Pages

Thursday, December 20, 2012

အင်တာနက်တွင် ပျံ့နှံ့နေသော သုဿန်ရောက်ပြီးမှ ပြန်လည် ရှင်သန်လာသည့် အမျိုးသမီးတစ်ဦးသတင်း မမှန်ကန်ကြောင်း မန်းစည်ပင်က အတည်ပြုပြောကြား

ကြာနီကန်သုသာန် သို့ သဂြိုလ်ရန်ရောက်ရှိလာသော အမျိုးသမီးအလောင်း အသက်ပြန်ရှင်လာဟူသောသ

တင်းမှာ မှန်ကန်မှုမရှိကြောင်း ယင်းဖြစ်စဉ်မျိုး ကြာနီကန်သုသန်တွင် ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း မန္တလေးမြို့

တာ် စည်ပင်သာယာရေးဌာနမှ သန့်ရှင်းရေး ဌာနခွဲမှူး ဦးစိုးတင့်အောင် က အတည်ပြုပြောကြားသည်။
"မန္တလေးမြို့မှာ နာရေးသဂြိုလ်တာပဲဖြစ်ဖြစ် ဂူသွင်းတာပဲဖြစ်ဖြစ် ကျွန်တော်တို့ မြို့တော်စည်ပင် သန့်ရှင်းရေး

ဌာနကို လာရောက်ဆက်သွယ် လုပ်ကိုင်ရင် သေဆုံးကြောင်းထောက် ခံချက်အပြည့်အစုံပါမှ မီးသဂြိုလ်ခွင့်ဂူ

သွင်းခွင့် တွေကိုလက်ခံပေးတာဖြစ်ပါတယ် သုဿန်ရောက်ပြီး မှ ပြန်ရှင်လာတယ် ဆိုတဲ့သူ အခုအချိန်ထိ 

တစ်ယောက်မှမရှိပါဘူး " ဟု ယင်းကပြောကြားသည်။ 


 Yangon Media Group 

0 comments:

Post a Comment