Pages

Wednesday, October 23, 2013

ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဝေလမင်းသားကြီးနဲ့ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဝေလမင်းသားကြီးနဲ့ တွေ့ဆုံ

ဥရောပကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဗြိတိန်နိုင်ငံကိုရောက်ရှိပြီး ဗြိတိသျှ ဝေလမင်းသား ချားလ်စ်နဲ့ ဇနီးသည် ကာမီလာတို့ကို လန်ဒန်မြို့တော်က Clarence House အိမ်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယအကြိမ် ဥရောပခရီးစဉ်အဖြစ် လူဇင်ဘတ်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ် နိုင်ငံတွေကို ရောက်ရှိခဲ့ပြီး ဒီနေ့ ဗြိတိန်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ အဲဒီနောက် မြောက်ပိုင်း အိုင်ယာလန်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ မနေ့ညနေပိုင်းက ဥရောပပါလီမန်မှာ ဆာခါရော့ ဆုယူအပြီး ပြင်သစ်နိုင်ငံမှာရောက်နေတဲ့ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗြိတိန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ဝန်ကြီးချုပ် David Cameron၊ နိုင်ငံခြားရေးဝန်ကြီး William Hague တို့နဲ့ တွေ့ဆုံမယ်လို့ လန်ဒန်ထုတ် the Express သတင်းစာက ဒီကနေ့ ရေးပါတယ်။

မင်းသားချားလ်စ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းသည် Michael Aris နဲ့ မကွယ်လွန်မီ ၁၉၉၈ ခုနှစ်က သိကျွမ်းခင်မင်ခဲ့သလို တိဘက်နဲ့ဟိမဝန္တာလေ့လာရေး မိုက်ကယ်အယ်ရစ် အမှတ်တရ ရန်ပုံငွေအဖွဲ့ရဲ့ နာယကတစ်ဦးလည်းဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ မင်းသားချားလ်စ်ရဲ့ ဘကြီးတော်စပ်သူ Lord Mountbatten နဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် ဒုတိယကမ္ဘာစစ်အတွင်း အတူတကွ အလုပ်လုပ်ခဲ့ ခင်မင်ခဲ့သူတွေဖြစ်တဲ့အတွက် သီးခြားဆက်စပ်မှုလည်းရှိနေတယ်လို့ the Express သတင်းစာကရေးပါတယ်။

ဗြိတိန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဆင်းဟတ် ဗြိတိသျှတော်ဝင်စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။

RangonNewsDaily:: October. 23 .2013 ဥရောပကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဗြိတိန်နိုင်ငံကိုရောက်ရှိပြီး ဗြိတိသျှ ဝေလမင်းသား ချားလ်စ်နဲ့ ဇနီးသည် ကာမီလာတို့ကို လန်ဒန်မြို့တော်က Clarence House အိမ်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

သေဒဏ်ကျ အီရန်အကျဉ်းသား ကြိုးစင်တင်ပြီးနောက် ကိုးမားဖြစ်ကာ အသက် ဆက်လက်ရှင်သန်ခွင့်ရ

Photo: သေဒဏ်ကျ အီရန်အကျဉ်းသား ကြိုးစင်တင်ပြီးနောက် ကိုးမားဖြစ်ကာ အသက် ဆက်လက်ရှင်သန်ခွင့်ရ October 23rd, 2013
Wednesday, October 23, 2013

အီရန်တွင် သေဒဏ်ကျ အကျဉ်းသားတစ်ဦးကို ကြိုးစင်တင်ကာ စီရင်ပြီးနောက်ပိုင်း အသက်မသေဘဲ ကိုးမားဖြစ်သွား၍ အသက်ဆက်လက် ရှင်သန်ခွင့် ရသွားကြောင်း IRNA သတင်းဌာနက အောက်တိုဘာ ၂၁ရက်က ကြေညာခဲ့သည်။

ကြိုးမိန့်ကျခံရသူ Alireza M အသက် ၃၇ နှစ်သည် မူယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်မှုဖြင့် ပြစ်ဒဏ်ကျခဲ့ပြီး အောက်တိုဘာ လဆန်းက ကြိုးစင်တင်ခဲ့သည်။ သူ့ကို အီရန် အရှေ့မြောက်ပိုင်းရှိ အကျဉ်းထောင်တွင် ကြိုးကွင်းစွပ် စီရင်ပြီးနောက် ၁၂မိနစ် အကြာတွင် သက်ဆိုင်ရာ ဆရာဝန်က သေဆုံးပြီ ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။

နောက်တစ်ရက်တွင် Bojnourd မြိှု့ရှိ ရေခဲတိုက်မှ ၀န်ထမ်းများက သူ၏အလောင်းကို အ၀တ်ပတ်နေစဉ် အသက်ရှုနေသေးကြောင်း တွေ့ရှိရသဖြင့် ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။ စစ်ဆေးကြည့်သောအခါ Alireza M ၏ ဦးနှောက်မှာ လုပ်ဆောင်ချက်များ ရပ်ဆိုင်းသွားဖွယ်ရှိသည် ဟုယူဆကြသည်။  သူ၏ သိစိတ်ကို တိုင်းထွာစစ်ဆေး သည့်အခါ ခြောက်ရာခိုင်နှုန်းမျှ နိုးကြားဆဲ ဖြစ်သည်ကိုလည်း တွေ့ကြရသည်။

သူ၏ အဖြစ်အပျက်သည် ဂျုရီလူကြီးများအကြား အကြီးအကျယ် ငြင်းခုန်ပွဲကို ဖြစ်စေခဲ့သည်။ အချို့ သူ့ကို ကြိုးစင် ပြန်တင်သင့်သည်ဟု ဆိုပြီး အချို့ကမူ သူခံယူရမည့် ပြစ်ဒဏ်ကို ကျခံပြီးဖြစ်၍ လွတ်ငြိမ်းခွင့် ပေးသင့်ကြောင်း ဆိုကြသည်။ နောက်ဆုံးတွင် သူ၏ အဖြစ်အပျက်ကို တရားရေးဘက်က ချွင်းချက်အနေဖြင့် ခွင့်ပြုလိုက်ပြီး နောက်တစ်ကြိမ် ကြိုးစင် ထပ်မတင်တော့ဟု ဘာသာရေးဆိုင်ရာ ကျင့်ထုံးအရ ခွင့်ပြုပေးလိုက်သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း  Alireza M နှင့် အီရန်မှ သေဒဏ်ကျ အခြားအကျဉ်းသားများ၏ အသက်ဘေးမှ လွတ်မြောက်ခွင့်ပေးရန် ချက်ချင်း တောင်းဆိုခဲ့ကြသည်။ အီရန်သည် သေဒဏ် အပြစ်ပေးခြင်းမျိုးကို လွန်ခဲ့သောနှစ်က တရုတ်နိုင်ငံမှ လွဲကျန်နိုင်ငံများထက် အရေအတွက် များစွာ စီရင်ခဲ့သည်။

လန်ဒန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ယခုနှစ်အတွင်း အီရန်တွင် သေဒဏ်ချမှတ် ခံရသူပေါင်း ၅၀၈ ဦးအထိရှိသည်ဟု ဆိုသည်။ အီရန်တွင် လူသတ်မှု၊ မုဒိန်းမှု၊ ဓားပြတိုက်မှု၊ မူးယစ်မှောင်ခိုမှု၊ သူများမယားကို ပြစ်မှားသည့် အမှုများသည် အခြားအမှုများထက် သေဒဏ်စီရင်ချက် အများဆုံး ချမှတ်ခံရလေ့ရှိသော အမှုများဖြစ်သည်။ အီရန်အစိုးရက နိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးအတွက် သေဒဏ်ကိုသည် မရှိမဖြစ် ဆက်လက်ထားရှိရန် လိုအပ်သည်ဟု ဆိုထားသည်။ 

Ref: AFP
မြန်မာ့ခေတ်

RangonNewsDaily:: October. 23 .2013
အီရန်တွင် သေဒဏ်ကျ အကျဉ်းသားတစ်ဦးကို ကြိုးစင်တင်ကာ စီရင်ပြီးနောက်ပိုင်း အသက်မသေဘဲ ကိုးမားဖြစ်သွား၍ အသက်ဆက်လက် ရှင်သန်ခွင့် ရသွားကြောင်း IRNA သတင်းဌာနက အောက်တိုဘာ ၂၁ရက်က ကြေညာခဲ့သည်။

ဆီးဂိမ်းတရားဝင်ဝဘ်ဆိုက် လွှင့်တင်ပြီ


RangonNewsDaily:: October. 23 .2013
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို ကြည့်ရှုနိုင်ရန် ဆီးဂိမ်း တရားဝင်ဝဘ်ဆိုက်ကို လွှင့်တင်လိုက်ပြီဖြစ်
သည်။

`အ´ အက္ခရာ ကားဟောင်းအပ်နှံခွင့် နိုဝင်ဘာတွင် လက်ခံမည်

Photo: `အ´ အက္ခရာ ကားဟောင်းအပ်နှံခွင့် နိုဝင်ဘာတွင် လက်ခံမည်
Wednesday, October 23, 2013

အစိုးရက ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ပြုပြီး ဂျပန်တပတ်ရစ်ကားများ တင်သွင်းခွင့်ပြုလျက်ရှိနေရာ  အ အက္ခရာ ကားဟောင်း များကို လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်လက်ခံဖွယ်ရှိကြောင်း နေပြည်တော်၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

အစိုးရက ၂၀၁၁ ခုနှစ်မှစတင်ပြီး ယာဉ်အို၊ ယာဉ်ဟောင်းများ စတင်အပ်နှံခွင့်ပြုလျက်ရှိရာ လတ်တလော အချိန်အထိ `သ´ အက္ခရာ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံခွင့်ပြုပြီးဖြစ်ကြောင်း၊ လက်ရှိ ဈေးကွက်တွင် ကားဟောင်း အပ်နှံမှု နည်းပါး လာပြီး  တပတ်ရစ်ကားများ တင်သွင်းနိုင်သော စလစ်ဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိပြီး စလစ်တစောင်လျှင် သိန်း တရာကျော်ဈေးပေါက်လျက်ရှိကြောင်း၊  `အ´ အက္ခရာ ကားဟောင်းများ အပ်နှံခွင့်ရရှိရေးအတွက် အများစုက စောင့်ဆိုင်းနေပြီး `အ´ ကားဟောင်းအပ်နှံခွင့်ရရှိမှသာလျှင် စလစ်ဈေးနှုန်းများ ကျဆင်းနိုင်ကြောင်း ကားဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

`အ´ အက္ခရာ ကားဟောင်းများသည် ယခု အောက်တိုဘာလကုန်မှ နှစ် ၂၀ ပြည့်မည်ဖြစ်ပြီး  နှစ် ၂၀ ပြည့်မှ ယာဉ်အို ယာဉ်ဟောင်းအဖြစ် သတ်မှတ်လက်ခံပြီး အပ်နှံခွင့်ပြုသည့်မူဝါဒရှိကြောင်း၊ ထို့ကြောင့် `အ´ အက္ခရာ ကားဟောင်း အပ်နှံခွင့်ကို လာမည့် နိုဝင်ဘာလတွင်မှသာ စတင်လက်ခံလိမ့်မည်ဖြစ်ကြောင်း နေပြည်တော်၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အရာရှိက ရှင်းပြသည်။

“ကျနော်တို့ဆီမှာက နှစ် ၂၀ ပြည့်မှ ယာဉ်အိုယာဉ်ဟောင်း အပ်နှံတဲ့ မူဝါဒ ရှိတယ်။ ဒါကလည်း အရင် ၀န်ကြီးတွေ လက်ထက် ကတည်းက ချမှတ်ခဲ့တဲ့ မူဝါဒပါ။  အဲဒီတော့ ကားဟောင်းစလစ်တွေ ဈေးတက်တယ်ဆိုပေမယ့်လည်း ၀န်ကြီး ဌာနရဲ့ မူဝါဒကို နှစ် ၂၀ ပြည့်မှပဲ အပ်နှံခွင့်ပြုမှာလေ။ အဲဒီတော့ အခု `အ´ အက္ခရာ ကားဟောင်းတွေက ၀န်ကြီး ဌာနရဲ့ မှတ်ပုံတင် စာရင်းဇယားအရ  အောက်တိုဘာလကုန်မှ နှစ် ၂၀ ပြည့်မှာ။ အဲဒီတော့ နိုဝင်ဘာမှာပဲ စတင် လက်ခံ နိုင် မယ်´´ဟု  ၎င်းက ဆိုသည်။

လတ်တလော ဈေးကွက်တွင် ကားဟောင်းအပ် စလစ်တစောင်လျှင် ငွေကျပ်သိန်း  ၁၁၀ ကျော် ပေါက်ဈေးရှိပြီး ယင်းသို့ ဈေးမြင့်တက်နေမှုကိုလည်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနက သိရှိသော်လည်း ဌာနတွင်း မူဝါဒကြောင့် ကားဟောင်း အပ်နှံမှုကို သတ်မှတ်သည့်အချိန်ရောက်မှသာ ကားဟောင်း အပ်နှံခွင့်ပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

“ကားဟောင်းစလစ်တွေ ဈေးထိုးတက်တော့ အစိုးရဘက် တကယ်လုပ်ချင်တဲ့ နိုင်ငံသားတိုင်း အဖိုးနှုန်းချိုသာစွာ ကားစီးနိုင်ရေးကိုတော့ ထိခိုက်တာပေါ့။ ဒါပေမယ့်လည်း ဌာနတွင်းမှာကလည်း ဒီမူဝါဒနဲ့ညီမှ လုပ်ပေးရမယ်ဆိုတဲ့ တင်းကျပ်မှု ကလည်းရှိတယ်။ အခုကတော့ ကားဟောင်းစလစ်ဈေးကွက်က စီးပွားရေးဈေးကွက်ကြီးတခုလိုဖြစ်နေ တယ်။ နောက်ပြီး မန္တလေးမှာ ကားအရောင်းအ၀ယ်လုပ်တဲ့သူတဦး သတ်သေသွားတဲ့အထိ ဖြစ်ကုန်တယ်ဆိုတာလည်း သိပါတယ်´´ ဟု နေပြည်တော်အရာရှိက ဆက်လက်ပြောဆိုသည်။

ဈေးကွက်၏ လက်ရှိအခြေအနေမှာ ကားဟောင်းစလစ် ဈေးတက်နေသော်လည်း `အ´အက္ခရာ ကားဟောင်းများ အပ်နှံခွင့်ပြုပါက စလစ်ဈေးနှုန်းများ ငွေကျပ် ၁၀ သိန်းဝန်းကျင် ကျဆင်းသွားမည်ဟု သိရှိရသည်။

“အခုက ကားဟောင်းစလစ်တစောင်ကို ၁၁၇၊ ၁၁၈ သိန်းတောင် ၀ယ်လို့မရဘူး။ `အ´ အက္ခရာ လက်ခံမယ်ဆိုရင်တော့ နည်းနည်းဈေးကျမယ်။ အနည်းဆုံး စလစ်တစောင်ကို ၁၀ သိန်းလောက် ကျနိုင်တယ်။ ဒါပေမယ့်လည်း အပ်ကားရှားတော့ စလစ်ဈေးထပ်ကျဖို့ဆိုရင် အစိုးရဘက်က မူဝါဒ တွေ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အထူးလိုအပ်ပါတယ်´´ ဟု ၀ါရင့် ကားပွဲစား ဦးမြင့်မောင်က ပြောသည်။

ကားဟောင်းအပ်နှံခွင့်ပြုပြီး တပတ်ရစ်ကားတင်သွင်းခွင့်ပြုနေချိန်မှာ ၁၈ နှစ်ပြည့်သူတိုင်းကို တပတ်ရစ်ကား တင်သွင်း ခွင့်ပြု နေသည့်အပြင် ကားအရောင်းစင်တာများနှင့် ပြခန်းများ ဖွင့်လှစ်ခွင့်ပြုနေသည့်အတွက် ဈေးကွက်တွင် ကားဝယ်သူ ထက် ရောင်းသူကသာ ပိုမိုများပြားနေကြောင်း၊ ကားအရောင်းစင်တာများနှင့် ပြခန်းများမှာလည်း ကားဝယ်သူ နည်းပါးသည့်အတွက် ကုမ္ပဏီပိတ်သိမ်းရသည်များရှိကြောင်း  သိရှိရသည်။

“ကားအရောင်းစင်တာတွေက ရာချီရှိနေသလို တနိုင်တပိုင် ကားအရောင်း အဝယ်လုပ်နေတဲ့သူက လည်း ထောင်ချီနေကြတယ်လေ၊ မရောင်းရတဲ့အခါကြတော့ ကားကုမ္ပဏီတွေလည်း ပိတ်ဖို့ လုပ်လာကြတာပေါ့”ဟု  Farmer Auto ကုမ္ပဏီမှ ဒေါက်တာစိုးထွန်းက ရှင်းပြသည်။

ကားတင်သွင်းမှု ၀န်ဆောင်မှု ပေးနေသည့် သွင်းကုန်ဝန်ဆောင်မှု ကုမ္ပဏီများမှာလည်း အလုပ်အပ်နှံသူနည်းပါးနေပြီး အရှုံးပြနေသည့်အတွက် ပိတ်သိမ်းရန် ပြင်ဆင်မှုများရှိနေကြောင်း သိရှိရသည်။

“ဆိပ်ကမ်းတွေမှာက ကားတွေပုံအောနေပြီး ကားတင်သွင်းပေးဖို့ မှာမယ့်သူလည်းမရှိတော့ ကျမတို့ ကားတွေ ကြားခံ တင်သွင်းပေးနေတဲ့ ကုမ္ပဏီတွေလည်း အရှုံးပေါ်လာတယ်၊ အခုတော့ အလုပ်ရှင်ဘက်က အရိပ်အမြွတ် ပြောနေတော့ အလုပ်သစ်ရှာဖို့လုပ်နေရတယ်´´ ဟု ကားတင်သွင်းမှု ၀န်ဆောင်မှုပေးနေသည့် ကုမ္ပဏီတခုမှ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောဆိုသည်။


ဧရာဝတီ
ရန်ကုန် ကညန ရုံးတွင် ကားဟောင်းအပ်နှံရန် စာရင်းသွင်းနေသည့် ကားဟောင်း တစီး (ဓာတ်ပုံ – ဧရာဝတီ)
ရန်ကုန် ကညန ရုံးတွင် ကားဟောင်းအပ်နှံရန် စာရင်းသွင်းနေသည့် ကားဟောင်း တစီး (ဓာတ်ပုံ – ဧရာဝတီ)
RangonNewsDaily:: October. 23 .2013
အစိုးရက ယာဉ်အိုယာဉ်ဟောင်း အပ်နှံခွင့်ပြုပြီး ဂျပန်တပတ်ရစ်ကားများ တင်သွင်းခွင့်ပြုလျက်ရှိနေရာ အ အက္ခရာ ကားဟောင်း များကို လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်လက်ခံဖွယ်ရှိကြောင်း နေပြည်
တော်၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အရာရှိတဦးက
 ပြောသည်။

မြန်မာကိုယ်စားပြု မယ်ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နေသူ မိုးစက်ဝိုင် ကိုအားပေးကြရအောင်

Photo: မိုးစက်ဝိုင် ကိုအားပေးကြရအောင်
Wednesday, October 23, 2013

မြန်မာ့နိုင်ငံမှ ဆယ်စုနှစ် ၅ခု အကြာမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲဖြစ်တာကြောင့် ဂြိုလ်တု ရုပ်သံလိုင်းများ မှ တဆင့် အားပေးကြည့်ရူလိုသူများအတွက် အချိန်ဇယား ကိုဖော်ပြပေး
လိုက်ပါတယ်။

အောက်မှာ ဖော်ပြထားသော အစီစဉ်များမှာ Miss Universe 2013 ပွဲစဉ်များဖြစ်ပါတယ်။


October 20-24, 2013: Contestant arrivals in Moscow

October 25, 2013: Welcome dinner

October 26-November 3, 2013: Various pre-pageant activities

November 3, 2013: National Costume show (UStream)

November 5, 2013: Preliminary Competition (UStream)

November 6-9, 2013: On The Scene with Teen recap show

November 9, 2013: Miss Universe 2013 Final Telecast 
(NBC, Telemundo and various TV networks of participant countries)

November 9, 2013: Russian Standard After-Party

November 10, 2013: Contestant departure

မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် မိုးစက်ဝိုင် ( ၂၅) နှစ် ကိုအားပေး
ကြရအောင်လို့ သတင်းလေးပေးလိုက်ပါတယ်။

ref@philnews
ကချင်း ( MM Social Sky )

RangonNewsDaily:: October. 23 .2013
မြန်မာ့နိုင်ငံမှ ဆယ်စုနှစ် ၅ခု အကြာမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲဖြစ်တာကြောင့် ဂြိုလ်တု ရုပ်သံလိုင်းများ မှ တဆင့် အားပေးကြည့်ရူလိုသူများအတွက် အချိန်ဇယား ကိုဖော်ပြပေး လိုက်ပါတယ်။

ကာကာမှာ ခြေစွမ်းကောင်းတွေရလာနေပြီဖြစ်ကြောင်း ဂယ်လီယာနီ ပြောကြား

Photo: ကာကာမှာ ခြေစွမ်းကောင်းတွေရလာနေပြီဖြစ်ကြောင်း ဂယ်လီယာနီ ပြောကြား
Wednesday, October 23, 2013

အေစီမီလန်အသင်း CEO ဖြစ်သည့် ဂယ်လီယာနီက မနေ့က ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်တဲ့ အေစီမီလန် နှင့် ဘာစီလိုနာ ပွဲစဉ်ပြီးဆုံးပြီးနောက်ကာ ကာ၏ ခြေစွမ်းနဲ့ ပတ်သက်ပြီး ဂုဏ်ပြုပြောကြားခဲ့ပါသည်။ မနေ့က အေစီမီလန် နှင့် ဘာစီလိုနာအသင်းတို့ တဖက်တစ်ဂိုးစီ ရလဒ်ဖြင့် ပြီးဆုံးခဲ့ပါသည်။ အေစီမီလန်အသင်းမှ ၉ မိနစ်မှာ ရော်ဘင်ဟိုက ဗွေဆော်ဦး ဂိုးကို စသွင်းယူခဲ့ပေမည့်လည်း ဘာစီလိုနာမှ ပွဲချိန် ၂၃ မိနစ်တွင် မက်ဆီက ပြန်လည် ချေပဂိုး သွင်းယူခဲ့သောကြောင့် ပွဲအပြီးမှာ အိမ်ကွင်း ဆန်စီရိုမှာ သရေ ရလဒ်ဖြစ်ခဲ့တာပါ။ ကာကာအား မနေ့ညက ပထမပိုင်းပွဲအပြီး၊  ဒုတိယ ပိုင်းကစားဖို့ ထွက်လာရာ လမ်းတွင် လာလီဂါမှ ရင်းနှီးဖော် သူငယ်ချင်းများနှင့် ဘရာဇီးသားများဖြစ်တဲ့ အဲဗက် နှင့် နေးမား တို့ကို ပျော်ရွှင်ရင်းနှီးစွာ နှုတ်ဆက်နေပုံတွေကို ရုပ်သံမှ ပြသတာကို မြင်ခဲ့ရပါသည်။
   
    နွေရာသီအပြောင်းအရွေ့ ကာလမှာ ရီးရဲလ်အသင်းနှင့် သဘောတူညီချက်အရ အသင်းဟောင်း အေစီမီလန်ကို ပြန်လည်ပြောင်းရွေ့လာသည့် ကွင်းလယ် တိုက်စစ်ကစားသမား ဖြစ်တဲ့ ကာကာ၏ စွမ်းရည်တွေကို သူ၏ ပထမဦးဆုံး ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်မှာ တွေ့ခဲ့ရသည်ဟု CEO ကပြောခဲ့ပါသည်။ " အစွမ်းကုန် ကြိုးစားကစားခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ပြီး ကာကာအတွက်လည်း ကျေနပ်ပျော် ရွင်မိတယ်။ သူဒီမှာ ကစားနေတဲ့ အချိန်တိုင်းမှာ ဒီက ပရိတ်သတ်တွေ အားလုံးက သူဟာ နောက်တစ်ကြီမ် ပြန်လာပြီးနောက် အသင်းအ တွက်အကောင်းဆုံးရလဒ်တွေ အမြောက်အများ ပေးစွမ်းနိုင် မယ်လို့ယုံကြည်ထား ကြတယ် " ဟု သူကပြောဆိုခဲ့သည်။ ဒါဟာ ပထမဦးဆုံးအနေဖြင့် ဘာစီလိုနာအသင်း၏ ပွဲချိန်ပြည့် ဖိကစားခံရခြင်းမှ လွတ်ကင်းခဲ့ပြီး၊ ဘာကာအသင်းကို အနိုင်ရနိုင်တဲ့အထိတောင် စွမ်းဆောင်ကစားနိုင်ခဲ့ကြပါတယ်ဆိုပြီးလည်း ပြောခဲ့ပါသည်။ ဆက်လက်ပြီး ဘာလိုတယ်လီ တစ်ယောက် အေစီမီလန်က ထွက်ခွာမည်ဆိုသည့် သတင်းအတွက်လည်း ပြန်လည် ငြင်းဆိုသွားပါတယ်။ 

"ဘာလိုတယ်လီ ဘယ်ကိုမှ ပြောင်းရွေ့မှာ မဟုတ်ပါဘူး၊ ဒါကြောင့်လည်း ပရိတ်သတ်တွေအတွက်အနေဖြင့် စိတ်အေးထားပြီး နေနိုင်ပါတယ်" ဟုပြောကြားခဲ့သည်။ အသက် (၂၃) အရွယ်ရှိပြီဖြစ်တဲ့ မာရီယို ဘာလိုတယ်လီကို အေစီမီလန်အသင်းမှ ပြီးခဲ့တဲ့ ဇန်န၀ါရီလ လောက်က တည်းက ခေါ်ယူခဲ့ပါသည်။ လက်ရှိမှာလည်း အေစီအသင်းတွင် ကျောနံပါတ် ၄၅ ၀တ်ဆင်သည့် တိုက်စစ်မှုး ဘာလိုတယ်လီ သည် အေစီအသင်းနှင့် ၂၀၁၇ အထိစာချုပ် ချုပ်ဆိုထားသူလည်းဖြစ်ပါသည်.။

    မနေ့က ချန်ပီယံလိဂ်ပွဲစဉ် ရလဒ်အပြီး အေစီမီလန်အသင်းသည် ၁ ပွဲနိုင် ၂ ပွဲသရေဖြင့် ရမှတ် ၅ မှတ်ရရှိထားပြီး အုပ်စု ဒုတိယနေရာမှာ ဖြစ်နေပါသည်။ အီတလီ စီးရီးအေ ပွဲစဉ်တွေမှာတော့ ၁၁ ပွဲကစားပြီးနောက် အဆင့် (၈) နေရာကဘဲ ရပ်တည်နေပါသည်။ ကာကာအနေဖြင့် လာမည့်ပွဲစဉ်များမှာ အကောင်းဆုံးခြေစွမ်းတွေ ပြန်ရပြီး အသင်းအတွက် အစွမ်းကုန်ပေးဆပ်နိုင်မည်ဟု မျှော်လင့်မိကြောင်းပါ။

Written by မိုးတိမ် (တမာမြေ)
http://www.football-cafe.com/

RangonNewsDaily:: October. 23 .2013
အေစီမီလန်အသင်း CEO ဖြစ်သည့် ဂယ်လီယာနီက မနေ့က ချန်ပီယံလိဂ် ပွဲစဉ်ဖြစ်တဲ့ အေစီမီလန် နှင့် ဘာစီလိုနာ ပွဲစဉ်ပြီးဆုံးပြီးနောက်ကာ ကာ၏ ခြေစွမ်းနဲ့ ပတ်သက်ပြီး ဂုဏ်ပြုပြောကြားခဲ့ပါသည်။ မနေ့က အေစီမီလန် နှင့် ဘာစီလိုနာအသင်းတို့ တဖက်တစ်ဂိုးစီ ရလဒ်ဖြင့် ပြီးဆုံးခဲ့ပါသည်။

ကေအင်န်ပီပီနဲ့အစိုးရ ငြိမ်းချမ်းရေး သဘောတူညီချက် ၇ ခု လက်မှတ်ရေးထိုး

Photo: ကေအင်န်ပီပီနဲ့အစိုးရ ငြိမ်းချမ်းရေး သဘောတူညီချက် ၇ ခု လက်မှတ်ရေးထိုး
Wednesday, October 23, 2013

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ရဲ့ ဒီနေ့နောက်ဆုံးနေ့ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမတိုင်ခင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပသွားဖို့နဲ့ ကယားပြည်နယ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းဖို့တွေအပါအဝင် အချက် ၇ ချက်ကို ဒီကနေ့ သဘောတူခဲ့ကြပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်အစိုးရရုံးမှာ နှစ်ရက်ကြာကျင်းပနေတဲ့ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ခုလိုသဘောတူညီခဲ့ကြတာပါ။

ဒီသဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က RFA ကို အခုလို ပြောပါတယ်။

“သဘောတူညီချက် ၇ ချက်ကို ကျနော်တို့ရရှိခဲ့ပါတယ်၊ စောင့်ကြည့်ရေးကော်မတီကို နှစ်ဖက်ကိုယ်စားလှယ် ၅ ဦးစီနဲ့ စုစုပေါင်း ၁ဝ ဦး ဖွဲ့စည်းဖို့ ဒီနေ့မှာ တရားဝင်အတည်ပြုပါတယ်၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ရရှိရေးအတွက် ကျနော်တို့ ဆက်လက်သဘောတူတယ်”

နှစ်ဖက်သဘောတူညီချက်တွေထဲမှာ ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ် မဲစဲမြို့နယ် နယ်ခြားဂိတ် ဘီပီ ၁၃ ကုန်သွယ်ရေးလမ်းကြောင်းအတွက် လုံခြုံရေးကို ကေအင်န်ပီပီတပ်တွေက ကူညီဖို့၊ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက်ဆောင်ရွက်ဖို့၊ ကယားပြည်နယ်မှာ မြေမြှုပ်မိုင်းရှင်းလင်းရေးနဲ့ ကေအင်န်ပီပီတပ်ဖွဲ့ဝင်တွေ စားဝတ်နေရေးအတွက် အစိုးရကကူညီဖြေရှင်းပေးဖို့၊ လာမယ့် ၂ဝ၁၄ ခုနစ်အတွင်း ကယားပြည်နယ် တစ်ပြည်နယ်လုံး လျှပ်စစ်မီးရရှိဖို့စတဲ့ အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ကေအင်န်ပီပီအနေနဲ့ လာမယ့်အပတ်အတွင်း ကေအိုင်အေဌာနချုပ် လိုင်ဇာနဲ့ မြစ်ကြီးနားမြို့မှာ ပြုလုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင် အားလုံးပါဝင်တဲ့ဆွေးနွေးပွဲကို တက်ရောက်ဖို့လည်း သဘောတူညီခဲ့ပါတယ်။

အစိုးရက လာမယ့် နိုဝင်ဘာလအတွင်း ပြုလုပ်ဖို့စီစဉ်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်ဖို့အတွက် လိုင်ဇာနဲ့ မြစ်ကြီးနားမြို့တွေမှာ ပြုလုပ်မယ့်ဆွေးနွေးပွဲတွေဟာ အရေးကြီးတယ်လို့ ဒီနေ့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက ပြောပါတယ်။

လွိုင်ကော်မြို့မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို အစိုးရဘက်က ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စိုးထွဋ်တို့ တက်ရောက်ခဲ့ပြီး ကေအင်န်ပီပီဘက်က ဒုတိယ ဥက္ကဌ ခူးဦးရယ် ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးစတဲ့ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။

RFA

RangonNewsDaily:: October. 23 .2013
ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPPနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း
ကော်မတီတို့ရဲ့ ဒီနေ့နောက်ဆုံးနေ့ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမတိုင်ခင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပသွားဖို့နဲ့ ကယားပြည်နယ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းဖို့တွေအပါအဝင် အချက် ၇ ချက်ကို ဒီကနေ့ သဘောတူခဲ့ကြပါတယ်။

ကွန်တိန်နာယာဉ်မှအုတ်နံရံအားဝင်တိုက်မိပြီး အုတ်ခဲများလွင့်စင်မှုကြောင့် လူ (၄)ဦးဒဏ်ရာရရှိ

RangonNewsDaily:: October. 23 .2013
၂၃.၁၀.၂၀၁၃ရက်နေ့၁၂၁၅အချိန်တွင်ဆိပ်ကမ်းမြို့နယ်၊ကမ်းနားကွန်ကရစ်
လမ်းသစ်အတိုင်း မော်တင်ဘက်မှပန်းဆိုးတန်းဘက်သို့ ယာဉ်မောင်း
အောင်ဆန်းလင်း၊ (ဘ)ဦးကြည်စိုး၊ ငှက်ပျောတောကျေးရွာ၊
မြောင်းမြမြို့နယ်နေသူ မောင်းနှင်လာသည့် ၆က/----၊FUSO ကွန်တိန်နာအငှားယာဉ်သည် ကိုင်းတန်းလမ်းထိပ်အရောက် အရှိန်မထိန်းနိုင်ဘဲ

iPad 5 သို့မဟုတ် iPad Air

Photo: iPad 5 သို့မဟုတ် iPad Air 
Wednesday, October 23, 2013

iPad Air လို့အမည်ရတဲ့ Apple iPad ရဲ့  ပဉ္စမ မျိုးဆက်ကို မိတ်ဆက်ပြသ လိုက်ပြီ ဖြစ်ပါတယ်။ WWDC 2013 Event မှာ ဖြစ်ပါတယ်။ 

ထူးခြားသွားချက်ကတော့ Air လို့အမည်ထည့်ပေးတဲ့အတိုင်း ပိုလည်း ပါးသွားသလို၊ ပိုလည်း ပေါ့သွားပါတယ်။ အထူ 7.5 မီလီမီတာ သာ ရှိပြီး အလေးချိန်က တစ်ပေါင်ထဲပါ။ အရင်ဗားရှင်းထပ် ၂၈ ရာခိုင်နှုန်းပေါ့သွားပြီး၊ ၂၀ ရာခိုင်နှုန်းပါးသွားပါတယ်။ ဒီဇိုင်းလည်း ပြောင်းလဲ သွားပါတယ်။ A7 Chip ကို အသုံးပြုထားပြီး 64 Bit Architecture ကို မြင်တွေ့ရမှာပါ။ Desktop Class architecture လို့ဆို ပါတယ်။ Antenna ၂တိုင်ပါပြီ။ Wi Fi အရင်က ထပ် ၂ ဆ ပိုမြန်သွားပါမယ်။ အရွယ်ကတော့ ၉.၇ လက်မ ရှိပါတယ်။ Retina Display့ို အသုံးပြုပြီး Resolution က 2048x1536 ရှိပါတယ်။ 

တစ်ခုရှိတာက ကင်မရာ ပြောင်းလဲမသွားပါဘူး။ iPad 4 တုန်းကလိုပဲ 5 Megapixel iSight Camera ကိုပဲ အနောက်မှာ ပြန်လည် အသုံးပြုထားမှုကြောင့် ယင်းအချက်ကို Apple ကိုချန်ခဲ့ခြင်း ဖြစ်ပါတယ်။ ရှေ့ ကင်မရာ ကတော့ ထုံးစံအတိုင်းပဲ 1.2 MP ဖြစ်ပါတယ်။ 16GB, 32 GB, 64GB, 128 GB ဆိုပြီး ၃ မျိုးထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းကတော့ Wi Fi ဗားရှင်းအတွက် 499, 599, 699, 799 အမေရိကန်ဒေါ်လာဆီ သတ်မှတ်ထားပြီး Wi Fi+Cellular Version ကတော့ 629, 729, 829, 929 ဆီ ကုန်ကျမှာ ဖြစ်ကြောင်း သိရပါတယ်။
.
iPad Air အကြောင်းအသေးစိတ်ကို အောက်ပါလခ့်မှာ ဝင်ရောက် လေ့ လာ နိုင် ပါတယ်။ 

www.apple.com/ipad-air/

အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: October. 23 .2013
iPad Air လို့အမည်ရတဲ့ Apple iPad ရဲ့  ပဉ္စမ မျိုးဆက်ကို မိတ်ဆက်ပြသ လိုက်ပြီ ဖြစ်ပါတယ်။ WWDC 2013 Event မှာ ဖြစ်ပါတယ်။

သန်လျင်မြို့နယ်တွင် ယာဉ်(၁)စီး ၀ါယာရှော့ဖြစ်မီးလောင်

Photo: ယာဉ်(၁)စီး ၀ါယာရှော့ဖြစ်မီးလောင်
Wednesday, October 23, 2013

၂၃.၁၀.၂၀၁၃ရက်နေ့ ၁၁၂၀အချိန်တွင် သန်လျင်မြို့နယ်၊ မြို့ဟောင်း
အရှေ့ရပ်ကွက်၊ ကျိုက်ခေါက် ဘုရားလမ်း၊ ဖြူနှင်းဝေေ၀
တည်းခိုခန်းရှေ့လမ်းမပေါ်တွင် သန်လျင်ဘက်မှ ကျောက်တန်းဘက်သို့ ယာဉ်မောင်း မြင့်အောင်၊ (ဘ)ဦးတင်ထွန်း ၊ ကျောက်ရေတွင်းကျေးရွာ၊ သန်လျင်မြို့နယ်နေသူမောင်းနှင်လာသော ထ/----၊ TE 11 အစိမ်းရောင်
ယာဉ်သည် ရေနံချက်စက်ရုံအတွင်းမှ သံပြားများတင်ဆောင်လာစဉ် ယာဉ်မှာ ၀ါယာရှော့ဖြစ်မီးလောင်းခဲ့၍ မီးသတ်ယာဉ် (၃)စီးဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၁၄၀အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၅)သိန်းခန့်ဆုံးရှုံးခဲ့ကာ ယာဉ်မောင်းမြင့်အောင်တွင် မျက်နှာပြင်မီးလောင်ဒဏ်ရာ၊ ၀ဲ/ယာလက်၊တင်ပါး၊ ပေါင်၊ ခြေသလုံးတို့ မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် သန်လျင်ဆေးရုံတွင် အတွင်းလူနာ
(မစိုးရိမ်ရ)ဖြင့် တက်ရောက်ကုသနေရပြီး ယာဉ်မောင်း မြင့်အောင်အား သန်လျင်မြို့မရဲစခန်း(ပ)၉၇၈/၂၀၁၃၊ ပုဒ်မ ၂၈၅/၃၃၇ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

RangonNewsDaily:: October. 23 .2013
၂၃.၁၀.၂၀၁၃ရက်နေ့ ၁၁၂၀အချိန်တွင် သန်လျင်မြို့နယ်၊ မြို့ဟောင်း
အရှေ့ရပ်ကွက်၊ ကျိုက်ခေါက် ဘုရားလမ်း၊ ဖြူနှင်းဝေေ၀
တည်းခိုခန်းရှေ့လမ်းမပေါ်တွင် သန်လျင်ဘက်မှ ကျောက်တန်းဘက်သို့ ယာဉ်မောင်း မြင့်အောင်၊ (ဘ)ဦးတင်ထွန်း ၊ ကျောက်ရေတွင်းကျေးရွာ၊ သန်လျင်မြို့နယ်နေသူမောင်းနှင်လာသော

HTC Android စမတ်နာရီ မြင်တွေ့ရမည်

Photo: HTC Android စမတ်နာရီ မြင်တွေ့ရမည်
Wednesday, October 23, 2013

HTC ရဲ့  စမတ်နာရီ ကိုလည်း မြင်တွေ့ရပါမယ်။ ၂၀၁၄ ခုနှစ် အတွင်း ဖြန့် ချိနိုင် တယ်လို့ ခန့်မှန်းထား ပါတယ်။

HTC Sense Feature ပါ ပါဝင်ပြီး Android OS ကိုပဲ Based လုပ်ပြီး မောင်းနှင် မယ့် နာရီပါပဲ။ လက်ရှိ Samsung ရဲ့  Samsung Galaxy Gear နဲ့ Sony ရဲ့  Smartwatch 2 တို့အတွက် အဓိက ပြိုင်ဘက် ဖြစ်လာစေ မှာ ဖြစ်ပါတယ်။ နာရီရဲ့  ပုံသဏ္ဍာန် ဘယ်လိုရှိလာ မယ် ဆိုတာလည်း မသိရသေးပါဘူး။ အခု ပုံမှာက imagine လုပ်ထားတာပါ။ ပါဝင်မယ့် Feature အစုံအလင်ကိုလည်း ထွက်ဆို မထားပါဘူး။ သေချာတော့ကတော့ လက်ရှိ စမတ်နာရီများရဲ့  ပြိုင်ဘက် ဖြစ်လာမယ် ဆိုတာပါပဲ။ အားကစားအတွက်ကော၊ ဖျော်ဖြေရေး အတွက်ကော၊ Telecommunication အတွက်ကော အားလုံး အဆင်ပြေစေမယ့် နည်းပညာပစ္စည်း တစ်ခု ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

HTC ရဲ့  စမတ်နာရီနဲ့ ပက်သက်တဲ့ တရားဝင် သတင်းအချက်အလက်ကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref:pocketlint
Aung Kham (TSJ Team)
TechSpace Journal

RangonNewsDaily:: October. 23 .2013
HTC ရဲ့  စမတ်နာရီ ကိုလည်း မြင်တွေ့ရပါမယ်။ ၂၀၁၄ ခုနှစ် အတွင်း ဖြန့် ချိနိုင် တယ်လို့ ခန့်မှန်းထား ပါတယ်။

အိန္ဒိယ၊ မြန်မာနှင့် ထိုင်း သုံးနိုင်ငံ အကျိုးတူ အဝေးပြေးလမ်းမကြီး မကြာမီ စတင်မည်

RangonNewsDaily:: October. 23 .2013
အိန္ဒိယ၊ မြန်မာနှင့် ထိုင်း နိုင်ငံတို့အား ဆက်သွယ်မည့် အ ဝေးပြေးလမ်းမကြီးမှာ မကြာမီ လုပ်ငန်း စတင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် စက်မှုဝန်ကြီးအန် နင်းရှာမာက ကြာသပတေးနေ့ တွင် ပြောကြား လိုက်သည်။