Pages

Wednesday, October 23, 2013

ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကလေးများအတွက် စာဖတ်ပြိုင်ပွဲ (Reading Challenge 2013) ကျင်းပမည်

RangonNewsDaily:: October. 23 .2013
ကလေးများ၏စာဖတ်စွမ်းရည်တိုးတက်စေရန်နင့် စာဖတ်သည့်အလေ့အထကိုပြုစုပေးရန်ရည်ရွယ်၍ စာကြည့်တိုက်အသင်းဝင် အသက်၇နှစ် မှ ၁၅နှစ် အတွင်း ကလေးများအတွက် စာဖတ်ပြိုင်ပွဲကို အောက်တိုဘာလ ၁၅ရက်နေ့မှ နိုဝင်ဘာ ၂၆ရက်နေ့အထိ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ကျင်းပပါမည်။ ပထမအဆင့်အနေဖြင့် Knowledge Garden တွင်ခင်းကျင်းပြသထားသော Creepy House Collection မှစာအုပ်များကို ရွေးချယ်၍ အနည်းဆုံး ၆ အုပ်ပြည့်အောင် ဖတ်ရှုရမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် မိမိဖတ်ရှုထားသောစာအုပ်များအတွင်းမှ နှစ်သက်ရာစာအုပ်တအုပ်ကိုရွေးချယ်၍ အကျဉ်းချုပ်(Book Review) ရေး၍၎င်း၊ စာအုပ်ထဲတွင်ပါဝင်သော မိမိကြိုက်နှစ်သက်ရာဇာတ်ကောင်အား ပုံတူရေးချယ်ပြီး (Drawing Competition) သို့၎င်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။

ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင်ကလေးငယ်များအတွက် ဆုပေးပွဲကိုကျင်းပပေးပါမည်။ ဆုပေးပွဲတွင် စာအုပ် ၆ အုပ် ဖတ်ရှုပြီးစီးသည့်သူများအား ဆုတံဆိပ် (Creepy House Medal) နှင့် ဂုဏ်ပြုလွှာ (Creepy House Certificate) များပေးအပ်ပါမည်။ Book Review နှင့် ပုံတူရေးချယ်ပွဲ တွင်ဆုရရှိသောသူများအားလည်း စိတ်ဝင်စားဖွယ်ဆုလက်ဆောင်များကို ပေးအပ်သွားပါမည်။ ဆုပေးမည် ရက်ကို နိုဝင်ဘာလ နောက်ဆုံးအပါတ်တွင်ကြေညာပါမည်။

အသေးစိတ်သိရှိလိုပါက အောက်ပါလိပ်စာအတိုင်းစုံစမ်းနိုင်ပါသည်။

ဗြိတိသျှကောင်စီစာကြည့်တိုက်
အမှတ်- ၇၈၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့
ဖုန်း - ၂၅၄၆၅၈၊ ၂၅၆၂၉၀ လိုင်းခွဲ ၃၃၁၆

0 comments:

Post a Comment