Pages

Monday, June 18, 2012

ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းနေသောကြောင့့်  မြို့ထဲရေဝင်ကာ အိမ်(၁၂)လုံးရေနှင့် မျောပါ


ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းနေသောကြောင့့်  မြို့ထဲရေဝင်ကာ  အိမ်(၁၂)လုံးရေနှင့် မျောပါ 




ဇွန်(၁၆)ရက်၊၂၀၁၂ခုနှစ်။ 


ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းနေသောကြောင့့်  မြို့ထဲရေဝင်ကာ  အိမ်(၁၂)လုံးရေနှင့် မျောပါ သွားပြီး၊ နေအိမ်ရေနစ်မြုပ် မှုများ   ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများအခက်အခဲနှင့် ရင်ဆိုင်နေရသည်။  ဖားကန့်မြို့ ဗလခ သူဌေးချောင်းရွာရှိအိမ်ခြေ (၁၂)လုံးမှာ ဇွန်လ(၁၄)
ရက်နေ့ညက  ရေနှင့်မျောပါ သွားပြီး၊အိမ်ခြေ(၁၀၀)   ကျော် မှာလည်း  ရေနစ်မြုပ်နေကြောင်း ဒေသခံများထံက သိရှိရသည်။ 


ဇွန်(၁၂)ရက်ညမှ မိုးဆက်တိုက် ရွာသွန်းခဲ့သဖြင့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများက   ရေလောင်ကန်များ   ရေပြည့်ရေ လျှံ မှုနှင့် ချောင်းများတွင်မူ ကုမ္ပဏီမှမြေစာသွန်ထားသဖြင့် ရေလျှံလာခြင်းတို့ကြောင့် ၎င်းရွာသို့ ရေဝင်ရောက်နှစ်မြုပ်ခြင်းဖြစ်သည်။  သူဌေးချောင်းရွာမှ အုပ်ချုပ်ရေးမှူး၊ 
ဆယ်အိမ်မှူးတို့က  အကူအညီများလိုက်လံပေးနေသော်လည်း ထိရောက်မှု မရှိသဖြင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ အကူအညီတောင်းခံသည့် စာတင်ပြမည်ဖြစ်ကြောင်း ဗလခသူဌေး ချောင်းဒေသခံများက ဆိုသည်။




“ကျွန်တော် ခုပဲ အဲ့ရွာက ပြန်ခဲ့တာ ရေကြီးလို့လေ သူတို့ အိုးခွက် ပန်ကန်တွေအကုန် ပါသွားတယ်။ အရမ်း ခက်ခဲနေတယ်။ ကျွန်တော်တို့လည်း တက်နိုင်သလောက်တော့ ကူညီနေပါတယ်။”ဟု ဖားကန့်မြို့နယ် NLD ပါတီ ကိုယ်စားလှယ်ဦးလရှီးလဆိုင်က   ပြောသည်။  
မှော်ရှန်ချောင်း ရေကြီးလာသည့်အတွက် ဆိုင်းတောင်မြို့လယ်တံတားလည်း ဇွန်လ (၁၂) ရက်တွင် ကျိုးကျသွားခဲ့သည်။ ဆိုင်းတောင်တစ်ဘက်နှင့် တစ်ဘက်ကမ်းသို့ကူးရန် စက်လှေဖြင့် သွားလာနေရသည်။ 



ဆိုင်ကယ်တစ်စီးလျှင် စက်လှေခကျပ်ငွေ(၁၅၀၀)၊ လူတစ်ဦးလျှင်ကျပ်(၂၀၀) ပေးနေရသဖြင့် ဒေသခံများ ခရီးသွားလာမှုစရိတ်မြင့် တတ်လျက်ရှိကြောင်းကိုလည်း သိရှိရသည်။  ယခုတွင် ဖားကန့်မြို့မှ ဆိုင်းတောင်ကျေးရွာကြားရှိ ကားလမ်းမတွင် ရေပြည့်နေသဖြင့် တိုက်ရိုက်သွား
လာ၍ မရပဲ  ရွာဟောင်းရွာ - ဂျန်ဂမ်ရွာဘက်မှ ပတ်၍ သွားလာနေရသည်။
  


“ဒီလို ရေကြီးနေရင်ဆက်ပြီး ဒုက္ခရောက်မှာဘဲ။ တာဝန်ရှိသူတွေလည်း ရေဝင်နေတဲ့ ရွာတွေကို ရွှေ့ပြောင်းဖို့ ကူညီပေးဖို့ရန် လိုအပ်တယ်။ နောက်ပြီး ရေမကြီးအောင် ကာကွယ်ဖို့လည်း လုပ်ရမယ်”ဟု ဦးလရှီးလဆိုင်းက သူ၏ အမြင်အား မြစ်မခသို့ ပြောသည်။ ဖားကန့်မြို့နယ်တွင် မိုးရာသီရောက်တိုင်း
 ရေကြီးမှုပြဿနာ၊ မြေပြို၍လူသေမှုများ နှစ်စဉ်ဖြစ်ပွားနေသည်။ မိုးများခြင်းကြောင့် ဥရုချောင်းရေကြီးကာ အေးမြသာယာရပ်ကွက်၊ မြို့မရပ်ကွက်၊ ဌက်ပျော်တောရပ်ကွက်များလည်း နှစ်စဉ်ရေဝင်ရောက် လျက်ရှိပြီး   မှော်ရှန်ချောင်းရေကြီးခြင်းမူကြောင့် ဆိုင်းတောင်ရွာလယ်တစ်ခုလုံး ရေနှစ်မြှပ်သွားကာ ဒေသခံများ အခက်ကြုံနေရသည်။ 


“သမင်မွေးရင်း ကျားစာရင်း၊ ပလိုင်းပေါက်နှင့် ဖားကောက် ဆိုသလို ရွံ့တွေကို ကျောက်၊သဲတွေ ဖို့တယ်။ မထူးဘူး ည ရေပြန်ဝင်တယ်။ အိမ်တစ်အိမ်လုံးပြောင်းမှ ဖြစ်မယ်”ဟု ဆိုင်းတောင်ဒေသခံတစ်ဦးက ပြောသည်။


  ဂျာတော့(ပ်) (မြစ်မခ)

0 comments:

Post a Comment