Pages

Thursday, December 20, 2012

Samsung Galaxy Note 2 Root လုပ်နည်း


Samsung GALAXY Note 2GalaxGalaxy Note II ကို အသုံးပြုသူတွေ မြန်မာဖောင့်ရဖို့တစ်ခုထဲအတွက် Root ကြပါတယ်…ပြောရမယ်ဆိုရင်တော့တစ်ခါတလေ Root နည်း မှားသွားရင် Firmware boot မတက်တော့ပါဘူးကျွန်တော်တို့ အဆိုကတော့ ဂန့် သွားပြီ ကြွ သွားပြီပေါ့
ဒါ့အပြင် Firmware မတက်တာက ပြန်ရေးရင်ရပါသေးတယ်ပါဝါတက်မလာပဲ Death Boot ဖြစ်သွားခဲ့မယ်ဆိုရင်တော့လွှင့်ပစ် ရကိန်းဆိုက်ပြီပေါ့…

မှန်မှန်ကန်ကန် Root နည်းတွေ ပေးဖို့ကတော့ အဓိကပါပဲ

ကဲ! အခု စတော့မယ်ဆိုတော့ လိုအပ်တဲ့ Tools လေးတွေ အရင် Download ဆွဲကြရအောင်


ဒီနှစ်ခုရပြီ ဆိုရင်တော့ အရင်ဆုံး Samsung USB Drivers.exe ကို အရင်ဆုံး Run ပြီး Install လုပ်ပေးရပါမယ်..
ဒါမှ Odin ကိုသုံးပြီး Root တဲ့အခါမှာ Driver သိမှာဖြစ်ပါတယ်။
နောက်တစ်ဆင့်ကတော့ Galaxy Note 2 Root.zip ကိုဖြေလိုက်ပါ။
အထဲမှာ CWM Root Note 2.tar ဆိုတဲ့ ဖိုင်လေးရယ်
Odin.exe ဆိုတဲ့ Software လေးရယ်ပါတယ်…
ဒါဆိုရင် လုပ်ငန်းစတာပေါ့နော်….
Step 1. အရင်ဆုံး ဖုန်းကို ပါဝါပိတ်လိုက်ပါ ၅ စက္ကန့်လောက်ကြာရင်တော့ down Volume Down, Center Home, နှင့် Power buttons သုံးခုကို တစ်ပြိုင်နက်တွဲနှိပ်ပါ။

Step 2. ယခုတွေ့မြင်ရတဲ့အတိုင်း သတိပေးစာတက်လာပါတယ်,ဒါဆိုရင်တော့  Continue လုပ်ဖို့အတွက် Volume up ကို နှိပ်ပေးပါ။
Step 3. ယခုပုံပါအတိုင်း Download Mode ကိုဝင်သွားတဲ့အတွက် USB ကြိုးကို ဖုန်းနဲ့ ကွန်ပြုတာအား ချိတ်ဆက်ပေးလိုက်ပါ Driver မသိခဲ့ရင် အထက်မှာပေးခဲ့တဲ့ Samsung USB Drivers အား Install လုပ်ပေးပါ။
(Driver မရှိလျင် အောက်မှာ Download ဆွဲပါ)
Step 6. Un Zip ဖြေထားတဲ့ Galaxy Note 2 Root ဖိုင် အတွင်းက Odin3 v1.85.exe အား Click နှိပ် ပြီး Run ပေးလိုက်ပါ။
Step 7. ယခု ဆိုရင် Download Mode ၀င်နေတဲ့ ဖုန်းကို Odin က သိနေတဲ့အတွက် ပထမ ID:COM လေးမှာ High Light လိုင်းလေး မှာ မီးဝါလေး လင်းနေပါတယ် (နောက်ပိုင်း Odin အမြင့်တွေမှာ အပြာရောင် အဖြစ်ပြောင်းလဲထားပါတယ် Odin အမြင့်သုံးလျင် သတိပြုပါ) ဒါဆိုရင်တော့ စတင် Root လို့ရပြီ ဖြစ်လို့ တစ်ခြားဘာကိုမှ ပြောင်းလဲစရာမလိုအပ်ပါဘူး PDA ဆိုတာလေးကိုနှိပ်ပြီးသာ Un Zip ဖြေထားတဲ့ Galaxy Note 2 Root ဖိုင်ထဲမှ cwm6-root-note2.tar ဖိုင်လေးအား သွားရောက်ရွေးချယ်ပေးပါ။
Step 8. အထက်ပါအတိုင်း ပုံလေးမှာ ပြသထားသလို Root.tar ဖိုင်အား ရွေးချယ်လိုက်ပါတယ် ပြီးရင်တော့ Start ကိုနှိပ်ကာ စတင် Root နိုင်ပါပြီ။
ယခုဆိုလျင် Start အား နှိပ်လိုက်သဖြင့် Odin မှ ဖုန်းအား Root နေတာ ဖြစ်ပါတယ်။
အားလုံးပြီးရင်တော့ Pass! ဆိုတဲ့ အစိမ်းရောင် အကွက်လေး ပေါ်လာရင် အောင်မြင်ပြီးစီးပါတယ် ဖုန်းမှာကတော့ ယခုလို Coding များ Run နေသည်ကို ဆက်လက်မြင်တွေ့ရမှာပါ ဖြစ်နိုင်ရင် ကြိုးကို မဖြုတ်ပဲ ဖုန်းပါဝါတက်လာသည် အထိစောင့်ဆိုင်းပေးပါ။
ယခုဆိုရင်တော့ သင်တို့ အလိုရှိနေတဲ့ Super Man လေး (Super User For Super SU) ကိုရရှိသွားပြီ ဖြစ်လို့
မြန်မာဖောင့် ပဲ ထည့်ထည့် Root Acess တောင်းတဲ့ App တွေ Game တွေကိုလဲ စိတ်ကြိုက် အသုံးပြုနိုင်ပါပြီ။

သူငယ်ချင်းအားလုံးအဆင်ပြေကြပါစေဗျာ
ကိုလတ်(ပန်ဘဲတန်း) 
Credits by – XDA,Galaxy Note 2 Root
သစ်ဆန်းခန့်

Myanmar Mobile App

0 comments:

Post a Comment