Pages

Monday, June 18, 2012

စစ်တွေမြို့နယ်အတွင်း ဒုက္ခသည်စခန်းပေါင်း ၆၇ ခုအထိရှိပြီး လူဦးရေသိန်းနှင့်ချီရှိနေ

AddThis Social Bookmark Button
စစ်တွေမြို့နယ်အတွင်း ဒုက္ခသည်စခန်းပေါင်း ၆၇ ခုအထိရှိပြီး လူဦးရေသိန်းနှင့်ချီရှိနေ
စစ်တွေမြို့တွင်း မီးလောင်ကျွမ်းခဲ့သော ရပ်ကွက်များအား တာဝန်ရှိသူများက ရှင်းလင်းနေစဉ်
စစ်တွေမြို့တွင် ၁၆ ရက်နေ့အထိ အိုးမဲ့အိမ်မဲ့များကို စုဆောင်းထားသော စခန်းပေါင်း ၆၇ ခုအထိ ရှိသွားပြီဖြစ်ပြီး စခန်းများသည် အများအားဖြင့် ဘုန်းတော်ကြီးကျောင်းများဖြစ်ကြောင်းလည်း သိရသည်။အဆိုပါစခန်းများသည် သီးသန့်သတ်မှတ်ထားသော စခန်းများမဟုတ်ဘဲ ခိုကိုးရာမဲ့များအနေဖြင့် လာရောက် ခိုလှုံနေကြသောသူများဖြစ်ကြောင်း၊ ထိုစခန်းများသည် ပြည်နယ်အစိုးရမှ သတ်မှတ်ထားသော စခန်းများမဟုတ်ဘဲ သူ့နည်းသူ့ဟန်ဖြင့် စီစဉ်နေ ထိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

i-pay ကတ်စနစ်ကြောင့် ယာဉ်ပိုင်ရှင်နှင့် ယာဉ်လုပ် သားများမှာလည်း အကျိုးအမြတ်ကို စနစ်တကျမျှဝေ ခံစားနိုင်တော့မည်


i-pay ကတ်စနစ်ကြောင့်  ယာဉ်ပိုင်ရှင်နှင့် ယာဉ်လုပ် သားများမှာလည်း အကျိုးအမြတ်ကို စနစ်တကျမျှဝေ ခံစားနိုင်တော့မည်



ဇွန်(၁၈)ရက်၊၂၀၁၂ခုနှစ်။ 


ငွေသားစနစ်ကို အသုံးပြုနေရာမှ i-pay စနစ်သို့ ပြောင်းလဲလိုက်ခြင်းဖြင့် ၀င်ငွေမှန်အား သိရှိနိုင်သလို  ယာဉ်ပိုင်ရှင်နှင့် ယာဉ်လုပ် သားများမှာလည်း အကျိုးအမြတ်ကို စနစ်တကျမျှဝေ ခံစားနိုင်ရန် မျှော်လင့်ရမည်ဖြစ်ကြောင်း မထသ ဗဟိုဥက္ကဌထံက သိရှိရသည်။ 

လက်ရှိတွင် မထသ ယာဉ်လိုင်းအားလုံးတွင် i-pay ကတ်စနစ်တပ်ဆင် အသုံးပြုရန်စီစဉ်နေပြီး ကနဦးအနေဖြင့် မထသ (၁၂၄)ယာဉ်လိုင်းတွင် တပ်ဆင်နိုင်ရန် လိုအပ်သော ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း မထသ ဗဟိုက သိရှိရသည်။ အဓိပတိယာဉ်လိုင်းများမှ အတွေ့
အကြုံများကို အခြေခံ၍ မထသ (၁၂၄) ယာဉ်လိုင်းတွင် စတင်တပ်ဆင်အသုံး ပြုသွားမည်ဖြစ်ပြီး

မန္တလေးပတ်စ်ပို့ရုံးတွင်လည်း (၂၁)ရက်အတွင်း ပတ်စ်ပို့ထွက်ရှိအောင်ဆောင်ရွက်ပေးမည်


မန္တလေးပတ်စ်ပို့ရုံးတွင်လည်း (၂၁)ရက်အတွင်း ပတ်စ်ပို့ထွက်ရှိအောင်ဆောင်ရွက်ပေးမည်


ဇွန်(၁၈)ရက်၊၂၀၁၂ခုနှစ်။ 


၂၀၁၂ ခုနှစ် ဇူလှိုင်လပထမပတ်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်မည့်နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) ထုတ်ပေးရေးရုံးခွဲတွင် ရန်ကုန်ရုံးကဲ့သို့ ပတ်စ်ပို့များအား(၂၁)ရက်အတွင်း ရရှိအောင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကင်းပတ်စ်ပို့ရုံးက သိရှိရသည်။ 
“မန္တလေးမှာဖွင့်မယ့် ပတ်စ်ပို့ရုံးခွဲမှာလည်း ရန်ကုန်ရုံးအတိုင်းပါပဲ။ ထွေထွေထူးထူးပြောင်းလဲတာမျိုး မရှိပါဘူး။ ပတ်စ်ပို့ တွေကိုလည်း ရန်ကုန်ရုံးမှာလို (၂၁)ရက်နဲ့ ရအောင်လုပ်ပေးမှာပါ။ ဖွင့်မှာကတော့ ဇူလှိုင်ပထမပတ်ထဲမှာပဲ။ ရက်အတိ အကျတော့ မသိသေးဘူး”ဟု ရန်ကင်းပတ်စ်ပို့ရုံးမှ ဗိုလ်ကြီးစိုးထွန်းကပြောသည်။ 

တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ကဦးစီးပြီး ၁၀ တန်းကျောင်းသူ ကျောင်းသား တွေ အခမဲ့ ပညာဒါနကျောင်း တစ်ကျောင်း ဖွင့်လှစ်


တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ကဦးစီးပြီး ၁၀ တန်းကျောင်းသူ ကျောင်းသား တွေ အခမဲ့ ပညာဒါနကျောင်း တစ်ကျောင်း ဖွင့်လှစ်



ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်က ၁၀ တန်းကျောင်းသူကျောင်းသား တွေ ဘာသာစုံ အခမဲ့ပညာသင်ကြားနိုင်ဖို့ 
အတွက် ဒီကနေ့ မနက်ပိုင်းက တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ကဦးစီးပြီး တောကြီးတန်းအခမဲ့ ပညာဒါနကျောင်း တစ်ကျောင်း ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

တွံတေးမြို့နယ် ကျွန်းတောရပ်ကွက် ကန်သာယာ ၁၀ လမ်းမှာ ဒီမနက် ၈ နာရီက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီကျောင်းမှာ ပညာသင်ကြားမည့် ၁၀ တန်းကျောင်းသူကျောင်းသား ၂၀၀ ခန့်တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းဖွင့်ပွဲအခမ်းအနားကို ပရိတ်သတ် ၅၀၀ နီးပါးတက်ရောက်ခဲ့ပြီး တွံတေးမြို့နယ်က အထက ၁ နဲ့ ၂ မှာ ပညာသင်ကြားနေကြတဲ့ ၁၀ တန်း ကျောင်းသူကျောင်းသားတွေကို ဘာသာစုံအခမဲ့သင်ကြားပေးသွား မှာဖြစ်တယ်လို့ တွံတေးမြို့နယ် NLD စည်းရုံးရေးအဖွဲ့ဝင်လည်းဖြစ် အခမဲ့ပညာသင်ကျောင်းတာဝန်ခံလည်းဖြစ်တဲ့ ကိုဇော်မင်းထွန်း က အခုလို ပြောပါတယ်။

နှစ်သိန်း ဖုန်းများ Ring Tune ထည့်သွင်းနိုင်တော့မည်


နှစ်သိန်း ဖုန်းများ Ring Tune ထည့်သွင်းနိုင်တော့မည်



ဇွန်(၁၆)ရက်၊၂၀၁၂ခုနှစ်။ 


ကျပ်နှစ်သိန်းတန် GSM ဖုန်းကဒ်နှင့် CDMA 800MHz ဖုန်းလိုင်းကဒ်များတွင် ဖုန်းတွင်းဂီတသံစဉ် RingTune ထည့်သွင်းအသုံးပြုနိုင်တော့ မည်ဖြစ်ကြောင်း Fortune International က သိရှိရသည်။  
“ဇူလိုင်လအတွင်းမှာ စတင်ပြီး RingTune ထည့်သွင်းခြင်း ဝန်ဆောင်မှုကို တန်ဖိုးနည်း GSM ဖုန်းတွေမှာအသုံး ပြုနိုင်အောင် စီစဉ်ပေး သွားမှာပါ” ဟု Fortune International တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

စစ်တွေမြို့တွင်လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှု့ကြောင့် ဘင်္ဂလီလူမျိုးတစ်ဦး၊ ရခိုင်လူမျိုးတစ်ဦး သေဆုံး

စစ်တွေမြို့တွင်လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှု့ကြောင့် ဘင်္ဂလီလူမျိုးတစ်ဦး၊ ရခိုင်လူမျိုးတစ်ဦး သေဆုံး




စစ်တွေမြို့တွင် ဇွန်လ ၁၇ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှု့ကြောင့် ဘင်္ဂလီလူမျိုးတစ်ဦး၊ ရခိုင်လူမျိုးတစ်ဦး သေဆုံးခဲ့ကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။ 


ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် ည ၇ နာရီအချိန်တွင် လုံခြုံရေးအဖွဲ့က မသင်္ကာဖွယ်ရာ လူတစ်စုကိုတွေ့ရှိသဖြင့် လူစုခွဲရန်ပြောရာ လူစုခွဲခြင်းမရှိသည့် အတွက် ခြောက်လှန့် ပစ်ခတ်သော်လည်း လူစုကွဲသွားခြင်း မရှိသဖြင့် ထပ်မံပစ်ခတ်ရာ ဘင်္ဂလီလူမျိုးတစ်ဦး သေဆုံးခဲ့သည်။

အလားတူ ဇွန်လ ၁၇ ရက်နေ့လည် ၂ နာရီခန့်တွင် မသင်္ကာဖွယ်လူ ၂၀ ခန့်က နာဇီရပ်ကွက်သို့ ဝင်ရောက်မီးရှို့ရန် သွားရောက်နေသည်ဟု ယူဆရသည့်အတွက် တပ်မတော်စစ်ကြောင်းက ခြောက်လှန့်ပစ်ခတ်ရာ ၁၇ နှစ်အရွယ် ရခိုင်အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၇ ဦးကို ထိန်းသိမ်းထားကြောင်း အမှတ် ၁ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။


7Day News Journal

ကမ္ဘာ့အမြင့်မားဆုံး မျှော်စင် အဆောက်အအုံ တစ်ခုကို တရုတ်နိုင်ငံက (၃)လအတွင်း အပြီးဆောက်တော့မည်


ကမ္ဘာ့အမြင့်မားဆုံး မျှော်စင် အဆောက်အအုံ တစ်ခုကို တရုတ်နိုင်ငံက (၃)လအတွင်း အပြီးဆောက်တော့မည်




ကမ္ဘာ့အမြင့်ဆုံး မျှော်စင်အဆောက်အအုံကို ၃ လအတွင်း တည်ဆောက်မည်

စီမံကိန်းတစ်ခု ရေးဆွဲထားကြောင်း သိရှိရသည်။ လက်ရှိတွင် ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံအဖြစ် စံချိန်တင်ထားသည့် ဒူဘိုင်းမှ ဘာ့ဂ်ျကာလီဖာ မျှော်စင်ထက် ကျော်လွန် မြင့်မားသည့် အဆောက်အအုံကို မြန်ဆန်စွာ တည်ဆောက်သွားပြီး တရုတ်နိုင်ငံ၏ ဗိသုကာ အတတ်ပညာ အရည်အသွေးကို ပြသရန် နိုင်ငံ၏ ကျွမ်းကျင်သူများက မျှော်လင့်နေသည်။ 
ဟူနန်ခရိုင်၏ မြို့တော်ဖြစ်သော ချန်ဆာတွင် အထပ် (၂၂၀)မြင့်မားသည့် Sky City အဆောက်အအုံအား (၃)လနှင့် အပြတ်ဆောက်လုပ်ရန် ယခုအခါ စတင် စီမံကိန်းချနေပြီဟု သိရှိရသည်။ 

ဘာ့ဂ်ျကာလီဖာ မျှော်စင်ကို တည်ဆောက်စဉ်က စုစုပေါင်း အချိန် (၅)နှစ်ကြာမြင့်ခဲ့သည်။ ဟူနန်ရှိ BSB ဆောက်လုပ်ရေး ကုမ္ပဏီက ၎င်းတို့သည် ဒေါ်လာ (၆၂၈)သန်း ကုန်ကျမည့် မိုးမျှော် အဆောက်အအုံကြီးအား ရက်ပေါင်း (၉၀)နှင့် အပြီး အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်နေသည်။
 တရုတ်နိုင်ငံ၏ လက်ရှိ အမြင့်မားဆုံး အဆောက်အအုံမှာ (၆၃၂)မီတာ မြင့်မားသည့် ရှန်ဟိုင်းမျှော်စင်ဖြစ်သည်။ ယင်းအဆောက်အအုံသည် အနည်းဆုံး (၆၆၆)မီတာ အမြင့်ရှိမည်ဟု သိရပြီး နိုဝင်ဘာလတွင် စတင်ဆောက်လုပ်က (၂၀၁၃)ခုနှစ်၊ ဇန်န၀ါရီတွင် အပြီးသတ်နိုင်ရန် မျှော်လင့်ထားသည်။ Sky Cityတွင် ဓာတ်လှေကားပေါင်း (၁၀၄)စင်း၊ ကြမ်းခင်းအကျယ် စုစုပေါင်း စတုရန်းမီတာ တစ်သန်းကျော်ထိ ပါဝင်ဖွဲ့စည်းမည်ဟုလည်း သိရှိရသည်။ 
Soruce: DailyMail,Planet Myanmar  

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာသူ မသီတာထွေးအမှု တရားခံများ သေဒဏ်ချမှတ်


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာသူ မသီတာထွေးအမှု 

တရားခံများ သေဒဏ်ချမှတ်





































ရန်ကုန်၊ ဇွန် ၁၈

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာသူ မသီတာထွေးကို မုဒိမ်းကျင့် လုယက် သတ်ဖြတ်ခဲ့သော တရားခံ သုံးဦးကို ဇွန်လ ၁၈ရက်နေ့ နံနက် ၁၁နာရီ ၅၀မိန့်နစ်တွင် သေဒဏ် ပြစ်ဒဏ် ချမှတ် ချမှတ်လိုက်ပြီဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်မှ ရှေ့နေတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုကို ဇွန်လ ၈ ရက်နေ့တွင် ပထမဆုံး အကြိမ် စတင်စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဇွန်လ ၁၁ရက် နေ့မှ ၁၅ရက်နေ့အထိ နှစ်ဖက်လုံးမှ သက်သေများ၊ တရားလို တရားခံများကို စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ သက်သေများ၏ ထွက်ဆိုချက်ကို ရယူပြီ ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

အကူအညီတွေပေးနေသော်လည်း ရခိုင်ပြည်နယ် ဒုက္ခသည်တွေအများစု အကူညီမရသေး



အကူအညီတွေပေးနေသော်လည်း ရခိုင်ပြည်နယ် ဒုက္ခသည်တွေအများစု အကူညီမရသေး



ရခိုင် ဒုက္ခသည် အများအပြားဟာ စာသင်ကျောင်း နဲ့ ဘုန်းကြီးကျောင်း တွေမှာ ခိုလှုံ နေရ
ရခိုင်ပြည်နယ် စစ်တွေမြို့ ပတ်ဝန်းကျင်မှာ ဒုက္ခသည် အရေအတွက် ငါးသောင်းလောက် အထိရှိနေပြီး အဲဒီအထဲမှာ မူဆလင် ဒုက္ခသည် သုံးသောင်းလောက်နဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည် နှစ်သောင်းလောက် ပါဝင်တယ်လို့ ရခိုင်ပြည်နယ် နယ်စပ်ရေးရာနဲ့လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနဲ့ အတူ စနေနေ့က မူဆလင် ဒုက္ခသည် စခန်း တွေကို လှည့်လည် ကြည့်ရှုခဲ့တဲ့ ဘူးသီးတောင် မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ရွှေပါရမီတောရဖောင်ဒေးရှင်းက ကျပ်သိန်း(၁၀၀)ဖိုး ဆေးဝါးများလှူဒါန်း


ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ရွှေပါရမီတောရဖောင်ဒေးရှင်းက ကျပ်သိန်း(၁၀၀)ဖိုး ဆေးဝါးများလှူဒါန်း



ဇွန်(၁၈)ရက်၊၂၀၁၂ခုနှစ်။


ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ရွှေပါရမီတောရကျန်းမားရေးဖောင်ဒေးရှင်း နာယကဆရာတော် အရှင်ဆန္ဒာဓိကမှ ကျပ်ငွေ သိန်းတစ်ရာတန်ဖိုးရှိ ဆေးဝါးများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးထံသို့ ဇွန်လ (၁၇)ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။ 
ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းသည် လူမျိုး၊ ဘာသာမရွေး အခမဲ့ဆေးကုသနေသော အဖွဲ့အစည်းဖြစ်ပြီး ဆေးရုံး၊ ဆေးခန်းများကိုပါ အထောက်အကူပြု ဆေးဝါးကိရိယာများ ပံ့ပိုးပေးနေကြောင်းကိုလည်း သိရသည်။ 

စစ်တွေကမ်းနားတလျှောက် လုံခြုံရေးတိုးမြှင့်ချထား၊ ဈေးနှင့်ကျောင်းများ ပိတ်ထားဆဲ


စစ်တွေကမ်းနားတလျှောက် လုံခြုံရေးတိုးမြှင့်ချထား၊ ဈေးနှင့်ကျောင်းများ ပိတ်ထားဆဲ



ဇွန်(၁၈)ရက်၊၂၀၁၂ခုနှစ်။


ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေတွင် ယခုလ  (၁၅)ရက်နေ့က စတင်ကာ ပဋိပက္ခများ တည်ငြိမ်ခဲ့သော်လည်း မြို့နေရာအနှံ့အပြားနှင့် ကမ်းနားတစ်လျောက်တွင် လုံခြုံရေးများ တိုးမြှင့်ချထားလာကြောင်း သိရှိရသည်။

စစ်တွေတွင် ယခင်က  လုံခြုံရေးချထားခြင်းမရှိသေးသော နေရာများဖြစ်သည့်နေရာ အချို့တွင် လုံခြုံရေး တိုး မြှင့်ချထားမှုများ   ပြုလုပ်လာခြင်းဖြစ်သည်။ မြစ်ကမ်းစပ်နှင့်ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ရဲတပ်သားများ ည အချိန်တွင် ကင်းချထားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောပြသည်။ 

တစ်သောင်းတန်ငွေစက္ကူများ ထွက်ပေါ်လာပြီးနောက်မြန်မာနိုင်ငံတွင် ရွှေဈေးနှုန်းများ ပြန်လည်မြင့်တက်

တစ်သောင်းတန်ငွေစက္ကူများ ထွက်ပေါ်လာပြီးနောက်မြန်မာနိုင်ငံတွင် ရွှေဈေးနှုန်းများ   ပြန်လည်မြင့်တက်




ဇွန်(၁၈)ရက်၊၂၀၁၂ခုနှစ်။ 


မြန်မာနိုင်ငံတွင် တစ်သောင်းတန်ငွေစက္ကူများ ထွက်ပေါ်လာပြီးနောက် ရွှေဈေးနှုန်းများ   ပြန်လည်မြင့်တက်လာကြောင်း    ရွှေအရောင်းဆိုင်ကြီးများက သိရှိရသည်။ “ပိုက်ဆံအသစ်ထွက်တာနဲ့ ရွှေဈေးတစ်သောင်းကျော် ထပ်တက်သွားတယ်။ ကမ္ဘာ့ရွှေဈေး ပြန်တက်လာတာလည်းပါတယ်။ တခြား
 ဒေါ်လာဈေးတို့လည်းလိုက် တက်လာကြတယ်”ဟု ရတနာ ရွှေ အရောင်းဆိုင်က မမြင့်မြင့်စန်းက ပြောသည်။ 

ရန်ကုန်မြို့ ရွှေဈေးကွက်အတွင်း မေလလလယ်ပိုင်းမှ ဇွန်လ လဆန်းပိုင်းဝန်းကျင်အထိ ရွှေတစ်ကျပ် သားလျှင် ကျပ်ငွေ ခုနှစ်သိန်းအောက်ဖြင့် ရပ်တည်နေခဲ့ပြီး ဇွန်လ ပထမအပတ်ကုန်ခါနီးတွင် ကျပ်ငွေ ခုနှစ်သိန်းတစ်သောင်း ဝန်းကျင် သို့ ပြန်လည် ရောက်ရှိခဲ့သည်။“

အလုပ်သမားများ ဆန္ဒထုတ်ဖော်ရာတွင် ဥပဒေနှင့်အညီဖြစ်စေရန် (တ.စ.ည)သို့ အကူအညီတောင်းနိုင်


အလုပ်သမားများ ဆန္ဒထုတ်ဖော်ရာတွင် ဥပဒေနှင့်အညီဖြစ်စေရန် (တ.စ.ည)သို့ အကူအညီတောင်းနိုင်


ဇွန်လ(၁၆)ရက်၊ ၂၀၁၂ခုနှစ်။  

အလုပ်သမားများအား ဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ခွင့်ရရှိစေရန်အတွက် မြို့နယ်အလုပ်သမားရေးရာလုပ်ငန်း အဖွဲ့များထား ရှိကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တ.စ.ည)က သိရှိရသည်။   

အဆိုပါလုပ်ငန်းအဖွဲ့များအား လှိုင်သာယာ၊ ရွှေပြည်သာ၊ စမ်းချောင်းမြို့နယ်များတွင် ဆောင်ရွက်လျက်ရှိပြီး ပါတီဝင်(၅)ဦးမှ (၁၅)ဦးပါဝင်ကာ၊ ပြီးခဲ့သည့် မေလ(၂)ရက်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 


“ကျွန်တော်တို့ အဖွဲ့ဝင်တွေက ရပ်ကွက်တွေဆင်းပြီး အလုပ်သမားတွေ ဆန္ဒပြကြမယ်ဆိုရင် တရားဝင် ဆန္ဒပြ လို့ရအောင် ကူညီ တင်ပြပေးတာပါ။ အခုက အလုပ်သမားတွေက အဖွဲ့အစည်းမဖွဲ့ဘဲနဲ့ ဆန္ဒပြနေကြ တော့ ထိခိုက်နစ်နာတာတွေ ရှိလာတယ်။ ဒီလိုတွေ မဖြစ်ပေါ်အောင် သူတို့ကိုယ်တိုင် တင်ပြပြီး စနစ်တကျ တောင်းဆိုကြမယ်ဆိုရင် ပိုကောင်းတာပေါ့ ” ဟု တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ဦးဝင်းမြင့်က ပြောသည်။  

ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းနေသောကြောင့့်  မြို့ထဲရေဝင်ကာ အိမ်(၁၂)လုံးရေနှင့် မျောပါ


ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းနေသောကြောင့့်  မြို့ထဲရေဝင်ကာ  အိမ်(၁၂)လုံးရေနှင့် မျောပါ 




ဇွန်(၁၆)ရက်၊၂၀၁၂ခုနှစ်။ 


ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းနေသောကြောင့့်  မြို့ထဲရေဝင်ကာ  အိမ်(၁၂)လုံးရေနှင့် မျောပါ သွားပြီး၊ နေအိမ်ရေနစ်မြုပ် မှုများ   ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများအခက်အခဲနှင့် ရင်ဆိုင်နေရသည်။  ဖားကန့်မြို့ ဗလခ သူဌေးချောင်းရွာရှိအိမ်ခြေ (၁၂)လုံးမှာ ဇွန်လ(၁၄)
ရက်နေ့ညက  ရေနှင့်မျောပါ သွားပြီး၊အိမ်ခြေ(၁၀၀)   ကျော် မှာလည်း  ရေနစ်မြုပ်နေကြောင်း ဒေသခံများထံက သိရှိရသည်။ 


ဇွန်(၁၂)ရက်ညမှ မိုးဆက်တိုက် ရွာသွန်းခဲ့သဖြင့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများက   ရေလောင်ကန်များ   ရေပြည့်ရေ လျှံ မှုနှင့် ချောင်းများတွင်မူ ကုမ္ပဏီမှမြေစာသွန်ထားသဖြင့် ရေလျှံလာခြင်းတို့ကြောင့် ၎င်းရွာသို့ ရေဝင်ရောက်နှစ်မြုပ်ခြင်းဖြစ်သည်။  သူဌေးချောင်းရွာမှ အုပ်ချုပ်ရေးမှူး၊ 
ဆယ်အိမ်မှူးတို့က  အကူအညီများလိုက်လံပေးနေသော်လည်း ထိရောက်မှု မရှိသဖြင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ အကူအညီတောင်းခံသည့် စာတင်ပြမည်ဖြစ်ကြောင်း ဗလခသူဌေး ချောင်းဒေသခံများက ဆိုသည်။