Pages

Tuesday, November 19, 2013

အိမ်မဲ-မြောင်းမြလမ်းပေါ်တွင် ထော်လာဂျီ တိမ်းမှောက် လိုက်ပါသူ ၂၆ ဦးဒဏ်ရာရ

RangonNewsDaily:: November . 19 .2013
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ရွာသစ်ရဲကင်းစခန်းပိုင်
အိမ်မဲ-မြောင်းမြကားလမ်း ပေါ်၌ ထော်လာဂျီယာဉ်တစ်စီးတိမ်းမှောက်၍ လိုက်ပါလာသူကောက်ရိတ်သမများ ပွန်းပဲ့ ဒဏ်ရာများရရှိသောကြာင့် ရွာသစ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းသိရသည်။

ဖြစ်စဉ်မှာ အိမ်မဲမြို့နယ် ရွာသစ်ရဲကင်းစခန်းပိုင် ကွင်းယား
တံခွန်တိုင်ကျေးရွာမှ ကံကြီး ကျေးရွာသို့ ယခုလ ၁၆ ရက် နံနက် ၇ နာရီခွဲတွင် ကောက်ရိတ်ရန် ယာဉ်မောင်းသန့်ဇင်ဦးမောင်းနှင်လာသော ဒေါ်တင်တင်အပါအဝင် ၂၆ဦးလိုက်ပါသည့်
ထော်လာဂျီမှာ မဲဇလီစာဖြူစု ကျေးရွာအနီး မိုင်တိုင်၉၄/၉၅ ကြားတွင် တိမ်းမှောက်သဖြင့် လိုက်ပါလာသူ ၂၆ ဦးမှာ ပြင်ပ ပွန်းပဲ့ဒဏ်ရာများရရှိပြီး ရွာသစ်ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း သိရသည်။


အဆိုပါ ထော်လာဂျီတိမ်းမှောက်မှုကို မဲဇလီစာဖြူစုကျေးရွာ
အုပ်ချုပ်ရေးမှူးက အရေးယူ ပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရွာသစ်ရဲကင်းစခန်းက (ပ)၆/၂ဝ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။

The Union Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment