီစဉ်နေကြောင်း ပြောဆိုခဲ့ပါတယ်။
မကြာခင် ကုန်ဆုံးတော့မယ့် ၂ဝ၁၂ ခုနှစ်အတွင်း မြန်မာပြည်မှာ တိုးတက်မှုတွေ
ဘယ်လောက်ရှိခဲ့တယ် ထင်ပါသလဲလို့ RFA က မေးမြန်းခဲ့ရာမှာတော့
ဒေါ်အောင်ဆန်းစုကြည် က
ပြည်သူရဲ့ တိုးတက်မှုအရ
တိုင်းရမယ်ဆိုရင်တော့ တိုးတက်မှုကတော့ ဒီနှစ်မှာ ဒီလောက်အထိ မများသေးပါဘူး၊
ပြည်သူတွေရဲ့ဘဝတွေ သိသိသာသာပြောင်းလဲခဲ့တဲ့နှစ်လို့ ပြောလို့မရသေးပါဘူး၊ ဒါပေမယ့် ပြောင်းလဲနိုင်မယ့် အခွင့်အရေးတွေ မြင်လာရပါတယ်။
တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် က လာမယ့် ၂ဝ၁၃ ခုနှစ်အတွင်း
မြန်မာလူထုရဲ့ဘဝ တိုးတက်မှုတွေ ထင်သာမြင်သာရှိလာအောင်
ဆောင်ရွက်ကြိုးပမ်းလိုပါတယ်လို့လည်းပြောကြားလိုက်ပါတယ်။
RFA (Burmese)
0 comments:
Post a Comment