Pages

Tuesday, October 8, 2013

ဒူဘိုင်းမှ ကမ္ဘာ့အမြင့်ဆုံး လူနေအိမ်ရာ

ဒူဘိုင်းမှ ကမ္ဘာ့အမြင့်ဆုံး လူနေအိမ်ရာ


kolatt(PBDN): October. 8 .2013

Princess Tower မှ မြူဖုန်းနေတဲ့ ဒူဘိုင်းမြို့ ကြီးကို လှမ်းမြင်နေရ မှု ဖြစ်ပါတယ်။
::
ယင်း ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ ရှိ Princess Tower ဟာ ကမ္ဘာ့အမြင့်ဆုံး လူနေအိမ်ရာ အဆောက်အအုံ (the world's tallest residential building) အဖြစ် စံချိန်တင်ထားပါတယ်။
::
အထပ်ပေါင်း ၁၀၁ ထပ် ရှိပြီး အမြင့်ပေ ၁၃၅၈ ပေ ရှိပါတယ်။ အခန်း ယူနစ်ပေါင်း ၇၆၃ ခု၊ ကားအစီးထောင်ဂဏန်းဆန့်သော ကားပါင်ကင် အထပ်များ၊ လက်လီလက်ကားဆိုင်ကြီးများ ၈ခုမက ပါဝင်ပါတယ်။

ပုံမှာ မြင်တွေ့နေရတာကတော့ အထပ်အမြင့်ဆုံးကနေ ဒူဘိုင်းတစ်မြို့ လုံးကို လှမ်းမြင်နေရမှု ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်က စတင်တည်ဆောက်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလက ပြီးစီးခဲ့ပါတယ်။ 
::
ယနေ့မှာတော့ လူနေအိမ် ခန်း ပေါင်းများစွာ ပါရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး အိမ်ရာအဆောက်အအုံ အဖြစ် အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။

Ref: wiki
Aung Kham::--

See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: October. 8 .2013 Princess Tower မှ မြူဖုန်းနေတဲ့ ဒူဘိုင်းမြို့ ကြီးကို လှမ်းမြင်နေရ မှု ဖြစ်ပါတယ်။

နယူးယော့ခ်သို့ ရောက်ရှိကာစက မုဒိမ်းကျင့်ခံရဖူးကြောင်း မက်ဒေါနားဖွင့်ဟ

Photo: နယူးယော့ခ်သို့ ရောက်ရှိကာစက မုဒိမ်းကျင့်ခံရဖူးကြောင်း မက်ဒေါနားဖွင့်ဟ
Tuesday, October 8, 2013

အသက်(၅၅)နှစ် အရွယ်ရှိပြီဖြစ်သော မက်ဒေါနားက သူမသည် နယူးယော့ခ်ကို ရောက်ကာစ အချိန်တွင် တိုက်ခေါင်မိုး တစ်ခုပေါ်၌ ဓားထောက်၍ မုဒိမ်းကျင့်သူ တစ်ဦး၏ သားကောင် ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့

နယူးယော့ခ်သို့ ရောက်ရှိကာစက မုဒိမ်းကျင့်ခံရဖူးကြောင်း မက်ဒေါနားဖွင့်ဟ
သူမ၏ ငယ်ဘဝက နယူးယော့ခ် မြို့တော်တွင် မုဒိမ်းကျင့်ကြံမှု ခံခဲ့ရဖူးကြောင်း မက်ဒေါနားက ကိုယ်တိုင်ကိုယ်ကျ ဖွင့်ဟ ပြောကြား လိုက်သည်။ နိုဝင်ဘာလထုတ် Harper's Bazaar မဂ္ဂဇင်းနှင့် အင်တာဗျူး တွင် Popဂီတ နာမည်ကျော် အဆိုတော်က နယူးယော့ခ်သည် သူမအ တွက် နွေးထွေးစွာ ကြိုဆိုသည့် နေရာတစ်ခု မဖြစ်ခဲ့ဟု ဝန်ခံခဲ့သည်။ သူမ၏ လူငယ် အဆိုတော်ဘဝ နေ့ရက်များအကြောင်း ဖွင့်ဟရေးသားထားသည့် မှတ်တမ်းတွင် မက်ဒေါနားက ယင်းတုန်လှုပ်ဖွယ် ဖြတ်သန်းမှုကို ထည့်သွင်း ဖော်ပြခဲ့သည်။ အသက်(၅၅)နှစ် အရွယ်ရှိပြီဖြစ်သော မက်ဒေါနားက သူမသည် နယူးယော့ခ်ကို ရောက်ကာစ အချိန်တွင် တိုက်ခေါင်မိုး တစ်ခုပေါ်၌ ဓားထောက်၍ မုဒိမ်းကျင့်သူ တစ်ဦး၏ သားကောင် ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

Material Girlစတား မက်ဒေါနားက "နယူးယော့ခ်ဟာ ကျွန်မကို လက်ကမ်း ကြိုခဲ့တာတော့ မဟုတ်ဘူး။ ပထမဆုံးနှစ်မှာ ကျွန်မ သေနတ်နဲ့ ချိန်ခံရဖူး တယ်။ ကျွန်မကျောကို ဓားတစ်ချောင်းနဲ့ ထောက်ပြီး အတင်းဆွဲခေါ်တဲ့ လူတစ်ယောက်က တိုက်ခေါင်မိုး တစ်ခုမှာ မုဒိမ်းကျင့်တာကို ကြုံရဖူးတယ်"ဟု မဂ္ဂဇင်းတွင် ကိုယ်တိုင် ရေးသားထားခဲ့သည်။ သူမအနေဖြင့် ယင်းကဲ့သို့ ခက်ခဲကြမ်းတမ်းသော အတွေ့အကြုံကို မည်သည့်အသက်အရွယ်တွင် ဖြတ်သန်းခဲ့ရကြောင်း ဖော်ပြမထား
သည့်တိုင် နယူးယော့ခ်သို့ ရောက်ကာစ နှစ်အပိုင်းအခြားဟု ရည်ညွှန်း
မှုအရ အသက်(၂၀) ဝန်းကျင် ဖြစ်နိုင်သည်။

မက်ဒေါနားသည် အဆိုပါ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုကို ရဲတပ်ဖွဲ့ထံ သတင်းပို့ တိုင်ကြားမှု မပြုလုပ်ခဲ့ချေ။ လူစီအိုဘရိုင်ယန် ရေး သားသည့် မက်ဒေါနား၏ အထုပ္ပတ္တိ စာအုပ်ထဲတွင် ယင်းအကြောင်းကို ထည့်သွင်း ရေးသားဖူးပြီး မက်ဒေါနား အနေဖြင့် ရဲတိုင်ရန်ထက် တုန်လှုပ်စွာပင် ငိုကြွေးနေခဲ့ကြောင်း ဖော်ပြထားသည်။ မက်ဒေါနားက နယူးယော့ခ်သည် သူမ၏ ပျိုမြစ်သော အချိန်ပိုင်းများတွင် အန္တရာယ် အပေးနိုင်ဆုံး နေရာတစ်ခုအဖြစ် ရှိနေခဲ့ကြောင်းလည်း ဝေဖန်ထားသည်။ "ကျွန်မအိမ်ကို (၃)ခါ ဖောက်ထွင်းခံရတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ကျွန်မဆီမှာ ဘာတန်ဖိုးရှိတဲ့ အရာမှ မရှိတော့ ရေဒီယိုလေးကို ခိုးသွားတယ်"ဟု Vogue အဆိုတော်က မဂ္ဂဇင်းအတွင်း ရေးသားထားသည်။

Planet Myanmar Network

RangonNewsDaily:: October. 8 .2013
နယူးယော့ခ်သို့ ရောက်ရှိကာစက မုဒိမ်းကျင့်ခံရဖူးကြောင်း မက်ဒေါနားဖွင့်ဟသူမ၏ ငယ်ဘဝက နယူး
ယော့ခ် မြို့တော်တွင် မုဒိမ်းကျင့်ကြံမှု ခံခဲ့ရဖူးကြောင်း မက်ဒေါနားက ကိုယ်တိုင်ကိုယ်ကျ ဖွင့်ဟ ပြောကြား လိုက်သည်။

ရူပဗေဒ နိုဘယ်ဆု ဟစ်ဘိုဇွန် သီအိုရီ ရရှိ

Photo: ရူပဗေဒ နိုဘယ်ဆု ဟစ်ဘိုဇွန် သီအိုရီ ရရှိ
Tuesday, October 8, 2013

၂၀၁၃ ခုနှစ် အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ဟစ်ဘိုဇွန် ဆိုတဲ့ သီအိုရီနဲ့ ဘယ်လ်ဂျီယံ သိပ္ပံ ပညာရှင် ဖရန်ဆွာ အန်ဂလာ့တ်နဲ့ ဗြိတိန် သိပ္ပံ ပညာရှင် ပီတာ ဟစ်ခ်စ် တို့ကို ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။

သူတို့နှစ်ဦးဟာ အက်တမ်အောက်အမှုန် ဖြစ်တဲ့ အဓိကကျတဲ့ အခြေခံ ဒြပ်မှုန် တစ်မျိုး တည်ရှိနေမှုကို ခန့်မှန်းဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဟစ်ဘိုဇွန် သက်သေပြချက်ကို ဖော်ထုတ်ဖို့အတွက် ရာစုနှစ် တစ်ဝက်လောက်ပဲ ကြာခဲ့ပြီး Large Hardron Collider ဆိုတဲ့ အက်တမ်တွေကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်စေခဲ့တဲ့ စမ်းသပ်မှုကနေ သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံက တော်ဝင် သိပ္ပံ ပညာရပ်ဆိုင်ရာ အဖွဲ့ အစည်းကလည်း ဒီ သိပ္ပံပညာရှင် ၂ ဦးအတွက် ဂုဏ်ယူကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ အက်တမ်ထက် သေးငယ်တဲ့ ဒြပ်မှုန်တွေရဲ့ မူလအစနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ နားလည်နိုင်မယ့် ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုကို သီအိုရီ နည်းကျကျ ရှာဖွေနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဟစ်ဇ်ဘိုဇွန် သီအိုရီ အရ ကျွန်ုပ်တို့ စကြဝဠာရဲ့ အဓိက သွင်ပြင် လက္ခဏာရပ် များစွာကို ရှင်းပြနိုင်ကြောင်း၊ ဥပမာအားဖြင့် ဘာကြောင့် တခြား ဒြပ်မှုန်တွေမှာ အလေးချိန် ရှိသလဲ ဆိုတာမျိုးတွေကို ရှင်းပြနိုင်မှာ ဖြစ်တဲ့အပြင် ဒီလေ့လာ တွေ့ရှိမှုကနေ တခြား သိပ္ပံ ပညာရပ် နယ်ပယ်အများအပြားအတွက် အကျိုးသက်ရောက်မှု ရှိစေမှာ ဖြစ်ကြောင်း သိရပါတယ်။

ဗြိတိန် သိပ္ပံပညာရှင် ပီတာဟစ်ခ် (ယာ) နဲ့ ဘယ်လ်ဂျီယံ သိပ္ပံပညာရှင် ဖရန်ဆွာ အန်ဂလာ့တ်
BBC
ဗြိတိန် သိပ္ပံပညာရှင် ပီတာဟစ်ခ် (ယာ) နဲ့ ဘယ်လ်ဂျီယံ သိပ္ပံပညာရှင် ဖရန်ဆွာ အန်ဂလာ့တ်
RangonNewsDaily:: October. 8 .2013
၂၀၁၃ ခုနှစ် အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ဟစ်ဘိုဇွန် ဆိုတဲ့ သီအိုရီနဲ့ ဘယ်လ်ဂျီယံ သိပ္ပံ ပညာရှင် ဖရန်ဆွာ အန်ဂလာ့တ်နဲ့ ဗြိတိန် သိပ္ပံ ပညာရှင် ပီတာ ဟစ်ခ်စ် တို့ကို ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။

စက်တင်ဘာလ ဘာကလေအကောင်ဆုံးဆုများကို အာဆင်နယ် သိမ်းပိုက်

Photo: စက်တင်ဘာလ ဘာကလေအကောင်ဆုံးဆုများကို အာဆင်နယ် သိမ်းပိုက်
Tuesday, October 8, 2013

စက်တင်ဘာ ဘာကလေအကောင်းဆုံးဆုများကို အာဆင်နယ် သိမ်းပိုက်စက်တင်ဘာလအတွက် ဘာကလေ အကောင်းဆုံးဆုများကို အာဆင်နယ် အသင်းမှ သိမ်းပိုက်သွားခဲ့ကြောင်းသိရသည်။ အာဆင်နယ်မှာ စက်တင်ဘာလအတွင်း ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်(၄)ပွဲစလုံး
အနိုင်ရခဲ့ပြီး ယင်းအတွက်ကြောင့် နည်းပြ အာစင်ဝင်းဂါးကို တစ်လတာ အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခဲ့ကာဆန်းဒါးလန်းနှင့်ပွဲတွင် (၂)ဂိုး၊ စတုတ်စီးတီး၊ ဆွမ်ဆီးတို့နှင့်ပွဲစဉ်များတွင် တစ်ဂိုးစီ သွင်းယူပေးနိုင်ခဲ့သည့် ကွင်းလယ်လူ ရမ်ဆေးကိုလည်း တစ်လတာ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခဲ့သည်။

အာဆင်နယ်မှာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင် ဗီလာကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ရလဒ်ကောင်းများ ဆက်တိုက်ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဂိုးကွာခြားချက်အသာဖြင့် ဦးဆောင်နေနိုင်ကာ တစ်လတာ အကောင်းဆုံးနည်းပြဆုမှာ အာစင်ဝင်းဂါးအတွက်(၁၃)ကြိမ်မြောက်
ဖြစ်လာခဲ့သည်။
http://yoyarlay.com/sport/football/38284-2013-10-08-13-35-12
ဇော်ထွန်း(ရိုးရာလေး)

RangonNewsDaily:: October. 8 .2013
စက်တင်ဘာ ဘာကလေအကောင်းဆုံးဆုများကိုအာဆင်နယ်သိမ်းပိုက်စက်တင်ဘာလအတွက် ဘာကလေ
 အကောင်းဆုံးဆုများကို အာဆင်နယ် အသင်းမှ သိမ်းပိုက်သွားခဲ့ကြောင်းသိရသည်။

မန္တလေးခရိုင်ခုနစ်မြို့နယ် တစ်နှစ်အတွင်း မီးလောင်ဆုံးရှုံးမှု ကျပ်သိန်း ၁၈၀၀ ကျော်ရှိ

RangonNewsDaily:: October. 8 .2013
မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ မှ ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ မီးလောင်မှု ကြိမ်ရေ ၉၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၈၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန ထံမှ စုံစမ်း သိရှိရသည်။

မိုးစက်ဝိုင်၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာကို ယနေ့ဖွင့်လှစ်လိုက်ပြီ

Photo: မိုးစက်ဝိုင်၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာကို ယနေ့ဖွင့်လှစ်လိုက်ပြီ
Tuesday, October 8, 2013

Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာအား ယနေ့ ညနေပိုင်းတွင် ဖွင့်လိုက်ပြီဖြစ်ကြောင်း Miss Myanmar Universe အဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ကြေငြာလိုက်သည်။

ထိုဖေ့စ်ဘုတ်စာမျက်နှာတွင် မိုးစက်ဝိုင်က သူမနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ရုရှားတွင် သွားရောက်ယှဉ်ပြိုင်စဉ်ကာလတွင် ပြိုင်ပွဲ အကြောင်းအရာများ၊ ဓာတ်ပုံများကို သူမကိုယ်တိုင် တင်ပေးသွားမည်ဖြစ်ပြီး သူမနှင့် ပတ်သက်၍ သိလိုသည်များ မေးမြန်းနိုင်ကြောင်းသိရသည်။

သူမ၏ နာမည်ဖြင့် ဖေ့စ်ဘုတ်အကောင့်များစွာပေါ်ထွက်နေပြီး ထိုအကောင့်များအားလုံးသည် သူမသုံးစွဲခြင်းမဟုတ်ဘဲ ယနေ့ဖွင့်သော အကောင့်ကိုသာ တရားဝင် သုံးစွဲမည်ဖြစ်ကြောင်း မိုးစက်ဝိုင်က အောက်တိုဘာလ ၇ရက်က Park Royal Hotel တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မိုးစက်ဝိုင်၏ တရားဝင်ဖေ့စ်ဘုတ် ဖွင့်လှစ်ပြီး ၃၇မိနစ်အတွင်း Like လုပ်သူ ၅,၀၀၇ယောက် ရှိလာခဲ့သည်။ သူ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာမှာ Moeset Wine https://www.facebook.com/missuniversemyanmarmoesetwine  ဖြစ်သည်။

Mizzima - News in Burmese

RangonNewsDaily:: October. 8 .2013

Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာအား ယနေ့ ညနေပိုင်းတွင် ဖွင့်လိုက်ပြီဖြစ်ကြောင်း Miss Myanmar Universe အဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ကြေငြာလိုက်သည်။

နိုင်ငံရေး အကျဉ်းသား (၅၆) ဦး လွှတ်ပေး

Photo: နိုင်ငံရေး အကျဉ်းသား (၅၆) ဦး လွှတ်ပေး
Tuesday, October 8, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၅၆ ဦးကို ဒီကနေ့ လွှတ်ပေးလိုက်ပါတယ်။

လွတ်မြောက်လာသူအများစုဟာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)(၂) နဲ့ အရေးယူခံခဲ့ ရသူတွေဖြစ်ပြီး အားလုံးဟာ လက်ကျန်နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီက တင်ပြထားတဲ့ စာရင်းအရ လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ကော်မတီဝင် ဦးရဲအောင်က ပြောပါတယ်။

" လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက စီစစ်ပြီး တင်ပြထားတဲ့ သူတွေပါ ခင်ဗျ၊ ၁၁၁ ဦးရှိသေးတယ်၊ သမ္မတ ဦးသိန်းစိန်က ပြောထားတာပဲ ဒီဇင်ဘာမှာ နိုင်ငံရေး အကျဥ်းသားတွေ အကုန်လွှတ်ပေးမယ်လို့ ပြောထားတယ်လေ၊ သမ္မတ အနေနဲ့ အကုန်လွှတ်ပေးမလား မလွှတ်ပေးမလားဆိုတာက အဲ့ဒီအထိကိုပဲ စောင့်ကြည့်ရမှာပဲ"

ဗန်းမော်အကျဉ်းထောင်က ၇ ဦး၊ သီပေါအကျဉ်းထောင်က ၁၁ ဦး ၊ လားရှိုးအကျဉ်းထောင်က ၁၅ ဦး အပြင် ခန္တီး၊ အင်းစိန်၊ ကလေး၊ ကျိုင်းတုံ စတဲ့ အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာကြတာဖြစ်ပါတယ်။

ကေအိုင်အိုနဲ့ ဆက်သွယ်တယ် ဆိုပြီး ထောင်ချခံထားရသူ ၁၈ ဦး၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA နဲ့ ဆက်သွယ်တယ်ဆိုပြီး ထောင်ချခံထားရသူ ၄ ဦးလည်း လွတ်မြောက်လာသူတွေထဲမှာ ပါဝင်ပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမယ်လို့ ပြောထားပြီး လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ စာရင်းအရ အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၁၁၁ ဦးကျန်နေသေးတယ်လို့ သိရပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် ၅ လပိုင်းကစပြီး အခုချိန်ထိ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ၁၂ ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။

RFA

RangonNewsDaily:: October. 8 .2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၅၆ ဦးကို ဒီကနေ့ လွှတ်ပေးလိုက်ပါတယ်။

အကြမ်းဖက် ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်

Photo: အကြမ်းဖက် ပဋိပက္ခကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်
Tuesday, October 8, 2013

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ဘာသာလူမျိုးအခြေခံ အကြမ်းဖက် ပဋိပက္ခတွေကြောင့် တိုးတက် ဖွံ့ဖြိုးစပြုလာနေတဲ့ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်နိုင်ဖွယ်ရှိနေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမှာ ထင်ရှားတဲ့ ငပလီ ကမ်းခြေ အနီးမှာ ဖြစ်ပွားခဲ့တာပါ။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့နိုင်ငံသားတွေကို သတိပေးထားရာမှာ ငပလီမှာ အခုထိ လုံခြုံမှုရှိတယ် ဆိုနိုင်ပေမဲ့၊ ခရီးသွားတွေအနေနဲ့ ဒေသဆိုင်ရာ အခြေအနေတွေကို အမြဲ သတိပြုနေကြဖို့၊ သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီတွေနဲ့ အမြဲထိတွေ့နေဖို့ ကြေညာထားပါတယ်။

ငပလီ ကမ်းခြေအနီး သံတွဲမြို့ မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီ အထိ ညမထွက်ရ အမိန့် ထုတ်ထား ပါတယ်။

မြန်မာ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေအနေနဲ့လည်း လက်ရှိ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတယ် လို့ ဆိုပါတယ်။

အခုအခါ ခရီးသွားရာသီ စတင်ပြီမို့ အရေးကြီးတဲ့ အချိန်ရောက်လာပြီလို့ ကုမ္ပဏီ တစ်ခုက ပြောပါတယ်။

မြန်မာနိုင်ငံအကြောင်း လေ့လာသူ သြစတေးလျ စီးပွားရေး ပညာရှင် ဒေါက်တာ Sean Tunnel ကလည်း လတ်တလောအနေနဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် ပြည်ပခရီးသွားဦးရေ ရုတ်တရက် ချက်ခြင်း မကျဆင်းနိုင် ပေမဲ့၊ ရေရှည်မှာတော့ ပြဿနာကြီးတစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ ပြီးတော့ ကမ်းခြေတွေဟာ ဝေးလံတဲ့နေရာ တွေ မှာရှိတာမို့ တစ်စုံတခုဖြစ်ခဲ့ရင် အန္တရာယ်အရှိဆုံးနေရာတွေဖြစ်သွားနိုင်ကြောင်း သတိပေးပြောဆိုပါတယ်။

RFA

RangonNewsDaily:: October. 8 .2013
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ဘာသာလူမျိုးအခြေခံ အကြမ်းဖက် ပဋိပက္ခတွေကြောင့် တိုးတက် ဖွံ့ဖြိုးစပြုလာနေတဲ့ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်နိုင်ဖွယ်ရှိနေတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။

မာနကြီးတဲ့ ယောက္ခမ

RangonNewsDaily:: October. 8 .2013

ညဆိုင်းအလုပ်ဆင်းပြီး ပြန်လာတဲ့ယောက်ျားဟာ အိပ်ခန်းထဲဝင်လာတော့ မိန်းမလုပ်သူက စောင်ကြီးခေါင်းမြီးခြုံပြီး အိပ်နေတုန်း။
ဒါနဲ့ ဘာမှပြောမနေဘူး စောင်ခြုံထဲအသာတိုးဝင်လိုက်တယ်
ပြီးတော့ မိန်းမကို ပွတ်သီးပွတ်သပ်သွားလုပ်ပြီး ချစ်မဏ္ဍိုင်လေး စိုက်လိုက်မိတယ်။

မြန်မာဟန်းဆန်း အထည်ချုပ်စက်ရုံမှာ လူ ၄၀၀ လောက် ဆန္ဒပြ

RangonNewsDaily:: October. 8 .2013
ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်က မြန်မာဟန်းဆန်း အထည်ချုပ်စက်ရုံမှာ အလုပ်ချိန်လျှော့ပေါ့ရေးနဲ့ အခြားအခွင့်အရေးတွေအတွက် အလုပ်သမား (၄) ရာလောက် ဒီနေ့ ဆန္ဒပြနေကြပါတယ်။::
စက်ရုံကို အချိန်ပြည့်လည်ပတ်တဲ့အတွက် တချို့အလုပ်သမားတွေက ၂၄ နာရီတောက်လျှောက် အလုပ်ဆင်းပေးရပြီး၊ နေထိုင်မကောင်းတဲ့အခါ ကျန်းမာရေးခံစားခွင့်မရကြသလို တခြားလူမှုရေးအရ နှိပ်စက်ခံရတာတွေလည်းရှိတဲ့အတွက် ဒီနေ့မှာ အချက် ၂၁ ချက် တောင်းဆိုထားတယ်လို့  အလုပ်သမားတစ်ဦးက ပြောပါတယ်။

ယနေ့လွတ်ပေးသောနိင်ငံရေးအကျဉ်းသားစာရင်း

RangonNewsDaily:: October. 8 .2013
မော်လမြိုင်ထောင်မှ၁ဦး၊ကျိုင်းတုံ၆ဦး၊ကသာ၁ဦး၊တောင်ကြီး၁ဦး၊ခန္တီး၁၊
မိုင်းဆတ်၂လွတ်မြောက်လာကြောင်းထပ်မံသိရသည်။ကလေးထောင်မှ၎ဦး၊မိထ္ထီလာ ထောင်မှ၎၊သီပေါထောင်မှ၁၁၊လားရှိုးထောငိမှ၁၅၊မြစ်ကြီးနားထောင်
မှ၁၊ဗန်းမော်ထောင်မှ၇၊၊မြောင်းမြထောင်မှ၁၊အင်းစိန်ထောင်မှ၁တို့လွတ်မြောက်လာကြောင်း ကနဦး
သိရသည်။

ဇနီးမှ ယောက်ျားအား ကြက်သွန်လှီးဓါးဖြင့်ထိုးသတ်

ဇနီးမှ ယောက်ျားအား ကြက်သွန်လှီးဓါးဖြင့်ထိုးသတ်

kolatt(PBDN): October. 8 .2013

ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့၊ အင်းတကော်ရဲစခန်းအပိုင်၊အမှတ်(၄)ရပ်ကွက် တွင် (၇.၁၀.၂၀၁၃)နေ့ နံနက်(၁၁း၀၀)အချိန်ခန့်က လင်မယား နှစ်ယောက် စကားများရန်ဖြစ်ရာ ဇနီးမှယောက်ျားအား ကြက်သွန်လှီးဓါးဖြင့် ထိုးသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာဦးစိုးကြည်၊အသက်(၄၀)နှစ်၊ (ဘ)ဦးလှမောင်၊ အမှတ်(၄)ရပ်ကွက်၊ အင်းတကော် ကျေး
ရွာနေသူနှင့် ဇနီးဖြစ်သူ ကြည်ကြည်မြင့်၊အသက်(၃၉)နှစ်၊(ဘ)ဦးသန်းမြင့်၊တို့ နေအိမ်မီးဖိုချောင်တွင် နှမ်းဖတ်ချဉ်သုတ်ရန်ကြက်သွန်လှီး နေစဉ်စကားများကြရာ ဒေါသစိတ်မထိမ်းနိုင်ဘဲ မကြည်ကြည်မြင့်မှ ခင်ပွန်းဖြစ်သူ ဦးစိုးကြည်အား ကော်ရိုးတပ်အရိုးအသွား (၉)လက်မခန့်ရှိ ကြက်သွန်လှီးဓါးနှင့်ထိုးလိုက်ရာ ဦးစိုးကြည်မှာဝဲဘက်ရင်အုံနှင့် ၀ဲဘက်လက်မောင်းတို့တွင် စူးဝင်ဒဏ်ရာများဖြင့်သဆုံးသွားခဲ့သည်။

သေဆုံးသူ ဦးစိုးကြည်၏အကိုဖြစ်သူ ဦးစိန်မောင်မှ တရားလိုပြုလုပ်၍ အင်းတကော်ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ အင်းတကော် ရဲစခန်းစခန်းမှူး ရဲအုပ်ကျော်ထင်ဦးမှ(ပ)၂၀၇/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်ပြီးတရားခံအား ဖမ်းဆီးအရေးယူ ထားကြောင်းသတင်းရရှိသည်။

Thant Zin
Myanmar News Now::--

See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: October. 8 .2013 ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့၊ အင်းတကော်ရဲစခန်းအပိုင်၊အမှတ်(၄)ရပ်ကွက် တွင် (၇.၁၀.၂၀၁၃)နေ့ နံနက်
(၁၁း၀၀)အချိန်ခန့်က လင်မယား နှစ်ယောက် စကားများရန်ဖြစ်ရာ ဇနီးမှယောက်ျားအား ကြက်သွန်လှီးဓါး
ဖြင့် ထိုးသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်းက အကျဉ်းသား ခြောက်ယောက် ယနေ့လွှတ်မည်

RangonNewsDaily:: October. 8 .2013
ကလေးမြို့ အကျဉ်းထောင်က အကျဉ်းသား လေးဦး၊ ခန္တီးထောင်ကတစ်ဦး၊ ကသာထောင်ကတစ်ဦးကို ယနေ့
လွှတ်ပေးဖို့ရှိတယ် လို့စစ်ကိုင်းတိုင်းဒေသကြီး၊လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနကပြော ကြားပါတယ်။အ
ကျဉ်းထောင်ကလွှတ်ပေးမယ့်သူတွေက နိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲ ကေအိုင်အေနဲ့ဆက်သွယ်မှုနဲ့ ပြစ်
ဒဏ်ကျခံနေရသူတွေ ဖြစ်ပါတယ်။

*** ချစ်ခြင်းအစ Android က ***

RangonNewsDaily:: October. 8 .2013
Android Crazy လင်မယားနှစ်ယောက် ရန်ဖြစ်ကြသောအခါ ...

ဒီမယ် .. ညားခါစကတော့ ကျုပ်လို Official Rom ကိုမှ တန်ဖိုးထားတာပါဆို .. ရှင်က အခုတော့ Custom Rom တွေဘက် စိတ်ရောက်နေပြီပေါ့။

ဒေါ်အယ်လ်ခွန်းရီ ဘာကြောင့် မိုးစက်ဝိုင်ကို ကာကွယ်နေတာလဲ

RangonNewsDaily:: October. 8 .2013
ဒေါ်အယ်လ်ခွန်းရီး တစ်ယောက်မြန်မာအလှမယ် မိုးစက်ဝိုင်ကို အင်တာနက်လောကမှာ ဖိုးလပြည်နဲ့ အတူ
တွေ့ခဲ့ရတာကို ဝေဖန်ကြတာနဲ့ပတ်သတ်ပြီး  ဘာကြောင့် မိုးစက်ဝိုင်ကို အွန်လိုင်းက ဝေဖန်မှုတွေအပေါ် ကာကွယ်ပေး ရလဲ ဆိုတာ စဉ်းစားစရာပါ။ ဒေါ်အယ်လ်ခွန်းရီတို့ ရွေးချယ်ထားတဲ့ အလှမယ် အသစ်စက်စက် မိုးစက်ဝိုင်ကို အင်တာနက် အွန်လိုင်းတွေ မှာ ဝေဖန်ကြတဲ့အပေါ် ပြန်သုံးသပ်ဖို့ ဆိုထားတယ်။ ဒါက မိုးစက်ဝိုင်ကို ကာကွယ်တာပါ။

အိုလံပစ်အတွက် အမေဇုန်တိုင်းရင်းသားများကို ဘရာဇီးလ် စုဆောင်း