Pages

Thursday, December 20, 2012

နှစ်ပေါင်း ၇၀ ကျော်အတွင်း အပြင်းထန်ဆုံး ဆောင်းရာသီကို ရုရှားနိုင်ငံသားတွေ ခံစားနေရ


 သေလုအောင်အေးခဲတဲ့ ရုရှားဆောင်းရာသီ 
ရုရှားနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော်အတွင်း အပြင်းထန်ဆုံး ဆောင်းရာသီကို တွေ့ကြုံနေရပြီး အပူချိန်မှာ အလွန်အမင်း ကျဆင်းလျက်ရှိရာ အနုတ် ၅၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် (-50C) အထိပင် ဖြစ်သွားခဲ့သည်။ပြင်းထန်လွန်းသည့် အအေးဒဏ်ကြောင့် ရုရှားနိုင်ငံတစ်ဝန်း လူ ၄၅ ဦးသေဆုံးပြီး ၂၆၆ ဦးကို ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရှိရသည်။ စုစုပေါင်း လူ ၅၄၂ ဦးမှာ သေလုမတတ် အအေးဒဏ်ကြောင့် ထိခိုက်နာကျင်မှုများ ဖြစ်ပွားခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၉ ရက်) က ရုရှားမြို့တော် မော်စကို ပတ်ဝန်းကျင်တွင် အပူချိန်မှာ အနုတ် ၁၇ မှ ၁၈ ဒီဂရီ ဆဲလ်ဆီးယပ်စ် (-17 to -18 degrees Celsius) ရှိခဲ့ကြောင်း RT News က ပြောကြားသည်။



0 comments:

Post a Comment