Pages

Tuesday, September 10, 2013

ချင်းပြည်နယ် ဖလမ်းမြို့ မြေပြိုမှု ကျေးရွာနှစ်ရွာ ရွှေ့ပြောင်းမည်

Photo: ဖလမ်းမြေပြိုမှု ကျေးရွာနှစ်ရွာ ရွှေ့ပြောင်းမည်
Tuesday, September 10, 2013

ချင်းပြည်နယ် ဖလမ်းမြို့တွင် သြဂုတ်လ ၂၃ ရက်နေ့က ဖြစ်ပေါ်ခဲ့သော မြေပြိုမှုကြောင့် ကျေးရွာနှစ်ရွာကို ပြောင်းရွှေ့မည် ဖြစ်ကြောင်း ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက The Voice သို့ ပြောကြားသည်။

“အဲဒီကရွာတွေ အန္တရာယ်များပါတယ်။ နောက်ထပ် ဖြစ်ပွားလာမယ့် ဘေးအန္တရာယ်ဒဏ် ဆက်မကြုံရအောင် ကျေးရွာတွေကို ရွှေ့ပြောင်းရဖို့ စီစဉ်ရတာပါ။ အဲဒီကို သွားရောက်လေ့လာခဲ့တဲ့ ဘူမိဗေဒ ပညာရှင်တွေကလည်း မနေသင့်ဘူးလို့ မှတ်ချက်ပေးပါတယ်” ဟု ၎င်းကဆိုသည်။

ပြောင်းရွှေ့ရမည် ဆိုသော်လည်း အချိန်သတ်မှတ်မထားဘဲ အဆိုပါဒေသခံများ အဆင်ပြေသလို ပြောင်းရွှေ့စေမည်ဖြစ်ပြီး လိုအပ်သော အကူအညီများ ပေးနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။

ချင်းပြည်နယ် ဇာလိုင်နှင့် လိုင်ဇိုး ကျေးရွာကြားရှိ တိုင်နောက်လိုဗား (ဦးတိုင်နောက်၏ တောင်ယာချောင်း) ထိပ်မှ သြဂုတ်လ ၂၃ ရက်နေ့က မြေပြိုဆင်းလာမှုကြောင့် နေအိမ်ခြောက်လုံး ပျက်စီးခဲ့ရပြီး ဇာလိုင်ကျေးရွာ ဒေသခံများ ဖလမ်းမြို့နှင့် အခြားနီးစပ်ရာ လိုင်ဇိုင်း၊ အယ်လ်မွန်ပီး၊ လုံပီး စသောကျေးရွာများသို့ ပြောင်းရွှေ့နေထိုင် ခဲ့ရကြောင်း ဇာလိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမန်းလျံဟရဲက ပြောကြားသည်။

“အခု ရွာထဲမှာ အက်ကြောင်းတွေ လိုက်လာပေမယ့် စိုးရိမ်ရတဲ့ အနေအထားတော့ မရှိသေးပါဘူး။ ရွာမှာမနေရဲဘဲ ပြောင်းချင်တဲ့သူလည်း ရှိနေတယ်။

ဒါပေမဲ့ ပြောင်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ခေါ်အသိပေး အကြောင်းကြားတာမျိုး မရှိသေးပါဘူး” ဟု လိုင်ဇိုးကျေးရွာမှ ခရစ်ယာန် သင်းအုပ်ဆရာ ဦးခင်ဘွဲ့မာန်က ဆိုသည်။

ဇာလိုင်ကျေးရွာတွင် အိမ်ခြေ ၈၂ လုံး၊ လိုင်ဇိုးကျေးရွာတွင် အိမ်ခြေ ၈၄ လုံး ရှိကာ မြေပြိုမှုကြောင့် နစ်မြုပ်ပျက်စီးခဲ့သော အိမ်ထောင်စုများအတွက် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုတစ်စုလျှင် ကျပ်တစ်သိန်းစီ၊ ဖလမ်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက လေးသောင်းကျပ်စီ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက နှစ်သောင်းကျပ်စီ၊ အခြားလူမှုရေး အသင်းအဖွဲ့များမှလည်း လိုအပ်သော ပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေးခဲ့ကြောင်း ဇာလိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမန်းလျံဟရဲက ပြောကြားသည်။

ကျေးရွာတွင် အက်ကြောင်းများ ဖြစ်ပေါ်နေပြီး မြေဆက်ပြိုမည့် အနေအထားများ ဖြစ်ပေါ်နေခြင်းကြောင့် ပြောင်းရွှေ့ရန် စီစဉ်ထားကြောင်း၊ ဖလမ်းမြို့အနီးရှိ ရေနှင့် လျှပ်စစ်မီး အဆင်ပြေသော လုံပီးကျေးရွာအနီး မြေပြန့်တွင် အကွက်ရိုက် ချထားပေးရန် ပြည်နယ်အစိုးရက စီစဉ်နေကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ဆိုသည်။

အဆိုပါ ကျေးရွာများအတွက် အကူအညီ ပေးနိုင်ရန် ပြည်ထောင်စု အစိုးရသို့လည်း တင်ပြထားပြီး ပြန်လည် အကြောင်းကြားထားခြင်း မရှိသေးကြောင်း ဦးကျော်ငြိမ်းက ထပ်မံပြောကြားသည်။ 

The Voice Weekly

RangonNewsDaily:: September 10, 2013

ချင်းပြည်နယ် ဖလမ်းမြို့တွင် သြဂုတ်လ ၂၃ ရက်နေ့က ဖြစ်ပေါ်ခဲ့သော မြေပြိုမှုကြောင့် ကျေးရွာနှစ်ရွာကို
 ပြောင်းရွှေ့မည် ဖြစ်ကြောင်းချင်းပြည်နယ်သစ်တောနှင့်သတ္တုဝန်ကြီး ဦးကျော်ငြိမ်းThe Voice သို့ ပြောကြား
သည်။ “အဲဒီကရွာတွေ အန္တရာယ်များပါတယ်။ နောက်ထပ် ဖြစ်ပွားလာမယ့် ဘေးအန္တရာယ်ဒဏ် ဆက်မကြုံရအောင်
 ကျေးရွာတွေကို ရွှေ့ပြောင်းရဖို့ စီစဉ်ရတာပါ။ အဲဒီကို သွားရောက်လေ့လာခဲ့တဲ့ ဘူမိဗေဒ ပညာရှင်တွေက
လည်း မနေသင့်ဘူးလို့ မှတ်ချက်ပေးပါတယ်” ဟု ၎င်းကဆိုသည်။

ပြောင်းရွှေ့ရမည် ဆိုသော်လည်း အချိန်သတ်မှတ်မထားဘဲ အဆိုပါဒေသခံများ အဆင်ပြေသလို ပြောင်း
ရွှေ့စေမည်ဖြစ်ပြီး လိုအပ်သော အကူအညီများ ပေးနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။

ချင်းပြည်နယ် ဇာလိုင်နှင့် လိုင်ဇိုး ကျေးရွာကြားရှိ တိုင်နောက်လိုဗား (ဦးတိုင်နောက်၏ တောင်ယာချောင်း) ထိပ်မှ သြဂုတ်လ ၂၃ ရက်နေ့က မြေပြိုဆင်းလာမှုကြောင့် နေအိမ်ခြောက်လုံး ပျက်စီးခဲ့ရပြီး ဇာလိုင်ကျေး
ရွာ ဒေသခံများ ဖလမ်းမြို့နှင့် အခြားနီးစပ်ရာ လိုင်ဇိုင်း၊ အယ်လ်မွန်ပီး၊ လုံပီး စသောကျေးရွာများသို့ ပြောင်း
ရွှေ့နေထိုင် ခဲ့ရကြောင်း ဇာလိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမန်းလျံဟရဲက ပြောကြားသည်။

“အခု ရွာထဲမှာ အက်ကြောင်းတွေလိုက်လာပေမယ့်စိုးရိမ်ရတဲ့ အနေအထားတော့မရှိသေးပါဘူး။ရွာမှာမနေ
ရဲဘဲ ပြောင်းချင်တဲ့သူလည်း ရှိနေတယ်။

ဒါပေမဲ့ ပြောင်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ခေါ်အသိပေး အကြောင်းကြားတာမျိုး မရှိသေးပါ
ဘူး” ဟု လိုင်ဇိုးကျေးရွာမှ ခရစ်ယာန် သင်းအုပ်ဆရာ ဦးခင်ဘွဲ့မာန်က ဆိုသည်။

ဇာလိုင်ကျေးရွာတွင် အိမ်ခြေ ၈၂လုံး၊လိုင်ဇိုးကျေးရွာတွင် အိမ်ခြေ ၈၄ လုံး ရှိကာ မြေပြိုမှုကြောင့် နစ်မြုပ်ပျက်
စီးခဲ့သောအိမ်ထောင်စုများအတွက် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုတစ်စုလျှင် ကျပ်တစ်သိန်းစီ၊ ဖလမ်း
ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက လေးသောင်းကျပ်စီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက နှစ်သောင်း
ကျပ်စီ၊ အခြားလူမှုရေး အသင်းအဖွဲ့များမှလည်း လိုအပ်သော ပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေး
ခဲ့ကြောင်း ဇာလိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမန်းလျံဟရဲက ပြောကြားသည်။

ကျေးရွာတွင် အက်ကြောင်းများ ဖြစ်ပေါ်နေပြီး မြေဆက်ပြိုမည့် အနေအထားများ ဖြစ်ပေါ်နေခြင်းကြောင့်
 ပြောင်းရွှေ့ရန် စီစဉ်ထားကြောင်း၊ ဖလမ်းမြို့အနီးရှိ ရေနှင့် လျှပ်စစ်မီး အဆင်ပြေသော လုံပီးကျေးရွာအနီး
 မြေပြန့်တွင်အကွက်ရိုက်ချထားပေးရန် ပြည်နယ်အစိုးရကစီစဉ်နေကြောင်းချင်းပြည်နယ် လူမှုရေးဝန်ကြီး
 ဒေါက်တာဘမောင်က ဆိုသည်။

အဆိုပါ ကျေးရွာများအတွက် အကူအညီ ပေးနိုင်ရန် ပြည်ထောင်စု အစိုးရသို့လည်း တင်ပြထားပြီး ပြန်လည် အကြောင်းကြားထားခြင်း မရှိသေးကြောင်း ဦးကျော်ငြိမ်းက ထပ်မံပြောကြားသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment