Pages

Monday, June 18, 2012

စစ်တွေကမ်းနားတလျှောက် လုံခြုံရေးတိုးမြှင့်ချထား၊ ဈေးနှင့်ကျောင်းများ ပိတ်ထားဆဲ


စစ်တွေကမ်းနားတလျှောက် လုံခြုံရေးတိုးမြှင့်ချထား၊ ဈေးနှင့်ကျောင်းများ ပိတ်ထားဆဲ



ဇွန်(၁၈)ရက်၊၂၀၁၂ခုနှစ်။


ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေတွင် ယခုလ  (၁၅)ရက်နေ့က စတင်ကာ ပဋိပက္ခများ တည်ငြိမ်ခဲ့သော်လည်း မြို့နေရာအနှံ့အပြားနှင့် ကမ်းနားတစ်လျောက်တွင် လုံခြုံရေးများ တိုးမြှင့်ချထားလာကြောင်း သိရှိရသည်။

စစ်တွေတွင် ယခင်က  လုံခြုံရေးချထားခြင်းမရှိသေးသော နေရာများဖြစ်သည့်နေရာ အချို့တွင် လုံခြုံရေး တိုး မြှင့်ချထားမှုများ   ပြုလုပ်လာခြင်းဖြစ်သည်။ မြစ်ကမ်းစပ်နှင့်ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ရဲတပ်သားများ ည အချိန်တွင် ကင်းချထားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောပြသည်။ 



''ကမ်းနားလမ်းတစ်လျှောက်ပေါ့၊ ညဆိုရင် ရဲကင်းတွေ  နေရာအနှံ့ချထားတာ တွေရပါတယ်၊ ဒါအပြင် စစ်တွေ ဟိုတယ်ဘက် ပင်လယ် ကမ်းခြေမှာလည်း ရဲကင်းချထားတာတွေ့ရပါတယ်၊ အထူးသဖြင့် ဘင်္ဂါလီတွေ ရေ ကြောင်းကနေ ဝင်လာမှာကို ကာကွယ်တဲ့အတွက်ပါ ''ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ရွှေပြားရပ်ကွက်ရှိ မြစ်ကြောင်းတစ်လျှောက် လျှပ်စစ်မီးများထွန်းထားရပြီး ရဲနှင့် အရပ်သားများကပူးပေါင်း၍ ကင်းစောင့်ရကြောင်း   ရွှေပြားရပ်ကွက်က ဒေသခံတစ်ဦးက ပြောသည်။



''ရပ်ကွက်လုံခြုံရေးကို ရဲ နဲ့ ပြည်သူတွေနဲ့ပေါင်းပြီးကင်းစောင့်နေကြရပါတယ်၊ မြစ်ကမ်းတစ်လျှောက်လည်း မီးချောင်းတွေ ထွန်ထား ရပါတယ်၊ပြီးတော့ ဆလိုက်မီးနဲ့လည်း မြစ်ဘက်ကို မကြာမကြာထိုးပေးရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဘင်္ဂါလီတွေ က   မြစ်ဘက် ကနေ မလာဘူးလို့ပြောလို့မရဘူး ဒါကြောင့် ကျနော်တို့က ညနေဆိုရင် ကင်းချထားရပါတယ်''ဟု ရွှေပြားဒေခံတစ်ဦးက ရှင်းပြသည်။ 

လက်ရှိ အနေအထားအရ ဘင်္ဂါလီများကို စစ်တွေမြို့ပြင်ရှိ ဘုမေနှင့်  ရေချိုးဆိပ် သဲချောင်းတို့တွင် ယာယီ နေရာချေ ပးထားပြီး   ကျောင်းကြီးလမ်းရပ်ကွက်နှင့် အောင်မင်္ဂလာတို့တွင် ဘင်္ဂါလီ အများအပြားကျန်ရှိနေသေး ကြောင်းကိုလည်း သိရသည်။
  


မင်းရပ်ကွက်နှင့် နေရာအချို့တွင်  စစ်တပ်နှင့် ရဲလုံခြုံရေးချထားဆဲဖြစ်သလို ညမထွက်ရအမိန့်လည်း ထုတ်ပြန် ထားဆဲဖြစ်သည်။
'’ ကာဖျုးထုတ်လိုက်ခြင်းအားဖြင့်လည်း လုံခြုံရေးအတွက် အထောက်အကူဖြစ်စေတာပေါ့''ဟု မင်းဂံရပ်ကွက်မှ ကိုထွန်းမင်းက   ပြောပြသည်။ စစ်တွေမြို့တွင် တည်ငြိမ်သွားသည့်တိုင် ဈေးအချို့နှင့် စာသင်ကျောင်းများမှာ ပိတ်ထားဆဲဖြစ်သည်။ 

တစ်ပတ်အတွင်းရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများတွင်   မေလမှစ၍ ဇွန်လ(၁၅)ရက်နေ့ အထိ သေဆုံးသူ (၅၀) ၊ဦး ထိခိုက်ဒဏ်ရာရသူ  (၅၄) ဦး ရှိကြောင်း အစိုးရသတင်းများတွင်ကြေညာထားသော် လည်း ဒေသခံများ၏ ကောက်ယူမှုစာရင်းများနှင့် ကွာဟချက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများကဆိုသည်။


မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)

0 comments:

Post a Comment