Pages

Wednesday, October 23, 2013

သင်္ဘောသား အခွင့်အရေးဆိုင်ရာ သဘောတူညီချက်မူကြမ်း အသက်ဝင်ရေး လွှတ်တော်သို့ တင်သွင်းမည်

Photo: သင်္ဘောသား အခွင့်အရေးဆိုင်ရာ သဘောတူညီချက်မူကြမ်း အသက်ဝင်ရေး လွှတ်တော်သို့ တင်သွင်းမည်
Wednesday, October 23, 2013

နိုင်ငံတကာ သင်္ဘောသားများ နည်းတူ မြန်မာ သဘောင်္သားများလည်း အခွင့်အရေးရရှိစေရန် သင်္ဘောသား အခွင့်အရေးနှင့် ဆိုင်သော ထိရောက်စွာ ညှိနှိုင်းဈေးဆစ်နိုင်သော သဘောတူညီချက်မူကြမ်း (Collective Bargaining Agreement CBA) ကို မကြာမီကာလ အတွင်း ပို့ဆောင်ရေး ဝန်ကြီးဌာန မှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း မြန်မာပင်လယ်ကူး သင်္ဘောသား အလုပ်သမားအဖွဲ့ချုပ် အဖွဲ့ဝင်ဒေါက်တာတင်လှိုင်က ပြောကြားသည်။

သဘောတူညီချက်မူကြမ်းကို မြန်မာပင်လယ်ကူးသင်္ဘောသား အလုပ်သမားအဖွဲ့ချုပ်၊ Myanmar Seafarer Employment Services Federation (MSESF) နှင့် Department of Marine Administration တို့မှ MLC (Maritime Labour Convention) ၂၀၀၆ တွင် ပါဝင်သည့် အချက်အလက်များကို အခြေခံပြီး ရေးဆွဲထားခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် အောက်တိုဘာလ ၂၂ရက်နေ့တွင် ကျင်းပသော အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားသည်။

(Maritime Labour Convention) ၂၀၀၆ က ချမှတ်ထားသည့် ပြဋ္ဌာန်းချက် တစ်ခုဖြစ်သော ထိရောက်စွာ ညှိနှိုင်းဈေးဆစ်နိုင်သော (Collective Bargaining Agreement CBA) ကို နိုင်ငံတော် အစိုးက လက်မှတ်ရေးထိုးမှ အသက်ဝင်မည်ဖြစ်ရာ သင်္ဘောသားများနှင့် အလုပ်ရှင်များအတွက် အကျိုးကျေးဇူး များစွာ ရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

(Maritime Labour Convention) ၂၀၀၆ ၏ ရေကြောင်းဆိုင်ရာ သဘောတူညီချက် များဖြစ်သည့် သင်္ဘောသားများ အနေဖြင့် တရားမျှတသော အလုပ်ခန့်ထားခြင်း ဆိုင်ရာ ခန့်ထားရေး၊ သင်္ဘောပေါ်တွင် မကျေနပ်မှုများရှိပါက တိုင်တန်းပုံ အဆင့်ဆင့်၊ ကျန်းမာရေး မကောင်းပါက ဆေးကုသခွင့်ရရန်၊ သင်္ဘောပေါ်တွင် နေထိုင်ပုံစံများ စသည့် အချက်အလက်များ ပါဝင်ပြီး ယင်း ပြဋ္ဌာန်းထားသော ဥပဒေများကို မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း MARICO Seafarers Training Center ၏ အကြီးအကဲ Donald Aung ပြောကြားသည်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (International Labour Organization) ၏ (၉၄) ကြိမ်မြောက် အထွေထွေညီလာခံတွင် တက်ရောက်လာသော အဖွဲ့ဝင် နိုင်ငံများက ရေကြောင်းဆိုင်ရာ အလုပ်သမား အတွက် သဘောတူညီချက် (Maritime Labour Convention) ၂၀၀၆ ကို အတည်ပြု ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: October. 23 .2013
နိုင်ငံတကာ သင်္ဘောသားများ နည်းတူ မြန်မာ သဘောင်္သားများလည်း အခွင့်အရေးရရှိစေရန် သင်္ဘောသား အခွင့်အရေးနှင့် ဆိုင်သော ထိရောက်စွာ ညှိနှိုင်းဈေးဆစ်နိုင်သော သဘောတူညီချက်မူကြမ်း (Collective Bargaining Agreement CBA) ကို မကြာမီကာလ အတွင်း ပို့ဆောင်ရေး ဝန်ကြီးဌာန မှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း မြန်မာပင်လယ်ကူး သင်္ဘောသား အလုပ်သမားအဖွဲ့ချုပ် အဖွဲ့ဝင်ဒေါက်တာတင်လှိုင်က ပြောကြားသည်။ သဘောတူညီချက်မူကြမ်းကို မြန်မာပင်လယ်ကူးသင်္ဘောသား အလုပ်သမားအဖွဲ့ချုပ်၊ Myanmar Seafarer Employment Services Federation (MSESF) နှင့် Department of Marine Administration တို့မှ MLC (Maritime Labour Convention) ၂၀၀၆ တွင် ပါဝင်သည့် အချက်အလက်များကို အခြေခံပြီး ရေးဆွဲထားခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် အောက်တိုဘာလ ၂၂ရက်နေ့တွင် ကျင်းပသော အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားသည်။

(Maritime Labour Convention) ၂၀၀၆ က ချမှတ်ထားသည့် ပြဋ္ဌာန်းချက် တစ်ခုဖြစ်သော ထိရောက်စွာ ညှိနှိုင်းဈေးဆစ်နိုင်သော (Collective Bargaining Agreement CBA) ကို နိုင်ငံတော် အစိုးက လက်မှတ်ရေးထိုးမှ အသက်ဝင်မည်ဖြစ်ရာ သင်္ဘောသားများနှင့် အလုပ်ရှင်များအတွက် အကျိုးကျေးဇူး များစွာ ရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

(Maritime Labour Convention) ၂၀၀၆ ၏ ရေကြောင်းဆိုင်ရာ သဘောတူညီချက် များဖြစ်သည့် သင်္ဘောသားများ အနေဖြင့် တရားမျှတသော အလုပ်ခန့်ထားခြင်း ဆိုင်ရာ ခန့်ထားရေး၊ သင်္ဘောပေါ်တွင် မကျေနပ်မှုများရှိပါက တိုင်တန်းပုံ အဆင့်ဆင့်၊ ကျန်းမာရေး မကောင်းပါက ဆေးကုသခွင့်ရရန်၊ သင်္ဘောပေါ်တွင် နေထိုင်ပုံစံများ စသည့် အချက်အလက်များ ပါဝင်ပြီး ယင်း ပြဋ္ဌာန်းထားသော ဥပဒေများကို မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း MARICO Seafarers Training Center ၏ အကြီးအကဲ Donald Aung ပြောကြားသည်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (International Labour Organization) ၏ (၉၄) ကြိမ်မြောက် အထွေထွေညီလာခံတွင် တက်ရောက်လာသော အဖွဲ့ဝင် နိုင်ငံများက ရေကြောင်းဆိုင်ရာ အလုပ်သမား အတွက် သဘောတူညီချက် (Maritime Labour Convention) ၂၀၀၆ ကို အတည်ပြု ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment