Pages

Thursday, December 20, 2012

လူရွှင်တော် ကိုဇာဂနာရဲ့ ထောင်တွင်း အတွေ့အကြုံတွေကို “ပထမ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား ထုတ်ဝေလိုက်တဲ့ စာအုပ် တပတ်အတွင်း အုပ်ရေပေါင်း ၅၀၀၀ ကျော် ရောင်းရ

ဇာဂနာရဲ့ “ပထမ”

မကြာသေးခင်ကမှ စတင် ဖြန့်ချိခဲ့တဲ့ လူရွှင်တော် ကိုဇာဂနာရဲ့ ထောင်တွင်း အတွေ့အကြုံတွေကို “ပထမ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား ထုတ်ဝေလိုက်တဲ့ စာအုပ်ဟာ တပတ်အတွင်း အုပ်ရေပေါင်း ၅၀၀၀ ကျော် ရောင်းရတယ်လို့ သိရပါတယ်။

ဒီစာအုပ်ကို ဒီဇင်ဘာလ ၇ ရက်နေ့ကစလို့ Home (House of media and entertainment) က ထုတ်လုပ် ဖြန့်ချိခဲ့တာပါ။

“ပထမ အုပ် ၆၀၀၀ ရိုက်ထားတာ အခု အုပ် ၅၀၀၀ ကျော် ပြတ်သွားပြီ။ နယ်တွေက ထပ်မှာထားတာ ရှိတယ်။ အဲဒါကြောင့် နောက်ထပ် အုပ် ၅၀၀၀ ထပ်ရိုက်နေတယ်။ တခြားနယ်တွေတောင် မစုံသေးဘူး။ ရန်ကုန်ရယ်၊ မန္တလေးရယ်ကိုပဲ အဓိက ပို့နိုင်သေးတယ်။ ကျန်တာတွေ မပို့ရသေးဘူး။ ကျမတို့က မြန်မာ တနိုင်ငံလုံး အကုန် ဖြန့်ဖို့ လုပ်နေတာ။ ဒါပေမယ့် နယ်တွေဆီကို မရောက်နိုင်ဘူး။ မြို့ကြီးတွေမှာတင် ပြတ်ပြတ်သွားတာ” လို့ Home က မန်နေဂျာ မမီးသီးက ဧရာဝတီကိုပြောပါတယ်။

ဒီ စာအုပ်ဟာ ၈၈ အရေးတော်ပုံကြီးက စလို့ ထောင်အကြိမ်ကြိမ် ချခံခဲ့ရတဲ့ လူရွှင်တော် ဇာဂနာက သူ့ရဲ့ ထောင်တွင်း ပထမဆုံး အတွေ့အကြုံတွေကို “ပထမ” ဆိုတဲ့ အမည်နဲ့ စတင် ထုတ်ဝေလာခဲ့တာပါ။

မစပ်စု သိရသလောက် လက်ရှိ အစိုးရသစ်လက်ထက်မှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ သူတို့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို  ၀တ္ထုစာပေ၊ စာအုပ်စာပေအဖြစ် ပြန်လည် မျှဝေလာခဲ့သလို ဒီစာပေတွေဟာ ပြည်သူအကြားမှာ အလွန်ရေပန်းစား ၀ယ်ယူ ဖတ်ရှုသူ များနေတာပါ။

တလောက ဖြန့်ချိလာခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ “နောက်ကြည့်မှန်” ဆိုတဲ့ လုံးချင်း ၀တ္ထု ဟာလည်း မြန်မာပြည် စာပေလောကမှာ အုပ်ရေပေါင်း ၃ သောင်းနီးပါး စံချိန်တင် ရောင်းချနိုင်ခဲ့တာပါ။

“မြန်မာပြည် ၀တ္ထုစာအုပ် လောကမှာတော့ ရောင်းအားအကောင်းဆုံး စံချိန်တင်သွားတာပါ။ အုပ်ပေါင်း ၃ သောင်းနီးပါး ရောင်းရပါတယ်။ ဘာကြောင့်လဲဆိုရင် လုံးချင်း ၀တ္ထုတွေဟာ ရောင်းအားက အုပ် ၁၀၀၀၊ ၁၅၀၀ ထက် မပိုပါဘူး။”

နိုင်ငံရေးသမား ဆိုတာထက် အထူးသဖြင့် ၈၈ အုပ်စုပေါ့လေ။ ကျောင်းသားခေါင်းဆောင် အုပ်စုတွေရဲ့ စာအုပ်တွေက အရောင်း အသွက်ဆုံးလို့ ပြောလို့ရတာပေါ့လေ။ ကျန်တဲ့ နာမည်ကြီး စာရေးဆရာတွေ တော့ရှိတယ်။ ဒါပေမယ့် သူတို့တွေက ၁၀၀၀၊ ၁၅၀၀ အများဆုံး ၃၀၀၀ ပေါ့ဗျာ။ အဲဒီလောက်ပါပဲ” လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ “နောက်ကြည့်မှန်” စာအုပ်ကို ဖြန့်ချိခဲ့တဲ့ အရှေ့ကြယ် စာပေတိုက်က တာဝန်ရှိသူ တဦးက ဆိုပါတယ်။

ဒီစာအုပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်က စတင် ဖြန့်ချိခဲ့တာဖြစ်ပြီး ပြည်ပနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ စင်ကာပူ၊ အမေရိကား၊ လန်ဒန် စတဲ့ မြို့တွေကို အုပ်ရေ ၄၀၀ ကျော် ၅၀၀ နီးပါလောက် ဖြန့်ချိခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီ “နောက်ကြည့်မှန်” ၀တ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းဖို့ကိုလည်း ရုပ်ရှင်လောကသားတွေ ကြိုးပမ်းနေကြပါသေးတယ်။

ထိုနည်းလည်းကောင်းပဲ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုကိုကြီးရဲ့ ပြောချင်လို့ ပြောခဲ့တာတွေ အင်တာဗျူးများ (၁) စာအုပ်ဆိုရင် အုပ်ပါင်း ၇ ထောင်နီးပါး၊ ကိုမြအေးရဲ့ “မိုးကောင်းကင်၌ တိမ်တိုက်များ” လုံးချင်း ၀တ္ထု ဟာလည်း အုပ်ရေ ၈ ထောင်နီးပါး ရောင်းချခဲ့ရတာပါ။ ဒါ့အပြင် ကိုဂျင်မီရဲ့ “လမင်းစန္ဒာ အင်းလေးကန်သာ” ၀တ္ထုစာအုပ်လည်း ၉ ထောင်နီးပါး ရောင်းချခဲ့ရတာပါ။

၈၈ မျိုးဆက်တွေရဲ့ ၀တ္ထုစာအုပ်တွေကို အသီးသီးသော အနုပညာရှင်တွေ၊ ထုတ်လုပ်ရေးတွေက ရုပ်ရှင် အဖြစ် ပြန်လည် ဖန်တီးကြဖို့ ၀ယ်ယူခဲ့ကြပြန်ပါသေးတယ်။

မကြာသေးခင်ကမှ စတင် ဖြန့်ချိခဲ့တဲ့ လူရွှင်တော် ကိုဇာဂနာရဲ့ ထောင်တွင်း အတွေ့အကြုံတွေကို “ပထမ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား ထုတ်ဝေလိုက်တဲ့ စာအုပ်ဟာ တပတ်အတွင်း အုပ်ရေပေါင်း ၅၀၀၀ ကျော်
 ရောင်းရတယ်လို့ သိရပါတယ်။ ဒီစာအုပ်ကို ဒီဇင်ဘာလ ၇ ရက်နေ့ကစလို့ Home (House of media and entertainment) က ထုတ်လုပ် ဖြန့်ချိခဲ့တာပါ။
“ပထမ အုပ် ၆၀၀၀ ရိုက်ထားတာ အခု အုပ် ၅၀၀၀ ကျော် ပြတ်သွားပြီ။ နယ်တွေက ထပ်မှာထားတာ ရှိတယ်
။အဲဒါကြောင့် နောက်ထပ် အုပ် ၅၀၀၀ထပ်ရိုက်နေတယ်။တခြားနယ်တွေတောင်မစုံသေးဘူး။ရန်ကုန်ရယ်
၊ မန္တလေးရယ်ကိုပဲ အဓိက ပို့နိုင်သေးတယ်။ ကျန်တာတွေ မပို့ရသေးဘူး။ ကျမတို့က မြန်မာ တနိုင်ငံလုံး အ
ကုန် ဖြန့်ဖို့ လုပ်နေတာ။ ဒါပေမယ့် နယ်တွေဆီကို မရောက်နိုင်ဘူး။ မြို့ကြီးတွေမှာတင် ပြတ်ပြတ်သွားတာ” လို့ Home က မန်နေဂျာ မမီးသီးက ဧရာဝတီကိုပြောပါတယ်။

ဒီ စာအုပ်ဟာ ၈၈ အရေးတော်ပုံကြီးက စလို့ ထောင်အကြိမ်ကြိမ် ချခံခဲ့ရတဲ့ လူရွှင်တော် ဇာဂနာက သူ့ရဲ့

 ထောင်တွင်း ပထမဆုံး အတွေ့အကြုံတွေကို “ပထမ” ဆိုတဲ့ အမည်နဲ့ စတင် ထုတ်ဝေလာခဲ့တာပါ။

မစပ်စု သိရသလောက် လက်ရှိ အစိုးရသစ်လက်ထက်မှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ၈၈ မျိုးဆက်

ကျောင်းသားတွေဟာ သူတို့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို ၀တ္ထုစာပေ၊ စာအုပ်စာပေအဖြစ် ပြန်လည် မျှဝေလာခဲ့သလို ဒီစာပေတွေဟာ ပြည်သူအကြားမှာ အလွန်ရေပန်းစား ၀ယ်ယူ ဖတ်ရှုသူ များနေတာပါ။

တလောက ဖြန့်ချိလာခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ “နောက်ကြည့်မှန်” ဆိုတဲ့ လုံးချင်း ၀တ္ထု ဟာလည်း မြန်မာပြည်စာပေလောကမှာအုပ်ရေပေါင်း၃ သောင်းနီးပါစံချိန်တင် ရောင်းချနိုင်ခဲ့

တာပါ။

“မြန်မာပြည် ၀တ္ထုစာအုပ် လောကမှာတော့ ရောင်းအားအကောင်းဆုံး စံချိန်တင်သွားတာပါ။ အုပ်ပေါင်း ၃

 သောင်းနီးပါး ရောင်းရပါတယ်။ ဘာကြောင့်လဲဆိုရင် လုံးချင်း ၀တ္ထုတွေဟာ ရောင်းအားက အုပ် ၁၀၀၀၊ ၁၅၀၀ ထက် မပိုပါဘူး။”

နိုင်ငံရေးသမား ဆိုတာထက် အထူးသဖြင့် ၈၈ အုပ်စုပေါ့လေ။ ကျောင်းသားခေါင်းဆောင် အုပ်စုတွေရဲ့ စာ

အုပ်တွေက အရောင်း အသွက်ဆုံးလို့ ပြောလို့ရတာပေါ့လေ။ ကျန်တဲ့ နာမည်ကြီး စာရေးဆရာတွေ တော့
ရှိတယ်။ဒါပေမယ့်သူတို့တွေက၁၀၀၀၊၁၅၀၀ အများဆုံး၃၀၀၀ ပေါ့ဗျာ။ အဲဒီလောက်ပါပဲ” လို့ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ “နောက်ကြည့်မှန်” စာအုပ်ကို ဖြန့်ချိခဲ့တဲ့ အရှေ့ကြယ် စာပေ
တိုက်က တာဝန်ရှိသူ တဦးက ဆိုပါတယ်။

ဒီစာအုပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်က စတင် ဖြန့်ချိခဲ့တာဖြစ်ပြီး ပြည်ပနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ စင်ကာပူ၊ အမေရိကား၊ လန်ဒန် စတဲ့ မြို့တွေကို အုပ်ရေ ၄၀၀ ကျော် ၅၀၀ နီးပါလောက် ဖြန့်ချိခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီ “နောက်ကြည့်မှန်” ၀တ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းဖို့ကိုလည်း ရုပ်ရှင်လောကသားတွေ ကြိုး

ပမ်းနေကြပါသေးတယ်။

ထိုနည်းလည်းကောင်းပဲ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုကိုကြီးရဲ့ ပြောချင်လို့ ပြော

ခဲ့တာတွေ အင်တာဗျူးများ (၁) စာအုပ်ဆိုရင် အုပ်ပါင်း ၇ ထောင်နီးပါး၊ ကိုမြအေးရဲ့ “မိုးကောင်းကင်၌ တိမ်
တိုက်များ” လုံးချင်း ၀တ္ထု ဟာလည်း အုပ်ရေ ၈ ထောင်နီးပါး ရောင်းချခဲ့ရတာပါ။ ဒါ့အပြင် ကိုဂျင်မီရဲ့ “လမင်း
စန္ဒာ အင်းလေးကန်သာ” ၀တ္ထုစာအုပ်လည်း ၉ ထောင်နီးပါး ရောင်းချခဲ့ရတာပါ။

၈၈ မျိုးဆက်တွေရဲ့ ၀တ္ထုစာအုပ်တွေကိုအသီးသီးသောအနုပညာရှင်တွေ၊ထုတ်လုပ်ရေးတွေကရုပ်ရှင်အဖြစ်

ပန်လည် ဖန်တီးကြဖို့ ၀ယ်ယူခဲ့ကြပြန်ပါသေးတယ်။

0 comments:

Post a Comment