Pages

Tuesday, September 10, 2013

မလေးရောက် မြန်မာများ အတွက် တာဝန်ယူကြောင်း အလုပ်သမား ၀န်ကြီးပြော

Photo: မလေးရောက် မြန်မာများ အတွက် တာဝန်ယူကြောင်း အလုပ်သမား ၀န်ကြီးပြော
Tuesday, September 10, 2013

မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ တရားဝင် နေထိုင် လုပ်ကိုင်ခွင့်ရရေးနှင့် ခံစားခွင့်များ အတွက် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဟု မြန်မာ အလုပ်သမား ၀န်ကြီး က ပြောဆိုကြောင်း သိရသည်။

မလေးရှားရှိ မြန်မာအလုပ်သမားများ လုပ်ခ လစာ၊ အလုပ်သမား အကျိုးခံစားခွင့်၊ ကျန်းမာရေး အာမခံ စသည်တို့ အပြည့် အ၀ ရရှိရေးကို ဆောင်ရွက်ပေးသွားမည်ဟု မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာန ၀န်ကြီး ဦးမောင်မြင့်က ကွာလာလမ်ပူမြို့၌ ယမန်နေ့က မြန်မာလူမှုအဖွဲ့များနှင့် တွေ့ဆုံရာတွင် ပြောဆိုသွားသည် ဟု မလေးရောက် မြန်မာများက ပြောပြသည်။

မြန်မာနိုင်ငံသားများ တရားဝင်နေထိုင်ခွင့် လက်မှတ်(ပါမစ်)များ ရရှိရေးအတွက် မလေးရှား အာဏာပိုင်များနှင့် ဆွေးနွေး တောင်းဆို ပေးသွားမည်ဟုလည်း အလုပ်သမား ၀န်ကြီး ဦးမောင်မြင့်က ပြောဆိုသွားကြောင်း၊ ပါမစ် ရရှိရေး ဆောင်ရွက်ပေးမည်ကို ကြိုဆိုသော်လည်း လုံခြုံ စိတ်ချစွာ သွားလာနေထိုင် လုပ်ကိုင်နိုင်ရေးသည် ပို၍ အရေးကြီးကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကပုန်းနာရေး ကူညီမှု အသင်းမှ ဦးဆန်းဝင်း က ဧရာဝတီ ကို ပြောသည်။

“ပါမစ်ရှိရုံနဲ့ မရပါဘူး၊ ကျနော်တို့ နိုင်ငံသားတွေရဲ့ လုံခြုံမှုက ပိုပြီးအဓိက ကျနေပါတယ်၊ အဲဒီအတွက်လည်း မလေး အာဏာ ပိုင်တွေကို မြန်မာအစိုးရ အနေနဲ့ တွန်းအား ပေးစေချင်တယ်၊ ဒီလ အနည်းငယ်မှာ ဓားထိုးခံရပြီး သေတာ၊ လည်လှီး သတ်ဖြတ် ခံရပြီး သေတာ ၉ ဦး အထိရှိနေပေမယ့် အခုထိ တရားခံ တယောက်မှ မမိသေးဘူး”ဟုလည်း ၎င်းက ဆိုသည်။

ဝန်ကြီး၏ အဖွဲ့တွင်ပါဝင်သည့် အလုပ်သမား ဌာန၏ ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးအောင်ကလည်း သံရုံးနှင့် အလှမ်းဝေးကွာ သည့် အရပ်ဒေသများ၌ အလုပ် လုပ်ကိုင်မည့် မြန်မာအမျိုးသမီးများကို စိစစ်ပြီးမှသာ မလေးရှားနိုင်ငံသို့ သွားခွင့်ပြုတော့ မည် ဟု ပြောဆိုကြောင်း သိရသည်။

“မြို့နဲ့ဝေးတဲ့ စက်ရုံ အလုပ်ရုံတွေမှာ လုပ်နေတဲ့ မြန်မာ အမျိုးသမီးတချို့ အဓမ္မ ကျင့်ခံရတာတွေ ရှိတဲ့အတွက် နောင်ဆိုရင် စိစစ်ပြီးမှ ခွင့်ပြုပေးသွားမယ်လို့ ပြောတယ်၊ ပြဿနာရှုပ်တဲ့ နေရာတွေ၊ သံရုံးနဲ့ဝေးတဲ့နေရာတွေမှာ ပြဿနာ တခုခုဖြစ်ရင် ဖြေရှင်းပေးဖို့ ခက်ခဲတဲ့အတွက်ပါ”ဟု ဦးဆန်းဝင်း က ဆိုသည်။

မြန်မာနိုင်ငံသားများသည် မိမိတို့ နိုင်ငံမှ မလေးရှားသို့ အေဂျင်စီများ စီစဉ်ပေးသည့် စက်ရုံ အလုပ်ရုံများ၌ အလုပ် လုပ်ကိုင် ရန် တရားဝင်လာရောက်သော်လည်း လုပ်ခ လစာနှင့် အကြောင်းကြောင်းကြောင့် အလုပ်ပြောင်းရွှေ့ရာမှ တရားမ၀င် နေ ထိုင်သူများ ဖြစ်သွားရကြောင်း၊ ထို့ကြောင့် ယင်းသို့ မဖြစ်ရေး ဆောင်ရွက်ပေးသွားမည်ဟုလည်း မြန်မာ ကိုယ်စားလှယ်အဖွဲ့က ပြောဆိုကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ယခုလဆန်းပိုင်းက လုပ်ဆောင်ခဲ့သည့် တရားမ၀င် နိုင်ငံခြားသားဖမ်းဆီးမှု အစီအစဉ်(အော်ပရာစီ) စစ်ဆင်ရေးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၅၈၀ ၀န်းကျင်ကို နိုင်ငံသား ဟုတ်မဟုတ် စိစစ်သွားမည် ဖြစ်ပြီး နိုင်ငံသား စစ်မှန်သူများကို အစိုးရ ကိုယ်တိုင်တာဝန်ယူ၍ မြန်မာနိုင်ငံသို့ ခေါ်ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း ကွာလာ လမ်ပူရှိ ဧရာဝတီ ဖောင်ဒေးရှင်း၏ တာဝန်ခံ ဦးသီဟ မောင်မောင် က ပြောသည်။

“မြန်မာနိုင်ငံသား မဟုတ်တဲ့သူတွေလည်း ရှိတော့ သေချာ စိစစ်ရမှာပါ၊ စိစစ်ပြီးရင် ကိုယ့်နိုင်ငံကို အမြန်ဆုံး ပြန်ပို့နိုင်အောင် မလေး အာဏာပိုင်တွေနဲ့ ဆွေးနွေး စီစဉ်ပေးမယ်လို့ ၀န်ကြီးက ပြောတယ်”ဟု ၎င်းက ဆိုသည်။

မလေးရှား အာဏာပိုင်များသည် အော်ပရာစီ စစ်ဆင်ရေး အရ တရားမ၀င် နိုင်ငံခြားသား ၅ သိန်း အထိ ဖမ်းဆီးမည်ဟု ကြေ ညာထားသော်လည်း ယခုရက်ပိုင်းတွင် ပိုက်စိပ်တိုက် ဖမ်းဆီးမှု မလုပ်တော့ကြောင်း၊ မလေးရှား နိုင်ငံတွင် လူ ၁၀၀၀ ဆန့်သည့် ထိန်းသိမ်းရေး စခန်း ၁၂ ခု သာရှိသည့်အတွက် လက်ရှိဖမ်းဆီးထားသူများအား စိစစ် လွှတ်ပေးပြီးမှသာ နောက်ထပ် ဖမ်းဆီးမှု လုပ်ဆောင်နိုင်ကြောင်း မလေးရောက် မြန်မာများ က ပြောသည်။

ကွာလာလမ်ပူ မြို့အပါအ၀င် အနီးတ၀ိုက်ရှိ စက်မှုဇုန်များ၊ စက်ရုံ အလုပ်ရုံများ၌ စက်တင်ဘာလ ၁ ရက်နေ့မှစတင် ဖမ်းဆီး ထားသည့် နိုင်ငံခြားသား ၈၁၀၀ ရှိကြောင်း၊ ၎င်းတို့အနက် တရားမ၀င် ၂၄၀၀ ရှိကြောင်း၊ ထို ၂၄၀၀ တွင် မြန်မာနိုင်ငံသား ၅၀၀ ကျော် ပါဝင်ကြောင်း သတင်း ထုတ်ပြန်ပြီး ဖြစ်သည်။

ဖမ်းဆီး ထိန်းသိမ်းထားသူများတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ နီပေါ ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီ ယက်နမ်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား စသည့် နိုင်ငံ ၁၆ နိုင်ငံ မှ နိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လဆန်းက မလေးရှားနိုင်ငံ၌ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသာများကို တွေ့ရစဉ် (ဓာတ်ပုံ – SIN CHEW DAILY / ASIA NEWS NETWORK)
ဧရာဝတီ

ပြီးခဲ့သည့် ဇွန်လဆန်းက မလေးရှားနိုင်ငံ၌ ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသာများကို တွေ့ရစဉ် (ဓာတ်ပုံ – SIN CHEW DAILY / ASIA NEWS NETWORK)
RangonNewsDaily:: September 10, 2013

မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ တရားဝင် နေထိုင် လုပ်ကိုင်ခွင့်ရရေးနှင့် ခံစားခွင့်များ အတွက် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဟု မြန်မာ အလုပ်သမား ၀န်ကြီး က ပြောဆိုကြောင်း သိရသည်။

MTV ပွဲဂယက်ကြောင့် Vogue မဂ္ဂဇင်းမျက်နှာဖုံးရှင်ဖြစ်ခွင့် မိုင်လီ လွဲချော်

Photo: MTV ပွဲဂယက်ကြောင့် Vogue မဂ္ဂဇင်းမျက်နှာဖုံးရှင်ဖြစ်ခွင့် မိုင်လီ လွဲချော် 
Tuesday, September 10, 2013

နာမည်ကျော် Vogue မဂ္ဂဇင်းသည် အစောပိုင်းက မိုင်လီကို မျက်နှာဖုံးရှင် အဖြစ် ရည်ရွယ်ထားသော်လည်း နယူးယော့ခ်တွင် ပြီးခဲ့သည့်လက ပြု လုပ်သော ဖျော်ဖြေမှုနောက်ပိုင်း ယင်းအစီအစဉ်ကို စွန့်လွှတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့MTV ဗီဒီယိုဂီတ ဆုပေးပွဲတွင် ကြီးကြီးမားမား ဝေဖန် မှုများ ကြုံခဲ့ရသည့် ဖျော်ဖြေမှု ပုံစံကြောင့် မိုင်လီဆိုင်းရပ်စ်ကို Vogue မဂ္ဂဇင်း၏ မျက်နှာဖုံးရှင်အဖြစ် လျာထားစာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း သိရှိရသည်။ ရော်ဘင်သစ်ကီနှင့် တွဲဖက်ပြီး ရမ္မက်နှိုးဆွသည့် ပုံစံမျိုး ဖျော်ဖြေမှုများကြောင့် အသက်(၂၀)အရွယ် Popဂီတ ကြယ်ပွင့်ကို ပြင်းပြင်း ထန်ထန် ပြစ်တင် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပြီး သူမကမူ မိမိ၏ လုပ်ရပ်အတွက် အဆိုးမြင်မှုများကို ဂရုမစိုက်ကြောင်း ပြောကြား ထားသည်။ နာမည်ကျော် Vogue မဂ္ဂဇင်းသည် အစောပိုင်းက မိုင်လီကို မျက်နှာဖုံးရှင်အဖြစ် ရည်ရွယ်ထားသော်လည်း နယူးယော့ခ်တွင် ပြီးခဲ့သည့်လက ပြုလုပ်သော ဖျော်ဖြေမှုနောက်ပိုင်း ယင်းအစီအစဉ်ကို စွန့်လွှတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Vogue၏ အယ်ဒီတာချုပ် အန်နာဝင်တိုအာနှင့် နီးစပ်သူ တစ်ဦးက ဝင်တိုအာသည် ဒီဇင်ဘာလထုတ် Vogue မဂ္ဂဇင်းအတွက် မိုင်လီကို အစောပိုင်းက လျာထားသော်လည်း MTV ဆုပေးပွဲ ဖျော်ဖြေမှုကြောင့် အစီအစဉ် ပြောင်းလိုက်ကြောင်း ပြောကြားခဲ့သည်။ ဝင်တိုအာ၏ မိတ်ဆွေ တစ်ဦးက "အန်နာ အနေနဲ့ ခုဖျော်ဖြေမှု တစ်ခုလုံးက မနှစ်မြို့စရာလို့ ယူဆလိုက်ပါတယ်။ ဒါကြောင့် မိုင်လီရဲ့ ဖျော်ဖြေမှုကို အခြေခံပြီး ဆုံးဖြတ်ချက် အပြောင်းအလဲ တစ်ခုကို သူရွေးလိုက်တယ်။ ခုတော့ မဂ္ဂဇင်း မျက်နှာဖုံးအတွက် မိုင်လီကို နေရာပေးတော့မှာ မဟုတ်ပါဘူး"ဟု မှတ်ချက်ပြု သွားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: September 10, 2013

နာမည်ကျော် Vogue မဂ္ဂဇင်းသည် အစောပိုင်းက မိုင်လီကို မျက်နှာဖုံးရှင် အဖြစ် ရည်ရွယ်ထားသော်လည်း နယူးယော့ခ်တွင် ပြီးခဲ့သည့်လက ပြု လုပ်သော ဖျော်ဖြေမှုနောက်ပိုင်း ယင်းအစီအစဉ်ကို စွန့်လွှတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့MTV ဗီဒီယိုဂီတ ဆုပေးပွဲတွင် ကြီးကြီးမားမား ဝေဖန် မှုများ ကြုံခဲ့ရသည့် ဖျော်ဖြေမှု ပုံစံကြောင့် မိုင်လီဆိုင်းရပ်စ်ကို Vogue မဂ္ဂဇင်း၏ မျက်နှာဖုံးရှင်အဖြစ် လျာထားစာရင်းမှ ပယ်ဖျက်ခဲ့ကြောင်း သိရှိရသည်။

နဝမတန်းကျောင်းသားကို ရိုက်နှက်စစ်ဆေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရန်တိုင်ကြား

RangonNewsDaily:: September 10, 2013

မြစ်ကြီးနားမြို့ အထက (၁) တွင် ပညာသင်ကြားနေသော အသက် ၁၆ နှစ် အရွယ် နဝမတန်း ကျောင်းသား

မောင်မရန်ဒွဲလာကို ညပိုင်းတာဝန်ကျ ကင်းလှည့်သည့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်ကာ ဦးခေါင်း
ခွံရိုး ချိုင့်ဝင်သွားသည်အထိ ရိုက်နှက် စစ်ဆေးခဲ့သဖြင့် အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရန် ကချင်
ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တိုင်ကြားထားကြောင်းကာယကံရှင် မောင်မရန်ဒွဲလာ၏အစ်ကိုဖြစ်သူကိုမရန်
ထွယ်အာင်က The Voice သို့ ပြောသည်။

ကျောင်းခေါ်ချိန်မပြည့်၍စာမေးပွဲဖြေဆိုခွင့် တစ်နှစ်ပိတ်ပင်ခံရသော ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်ကျောင်းသား ၁၇၀ကျော် ကိစ္စ သတင်းစာရှင်း

Photo: ကျောင်းခေါ်ချိန်မပြည့်၍စာမေးပွဲဖြေဆိုခွင့် တစ်နှစ်ပိတ်ပင်ခံရသော
ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်ကျောင်းသား ၁၇၀ကျော် ကိစ္စ သတင်းစာရှင်း
 Tuesday, September 10, 2013

ယခုနှစ် စာသင်နှစ်တွင် ကျောင်းခေါ်ချိန်မပြည့်၍ဒုတိယနှစ်ဝက် စာမေးပွဲဖြေ ဆိုခွင့် ပိတ် ပင်ခံလိုက်ရ သောနည်းပညာတက္ကသိုလ်(ရတနာပုံ ဆိုက်ဘာစီးတီး)ပြင်ဦး လွင်မှ ကျောင်းသား ကျောင်းသူ ၁၇၈ဦးအနက် 
အမှန် တကယ်စားကြိုးစားသော သူများအား စားမေးပွဲဖြေဆိုခွင့် ပြန် လည်ပေးစေလိုကြောင်း၎င်းကျောင်းသားများက ယနေ့ ၊နေ့လည် (၁ ) နာရီ အချိန် တွင် မန္တလေးမြို့ ၃၆ +၃၇လမ်းကြား ၊၇၄လမ်း ရှိ 
Cafe 88 တွင့် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

ယခုနှစ်မှစတင်ကာ အဆိုပါကျောင်းအားကျောင်းခေါ်ချိန်အား တစ်ဘာသာ ချင်း စံ နစ်ဖြင့် သတ်မှတ် ခေါ် ဆိုမှုစနစ်ကိုကျင့်သုံးခဲ့ပြီး စားမေပွဲဖြေ ဆိုခွင့် ပိတ်ပင်ခံရသူများတွင် တစ်ဘာသာမျှ ကျောင်းခေါ်ချိန်မပြည့်သ ဖြင့် စာမေးပွဲဖြေဆိုခွင့်ဆုံးရှုံးရသူများပါဝင်နေပြီး ကျောင်းခေါ်ချိန်များထုတ်ပြန်ရာတွင်လည်း ပွင့်လင်းမြင်သာမှု မရှိခြင်း၊ကျောင်းခေါ်ချိန်ထုတ်ပြန်မှုနောက် ကျခြင်းများကြောင့် နစ်နာမှုများရှိကြောင်း အဆိုပါရှင်းလင်းပွဲတွင် 
ဒုတိယနှစ်(ICT)ဘာသာရပ်တွင် တက်ရောက်နေသူ ကိုဟိန်းထူးထူးကျော်က ပြောသည်။

အချိန်ဇယားတွေဆွဲပြီးအချိန်ဇယားအတိုင်းသွားတယ်။ နောက်ပိုင်းဘယ်လိုဖြစ်လာလဲဆိုတော့ သင်တဲ့ ဆရာတွေက သူတို့ဘာသာအတွက်အချိန် မလောက်တော့ သူများအချိန်ကိုတောင်းပြီးသင်တယ်။ဥပမာ အင်္ဂ လိပ်စာ ချိန်ကို သချာင်္တောင်းသင်ရင် အင်္ဂလိပ်စာ ကျောင်းခေါ်ချိန်ရတယ်။
အဲ့တော့ အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့ လူကျတော့ တခြားဘာသာကို လေ့ လာချင်လို့ မတက်ရင် အင်္ဂလိပ်စာ ကျောင်းခေါ်ချိန် ဆုံးရှုံးသွားတယ် ဟု ကို ဟိန်းထူးထူးနိုင်က ပြောသည်။

အဆိုပါကျောင်းတွင် ပထမနှစ်ဝက်ကျောင်းခေါ်ချိန်အား ၆လပိုင်းတွင် 
ထုတ်ပြန်ရမည့်အစား ၈လပိုင်းမှ သာထုတ်ပြန်နိုင်ခဲ့သောကြောင့် ပြင် ဆင်ချိန်အားနည်းခဲ့ပြီးကျောင်းခေါ်ချိန်များထုတ်ပြန်ရာတွင်လည်း ပွင့်လင်း မြင်သာမှုအားနည်းချက်များရှိကြောင်း သိချင်၍ 
ကိုယ်တိုင်သွားမေးရာတွင်လည်း တိတိပပ ဖြေဆိုခြင်းမရှိ ကြောင်း အဆိုပါကျောင်းမှ ဒုတိယနှစ်ကျောင်းသား ကိုရဲသူရိန်ကျော်က ပြောသည်။ 

ဖိုးလပြည့်
Popular Myanmar News Journal

RangonNewsDaily:: September 10, 2013

ယခုနှစ် စာသင်နှစ်တွင် ကျောင်းခေါ်ချိန်မပြည့်၍ဒုတိယနှစ်ဝက် စာမေးပွဲဖြေ ဆိုခွင့် ပိတ် ပင်ခံလိုက်ရ သော
နည်းပညာတက္ကသိုလ်(ရတနာပုံ ဆိုက်ဘာစီးတီး)ပြင်ဦးလွင်မှ ကျောင်းသား ကျောင်းသူ ၁၇၈ဦးအနက် အမှန်
တကယ်စားကြိုးစားသော သူများအား စားမေးပွဲဖြေဆိုခွင့် ပြန် လည်ပေးစေလိုကြောင်း၎င်းကျောင်းသားများ
က ယနေ့ ၊နေ့လည် (၁ ) နာရီ အချိန် တွင် မန္တလေးမြို့ ၃၆ +၃၇လမ်းကြား ၊၇၄လမ်း ရှိ Cafe 88 တွင့် ပြု လုပ်
သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထန်းကုန်းရွာ ဒုက္ခသည်များအတွက် စစ်ကိုင်းအစိုးရ ဘိလပ်မြေလှူဒါန်း

RangonNewsDaily:: September 10, 2013
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းရွာမှာ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်ထောင်စုတွေအတွက် စစ်ကိုင်းတိုင်းအစိုးရက ဘိလပ်မြေအိပ် သုံးရာကျော်ကူညီသလို၊ စစ်ကိုင်းတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သွပ်အမိုးအတွက် ငွေကူညီပြီး၊ နေပြည်တော်က အစ္စလာမ်ဘာသာဝင်လုပ်ငန်းရှင်တွေက
လည်း နေအိမ်တွေပြန်ဆောက်ဖို့ ကူညီတယ်လို့သိရပါတယ်။

လူမျိုးရေးခွဲခြားမှုက ဘိုအာတင်းအား အီတလီမှ ထွက်ခွာစေ ခဲ့သည်ဟု ရှော်ကာ အသင်း ဒါရိုက်တာဆို

လူမျိုးရေးခွဲခြားမှုက ဘိုအာတင်းအား အီတလီမှ ထွက်ခွာစေ ခဲ့သည်ဟု ရှော်ကာ အသင်း ဒါရိုက်တာဆို
======================
စက်တင်ဘာ၊ ၁၀ 
@[468226919886450:274:M-Media]

အေစီမီလန်အသင်း၏ ကွင်းလယ်လူဟောင်းဖြစ်သူ ကီဗင် ပရင့်စ် ဘိုအာတင်းမှာ အသင်း ပရိတ်သတ်များ၏ လူမျိုးရေးခွဲခြားမှုများကြောင့် ဂျာမန်သို့ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု ရှော်လ်ကာအသင်း၏ ဒါရိုက်တာဖြစ်သူ ပီတာ ပီတားစ် ကပြောဆိုလိုက်သည်။ 

နွေရာသီအပြောင်းအရွှေ့တွင် အေစီမီလန်မှ ရှော်လ်ကာအသင်းသို့ ယူရို ၁၀ သန်းဖြင့်ပြောင်းရွှေ့လာခဲ့သည့် ဘိုအာတင်းမှာ ပြီးခဲ့သည့် ဂျွန်လက အေစီမီလန်အသင်းနှင့် ပရိုပက်ထရီယာအသင်းတို့ ကစားခဲ့သည့် ခြေစမ်းပွဲ တစ်ခုတွင် ပရိုပက်ထရီယာ ပရိတ်သတ်များ၏ လူမျိုးရေးခွဲခြားမှုများကို ဆိုးရွာစွာ ခံခဲ့ရသောကြောင့် ပွဲကစားနေစဉ် ကွင်းအတွင်းမှ ထွက်ခွာခဲ့သည်အထိ ဖြစ်ခဲ့ရသည်။ 

"လူမျိုးရေးခွဲခြားတဲ့ အပြုအမူတွေကြောင့် ဘိုအာတင်းဟာ အီတလီကနေ ထွက်ခွာချင်ခဲ့တာပါ။ အေစီမီလန် ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ၀င်ရောက်ခွင့်ရရင် အသင်းကထွက်ခွာဖို့ ဘိုအာတင်းနဲ့ ဘာလူစကိုနီ(အေစီဥက္ကဌ) တို့ သဘောတူညီထားတာလည်း ရှိပါတယ်။" ဟု ဂျာမန်အားကစားစာစောင် SportBildPlus သို့ ပီတားစ်က ပြောကြားခဲ့သည်။ 

Ref: Goal.com

RangonNewsDaily:: September 10, 2013

အေစီမီလန်အသင်း၏ ကွင်းလယ်လူဟောင်းဖြစ်သူ ကီဗင် ပရင့်စ် ဘိုအာတင်းမှာ အသင်း ပရိတ်သတ်များ၏ လူမျိုးရေးခွဲခြားမှုများကြောင့် ဂျာမန်သို့ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု ရှော်လ်ကာအသင်း၏ ဒါရိုက်တာဖြစ်သူ ပီတာ ပီတားစ် ကပြောဆိုလိုက်သည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) က ကြေညာချက် ထုတ်ပြန်

RangonNewsDaily:: September 10, 2013

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)
အမှတ် (၉၀၂)၊ ၉ လွှာ၊ ယုဇနတာဝါ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၉ ၄၄၈၀၂၆၃၂၆

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ ကြေညာချက် အမှတ် ၂/၂၀၁၃

Samsung က ထုတ်တဲ့ မိုဘိုင်း OS - Tizen

Photo: Samsung က ထုတ်တဲ့ မိုဘိုင်း OS - Tizen 
 Tuesday, September 10, 2013

Samsung တို့ Independent ဖြစ်တဲ့ မိုဘိုင်းဖုန်း ကုမ္မဏီကြီးတစ်ခု တည်ထောင်ချင်ပုံပေါက်ပါတယ်။ ဖန်တီးမှု နှေးကွေးနေတဲ့ Tizen OS ကို ပိုမိုအလေးပေး ကြိုးစားနေပါပြီ။ 

လက်တလောကပဲ Samsung Galaxy S4 ပေါ်မှာ တင်ထားတဲ့ Samsung တို့ ကိုယ်ပိုင်လုပ် မိုဘိုင်းဖုန်း OS ဖြစ်တဲ့ Tizen ကို ပြသ သွားပါတယ်။ ဒီတော့ စိတ်ဝင်စားစရာပါ။ Android နဲပလည်းမတူ၊ iOS 7 နဲ့လည်း မတူတဲ့ Tizen နောက်ဆုံးထွက် ဗားရှင်း နံပါတ် ၃ (Tizen 3 OS ) ကို ပြသ သွားခြင်း ဖြစ်ပါတယ်။ 

နောက်ဆိုရင် Samsung ရဲ့  မိုဘိုင်းဖုန်းတွေမှာ Tizen ကို အစားထိုးသွားမယ်လို့ ပြောလိုက်တဲ့ သဘောပါပဲ။ ဒီတော့ ကြီးမားတဲ့ ဈေးကွက်ယှဉ်ပြိုင်မှုကြီးတွေ ဖြစ်ပေါ်အုံးမှာပါ။ Tizen ကို ဒီထက်ပိုအဆင့်မြင့်လို့ Samsung ရဲ့  ထုတ်ကုန်တိုင်းမှာ အသုံးပြုသွားဖို့ စီမံကိန်းချထားကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (MM Social Sky)

http://blogs.mmsocialsky.com/?p=77

RangonNewsDaily:: September 10, 2013

Samsung တို့ Independent ဖြစ်တဲ့ မိုဘိုင်းဖုန်း ကုမ္မဏီကြီးတစ်ခု တည်ထောင်ချင်ပုံပေါက်ပါတယ်။ ဖန်တီးမှု နှေးကွေးနေတဲ့ Tizen OS ကို ပိုမိုအလေးပေး ကြိုးစားနေပါပြီ။

ဆီးရီးယားကို မတိုက်ဘဲနေသည်က ပိုအန္တရာယ်များဟု ဂျွန်ကယ်ရီဆို

RangonNewsDaily:: September 10, 2013

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆီးရီးယားက ဓာတုလက်နက် သုံးခြင်းကို ပြန်မတိုက်ဘဲနေခြင်း သာလျှင် ပိုပြီးအန္တရာယ် ကြီးမားကြောင်း သတိပေး ပြောဆိုလိုက်သည်ဟု BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစတင်ထွက်ခွာ

Photo

RangonNewsDaily:: September 10, 2013
အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်အဖြစ် ပိုလန်၊ ဟန်ဂေရီနှင့်
ဥရုဂွေးနိုင်ငံများသို့ ယနေ့ည (၇း၃၀) နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာပြီး

မြန်မာ-ဂျပန် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ သိမ်ဖြူ၌ ကျင်းပမည်

RangonNewsDaily:: September 10, 2013

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး Wazo Travels နှင့် NAING MOE ENTERTAINMENTမှ စီစဉ် ကျင်းပသည့် မြန်မာ- ဂျပန်ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကိုလာမည့် စက်တင်ဘာ၂၁ရက်တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ သိမ်ဖြူမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပမည်ဖြစ်သည်။

ကျောက်မီးသွေးစက်ရုံကို ဥပဒေနဲ့အညီ ကြီးကြပ်ပေးဖို့ တိုက်တွန်း

Photo: ကျောက်မီးသွေးစက်ရုံကို ဥပဒေနဲ့အညီ ကြီးကြပ်ပေးဖို့ တိုက်တွန်း
Tuesday, September 10, 2013

တနင်္သာရီတိုင်း ကော့သောင်းမြို့ ရွှေပြည်သာ နဲ့ အေးရိပ်ငြိမ်ရပ်ကွက်တွေအနားမှာ တည်ဆောက် ထားတဲ့ ကျောက်မီးသွေးစက်ရုံကို ဥပဒေနဲ့အညီ ကြီးကြပ်ဆောင်ရွက်ပေးဖို့ ကော့သောင်းမြို့အခြေစိုက် ဒီမိုကရက်တစ်ပါတီ (မြန်မာ)ခေါင်းဆောင်တွေ က ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကို ဒီနေ့ တင်ပြလိုက်ကြတယ်လို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ နိုင်ငံရေးပါတီခေါင်းဆောင်တွေအပြင် ဒေသခံပြည်သူတွေနဲ့ ဒီနေ့ မနက်ပိုင်းက တွေ့ဆုံစဉ်မှာ တင်ပြခဲ့တာဖြစ်ကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က တနင်္သာရီတိုင်း စည်းရုံးရေးမှူး ဦးသန်းထွန်း က RFA ကို ပြောပါတယ်။

"အန္တရာယ်ရှိတဲ့ ကျောက်မီးသွေးစက်ကို ပြည်သူ လူထု အမြောက်အများနေတဲ့နေရာမှာ လာဆောက် ထားတဲ့ကိစ္စ၊ ပြီးတော့ ကျောက်မီးသွေး စက်ရုံက တစ်ယူနစ်ကို ၃၇၀ ကနေ ၉၀၀ အထိ ကောက်ခံနေ တဲ့အကြောင်း၊ အဲဒီဟာတွေကို လွှတ်တော်မှာရှိတဲ့ ဥပဒေအတိုင်း ပြန်လည်ပြုပြင်ပေးသင့်ကြောင်းကို ကျွန်တော်ကတင်တာ"

အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒေသခံတွေကလည်း ကော့သောင်း မြို့မှာ ပုံမှန်လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးဆိုင်ရာ အခက်အခဲတွေကို တင်ပြခဲ့ကြပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းဟာ တနင်္သာရီတိုင်း ထားဝယ်မြို့က ဒေသခံတွေနဲ့လည်း မနေ့က တွေ့ဆုံခဲ့ပါတယ်။

RFA

RangonNewsDaily:: September 10, 2013

တနင်္သာရီတိုင်း ကော့သောင်းမြို့ ရွှေပြည်သာ နဲ့ အေးရိပ်ငြိမ်ရပ်ကွက်တွေအနားမှာ တည်ဆောက် ထားတဲ့ ကျောက်မီးသွေးစက်ရုံကို ဥပဒေနဲ့အညီ ကြီးကြပ်ဆောင်ရွက်ပေးဖို့ ကော့သောင်းမြို့အခြေစိုက် ဒီမိုကရက်တစ်ပါတီ (မြန်မာ)ခေါင်းဆောင်တွေ က ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကို ဒီနေ့ တင်ပြလိုက်ကြတယ်လို့ သိရပါတယ်။

ကိုယ့်ကိုယ်ကိုသတ်သေရန် ကြံစည်ခဲ့ဖူးကြောင်း Prison Break မင်းသား ၀ါ့သ်ဝေါ့မီလာ ထုတ်ဖော်

Photo: ကိုယ့်ကိုယ်ကိုသတ်သေရန် ကြံစည်ခဲ့ဖူးကြောင်း Prison Break မင်းသား ၀ါ့သ်ဝေါ့မီလာ ထုတ်ဖော်
Tuesday, September 10, 2013

Prison Break မင်းသား ၀ါ့သ်ဝေါ့မီလာက သူ့ရဲ့ငယ်စဉ်ဘ၀မှာ အလွန်ကြမ်းတမ်းခဲ့ပြီး အသက် ၁၅ နှစ် အရွယ်ခန့်ကဆိုလျှင် ကိုယ့်ကိုယ်ကိုသတ်သေရန်ပင် ကြိုးပမ်းခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်လခန့်က မိန်းမလျာဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့တဲ့ မီလာက ၎င်း၏ငယ်ဘ၀မှာ လိင် ပိုင်းဆိုင်ရာရှုပ်ထွေးမှုတွေကြောင့် စိတ်ဓာတ်ကျကာ သတ်သေရန် ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အခမ်းအနားတစ်ခုမှာ မီလာကသူ့ရဲ့ဘ၀အကြောင်း ပြောဆိုခဲ့ရာမှာ မိဘများမရှိတဲ့တစ်နေ့မှာသူဟာ ဆေးတွေအလွန်အကျွံသုံးစွဲပြီး သေကြောင်းကြံခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။ “ကျွန်တော့်ကိုကျွန်တော် ပထမဆုံးသတ်သေဖို့ ကြိုးစားခဲ့ဖူးတာ အသက် ၁၅ နှစ်တုန်းကပေါ့။ စနေ၊ တနင်္ဂနွေမှာ ကျွန်တော့်အဖေ နဲ့အမေ အပြင်ထွက်တဲ့အထိ ကျွန်တော်စောင့်နေခဲ့ပြီး ကျွန်တော်တစ်ယောက်တည်းရှိနေတယ်ဆိုတာ သေချာတဲ့အခါ ဆေးပုလင်းတစ်လုံးလောက်ကို ကျွန်တော်သောက်လိုက်ပါတယ်။ 

အဲဒီနောက်ရက် တော်တော်များများကြာအောင် ဘာတွေဖြစ်နေသလဲဆိုတာ ကျွန်တော်မမှတ်မိတော့ပါဘူး။ ကျွန်တော် မှတ်မိလာတဲ့အချိန်ရောက်တော့ ကျွန်တော်ကျောင်းကားပေါ်မှာရောက်နေပြီး အရာအားလုံးကလည်း အေးဆေးပါပဲ။ အဲဒီအချိန်မှာ ကျွန်တော့်ကိုတစ်ယောက်ယောက်က ငိုယိုပြီး အကူအညီတောင်းလာခဲ့ရင် တောင် ကျွန်တော်ပေးနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း သူများဆီကမတောင်း ချင်လို့ပါ” လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ သူဟာဘ၀ကို အကောင်းဆုံးပြန်လည် တည်ဆောက်နိုင် ခဲ့ပြီး အောင်မြင်မှုတစ်ခု ရရန် ကြိုးစားခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် သူကသူဟာ မိန်းမလျာတစ်ယောက်ဖြစ်တယ်လို့ ဖွင့်ပြောဖို့ အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် တမင်လျှို့ဝှက်ထားခဲ့ပြီး အဲဒီလိုပြောဆိုလိုက်တာဟာ သူ့ရဲ့ အလုပ်ကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ လိမ်ဖို့ရွေးချယ်ခဲ့တာဖြစ်တယ်လို့ မီလာကရှင်းပြခဲ့ပါတယ်။

အောင်သုတ
မဇ္ဈိမ

RangonNewsDaily:: September 10, 2013

Prison Break မင်းသား ၀ါ့သ်ဝေါ့မီလာကသူ့ရဲ့ငယ်စဉ်ဘ၀မှာအလွန်ကြမ်းတမ်းခဲ့ပြီးအသက်၁၅ နှစ်အရွယ်
ခန့်ကဆိုလျှင် ကိုယ့်ကိုယ်ကိုသတ်သေရန်ပင် ကြိုးပမ်းခဲ့ဖူးကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့