Pages

Tuesday, September 10, 2013

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) က ကြေညာချက် ထုတ်ပြန်

RangonNewsDaily:: September 10, 2013

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)
အမှတ် (၉၀၂)၊ ၉ လွှာ၊ ယုဇနတာဝါ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၉ ၄၄၈၀၂၆၃၂၆

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ ကြေညာချက် အမှတ် ၂/၂၀၁၃

၁။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ထံသို့ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၁၃ခုနှစ် သြဂုတ်လ(၂၃)ရက် နေ့စွဲပါ စာအမှတ်၊ ၁-၆(၆၈)/၂၀၁၃(၂၉၃၁) ဖြင့်Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သည့် “သမ္မတရုံး ညွှန်ကြားချက်ဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းအား ရုပ်ရှင်အစည်းအရုံးနှင့် အနုပညာရှင်များမှ ကန့်ကွက်မည်” သတင်းတွင် သမ္မတရုံး၏ ညွှန်ကြားချက်ဖြင့် ဆိုသော ဖြော်ပချက်သည် စွပ်စွဲပြောဆိုချက် ဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက ထိုအသုံးအနှုန်းဖြင့် ပြောဆိုခဲ့ခြင်း မရှိသည့်အတွက် စာနယ်ဇင်းကောင်စီ(ယာယီ) အနေနှင့် Daily Eleven သတင်းစာအား လိုအပ်သလို ထိန်းသိမ်း အကြောင်းကြားပေးပါရန် ညှိနှိုင်းအပ်ပါကြောင်း စာပေးပို့ခဲ့ပါသည်။

၂။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သည် အထက်ဖော်ပြပါ အကြောင်းကြားစာကို စက်တင်ဘာလ(၄)ရက်နေ့တွင် လက်ခံ ရရှိပါသည်။ယင်းစာနှင့် ပတ်သက်၍ အတိုင်ကြားခံရသူ Daily Eleven ကို ကောင်စီက မည်သည့် ညှိနှိုင်းဆောင်ရွက်မှု၊ အကြောင်းကြားမှုမျှ ယနေ့အချိန်အထိ မလုပ်ဆောင်ရသေးပေ။

၃။ ကောင်စီ၏ လုပ်ထုံးလုပ်နည်းအရ တိုင်ကြားခံရသူ များကို တရားဝင်ဖိတ်ခေါ် အသိပေးခြင်း မပြုသေးမီ အသိပေးလေ့ မရှိသော်လည်း ကောင်စီဝင်လည်းဖြစ်၊ တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ (Complaint Commit) ဝင်လည်းဖြစ် သည့်အပြင် တိုင်ကြားခံရသည့် Daily Eleven နှင့် သက်ဆိုင်သူလည်းဖြစ်သူ ဒေါက်တာသိန်းမြင့်က ယင်းတိုင်ကြားစာကို သိရှိလိုပါကြောင်း ပြောကြားသည့်အတွက် Complaint Committee ဝင်များ၏ ခွင့်ပြုချက်အရ ကောင်စီရုံးအဖွဲ့က Complaint Committee ဝင်တစ်ဦးဖြစ်သူ ဒေါက်တာသိန်းမြင့်ကို အသိပေးခဲ့ပါသည်။

၎။ အဆိုပါတိုင်ကြားစာနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ Complaint Committee က တစ်စုံတစ်ရာ ဆောင်ရွက်ခြင်း လုံးဝ(လုံးဝ) မရှိသေးပါ။ ကော်မတီ အနေနှင့် တိုင်ကြားခံရသူ Daily Eleven သတင်းစာကို အသိပေးခြင်းမဟုတ်ပဲ Daily Eleven သတင်းစာနှင့် သက်ဆိုင်သူ ဒေါက်တာသိန်းမြင့်ကိုသာ ကော်မတီဝင်တစ်ဦး အနေနှင့် အသိပေးခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် ကောင်စီဝင်များသာ သိခွင့်ရှိသည့် သီးသန့် လျှို့ဝှက်အကြောင်းအရာ Confidential ဖြစ်ပါသည်။

၅။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)၏ တာဝန်မှာ သတင်းမီဒီယာများကို စာနယ်ဇင်းကျင့်ဝတ် များနှင့် အညီဖြစ်စေရန် စေ့စပ်၊ ညှိနှိုင်း၊ ဆောင်ရွက်ပေးရန်သာ ဖြစ်ပြီး စာနယ်ဇင်းများကို ဖိနှိပ်ခြင်း၊ အရေးယူခြင်း၊ သတိပေးခြင်းများ ဆောင်ရွက်ရန်မရှိပါ။ ကောင်စီ၏ မူလရှိနေခဲ့သည့် ရပ်တည်ချက်၊ ခံယူချက်၊ ဦးတည်ချက် များလည်း လုံးဝ(လုံးဝ) ပြောင်းလဲခြင်းမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(
ယာယီ)
The Voice, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment