Pages

Tuesday, November 19, 2013

မန္တလေး တန်ဆောင်မုန်း လပြည့်နေ့ ယာဉ်တိုက်မှုနှင့် ခိုက်ရန် ဖြစ်ပွားမှု ၁၁၇ ဦး ဆေးရုံရောက်

RangonNewsDaily:: November . 19 .2013
မြန်မာ့ ၁၂ လရာသီ ပွဲတော်နေ့ တစ်နေ့ဖြစ်သော နိုဝင်ဘာလ ၁၇ ရက်နေ့ (တန်ဆောင်မုန်း လပြည်နေ့) တွင် ယာဉ်တိုက်မှု ၈၆ မှုနှင့် ခိုက်ရန် ဖြစ်ပွားမှု ၃၁ မှု တို့ဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ လူ ၁၁၇ ဦး ရောက်ရှိ လာကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဖြစ်ပွားမှုများကြောင့် တစ်ဦးသေဆုံးခဲ့ကြောင်း ယာဉ်တိုက်မှု အများစုတွင် ဆိုင်ကယ်ချင်း တိုက်မှု အများစု ဖြစ်ပြီး ခိုက်ရန် ဖြစ်ပွားမှု များတွင် အများစုမှာ လူငယ်များ ဖြစ်ကြကြောင်း ယင်း ဆေးရုံ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ခိုက်ရန် ဖြစ်ပွားမှုများတွင် တုတ်ဖြင့်ရိုက်မှု ၂၅ မှု၊ ဓားထိုးမှု ခြောက်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ထပ်မံပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တန်ဆောင်တိုင် ပွဲတော် ကာလများတွင် ဗြောက်အိုး မဖောက်ရန် အမိန့် ထုတ်ပြန်ထားပြီး မဟာအောင်မြေ မြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်များတွင် ဗြောက်အိုး ဖောက်သူ နှစ်ဦးကို အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment