Pages

Tuesday, November 19, 2013

မန္တလေး တန်ဆောင်မုန်း လပြည့်နေ့ ယာဉ်တိုက်မှုနှင့် ခိုက်ရန် ဖြစ်ပွားမှု ၁၁၇ ဦး ဆေးရုံရောက်

RangonNewsDaily:: November . 19 .2013
မြန်မာ့ ၁၂ လရာသီ ပွဲတော်နေ့ တစ်နေ့ဖြစ်သော နိုဝင်ဘာလ ၁၇ ရက်နေ့ (တန်ဆောင်မုန်း လပြည်နေ့) တွင် ယာဉ်တိုက်မှု ၈၆ မှုနှင့် ခိုက်ရန် ဖြစ်ပွားမှု ၃၁ မှု တို့ဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ လူ ၁၁၇ ဦး ရောက်ရှိ လာကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။

အိမ်မဲ-မြောင်းမြလမ်းပေါ်တွင် ထော်လာဂျီ တိမ်းမှောက် လိုက်ပါသူ ၂၆ ဦးဒဏ်ရာရ

RangonNewsDaily:: November . 19 .2013
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ရွာသစ်ရဲကင်းစခန်းပိုင်
အိမ်မဲ-မြောင်းမြကားလမ်း ပေါ်၌ ထော်လာဂျီယာဉ်တစ်စီးတိမ်းမှောက်၍ လိုက်ပါလာသူကောက်ရိတ်သမများ ပွန်းပဲ့ ဒဏ်ရာများရရှိသောကြာင့် ရွာသစ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းသိရသည်။

ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်းဆိုက်များ ရှာဖွေခြင်းကို Google တားမြစ်

Photo: ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်းဆိုက်များ ရှာဖွေခြင်းကို Google တားမြစ် Tuesday, November 19, 2013

Google နှင့် Microsoft တို့သည် အွန်လိုင်းပေါ်တွင် ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်း ဝက်ဘ်ဆိုက်များအား အသုံးပြုသူများ ရှာဖွေရ ခက်ခဲအောင် ပြုလုပ်ထားသည့် software ကို မိတ်ဆက်ခဲ့ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍လည်း ပူးတွဲ ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ဗြိတိန် ထိပ်သီးဆွေးနွေးပွဲတွင် ဆွေးနွေးမည့် အင်တာနက်လုံခြုံရေးနှင့် ပတ်သက်ပြီး Google အမှုဆောင်အရာရှိချုပ် Eric Schmidt က မိမိတို့ ကုမ္ပဏီအနေဖြင့် ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်းဆိုက်နှင့် စပ်လျဉ်းသည့် ရှာဖွေမှု အသုံးအနှုန်း တစ်သိန်းကျော်ခန့်ကို Google Search ပေါ်တွင် ရှင်းလင်းရာတွင် အကောင်းဆုံး အနေအထားတွင် ရှိကြောင်း ကြိုတင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါ software ကို Google နှင့် Bing တို့ က ဗြိတိန်နှင့် အင်္ဂလိပ်ဘာသာ အသုံးပြုသည့် နိုင်ငံများတွင် ပထမဦးဆုံး ဖြန့်ချိခဲ့သည်။ အဆိုပါ ကုမ္ပဏီနှစ်ခုသည် ၎င်းတို့၏ စနစ်များတွင် ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်း ဓာတ်ပုံများ တွေ့ ရှိနိုင်သည့် ခြေရာခံစနစ်ကို အသုံးပြုထားသည်။ ထို့အပြင် တရားမဝင် ဗီဒီယိုများကို ရှာဖွေ ဖျက်သိမ်းနိုင်သော နည်းပညာကိုလည်း Google က စမ်းသပ်လျက်ရှိသည်။ Google အမှုဆောင်အရာရှိချုပ် Schmidt က ကလေးညစ်ညမ်း ဝက်ဘ်ဆိုက်ပေါ်တွင် ဓာတ်ပုံများတင်ခြင်းကို မတားဆီးနိုင်ခြင်းနှင့် နည်းစနစ် မရှိခြင်းကြောင့် အခွင့်အရေးများ ရှိနေကြောင်း မှတ်ချက်ချခဲ့သည်။ လူ့အခွင့်အရေး လှုပ်ရှားသူများက အဆိုပါ ပြောင်းလဲမှုကိုကြိုဆိုခဲ့သော်လည်း ထိရောက်မှုအပေါ် သံသယများ ရှိနေသည်။

ဗြိတိန် ကလေးသူငယ် စောင့်ရှောက်ရေးနှင့် အွန်လိုင်း ကာကွယ်ရေးစင်တာမှ အကြီးအကဲဟောင်း Jim Gable က ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်းဆိုက် ရှာဖွေသူများသည် ဓာတ်ပုံများ ရှာဖွေရန် Google သို့ သွားရောက်မည်မဟုတ်ကြောင်းနှင့် ၎င်းတို့သည် peer-to-peer ဝက်ဘ်ဆိုက်များတွင်သာ ရှာဖွေကြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: USAToday
Internet Journal

RangonNewsDaily:: November . 19 .2013
Google နှင့် Microsoft တို့သည် အွန်လိုင်းပေါ်တွင် ကလေးသူငယ်ဆိုင်ရာ ညစ်ညမ်း ဝက်ဘ်ဆိုက်များအား အသုံးပြုသူများ ရှာဖွေရ ခက်ခဲအောင် ပြုလုပ်ထားသည့် software ကို မိတ်ဆက်ခဲ့ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍လည်း ပူးတွဲ ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ကိုထင်ကျော် နောက်ထပ် ထောင် ၉ လ ချမှတ်ခံရ

Photo: ကိုထင်ကျော် နောက်ထပ် ထောင် ၉ လ ချမှတ်ခံရ
Tuesday, November 19, 2013

တရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိ အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်ကို ဒီကနေ့ ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လနဲ့ ပန်းပဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ စုစုပေါင်း ၉ လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က RFA ကို အခုလို ပြောပါတယ်။

"ပန်းပဲတန်းမြို့နယ် တရားရုံးက အမှုနှစ်ခုအတွက် ပုဒ်မ ၁၈ အရ တစ်မှုကို ထောင် ၃ လစီ ကျခံစေဆိုပြီးတော့ချတယ်၊ ကျောက်တံတားမြို့နယ် တရားရုံးက ၃ လတစ်မှုကျတယ်၊ ဒါပေမယ့်လို့ မင်္ဂလာတောင်ညွန့်နဲ့ တာမွေတရားရုံးတို့က ချမှတ်ထားတဲ့ပြစ်ဒဏ်နဲ့ တစ်ပေါင်းတည်းကျခံစေဆိုပြီးတော့ အမိန့်ချတယ်"

ကိုထင်ကျော်ကို ကျောက်တံတား၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ သင်္ဃန်းကျွန်းမြို့နယ်တွေက ပုဒ်မ ၁၈ နဲ့ တရားစွဲထားတာပါ။ တာမွေနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်တွေက ၆ လစီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဒီနေ့ ပန်းပဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေက ၃ လစီ ပြစ်ဒါဏ်ချမှတ်ခဲ့တာပါ။

ကိုထင်ကျော်နဲ့အတူ တရားစွဲဆိုခံထားရသူ ဦးဇော်ဝင်းကိုလည်း ပုဒ်မ(၁၈) နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။

RFA

RangonNewsDaily:: November . 19 .2013
တရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိ အင်းစိန်ထောင်
မှာအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းကိုထင်ကျော်ကိုဒီကနေ့ ကျောက်တံတားမြို့နယ် တရား
ရုံးက ထောင်ဒဏ် ၃ လနဲ့ ပန်းပဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ စုစုပေါင်း ၉ လ ပြစ်ဒဏ်ချမှတ်
လိုက်ပါတယ်။

၁၀တန်းတောင် မအောင်သေးဘဲ ရည်းစားထားရင် စာမေးပွဲကျသွားမှာပေါ့လို့ဆိုတဲ့ ရွှေမှုန်ရတီ

Photo: ၁၀တန်းတောင် မအောင်သေးဘဲ ရည်းစားထားရင် စာမေးပွဲကျသွားမှာပေါ့လို့ဆိုတဲ့ ရွှေမှုန်ရတီ
Tuesday, November 19, 2013

အောင်မြင်မှုကို အချိန်တိုလေးအတွင်းမှာရရှိခဲ့သလို ရိုက်ခဲ့တဲ့ဇာတ်ကားတွေကလည်း ပရိသတ်အတွက် သို့လော သို့လောအတွေးတွေပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးကတော့ ရွှေမှုန်ရတီပါပဲ။ သူမဟာ ၁၀ တန်းဖြေဖို့အတွက်ပြင်ဆင်နေတဲ့ ကျောင်းသူလေးပါ။ ဒါပေမဲ့ သူမရိုက်တဲ့ ဇာတ်ကားတွေကို ကြည့်လိုက်ရင်တော့ သူမဟာ ဒီအရွယ်ဟုတ်ပါ့မလားလို့ ထင်ရလောက်အောင်ကိုသရုပ်ဆောင်စွမ်းရည် မြင့်မားသူပါ။ ငယ်ရွယ်ပေမဲ့ ကာရိုက်တာ ၀င်အောင် သရုပ်ဆောင်နိုင်လွန်းတဲ့ သူမဟာ အင်တာဗျူး ဖြေတာတောင် အနုပညာအလုပ်တွေနဲ့ မအားလပ်လွန်းသူမို့ အင်တာဗျူးဖြေဆိုချိန်မှာတောင် ကားပေါ်ကမဆင်းနိုင်သူလေးပါ။ သူမနဲ့ပြောဖြစ်သမျှကတော့ ‘အခုရိုက်နေတဲ့ ကားလေးက အမုန်းကမ်းရိုးတန်းတစ်လျှောက်မှာ ရင်ခုန်သံလှိုင်းကြီးနေသည်တဲ့။ မင်းသားက ကိုနေမင်း၊ ဖအေတူ၊ မအေကွဲ ညီအစ်မနှစ်ယောက်က မေဆူးမောင်နဲ့ ရွှေမှုန်နဲ့ပေါ့။ ကိုယ်က မယားကြီးရဲ့ သမီး ဒါပေမဲ့ အဖေက မယားငယ်နဲ့ တရားဝင်ပေါင်းတဲ့အခါကျတော့ သူတို့ မိသားစုကိုမုန်းနေတာပေါ့။ ဒီကားလေးက ပြဿနာတွေနဲ့ သုံးပွင့်ဆိုင်လေးပါတဲ့။ ရုပ်ရှင်ကားကြီးအနေနဲ့ လက်ခံထားတာရှိပြီး မသေချာသေးတဲ့အတွက် မပြောသေးတာပါ’လို့ သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုကို ပြောပြသွားပါတယ်။

အရွယ်နဲ့မလိုက်တဲ့ဇာတ်ရုပ်တွေအတွက် ဘယ်လိုလေ့လာခဲ့ရလဲလို့မေးကြည့်တော့ ‘အဓိကတော့ ဇာတ်တစ်ခုကို ဖတ်လိုက်ပြီဆိုရင် အဲဒီထဲမှာ ကာရိုက်တာဝင်အောင်ကြိုးစားတယ်။ ကာရိုက်တာ ၀င်သွားပြီးတဲ့နောက်ပိုင်းမှာ သူ့အလိုလို ဖြစ်သွားပါတယ်’တဲ့။

စာမေးပွဲနဲ့ပတ်သတ်ပြီးတော့လဲ ‘စာမေးပွဲနီးလာတဲ့အခါ ၁ လပိုင်းကစပြီး တစ်လကို တစ်ကားပဲ ရိုက်မယ်။ ၃ လပိုင်းထိပေါ့။ ကျန်တဲ့ အချိန်ကတော့ စာကအရေးကြီးတဲ့အတွက် စာကိုပဲ ဦးစားပေးဖြစ်မယ်။’ လို့ဆိုတဲ့အပြင် အချစ်ရေးကို မေးကြည့်လိုက်တဲ့အခါ ‘မလိုပါဘူး။ ၁၀တန်းတောင်မအောင်သေးတာ အချစ်ရေးကို သွားစဉ်းစားရင် စာမေးပွဲပါကျသွားမှာပေါ့။’ လို့ သူမရဲ့ အချစ်ရေးကို ပြောပြခဲ့ပါတယ်။

ခင်ဆွေသက်
Trend Myanmar

RangonNewsDaily:: November . 19 .2013
အောင်မြင်မှုကို အချိန်တိုလေးအတွင်းမှာရရှိခဲ့သလို ရိုက်ခဲ့တဲ့ဇာတ်ကားတွေကလည်း ပရိသတ်အတွက် သို
့လော သို့လောအတွေးတွေပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးကတော့ ရွှေမှုန်ရတီပါပဲ။ သူမဟာ ၁၀ တန်းဖြေ
ဖို့အတွက်ပြင်ဆင်နေတဲ့ ကျောင်းသူလေးပါ။

ဂျပန်နိုင်ငံ ဖူကူရှီးမားစက်ရုံမှ အန္တရာယ်များသော လောင်စာချောင်းများ ပြန်လည်ထုတ်ယူပြီ

Photo: ဖူကူရှီးမားစက်ရုံမှ အန္တရာယ်များသော လောင်စာချောင်းများ ပြန်လည်ထုတ်ယူပြီ
Tuesday, November 19, 2013

ဖူကူရှီးမားလျှပ်စစ်ဓာတ် အားပေးစက်ရုံမှ အခက်အခဲဆုံးနှင့် အန္တရာယ်အများဆုံးလုပ်ငန်းဖြစ် သော ယူရေနီယမ်နှင့် ယူတိုနီ ယမ်လောင်စာချောင်းများ ထုတ် ယူရေးလုပ်ငန်းကို Tepco မှ နျူ ကလီးယားအင်ဂျင်နီယာများ စတင်ပြင်ဆင်နေကြောင်း သိရ သည်။

သဘာဝဘေးကြောင့် ပျက် စီးသွားခဲ့ရသော ဓာတ်ပေါင်းဖို သုံးခုမှ လောင်စာချောင်းများ ထုတ်ယူမှုကို တနင်္လာနေ့တွင် စတင်မည်ဟု သိရသည်။ ဖူကူ ရှီးမားဓာတ်ပေါင်းဖိုသိုလှောင်ကန် ထဲတွင် လောင်စာချောင်း ၁၅၀၀ ကျော်ရှိနေပြီး နှစ်ရက်အတွင်း လောင်စာချောင်း ၂၂ချောင်း ထုတ်ယူနိုင်လိမ့်မည်ဟု ကုမ္ပဏီ မှ မျှော်လင့်ထားပြီး လုပ်ငန်းစဉ် ကြီးတစ်ခုလုံးအတွက် တစ်နှစ် ကျော် ကြာမည်ဟု သိရသည်။

အဝေးထိန်းစနစ်ဝန်ချီစက် ဖြင့် ကန်အတွင်းသို့ လှမ်း၍ လောင်စာချောင်းများကို ကုပ်ယူ သယ်မပြီး ၉၁တန်ရှိသော စည် အတွင်း ထည့်၍ နောက်တွဲယာဉ် ဖြင့် မီတာ ၁၀ဝခန့်ဝေးသော သိုလှောင်ကန်သို့ ပြောင်းရွှေ့ပေး မည်ဟု သိရသည်။လုပ်ငန်းလုပ်ဆောင်နေ စဉ် နမော်နမဲ့ကိစ္စသည် အခြေ အနေကို လျင်မြန်စွာ ဆိုးရွား သွားနိုင်ကြောင်းလည်း ကျွမ်း ကျင်သူများက ပြောထားကြ သည်။

ဖူကူရှီးမားစက်ရုံအား လုံးဝ အပြည့်အစုံ ပိတ်သိမ်းရေးလုပ် ငန်းမှာ ဆယ်စုနှစ်များစွာ ကြာ နိုင်ကြောင်းလည်း သိရသည်။ အနီးအနားမြို့နှင့် ရွာများတွင် လူသူကင်းရှင်းနေပြီး ဓာတ်ရောင် ခြည် သက်ရောက်မည်ကို စိုးရိမ် မှုရှိ၍ မည်သူမျှ ပြန်နေထိုင်လို သည့်ဆန္ဒမရှိကြကြောင်း သိရ သည်။

 Ref-AFP/ ACSP 
Yangon Media Group

RangonNewsDaily:: November . 19 .2013
ဖူကူရှီးမားလျှပ်စစ်ဓာတ် အားပေးစက်ရုံမှ အခက်အခဲဆုံးနှင့် အန္တရာယ်အများဆုံးလုပ်ငန်းဖြစ် သော ယူရေ
နီယမ်နှင့် ယူတိုနီ ယမ်လောင်စာချောင်းများ ထုတ် ယူရေးလုပ်ငန်းကို Tepco မှ နျူ ကလီးယားအင်ဂျင်နီယာ
များ စတင်ပြင်ဆင်နေကြောင်း သိရ သည်။

နေပြည်တော်အစိုးရ၀န်ထမ်း အိမ်ရာများတွင် အခမဲ့တပ်ဆင်ထားသော ရုပ်သံလိုင်းများ ဒီဇင်ဘာ ၁ ရက် စတင်ဖြတ်တောက်မည်

Photo: နေပြည်တော်အစိုးရ၀န်ထမ်း အိမ်ရာများတွင် အခမဲ့တပ်ဆင်ထားသော ရုပ်သံလိုင်းများ ဒီဇင်ဘာ ၁ ရက် စတင်ဖြတ်တောက်မည်
Tuesday, November 19, 2013

ရန်ကုန်- နေပြည်တော်ရှိ အစိုးရ၀န်ထမ်းအိမ်ရာအားလုံးတွင် ယခင်အစိုးရလက်ထက်က အခမဲ့တပ်ဆင်ပေးထားသည့် ရုပ်သံလိုင်းများကို ဒီဇင်ဘာ ၁ ရက်မှ စတင်ဖြတ်တောက်သွားမည်ဖြစ်ပြီး အခမဲ့ပြသနေသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအပါအ၀င် ရုပ်သံလိုင်းများ ကြည့်ရှုလိုပါက
ကျပ် ၃၂၀၀၀ တန် ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက်များကို ၀ယ်ယူတပ်ဆင်ရန် နေပြည်တော်ကောင်စီက ၀န်ထမ်းများအား စာထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

ထို့ပြင် ယင်းစာထွက်ပြီး မကြာမီမှာပင် Sky Net ရုပ်သံဖမ်းစက်များကို ၀န်ကြီးဌာနအသီးသီးတွင် အရစ်ကျစနစ်ဖြင့် လိုက်လံရောင်းချနေပြီး တစ်နိုင်ငံလုံးတွင် အခမဲ့ကြည့်ရှုနိုင်သော မြန်မာ့အသံ၊ မြ၀တီ၊ MRTV-4 ၊ Channel 7 တို့ကအစ ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက်မရှိဘဲနှင့် ဖမ်းယူကြည့်ရှုနိုင်မည်မဟုတ်ကြောင်း အစိုးရအရာရှိကြီးတစ်ဦးကပြောသည်။

အစိုးရ၀န်ထမ်းလစာမျှဖြင့် အစစအရာရာ ဈေးနှုန်းကြီးမြင့်နေသော နေပြည်တော်တွင် ချွေတာသုံးစွဲနေရသော ၀န်ထမ်းအများစုမှာ တစ်နိုင်ငံလုံးက အခမဲ့ကြည့်နိုင်သည့် ရုပ်သံလိုင်းအချို့ကိုပင် စကိုင်းနက်ရုပ်သံဖမ်းစက် ၀ယ်ယူကြည့်ရှုမှသာ ကြည့်နိုင်တော့မည့်အခြေအနေကြောင့် မကျေမနပ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း သတင်းရရှိသည်။ 

“ကျွန်မတို့ စာရေးအဆင့်က ရတဲ့လစာမှ ထောက်ပံ့ကြေးနဲ့ပေါင်းရင် တစ်သိန်းမပြည့်တပြည့်ရယ်။ အခုအဆောင်မှာ ရေဖိုး၊ မီတာခ အားလုံးပေးရတယ်။ နောက်ဆို အဆောင်နေခပါ ပေးရမလားပဲ။ အခုတစ်ခါ ဆီးဂိမ်းနီးမှ ကေဘယ်ကလွှင့်ပေးတဲ့လိုင်းတွေကို အကုန်ဖြုတ်ပြီး စကိုင်းနက်စက်တွေကို အရစ်ကျလာရောင်းတယ်။ သူများတွေ အလကားကြည့်ရတဲ့ မြန်မာ့အသံတို့ MRTV-4 တို့ကအစ ဒီစက်ဝယ်မှပဲ နေပြည်တော်မှာကြည့်လို့ရမယ်။ လစဉ်လည်း နှစ်ထောင်ပေးမှ အရင်လိုရုပ်သံလိုင်းတွေ အကုန်ပြန်ကြည့်ရမယ်။ ၀န်ထမ်းတွေမှာ ဒါလေးပဲ အပန်းဖြေစရာရှိတာပါ။ နေပြည်တော်မှာ အခုက ပိုက်ဆံကကုန်ပေါက်ချည်းပဲ”ဟု ၀န်ကြီးဌာနတစ်ခုမှ အစိုးရ၀န်ထမ်းတစ်ဦးကပြောသည်။

စစ်အစိုးရလက်ထက် နေပြည်တော်မြို့ စတင်တည်ထောင်ကတည်းက အခပေးရုပ်သံလိုင်းပေါင်းများစွာကို စစ်တပ်ကဖမ်းယူ၍ ၀န်ထမ်းအိမ်ရာများသို့ ကေဘယ်ကြိုးများဖြင့် တပ်ဆင်ပေးထားခြင်းဖြစ်သည်။ ယင်းကေဘယ်ကြိုးများကို ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လွှဲပြောင်းရယူလိုက်ပြီး အစိုးရ၀န်ထမ်းများထံ ပေးထားသည့် ကေဘယ်ကြိုးများအား သက်ဆိုင်ရာ နေပြည်တော်ကောင်စီသို့ ပြန်လည်လွှဲပေးခြင်းဖြစ်ကြောင်း အစိုးရအရာရှိကြီးတစ်ဦးက ပြောကြားသည်။

“နေပြည်တော်က တခြား ရန်ကုန်၊ မန္တလေးမြို့က အစိုးရတွေလို စီးပွားရေးလုပ်ငန်းလည်း ကြီးကြီးမားမားမရှိတော့ ၀င်ငွေရှာတဲ့အနေနဲ့ ဒစ်ဂျစ်တယ် ရုပ်သံဖမ်းစက်တွေကို ၀န်ထမ်းတွေကို အရစ်ကျရောင်းချတာပါ။ စကိုင်းနက်နဲ့ပူးပေါင်းပြီး လုပ်တာလားဆိုတာတော့ သေချာမသိရသေးပါဘူး။ ကောင်စီက ကေဘယ်အတွက် စက်ရုံတည်ဆောက်ပြီး လွှဲယူရတာပါ။ သူတို့ရောင်းမယ့် ရုပ်သံဖမ်းစက်မှာ လိုင်း ၂၀ က အခမဲ့လိုင်းတွေလည်း ဒီစက်ဝယ်မှ ကြည့်လို့ရမှာပါ”ဟု ၎င်းကပြောသည်။

ယခုအစီအစဉ်အတွက် နေပြည်တော်ကောင်စီနယ်မြေမှ ရုပ်သံဖမ်းစက်များ ထုတ်ရောင်းရန် ရှိ၊ မရှိနှင့် ယခုစကိုင်းနက်က ၀န်ကြီးဌာနရုံးများတွင် အရစ်ကျလိုက်လံရောင်းချနေသော ရုပ်သံဖမ်းစက်များနှင့် နေပြည်တော်ကောင်စီတို့ ဆက်စပ်မှု ရှိ၊ မရှိ ဆက်သွယ်မေးမြန်းရာတွင် သတင်းထုတ်ပြန်ဖြေကြားလေ့မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။

မကြာသေးမီက ပြန်ကြားရေးဝန်ကြီးဌာနက ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲထုတ်လွှင့်တော့မည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်များ ဖမ်းယူကြည့်ရှုနိုင်ရန် ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက် အလုံးပေါင်းသုံးသိန်းကျော် အခမဲ့ဖြန့်ဝေမည်ဖြစ်ကြောင်း ပြောကြားထားချိန်တွင် နေပြည်တော်ရှိ အစိုးရ၀န်ထမ်းများအားလုံးမှာမူ အခမဲ့ရုပ်သံလိုင်းများကအစ စကိုင်းနက်ရုပ်သံဖမ်းစက် ၀ယ်ယူကြည့်ရှုရမည်ဖြစ်သည်။ “ကျွန်တော်ကတော့ စကိုင်းနက်ဝယ်ကြည့်ဖို့ အစီအစဉ်မရှိဘူး။ ကိုယ့်ဘာသာ အဆောင်မှာ အင်တင်နာတိုင်ထောင်ကြည့်မယ်”ဟု အစိုးရအရာရှိကြီးတစ်ဦးက ပြောသည်။

7Day News Journal

RangonNewsDaily:: November . 19 .2013
ရန်ကုန်- နေပြည်တော်ရှိ အစိုးရ၀န်ထမ်းအိမ်ရာအားလုံးတွင် ယခင်အစိုးရလက်ထက်က အခမဲ့တပ်ဆင်ပေး
ထားသည့် ရုပ်သံလိုင်းများကို ဒီဇင်ဘာ ၁ ရက်မှ စတင်ဖြတ်တောက်သွားမည်ဖြစ်ပြီး

ကို့ကိုလည်းကျေးဇူးတင်ပါတယ်ဆိုခဲ့တဲ့ အကယ်ဒမီမယ်လိုဒီရဲ့ မင်္ဂလာပွဲအစီအစဉ်

Photo: ကို့ကိုလည်းကျေးဇူးတင်ပါတယ်ဆိုခဲ့တဲ့ အကယ်ဒမီမယ်လိုဒီရဲ့ မင်္ဂလာပွဲအစီအစဉ်
Tuesday, November 19, 2013

၂ဝ၁၁ ခုနှစ်အတွက် ‘ထာဝရ အလင်းတန်းများ’ ရုပ်ရှင်ဇာတ်ကား နဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့ တဲ့ အကယ်ဒမီမယ်လိုဒီက အကယ် ဒမီစင်မြင့်ထက်မှာ ‘ကို့ကို လည်း ကျေး ဇူးတင်ပါတယ်’ လို့ ဆိုခဲ့တဲ့အတွက် ပရိသတ်များက စိတ်ဝင်တစားရှိခဲ့ ကြပါတယ်။

ရှေ့နှစ် ၂ဝ၁၄ ဖေဖော်ဝါရီလ ထဲ မှာတော့ ပရိသတ်စိတ်ဝင်စားတဲ့ မယ်လိုဒီတစ်ယောက် ချစ်သူနဲ့ မင်္ဂ လာပွဲဆင်နွှဲတော့မှာ ဖြစ်ပါတယ်။ အဲဒီမင်္ဂလာပွဲအစီအစဉ်နဲ့ ပတ် သက်ပြီး မယ်လိုဒီက…

”အစကတော့ မင်္ဂလာဆောင်ကို မတ်လ မှာလုပ်ဖို့စီစဉ်ထားတာ။ အခုတော့ မျိုးမင်္ဂ လာဆောင်ကို ဖေဖော်ဝါရီလထဲမှာပဲ လုပ်ဖြစ် ဖို့များတယ်။ မင်္ဂလာပွဲကိုတော့ ရိုးရိုးပဲ၊ မနက် တစ်ပွဲ၊ ညတစ်ပွဲလုပ်မယ်။ မင်္ဂလာ ဆွမ်းကျွေး မယ်။ လက်မှတ်ထိုးမယ်။ အများကြီးတော့ မလုပ်ဘူး။ ရိုးရိုးလေး ပဲ လုပ်မှာပါ။ အကုန်လုံးကလည်း အလုပ်ရှုပ်နေကြ တာဆိုတော့ လူ လည်း ပင်ပန်းနေတယ်။ စိတ်လည်း ပင်ပန်းရ တယ်လေ။ လက်ထပ်မယ့် သူကတော့ အနု ပညာလောကက မဟုတ်ပါဘူး။ အပြင်က ပါပဲ။ မျိုးရဲ့ငယ်ငယ် တုန်းက အကြောင်း တွေကိုအကုန်သိတဲ့သူငယ်ချင်း ပေါ့” လို့ ပြောပြပါတယ်။

Popular Journal

RangonNewsDaily:: November . 19 .2013
၂ဝ၁၁ ခုနှစ်အတွက် ‘ထာဝရ အလင်းတန်းများ’ ရုပ်ရှင်ဇာတ်ကား နဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့ တဲ့ အ
ကယ်ဒမီမယ်လိုဒီကအကယ်ဒမီစင်မြင့်ထက်မှာ ‘ကို့ကို လည်း ကျေး ဇူးတင်ပါတယ်’ လို့ ဆိုခဲ့တဲ့အတွက် ပရိ
သတ်များက စိတ်ဝင်တစားရှိခဲ့ ကြပါတယ်။

ဒိတ်ဒိတ်ကြဲစိုင်းစိုင်းခမ်းလှိုင်နဲ့ ကြိုးစားနေတဲ့ အစီအစဉ်တစ်ရပ်

Photo: ဒိတ်ဒိတ်ကြဲစိုင်းစိုင်းခမ်းလှိုင်နဲ့ ကြိုးစားနေတဲ့ အစီအစဉ်တစ်ရပ်
Tuesday, November 19, 2013

စိုင်းစိုင်းခမ်းလှိုင်က ‘ဒိတ်ဒိတ်ကြဲ’ ဗီစီဒီကို ရိုက်ကူးဖို့ အတွက် နိုဝင်ဘာ တစ်လလုံးဇာတ်ကားရိုက်ကူးမှု တွေကို ခဏနားထားမယ်လို့ ပြောပြပါတယ်။ သီချင်းခွေကို မျှော် နေကြတဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ခံစားမှု ကို ပြောပြတဲ့ စိုင်းစိုင်းခမ်းလှိုင်က..

“ကျွန်တော် ‘ဒိတ်ဒိတ်ကြဲ’ သီချင်းခွေ ဗီစီဒီရိုက်နေတာ မပြီးသေးဘူးဆိုတော့ အခုနိုဝင်ဘာတစ်လလုံး ကားရိုက် နားပါမယ်။ သီချင်းတွေ ပြီးအောင် ရိုက်ပါမယ်။ တန်ဆောင်မုန်းလပြည့်နေ့အပါအဝင်ပွဲတွေလည်း တော်တော် များများရှိတော့နယ်တွေမှာ သွားဖျော်ဖြေပါမယ်။ကျွန်တော် ဒီဇင်ဘာလ ၂၉ရက်နေ့ သို့မဟုတ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျွန်တော့်အခွေ ကိုဖြန့်ချိမယ်လို့ရာထားပါတယ်။ ကျွန်တော် အလုပ်တွေလုပ်ပြီးကြိုးစား တဲ့အခါတွေလည်းရှိသလို စိတ် လေနေတဲ့အခါတွေလည်း ရှိတယ်။ ကျွန်တော်လျှောက် တဲ့လမ်းမှာ မှန်တဲ့ အခါတွေလည်း ရှိတယ်။ မှားတဲ့အခါတွေလည်း ရှိတယ်။ အောင်မြင်သွားတဲ့ အနု ပညာဖန်တီးမှုတွေ ရှိသလို၊ ချို့ ယွင်းသွားတဲ့အနုပညာဖန်တီးမှု တွေလည်း ရှိတယ်။ အရာရာတိုင်း အတွက် နားလည်ခွင့်လွှတ်ပြီးတော့ ကျွန်တော့်ဘက်က ရပ်တည်ပေး တယ်။ ကျွန်တော့်ကို နှစ်သိမ့်အား ပေးတယ်။ ချီးမြှောက်ပြော ဆိုတယ်။ လက်ခုပ်တီးတယ်။ ကျွန်တော့်ဘက် က အမြဲတမ်းရှိတဲ့ ကျွန်တော့်ပရိသတ် ကို အမြဲတမ်း ဦးထိပ်ပန်ဆင်ပါတယ်” လို့ ပြောပြပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဇာတိဖြစ် တဲ့ တောင်ကြီးက အ.ထ.က(၁) ကျောင်း အာစရိယပူဇော်ပွဲကို နိုဝင် ဘာ ၉ရက်၊၁ဝရက်တွေမှာသွားရောက် ဖြစ်ခဲ့ပြီး သူငယ်ချင်းတွေ ၊ဆရာ၊ ဆရာမ တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ADMA က စီစဉ်ပြီး ထိုင်းမင်း သမီး Davika Hoorne နဲ့အတူ လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်တို့က ရုပ်ရှင် ဇာတ်ကားရိုက်ကူးဖို့အတွက် စီစဉ်နေ တာနဲ့ပတ်သက်ပြီး စိုင်း စိုင်းခမ်းလှိုင် ကို မေးကြည့်ဖြစ်တော့ “အလုပ် တစ်ခု သေသေချာချာ confirm မ ဖြစ်သေးတဲ့အချိန်မှာ ကြိုတင်ပြီး ပြောလေ့ မရှိ သေးတဲ့အတွက် ကျွန်တော်အခုလော လော ဆယ်မှာဘာမှ မဖြေနိုင်သေး တာကိုခွင့်လွှတ်ပါ။ကျွန်တော်တို့ ရိုက် ကူးဖို့ကြိုးစားနေကြ ပါတယ်ဆိုတာ လောက်တော့ကျွန်တော်ပြောနိုင်ပါ တယ်။ကျွန်တော့်ဘက် ကတော့ ဒီအစီ အစဉ်ဖြစ်လာတဲ့အတွက် ဝမ်းသာပါ တယ်။အောင်ေ အာင်မြင်မြင် ရိုက်ကူး ဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်” လို့ပြောပြခဲ့ ပါတယ်။

မေမွန်မောင်
Popular Journal

RangonNewsDaily:: November . 19 .2013
စိုင်းစိုင်းခမ်းလှိုင်က ‘ဒိတ်ဒိတ်ကြဲ’ဗီစီဒီကိုရိုက်ကူးဖို့ အတွက် နိုဝင်ဘာတစ်လလုံးဇာတ်ကားရိုက်ကူးမှု တွေ
ကို ခဏနားထားမယ်လို့ ပြောပြပါတယ်။ သီချင်းခွေကို မျှော် နေကြတဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီးတော့
လည်း ခံစားမှု ကို ပြောပြတဲ့ စိုင်းစိုင်းခမ်းလှိုင်က..

လူသားချင်းစာနာမှုအတွက် အော်စကာဆုကို ဂျိုလီ ရရှိ

Photo: လူသားချင်းစာနာမှုအတွက် အော်စကာဆုကို ဂျိုလီ ရရှိ
Tuesday, November 19, 2013

Star Wars ဇာတ်ကားများကို ဖန်တီးသူ ဂျော့ဂ်ျလူးကက်စ်က Jean Hersholt Humanitarian Awardကို အန်ဂျလီနာအား ဂုဏ်ယူစွာ ပေးအပ် ချီးမြှင့်ခဲ့

လူသားချင်းစာနာမှုအတွက် အော်စကာဆုကို ဂျိုလီ ရရှိ
ပြီးခဲ့သည့် သီတင်းပတ်ကုန်က အန်ဂျလီနာ ဂျိုလီအနေဖြင့် လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းများကြောင့် အထူးဂုဏ်ပြုချီးမြှင့်သည့် အော်စကာဆုကို ရရှိခဲ့ကြောင်း သိရသည်။ စနေနေ့က လော့စ်အန်ဂျလိစ်တွင် ကမ္ဘာကျော် ဟောလီးဝုဒ် မင်းသမီးအား အဆိုပါဆုကို ပေးအပ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ Star Wars ဇာတ်ကားများကို ဖန်တီးသူ ဂျော့ဂ်ျလူးကက်စ်က Jean Hersholt Humanitarian Awardကို အန်ဂျလီနာအား ဂုဏ်ယူစွာ ပေးအပ် ချီးမြှင့်ခဲ့သည်။ အဆိုပါဆုကို လက်ခံရယူပြီးနောက် ဂျိုလီက အတူနေချစ်သူ ဘရတ်ပစ်တ်ကို ကျေးဇူးတင်စကား ရည်စူးပြောကြားခဲ့သည်။ ထိုအချိန်တွင် ဘရတ်သည် အသက်(၁၂)နှစ်သားလေး မက်ဒေါ့စ်နှင့်အတူ အန်ဂျလီနာကို အားပေးလျှက်ရှိသည်။

သူမက "ကျွန်မရဲ့ အချစ်ဆုံးသူဆီက ရခဲ့တဲ့ အကူအညီတွေ၊ ထောက်ပံ့အားပေးမှုတွေက ကျွန်မလုပ်ဆောင်သမျှ အားလုံးကို လက်တွေ့ဖြစ်စေဖို့ ခွန်အားတစ်ရပ်ပါပဲ"ဟု ညွှန်းဆိုခဲ့သည်။ သူမက ယခုဆုအတွက် ဂုဏ်ယူစိတ်ဖြင့် မျက်ရည်ကျမိသော်လည်း မငိုမိအောင် ထိန်းထားရန် သားဖြစ်သူ မက်ဒေါ့စ်ကို ကတိပေးထားရကြောင်းလည်း အရွှမ်းဖောက် ပြောကြားခဲ့သည်။ သူမက မက်ဒေါ့စ်ကို ရည်စူးပြီး "သားရေ။ မေမေမငိုဘူးနော်။ ကတိပေးထားတဲ့အတိုင်းပဲ။ သားကို အရှက်ရအောင် မလုပ်ခဲ့ဘူးနော်"ဟု ရယ်ရယ်မောမော ပြောဆိုသွားသည်။

Planet Myanmar Network

RangonNewsDaily:: November . 19 .2013
လူသားချင်းစာနာမှုအတွက် အော်စကာဆုကို ဂျိုလီ ရရှိပြီးခဲ့သည့် သီတင်းပတ်ကုန်က အန်ဂျလီနာ ဂျိုလီအနေ
ဖြင့်လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများကြောင့်အထူးဂုဏ်ပြုချီးမြှင့်သည့် အော်စကာဆုကို ရရှိခဲ့ကြောင်း
သိရသည်။

ထိုင်ဝမ်ရဲ့ အထင်ကရ ဥမင်လိုဏ် Hsuehshan

Photo: ထိုင်ဝမ်ရဲ့ အထင်ကရ ဥမင်လိုဏ်
Tuesday, November 19, 2013

Hsuehshan အမည်ရ ဥမင်လိုဏ် ဖြစ်ပါတယ်။ Taipei နဲ့ Yilan မြို့(၂)မြို့ကို 
အချိန်တိုတိုနဲ့ သွားလာနိုင်ဖို့ ရည်ရွယ်ပြီး တောတောင်လျှိုမြောင်တွေ
ဖြတ်ကျော်ပြီး ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။

အလျား မိုင် ၈မိုင်ခန့် ရှည်လျားတဲ့ အဆိုပါ ဥမင်လိုဏ်ကို ၁၉၉၁ မှ ၂၀၀၆ ခုနှစ်ထိ ၁၅နှစ်ကြာ အချိန်ယူ ဖောက်လုပ်ခဲ့ရပြီး ကာလတန်ဖိုး ယူအက် ဒေါ်လာ၂.၈၃ ဘီလီယံ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။

Ref:wiki
AkaRy (MM Social Sky)

RangonNewsDaily:: November . 19 .2013
Hsuehshan အမည်ရ ဥမင်လိုဏ် ဖြစ်ပါတယ်။ Taipei နဲ့ Yilan မြို့(၂)မြို့ကို အချိန်တိုတိုနဲ့ သွားလာနိုင်ဖို့ ရည်
ရွယ်ပြီး တောတောင်လျှိုမြောင်တွေ ဖြတ်ကျော်ပြီး ဖောက်လုပ်ထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေး

RangonNewsDaily:: November . 19 .2013
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၄၉/ ၂၀၁၃)
၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်
(၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်)

Taylor Swift မလျှောက်တတ်တဲ့ cat walk