Pages

Monday, June 18, 2012

စစ်တွေမြို့တွင်လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှု့ကြောင့် ဘင်္ဂလီလူမျိုးတစ်ဦး၊ ရခိုင်လူမျိုးတစ်ဦး သေဆုံး

စစ်တွေမြို့တွင်လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှု့ကြောင့် ဘင်္ဂလီလူမျိုးတစ်ဦး၊ ရခိုင်လူမျိုးတစ်ဦး သေဆုံး




စစ်တွေမြို့တွင် ဇွန်လ ၁၇ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်မှု့ကြောင့် ဘင်္ဂလီလူမျိုးတစ်ဦး၊ ရခိုင်လူမျိုးတစ်ဦး သေဆုံးခဲ့ကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။ 


ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် ည ၇ နာရီအချိန်တွင် လုံခြုံရေးအဖွဲ့က မသင်္ကာဖွယ်ရာ လူတစ်စုကိုတွေ့ရှိသဖြင့် လူစုခွဲရန်ပြောရာ လူစုခွဲခြင်းမရှိသည့် အတွက် ခြောက်လှန့် ပစ်ခတ်သော်လည်း လူစုကွဲသွားခြင်း မရှိသဖြင့် ထပ်မံပစ်ခတ်ရာ ဘင်္ဂလီလူမျိုးတစ်ဦး သေဆုံးခဲ့သည်။

အလားတူ ဇွန်လ ၁၇ ရက်နေ့လည် ၂ နာရီခန့်တွင် မသင်္ကာဖွယ်လူ ၂၀ ခန့်က နာဇီရပ်ကွက်သို့ ဝင်ရောက်မီးရှို့ရန် သွားရောက်နေသည်ဟု ယူဆရသည့်အတွက် တပ်မတော်စစ်ကြောင်းက ခြောက်လှန့်ပစ်ခတ်ရာ ၁၇ နှစ်အရွယ် ရခိုင်အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၇ ဦးကို ထိန်းသိမ်းထားကြောင်း အမှတ် ၁ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။


7Day News Journal

0 comments:

Post a Comment