Pages

Wednesday, October 23, 2013

ဆီးဂိမ်းတရားဝင်ဝဘ်ဆိုက် လွှင့်တင်ပြီ


RangonNewsDaily:: October. 23 .2013
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို ကြည့်ရှုနိုင်ရန် ဆီးဂိမ်း တရားဝင်ဝဘ်ဆိုက်ကို လွှင့်တင်လိုက်ပြီဖြစ်
သည်။ ထိုဝဘ်ဆိုက်တွင် ဆီးဂိမ်းပြိုင်ပွဲကာလအတွင်း သတင်းအချက်အလက်များအား အချိန်နှင့် တစ်ပြည်းညီ သိရှိ
ရန် လွှင့်တင်ခြင်းဖြစ်ပြီး သတင်းများ၊ ဓာတ်ပုံများ၊ ကစားပွဲစဉ်အချိန်ဇယားများနှင့် ဗီဒီယိုဖိုင်များကို လွှင့်
တင်ပေးမည်ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန အွန်လိုင်းစာမျက်နှာတွင် အောက်တိုဘာလ ၂၃ရက်
က ရေးသားထုတ်ပြန်ထားသည်။

၂၇ကြိမ်မြောက် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ရက်မှ ၂၂ရက်နေ့အထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ငွေဆောင်တို့တွင် ကျင်းပမည်ဖြစ်ပြီး ဆီးဂိမ်းတရားဝင်ဝဘ်ဆိုက်မှာ www.27seagames2013.com ဖြစ်သည်။


Myanmar SEA Games 2013
www.27seagames2013.com

0 comments:

Post a Comment