Pages

Monday, February 29, 2016

ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစနစ် တရုတ်လုပ်ကိုင်ခွင့်ရခြင်းလုံခြုံရေးအတွက် စိုးရိမ်ရဟု တင်ဒါပြိုင်ကုမ္ပဏီများ ကန့်ကွက်

RangonNewsDaily:: February . 29 .2016
ရန်ကုန်မြို့ လုံခြုံရေးကို စိုးရိမ်ရသဖြင့် ဗဟိုမီးပွိုင့်ထိန်း ချုပ်ရေးစနစ်အတွက် တရုတ်အစိုးရပိုင်ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေး လိုက်ခြင်းအပေါ် ကန့်ကွက် ကြောင်း တင်ဒါဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့် ကုမ္ပဏီသုံးခုက ဆို သည်။

"တောင်တွင်းကြီးတွင် မီးလောင်မှု ဖြစ်ပွား "


RangonNewsDaily:: February . 29 .2016
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ညာဂမိုးအုပ်စု၊ ဖျောက်ဆိပ်ကုန်းကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ (၂၉) ရက် မွန်းလွဲ (၃)နာရီဲ အချိန်ခန့်မှစတင်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ညနေ ၄နာရီအချိန်တွင် မီးညွန့်ကျိုးပြီ အိမ်ခြေ ၁၀၀ ကျော်ခန့် မီးဘေးသင့်ခဲ့သည်။

ကလေးမြို့တွင် ဆောက်လက်စတိုက်တစ်လုံး ကွန်ကရစ်လောင်းစဉ် ပြိုကျခဲ့ပြီး လူနှစ်ဦးသေဆုံး


RangonNewsDaily:: February . 29 .2016
ကလေးမြို့တွင် ဆောက်လက်စ တိုက်တစ်လုံးမှ ကွန်ကရစ်လောင်းနေစဉ် ပြိုကျမှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုင်ငံပိုင် စက်သုံးဆီဆိုင် ၂၆၁ ဆိုင်ကို ရရှိထားသည့် ပုဂ္ဂလိက ကုမ္ပဏီများစာရင်း အစိုးရက ထုတ်ပြန်


RangonNewsDaily:: February . 29 .2016
နိုင်ငံပိုင် စက်သုံးဆီဆိုင် ၂၆၁ ဆိုင်ကို ရရှိထားသည့် ပုဂ္ဂလိက ကုမ္ပဏီများ စာရင်းအား ဖေဖော်ဝါရီ ၂၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ရေနံချောင်းတွင် ဧရာဝတီမြစ်ကမ်းပါး ဆက်တိုက်ပြိုကာ ရွာလုံးကျွတ်နီးပါး ပြောင်းရွှေ့ရ


RangonNewsDaily:: February . 29 .2016
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါး များ ပြိုကျနေမှုကြောင့် ရွာလုံးကျွတ်နီးပါး ပြောင်းရွှေ့နေကြရပြီး ယင်းကျေးရွာရှိဒေသခံများမှာ စားဝတ်နေရေးအခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

စစ်တွေမြို့နယ်အတွင်း န၀မတန်း စာမေးပွဲ နောက်ဆုံးနေ့တွင် မေးခွန်း ပေါက်ကြားခဲ့သောကြောင့် စာမေးပွဲ ဖြေဆိုချိန် ပြောင်းလဲခဲ့ရ

RangonNewsDaily:: February . 29 .2016
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း န၀မတန်း စာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှ စတင် စစ်ဆေးလျက်ရှိရာ စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖြေဆိုမည့် ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာတို့မှာ ပေါက်ကြားခဲ့ကြောင်းနှင့် နေ့စဉ်ဖြေဆိုနေကျ နံနက် ၉ နာရီအစား မွန်းလွဲ ၁ နာရီသို့ ပြောင်းလဲ ဖြေဆိုစေခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ် နေအိမ်တစ်အိမ်တွင် ကျပ်သိန်းလေးထောင်ခန့် တန်ဖိုးရှိ ရွှေတုံးများ ခိုးယူခံရ

RangonNewsDaily:: February . 29 .2016
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေ (၂၃)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ကျပ်သိန်းလေးထောင်ခန့်တန်ဖိုးရှိ ရွှေတုံးများနှင့် ကျပ်သိန်း ၃၀ ကျော် ခိုးယူခံခဲ့ရသဖြင့် ဖေဖော်ဝါရီ ၂၇ ရက်က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။