Pages

Monday, June 18, 2012

ကမ္ဘာ့အမြင့်မားဆုံး မျှော်စင် အဆောက်အအုံ တစ်ခုကို တရုတ်နိုင်ငံက (၃)လအတွင်း အပြီးဆောက်တော့မည်


ကမ္ဘာ့အမြင့်မားဆုံး မျှော်စင် အဆောက်အအုံ တစ်ခုကို တရုတ်နိုင်ငံက (၃)လအတွင်း အပြီးဆောက်တော့မည်




ကမ္ဘာ့အမြင့်ဆုံး မျှော်စင်အဆောက်အအုံကို ၃ လအတွင်း တည်ဆောက်မည်

စီမံကိန်းတစ်ခု ရေးဆွဲထားကြောင်း သိရှိရသည်။ လက်ရှိတွင် ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံအဖြစ် စံချိန်တင်ထားသည့် ဒူဘိုင်းမှ ဘာ့ဂ်ျကာလီဖာ မျှော်စင်ထက် ကျော်လွန် မြင့်မားသည့် အဆောက်အအုံကို မြန်ဆန်စွာ တည်ဆောက်သွားပြီး တရုတ်နိုင်ငံ၏ ဗိသုကာ အတတ်ပညာ အရည်အသွေးကို ပြသရန် နိုင်ငံ၏ ကျွမ်းကျင်သူများက မျှော်လင့်နေသည်။ 
ဟူနန်ခရိုင်၏ မြို့တော်ဖြစ်သော ချန်ဆာတွင် အထပ် (၂၂၀)မြင့်မားသည့် Sky City အဆောက်အအုံအား (၃)လနှင့် အပြတ်ဆောက်လုပ်ရန် ယခုအခါ စတင် စီမံကိန်းချနေပြီဟု သိရှိရသည်။ 

ဘာ့ဂ်ျကာလီဖာ မျှော်စင်ကို တည်ဆောက်စဉ်က စုစုပေါင်း အချိန် (၅)နှစ်ကြာမြင့်ခဲ့သည်။ ဟူနန်ရှိ BSB ဆောက်လုပ်ရေး ကုမ္ပဏီက ၎င်းတို့သည် ဒေါ်လာ (၆၂၈)သန်း ကုန်ကျမည့် မိုးမျှော် အဆောက်အအုံကြီးအား ရက်ပေါင်း (၉၀)နှင့် အပြီး အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်နေသည်။
 တရုတ်နိုင်ငံ၏ လက်ရှိ အမြင့်မားဆုံး အဆောက်အအုံမှာ (၆၃၂)မီတာ မြင့်မားသည့် ရှန်ဟိုင်းမျှော်စင်ဖြစ်သည်။ ယင်းအဆောက်အအုံသည် အနည်းဆုံး (၆၆၆)မီတာ အမြင့်ရှိမည်ဟု သိရပြီး နိုဝင်ဘာလတွင် စတင်ဆောက်လုပ်က (၂၀၁၃)ခုနှစ်၊ ဇန်န၀ါရီတွင် အပြီးသတ်နိုင်ရန် မျှော်လင့်ထားသည်။ Sky Cityတွင် ဓာတ်လှေကားပေါင်း (၁၀၄)စင်း၊ ကြမ်းခင်းအကျယ် စုစုပေါင်း စတုရန်းမီတာ တစ်သန်းကျော်ထိ ပါဝင်ဖွဲ့စည်းမည်ဟုလည်း သိရှိရသည်။ 
Soruce: DailyMail,Planet Myanmar  

0 comments:

Post a Comment