Pages

Saturday, January 11, 2014

ရှပ်နီများက ဘန်ကောက်မြို့ ပြန်လည်သိမ်းပိုက်ရေး လှုပ်ရှား

Photo: ရှပ်နီများက ဘန်ကောက်မြို့ ပြန်လည်သိမ်းပိုက်ရေး လှုပ်ရှား
Saturday, January 11, 2014

ဘန်ကောက် ၊ ဇန်နဝါရီ ၁၀ ။ ။ တနင်္လာနေ့တွင် ဘန်ကောက်မြို့ကို သိမ်းပိုက်ရန် လှုပ်ရှားနေ ကြသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို ဆန့်ကျင်မှုအ စအဖြစ် နိုင်ငံအတွင်းရှိ နေရာ အများအပြားတွင် ထိုင်းအစိုးရ ထောက်ခံသော ရှပ်နီအဖွဲ့အ တိုက်အခံများ စုရုံးကြမည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။ 

ဖြူထိုင်းပါတီဝင်ဟောင်း ဗိုရာချိုင်ဟီမာသည် တနင်္ဂနွေ နေ့တွင် ဒေသဆိုင်ရာခန်းမ၌ လူစုရုံးရန် ဆင်ခြေဖုံးဒေသဖြစ် သော ဆာမက်ပရာခန်ပြည်နယ် ရှိ လူများကို ဦးဆောင်မည်ဟု ပြောခဲ့သည်။ ဟာသလူရွှင်တော်အဖြစ် လူ သိများသော ဂျန်ဒေါရှစ်ခေါ် ရိုဝါရစ်ချက်လွမ်နှင့် အန်နဝတ် သင်ရက်တို့သည် ခန်းမနှင့်ဈေး သို့ မချီတက်မီ ခွန်သာဘူရီရှိ Thaicom ဂြိုဟ်တုစခန်းတွင်စု ရုံးရန် တခြားသော အစိုးရ ထောက်ခံသည့်အဖွဲ့ကို ဦးဆောင် မည်ဖြစ်ကြောင်း သိရသည်။ 

Prachuab Ramsoi ဦး ဆောင်သော တခြားရှပ်နီအဖွဲ့ သည် ဘန်ကောက်မြို့၏ ဆင် ခြေဖုံးဒေသဖြစ်သော ပသမ် သန်နီပြည်နယ်တွင် စုရုံးကြမည် ဖြစ်သည်။ ဖြူထိုင်းပါတီဝင် ဟောင်းဗိုရာချိုင်၏ ပြောကြား ချက်အရ ရှပ်နီအဖွဲ့ဝင်များသည် တနင်္လာနေ့တွင် နိုင်ငံတစ်ဝန်း ကို သိမ်းပိုက်မည်ဖြစ်ပြီး ဘန် ကောက်တွင် တက်ကြလှုပ်ရှား သူများမရှိချိန် အဓိကပြည်နယ် လေးခုဖြစ်သော Chiang Mai, Ubon Ratchthani, khon kaen နှင့် Ayutthaya တို့ကို ပြန်လည်သိမ်းပိုက်သွားမည်ဟု သိရသည်။ 

ဆူသတ် ဦးဆောင်သော ပြည်သူ့ဒီမိုကရက်တစ် ပြန်လည် တည်ဆောက်ရေးကော်မတီ (PDRC)၏ အစိုးရဆန့်ကျင် ရေးလှုပ်ရှားမှုသည် ပြည်သူများ ၏ နေ့စဉ်ဘဝကို အကျိုးသက် ရောက်စေမည်ဖြစ်ကြောင်း ဗို ရာချိုင်ကပြောခဲ့သည်။ 

Ref: Xinhua
Yangon Media Group

RangonNewsDaily:: January . 11 .2014
တနင်္လာနေ့တွင် ဘန်ကောက်မြို့ကို သိမ်းပိုက်ရန် လှုပ်ရှားနေ ကြသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို ဆန့်ကျင်မှုအ စအဖြစ် နိုင်ငံအတွင်းရှိ နေရာ အများအပြားတွင် ထိုင်းအစိုးရ ထောက်ခံသော ရှပ်နီအဖွဲ့အ တိုက်အခံများ စုရုံးကြမည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံတော် သံဃနာယက ဒုတိယ ဥက္ကဋ္ဌ ဈာပန ၁၀ ရက် ထားရှိပူဇော်မည်

Photo: နိုင်ငံတော် သံဃနာယက ဒုတိယ ဥက္ကဋ္ဌ ဈာပန ၁၀ ရက် ထားရှိပူဇော်မည်
Saturday, January 11, 2014

ရှေးမြန်မာ ဘုရင်များ၏ ဥယျာဉ် နေရာတွင် တည်ထားခဲ့သည့် မန္တလေး မစိုးရိမ်တိုက်ဟောင်း မဟာနာယက ဖြစ်တော်မူသော တိပိဋကပါဠိ-မြန်မာအဘိဓာန် ပြုစုထုတ်ဝေရး ဥက္ကဋ္ဌ တာဝန် ယူခဲ့သော နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတေဇောသာရာဘိဝံသသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ရာ ယင်းဈာပနကို မစိုးရိမ်တိုက်ဟောင်းတွင် ၁၀ ရက်ထားရှိ ပူဇော်မည် ဖြစ်ကြောင်း မန္တလေးခရိုင် သာသနာရေးမှူး ဦးကျော်လှိုင် က ပြောကြားသည်။

အဆိုပါ ဈာပနကို နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီး ခြောက်ပါး အပါအဝင် မန္တလေးမြို့ပေါ်ရှိ မစိုးရိမ်တိုက်ဟောင်း၊ တိုက်သစ် ကျောင်းတိုက်ကြီးများမှ ဆရာတော် (၂၇) ပါး အပါအဝင် မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာ အရာရှိများ ပါဝင်သည့် ကျင်းပရေး ကော်မတီက ဆပ်ကော်မတီ (၁၁) ခုခွဲ၍ ဈာပန အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း၊ နိုင်ငံတော် သံဃနာယက၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရ အနေနှင့် ဆရာတော်၏ တပည့် ဥပသကာများနှင့် တိုင်ပင်ကာ အခမ်းအနား ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဆရာတော်ကြီး ဈာပနကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြီးကျယ်ဆုံးနဲ့ ခမ်းခမ်းနားနား ဖြစ်အောင် လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ဆရာတော်သည် ပျံလွန်တော်မမူခင် (၁၀) ရက်ခန့်အထိ မည်သည့် ရောဂါမှ ထွေထွေထူးထူး မရှိဘဲ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းမှစ၍ ကျောင်းတိုက် အတွင်းရှိ ခန်းမအတွင်း လဲလျောင်းနေကြောင်း၊ ယင်းနောက် ခေါင်းမူး နောက်သဖြင့် ဆေးရုံတင်ခဲ့ ရာတွင် ဦးနှောက်သွေးကြော ပေါက်သည်ဟု ဆရာဝန်က ပြောဆိုကြောင်း၊ ဆရာတော် ကို ၁၀ ရက်ခန့်အထိ အနီးကပ် ပြုစုလိုက်ရပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျောင်းတိုက်တွင် ပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ တပည့်အရင်း ဖြစ်သူ ဦးခေမိန္ဒနိကာယကျောင်း မစိုးရိမ်ကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။

ဆရာတော်၏ ဈာပန အခမ်းအနားတွင် မဏ္ဍပ် ပြင်ဆင်မှုမှအစ ရုပ်ကလာပ်တော်ကို မီးပူဇော် ပြီးစီးသည့်အထိ ဗြဟ္မာစိုရ် လူမှုကူညီရေး အသင်းက ကူညီမည့်အပြင် မဟာအောင်မြေမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဆရာတော်၏ ဈာပနအတွက် ကရဝိတ် ငှက်ရုပ် လှေလှော်ယိမ်းနှင့် ပူဇော်ရန် တာဝန် ယူထားကြောင်း မစိုးရိမ် တိုက်ဟောင်း ဆရာတော်က မိန့်ကြားသည်။

“မစိုးရိမ် တိုက်ဟောင်း တိုက်သစ် အကြီးအမှူး ဆရာတော် ဖြစ်တဲ့အတွက် ပျံလွန်တော်မူ သွားတာကို ဝမ်းနည်းမိတယ်။ တိုင်းပြည်မှာ ပါဠိပညာရှင်တစ်ယောက် ဆုံးရှုံး သွားရတယ်လို့ ခံစားရမိတယ်” ဟု မစိုးရိမ် တိုက်သစ်ဆရာတော် အရှင်ဝီရသူက မိန့်ဆိုသည်။

ဆရာတော်ကို ၁၉၂၅ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၈၇ ခုနှစ်) တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သံဗိုလ်ကျေးရွာတွင် ခမည်းတော် ဦးကိုအောင်၊ မယ်တော် ဒေါ်မှုံတို့က မွေးဖွားခဲ့သည်။ ဆရာတော်သည် သက်တော် (၈၉)၊ ဝါတော် (၆၉) ဝါတွင် ပျံလွန်တော် မူခဲ့ပြီး နဝတအစိုးရက အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတတံဆိပ်၊ အဂ္ဂမဟာပဏ္ဍိတ တံဆိပ်၊ လက်ရှိ အရပ်သားအစိုးရက အဘိဓဇမဟာ ရဋ္ဌဂုရုတံဆိပ်တို့ ကပ်လှူခဲ့သည်။ ဆရာတော်ကြီးသည် တိပိဋက ပါဠိမြန်မာအဘိဓာန် အတွဲပေါင်း (၆) တွဲ၊ တိပိဋကပါဠိ မြန်မာအဘိဓာန် အကျဉ်း ဇာတ်ထိကာ ပေမူကို လက်ရေးမူအဖြစ် ရေးသားပြုစုနေစဉ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပျံလွန်တော် မူခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: January . 11 .2014
ရှေးမြန်မာ ဘုရင်များ၏ ဥယျာဉ် နေရာတွင် တည်ထားခဲ့သည့် မန္တလေး မစိုးရိမ်တိုက်ဟောင်း မဟာနာယက
ဖြစ်တော်မူသော တိပိဋကပါဠိ-မြန်မာအဘိဓာန် ပြုစုထုတ်ဝေရး ဥက္ကဋ္ဌ တာဝန် ယူခဲ့သော နိုင်ငံတော် သံဃ
မဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတေဇောသာရာဘိဝံသသည်

မစိုးရိမ်များ၏မိခင် မစိုးရိမ်ကျောင်းတိုက်ကြီး၏ တိုက်အုပ် မဟာနာယကဆရာတော် ဘ၀နတ်ထံပျံလွန်တော်မူ

Photo

RangonNewsDaily:: January . 11 .2014
အနယ်နယ်အရပ်ရပ်တွင်ရှိသောမစိုးရိမ်တိုက်သစ်များ၏မိခင်မန္တလေးမြို့၊ကမ္ဘာကျော်မစိုးရိမ်ကျောင်းတိုက်
ကြီး၏ တိုက်အုပ် မဟာနာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်သံဃမဟာ
နာယကအဖွဲ့ ဒုတိယ-ဥက္ကဋ္ဌ ဘဒ္ဒန္တ တေဇောသာရာဘိဝံသ မထေရ်မြတ်ကြီးသည်

အာရှဖုလား U-22 မြန်မာအသင်းပွဲစင်များ ပြည်တွင်းရုပ်သံလိုင်းများတွင် ပြသမည်မဟုတ်သော်လည်း အယ်ဂျာဇီယားရုပ်သံလိုင်းမှ ကြည့်ရှုနိုင်မည်

RangonNewsDaily:: January . 11 .2014
အိုမန်နိုင်ငံတွင်လက်ခံကျင်းပမည့် အာရှဖလားU-22 ဘောလုံးပြိုင်ပွဲဖြစ်သည့် မြန်မာအသင်းပွဲစဉ်များကို
ပြည်တွင်းရုပ်သံလိုင်းများတွင် ပြသရန် အစီအစဉ်မရှိသဖြင့် မြန်မာပရိသက်များထံမှ ဝေဖန်မှုများထွက်ပေါ်
လျှက်ရှိသည်။ အရှေ့တောင်အာရှဒေသမှ တစ်သင်းတည်းသော ခြေစစ်ပွဲအောင် မြန်မာ U-22 အသင်း၏ ကစားပွဲများကို မြန်မာဘောလုံးပရိသက်များက ကြည့်ရှုခွင့်ရလိုကြကြောင်း သိရသည်။

စေတနာမှန်နဲ့ ပြောရင် ဘယ်လောက် အပြောဆိုးဆိုး စိတ်မဆိုးဘူးဆိုတဲ့ ဖွေးဖွေး

Photo: စေတနာမှန်နဲ့ ပြောရင် ဘယ်လောက် အပြောဆိုးဆိုး စိတ်မဆိုးဘူးဆိုတဲ့ ဖွေးဖွေး


လက်ပံဇာတ်ကားနဲ့ ၂၀၁၂ ရဲ့ ပူပူနွေးနွေး အကယ်ဒမီဆုရှင် ဖြစ်သွားတဲ့ ဖွေးဖွေးနဲ့ ဆုံခိုက်မှာ ပရိသတ်တွေ သိချင်မယ်ထင်တဲ့ အကြောင်းအရာလေးတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ဖွေးဖွေးကို စသိခဲ့တဲ့အချိန်မှာ သူ့ရိုက်ကွင်းတခုမှာ ဆုံတွေ့ခဲ့တာပါ။ ရိုက်ကွင်း ရောက်တော့ ဖွေးဖွေးရဲ့ အကျင့်စရိုက်ကို ကိုယ့်ရဲ့စပ်စုနေကျ အကျင့်အတိုင်း သိချင်တာကြောင့် စကားဟြေကြည့် ခဲ့ပါတယ်။ သူက အလုပ်တခုကို သေသေချာချာ လုပ်တတ်သူတယောက်လို့ ဟြေရမှာပါ။ ရိုက်ကွင်းမှာတုန်းက ဖွေးဖွေးနဲ့ ဆက်ဆံ ဟြေဆိုကြည့်တော့ သူက အနေတည်ပြီး ဟြေစရာရှိတာကိုသာ ဟြေတတ်တဲ့ သူတယောက်၊ သူနဲ့ မခင်မင်သေးတဲ့ အချိန်တုန်းက ဖာသိဖာသာ နေတတ်တဲ့ သူတယောက်လို့ထင်ပြီး သူ့ဆက်ဆံရေးက အေးစက်စက်မို့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတောင် မေးခဲ့ဖူးပါသေးတယ်။ ဖွေးဖွေးရဲ့အိမ်ကိုလည်း ဓာတ်ပုံရိုက်ဖို့အတွက် ချိန်းပြီး ရောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူ့ကို ၀တ်စုံတစုံပဲ ရိုက်မယ်လို့ ဟြေခဲ့ပေမယ့် နောက်ထပ် ဓာတ်ပုံသုံးစရာရှိရင် အဆင်ပြေအောင် ထပ်ရိုက်ပေးဖို့ ဟြေလိုက်တဲ့အခါ ဖွေးဖွေးက အဆင်ပြေအောင် ရိုက်ပါဆိုပြီး ဝတ်စုံနောက်တစုံ လဲပေးပါတယ်။

အဲဒီအချိန်က သူဟာနဲ့သူတော့ ကြော်ငြာလေးတွေ၊ ဇာတ်ကားလေးတွေ ရိုက်လာရတဲ့ အချိန်ဖြစ်ပြီး ဖွေးဖွေးက နာမည် ရနေပါပြီ။ တကယ်တမ်း ဖွေးဖွေးနဲ့ခင်လာတဲ့ အချိန်မှာတော့ သူဟာ ရိုက်ကွင်းရောက်ရင် အလိုလို ဇာတ်ကောင်ထဲက Mood ၀င်နေတာကြောင့် ဘယ်တော့မှ စကားသိပ်မဟြေဘူးဆိုတာ သိရတယ်၊ သူ့အိမ်မှာ တွေ့ခဲ့တုန်းကတော့ အရမ်းပွင့်လင်းပြီး တကယ်ကို ဆက်ဆံရေးကောင်းတဲ့ မိန်းကလေးပါ။ သူက စိတ်ဆိုးရင်လည်း ကြာကြာတော့ စိတ်မဆိုးတတ်တဲ့သူပါ။ အခုလည်း ဖွေးဖွေးကို ပရိသတ်သိချင်မယ် ထင်တဲ့ အကြောင်းအရာလေးတွေကို ပွင့်ပွင့်လင်းလင်း မေးကြည့် မိပါတယ်။

ဖွေးဖွေးက သူအကယ်ဒမီရခဲ့တဲ့ အတွက် ခံစားမှုကို အခုထက်ထိ မယုံနိုင်သေးတဲ့ အတွက် အိပ်မက်လိုပဲလို့ ဧရာဝတီကို ဟြေပါတယ်။

“ဖွေး အခုထက်ထိ အကယ်ဒမီရတယ်ဆိုတာ အိပ်မက်လား၊ တကယ်လားဆိုတာ တချက်တချက် ကိုယ့်ဟာကိုယ် သတိ ပြန်ပြန်ပေးနေရတယ်။ ပွဲမှာလည်း ဖွေး တော်တော်ကို ၀မ်းသာလုံးဆို့ခဲ့ပါတယ်။ ဘာဟြေရမှန်းကို မသိတော့ လောက်အောင်ကို ဖြစ်ခဲ့တာပါ။ အမှန်အတိုင်း ဟြေရရင် လက်ပံကားကို ရိုက်တုန်းက ဖွေးဖွေးမှန်းတောင် ဘယ်သူမှ မသိသေးတဲ့ အချိန်မှာ ကိုဝိုင်းနဲ့ မဖြူနှင်းဖွေးက စေတနာထားပြီး ဖွေးကို မင်းသမီး တင်ရိုက်ခဲ့တာပါ။ ကိုပြေတီ (ပြေတီဦး) တို့၊ မကြီးစိုး (စိုးမြတ်သူဇာ) တို့ကလည်း ဖွေးလို အသစ်တယောက်ကို လက်တွဲခေါ်ခဲ့တာပါ။ ဖွေးက အနုပညာကို ရူးသွပ်တယ်၊ချစ်တယ်၊ ကိုယ့်ကို ယုံကြည်ခဲ့တဲ့ သူတွေကိုလည်း တာဝန်ကျေချင်တယ်။ အဲဒီစိတ်နဲ့ပဲ ရိုက်ခဲ့တာပါ၊ အကယ်ဒမီကိုလည်း လုံးဝ မမျှော်လင့်ခဲ့ပါဘူး” လို့ သူ့ရင်ထဲက ခံစားချက်တွေကို ဟြေပြတယ်။

ဖွေးဖွေးက အကယ်ဒမီဆုကို ရခဲ့တဲ့အတွက် သူ့ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုခံရတာလို့ ယူဆပြီး အရမ်း ၀မ်းသာတယ်၊ အကယ်ဒမီ စင်မြင့်ပေါ်ကို ဒီလောက် အချိန် စောစောစီးစီး တက်ရမယ်လို့ မထင်ခဲ့ဘူးလို့ ဆိုပါတယ်။

“အနုပညာကို ချစ်တဲ့စိတ်နဲ့ပဲ လုပ်ခဲ့တာပါ။ အကယ်ဒမီရရမယ် ဆိုတဲ့ စိတ်ကြီးနဲ့လည်း လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒီလိုဖွေးကို အသိအမှတ် ပြုပေးတဲ့အတွက်လည်း အရမ်းကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေနဲ့ စာနယ်ဇင်းတွေ ကျေနပ်တဲ့ အတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်” လို့လည်း သူက ဧရာဝတီကို ဟြေပါတယ်။

ဒါရိုက်တာဝိုင်း အကယ်ဒမီ မရခဲ့တာနဲ့ ပတ်သက်ပြီး ဖွေးဖွေးက သူ့ရင်ထဲမှာ၊ ပရိသတ်တွေရဲ့ ရင်ထဲမှာ ဒါရိုက်တာ ဝိုင်းက အကယ်ဒမီ ရပြီးသားပါလို့ ဆိုပါတယ်။

“ကိုဝိုင်း အကယ်ဒမီဆုနဲ့ လွဲခဲ့တာကတော့ ဖွေးတို့ ၀ါနဲ့ ဆိုရင်တော့ ၀င်ဟြေပိုင်ခွင့်တော့ သိပ်မရှိပါဘူး။ ဒါ အကဲဖြတ် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ” လို့ သူက ဆက်ဟြေပါတယ်။

ဖွေးဖွေးက သူနဲ့ဒါရိုက်တာဝိုင်း အကြားက ဆက်ဆံရေးကလည်း ဖိအားတွေ မရှိဘူး၊ တယောက်နဲ့ တယောက် နားလည်မှု ရှိတယ်လို့ သိရပါတယ်။

“ကိုဝိုင်း စိတ်တိုပြီးတော့ ကိုယ့်ကိုဟြေလည်း ဘာမှမဖြစ်ဘူး၊ သူကကိုယ့်ကို မေတ္တာနဲ့ ဟြေတယ်၊ ဆူတယ်ဆိုတာ ဖွေး နားလည်ပါတယ်။ တခါတလေလည်း ဖွေး Stress တွေများပြီး ဂေါက်တောက်တောက် ဖြစ်သွားတဲ့ အချိန်တွေရှိတယ်။ အဲဒီ အချိန်တွေလည်း ကိုဝိုင်းက ဖွေးကို နားလည်ပေးတယ်၊ အရေးအကြောင်း ဆိုရင်တော့ ကိုဝိုင်းက အရမ်းကို နားလည် ပေးပါတယ်။ သူက စည်းကမ်းလည်း အရမ်းကြီးတယ်လေ၊ ဖွေးက ကိုယ့်ကို စေတနာနဲ့ ဟြေတဲ့အရာဆိုရင်၊ တကယ် စေတနာမှန်ရင် ပေါ့နော်၊ ဘယ်သူကပဲ ဘယ်လောက်ပဲ အဟြေဆိုးဆိုး ကိုယ့်စိတ်ထဲက နားလည်ပါတယ်” လို့ ဖွေးဖွေးက ရှင်းပြပါတယ်။

ဖွေးဖွေးက သူအကယ်ဒမီရခဲ့ပေမယ့် အနုပညာကြေး တိုးယူဖို့လည်း လုံးဝ အစီအစဉ်မရှိဘူးလို့လည်း ဆိုပါတယ်။

“ဖွေးကို ဆုကြေညာချိန်မှာ ပရိသတ်တွေ အော်လိုက်တဲ့ အသံကိုတော့ ဖွေးကြားလိုက်တယ်။ ဆုပေးပွဲမှာ လာအားပေးတဲ့ ပရိသတ်တွေရော၊ တီဗီမှာ ကြည့်ပြီး အားပေးနေတဲ့ ပရိသတ်တွေရော အားလုံးကို ဖွေးချစ်ပါတယ်လို့ ဟြေချင်ပါတယ်။ ဆုကြေညာတော့ ဖွေး စင်အောက်မှာ မျက်ရည်ကျခဲ့တယ်၊ စင်ပေါ်တက်တော့ မငိုမိအောင် ထိန်းထားတယ်။ ဖွေး ပရိသတ်တွေ အများကြီး ရှေ့မှာတော့ မငိုချင်ဘူး။ ပရိသတ်နဲ့ဖွေး ကြားမှာ ဖွင့်မဟြေပေမယ့် နားလည်မှု တခုရှိတယ်လို့ ခံစားရတယ်။ ဖွေး လွတ်လွတ်လပ်လပ်ပဲ နေတယ်၊ ဟန်မဆောင်တတ်ဘူး၊ ဘယ်သူ့ကိုမှလည်း ဖွေး မစော်ကားဘူး။ အကုန်လုံးကို လေးစားမှုရှိတယ်။ အဲဒီအတွက် ထွေထွေထူးထူး ကျဉ်းကျပ်ပြီး နေထိုင်ရတာတော့ မရှိပါဘူး။ ဖွေး ဘယ်လောက်ပဲ ကြိုးစား၊ ဘယ်လောက်ပဲ လုပ်လုပ် အားပေးမယ့် ပရိသတ်တွေ မရှိရင် အားလုံး လုပ်သမျှက သုညပါပဲ၊ ပရိသတ် အားပေးလို့ ဖွေးဖွေးဆိုတာ ဖြစ်လာတာပါ၊ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအများကြီး တင်ပါတယ်” လို့ ဖွေးဖွေးက ဧရာဝတီက တဆင့် ဟြေပါတယ်။

၂၀၁၂ ခုနှစ် အကယ်ဒမီပေးပွဲနေ့က တွေ့ရသည့် အကယ်ဒမီ ဖွေးဖွေး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
၂၀၁၂ ခုနှစ် အကယ်ဒမီပေးပွဲနေ့က တွေ့ရသည့် အကယ်ဒမီ ဖွေးဖွေး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
RangonNewsDaily:: January . 11 .2014
လက်ပံဇာတ်ကားနဲ့ ၂၀၁၂ ရဲ့ ပူပူနွေးနွေး အကယ်ဒမီဆုရှင် ဖြစ်သွားတဲ့ ဖွေးဖွေးနဲ့ ဆုံခိုက်မှာ ပရိသတ်တွေ သိချင်မယ်ထင်တဲ့အကြောင်းအရာလေးတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ဖွေးဖွေးကို စသိခဲ့တဲ့အချိန်မှာ သူ့ရိုက်
ကွင်းတခုမှာ ဆုံတွေ့ခဲ့တာပါ။

ပင့်ကူလူသား အသစ်ထွက် မေလ ရုံတင်မည်

ပင့်ကူလူသား အသစ်ထွက် မေလ ရုံတင်မည်


၂၀၁၂ ခုနှစ်က အောင်မြင်ခဲ့တဲ့ The Amazing Spider-Man ရဲ့ အဆက် အဖြစ် The Amazing Spider-Man 2 ကို ရိုက်ကူးပြီးစီးသွားပါပြီ။

မေလ ၂ ရက်နေ့ ၂၀၁၄ ခုနှစ်မှာ ရုံတင်မယ့် ရုပ်ရှင် ဖြစ်ပါတယ်။ ပင့်ကူ လူသား နေရာမှာ Andrew Garfield ပဲ ဆက်လက် သရုပ်ဆောင် မှာ ဖြစ်ပါ တယ်။ မင်းသမီးနေရာမှာလဲ Amma Stone ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ဗီဒီယို ဂိမ်း အရင်ထွက်ထားတာပါ။ သို့ပေမယ့် Screen play ကတော့ အများကြီး ပြောင်းလဲထားပါတယ်။ Marvel ကာတွန်းမှာလည်း ရှိနေပြီးသား ဇာတ်လမ်း ဖြစ်ပါတယ်။ နယူးယောက်မြို့ မှာပဲ အခြေခံ ရိုက်ကူးပြီး ဇာတ်လမ်းထဲမှာလည်း နယူးယောက်မြို့ ပါပဲ။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ကနေ ဇွန်လအထိပဲ ကြာမြင့်ခဲ့တာမို့ သိပ် အချိန်ပေးရိုက် ရတဲ့ ဇာတ်ကားတော့ မဟုတ်ပါဘူး။ 3D effect ခပ်များများ ပါဝင်တာကြောင့် လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ နယူးယောက်မြို့ ဖျက်ဆီးမယ့် ဗီလိန် ၃ ကောင်လောက်နဲ့ တွေ့ရ မှာပါ။ 

အက်ရှင်ခန်းများစွာ ပါဝင်တဲ့ The Amazing Spider Man 2 ရုပ်ရှင် အမြည်းကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
 http://youtu.be/b6Kq4s0GPfE

အောင်ခမ်း ( ရိုးရာလေး )

.

RangonNewsDaily:: January . 11 .2014
၂၀၁၂ ခုနှစ်က အောင်မြင်ခဲ့တဲ့ The Amazing Spider-Man ရဲ့ အဆက် အဖြစ် The Amazing Spider-Man 2 ကို ရိုက်ကူးပြီးစီးသွားပါပြီ။

စက်ရုံကြို/ပို့ယာဉ်ပေါ်မှ အလုပ်သမားတစ်ဦးပြုတ်ကျသေဆုံး

RangonNewsDaily:: January . 11 .2014
၁၀.၁.၂၀၁၄ရက်နေ့ ၁၉၄၅အချိန်အင်းစိန်မြို့နယ်၊ဒညင်းကုန်းအိမ်ရာ၊မြတောင်ဝန်ဦးမှုန်လမ်းအတိုင်းဒညင်း
ကုန်းအိမ်ရာဘက်မှ ရွှေပြည်သာတံတားဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင် လာသော ၂ခ/-----ဟွန်
ဒိုင်းဘတ်စ် စက်ရုံကြို/ပို့ယာဉ်သည် ရွှေပြည်သာတံတားလမ်းဆုံအရောက် ယာဉ်ပေါ်တွင်တွယ်စီးလိုက်ပါ
လာသော COSTEC အထည်ချုပ်စက်ရုံအလုပ်သမား ကိုရန်နိုင် (ဘ)ဦးဇော်အောင်၊ ထန်းတပင်မြို့နယ်နေသူ
မှာ ယာဉ်ပေါ်မှပြုတ်ကျသွားခဲ့ပါသည်။

ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းက သိမ်းဆည်းထားသော မြေယာများအတွက် ဒေသခံ တောင်သူများ ဆန္ဒပြ

ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းက သိမ်းဆည်းထားသော မြေယာများအတွက် ဒေသခံ တောင်သူများ ဆန္ဒပြ 

ဆားလင်းကြီးမြို့နယ် ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားသော မြေယာလျော်ကြေး များအတွက် ဇန်န၀ါရီ ၁၀ ရက် နံနက် ၁၀ နာရီ မှ ၁၁ နာရီအထိ စုဝေးဟောပြောကာ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် သြဂုတ် ၁၆ ရက်က ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ပြီး တောင်းဆိုချက်များ အားလုံးကို ဆွေးနွေးဆောင်ရွက်မှု မရှိမချင်း ဆန္ဒပြသွားမည်ဟု ဒေသခံများက ပြောကြားထားသည်။

“ဒေသခံတွေ တောင်းဆိုချက်တွေကို အကောင်အထည် ဖော်မဖော်နဲ့ ပတ်သက်ပြီး တောင်းဆိုချက် ရှစ်ချက်ထဲက ဒေသအာဏာပိုင် အနေနဲ့ ဆောင်ရွက်နေတာဆိုလို့ တိုက်နယ်ဆေးရုံ ဆောက်ပေးနေတာရယ်၊ ဇန်န၀ါ ရီ ၆ ရက်ကစပြီး လုပ်နေတဲ့ မိုင်တိုင်အမှတ် ၄၄၆/၂ နဲ့ ၄၄၆/၇ အကြားက မြေစာတွေ ဖယ်ရှားပေးနေတာကိုပဲ မြင်ရပြီး ဘယ်ကာလအတွင်း လုပ်ဆောင်ပေးမယ်လို့ မသိရဘူး” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကံကုန်းရွာသား ကိုအောင်စိုးက ပြောပြသည်။

စုဝေးဟောပြောရာတွင် ဒေသခံတောင်သူများသည် ကံကုန်းရွာထိပ်ရှိ ဦးမြို့ခင်၏ ယာကွက်အတွင်း နံနက် ၁၀ နာရီမှ ၁၁ နာရီ အထိ ဟောပြောခဲ့ပြီး အက်စစ်စက်ရုံအတွက် စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်အား လိုက်နာဆောင်ရွက်ရေး၊ အမြန်ဆုံး ရွှေ့ပြောင်းပေးရေး၊ ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းမှ မြေယာလျော်ကြေး အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ စွန့်ပစ်မြေများဖယ် ရှားရေးတို့ကို တောင်သူအင်အား တစ်ရာခန့်ဖြင့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ကြေးစင်တောင်နဲ့ စံပယ်တောင်အတွက် မြေဧက ၅၄၁၁ ဧကကို အရင်ကတည်းက သိမ်းဆည်းခဲ့တာ။ မြေယာလျော်ကြေး မရတဲ့အတွက် ဆန္ဒပြတာ ဖြစ်ပါတယ်။ ဆန္ဒပြတာကို တရားဝင် လုပ်တာဖြစ်ပြီး မိုးကြိုးဆာလဖျူရစ်အက်စစ် စက်ရုံကို ကံကုန်းရွာအနီးက ရွှေ့ပေးရေး၊ မုံရွာ-ပုသိမ် လမ်းပေါ်မှာရှိတဲ့ မိုင်တိုင်အမှတ် ၄၄၆/၂ နဲ့ ၄၄၆/၇ အကြားမှာရှိတဲ့ ဒုတ္ထာမြေများ ဖော်ထုတ်ရှင်းလင်းရေး လက်ပံတောင်းတောင်နဲ့ စံပယ်တောင်၊ ကြေးစင်တောင်တို့အတွက် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီထံ တောင်းဆိုထားတဲ့ အချက် (၈) ချက်ကို အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ ကြေးနီစီမံကိန်းအတွက် မလိုအပ်တဲ့ မြေတွေကို စိုက်ပျိုးမြေအဖြစ် ခွင့်ပြုပေးရေးတို့ကို တောင်းဆိုခဲ့ပါတယ်” ဟု ကံကုန်းကျေးရွာမှ ဆန္ဒပြတောင်သူ တစ်ဦးက ပြောပြသည်။

“မိုးကြိုးဆာလဖျူရစ် အက်စစ်စက်ရုံကို ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၀၇ ဧပြီလမှာ စတင်လည်ပတ်တယ်။ ၂၀၁၀ ကနေ ၂၀၁၂ အထိ ကံကုန်းရွာသား ၁၄ ယောက် လည်ချောင်းကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာတွေနဲ့  သေဆုံးတာကို သတိပြုမိပါတယ်။ သောက်ရေကလည်း ကံကုန်းကျေးရွာမှာ အဆင်မပြေဘူး။ ရေတွင်းသုံးတွင်းရှိပြီး မြန်မာ-ယန်စီက ရေတွင်းတစ်တွင်းနဲ့ ရေသန့်စက်တစ်လုံး၊ မြို့နယ်က ရေတစ်တွင်းနဲ့ အကောင်အထည် ဖော်ဆောင်ရေး ကော်မတီက တစ်တွင်း မေလကတည်းက လာတူးတယ်။ ဒါပေမဲ့ အဲဒီရေတွင်းက မအောင်ဘူး။ ဘူမိဗေဒ ပညာရှင်တွေနဲ့ စနစ်တကျ လာစစ်တော့ ရေ Level က ၁၇၅ ပေမှာရှိပြီး အောက်မှာ ပဲခူးကျောက်လွှာက ခံနေတယ်။ ရေအရင်းအမြစ် ဌာနကတော့ သောက်သုံးဖို့  မသင့်ဘူးလို့ မှတ်ချက်ပေးတယ်။ ရွာကသုံးရေအတွက် ရွာနဲ့သုံးမိုင်ဝေးတဲ့ မြစ်ရေတင်စီမံကိန်းကို သွားခပ်ရတယ်။ မိုင်းနဲ့အက်စစ်စက်ရုံက ရေတိုင်တွေမှာလည်း သွားခပ်ရပါတယ်” ဟု ကံကုန်းကျေးရွာသား တစ်ဦးက ပြောကြားခဲ့သည်။

(ဇန်န၀ါရီ ၁၀ ရက် နံနက်က ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်း သိမ်းဆည်းထားသော မြေယာများအတွက် ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်))
(ဇန်န၀ါရီ ၁၀ ရက် နံနက်က ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်း သိမ်းဆည်းထားသော မြေယာများအတွက် ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်))
RangonNewsDaily:: January . 11 .2014
ဆားလင်းကြီးမြို့နယ် ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားသော မြေ
ယာလျော်ကြေးများအတွက်ဇန်န၀ါရီ ၁၀ ရက် နံနက် ၁၀ နာရီ မှ ၁၁ နာရီအထိ စုဝေးဟောပြောကာ နံနက်
၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

သင်္ဃန်းကျွန်းမြို့နယ် အနော်ရထာလမ်းပေါ်တွင် စည်ပင်သာယာရုံး ဆောက်လုပ်နေခြင်းကို ဖျက်သိမ်းပေးရန် ဒေသခံတစ်ရာကျော် ဆန္ဒထုတ်ဖော်

သင်္ဃန်းကျွန်းမြို့နယ် အနော်ရထာလမ်းပေါ်တွင် စည်ပင်သာယာရုံး ဆောက်လုပ်နေခြင်းကို ဖျက်သိမ်းပေးရန် ဒေသခံတစ်ရာကျော် ဆန္ဒထုတ်ဖော် 

သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက် အနော်ရထာလမ်း (အများပြည်သူပိုင် လမ်းပေါ်တွင်) စည်ပင်သာယာရုံး ဆောက်လုပ်နေခြင်းကို ဒေသခံ ၁၀၀ ကျော်က ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို တရားဝင် ခွင့်ပြုချက်ဖြင့် ဇန်န၀ါရီ ၁၀ ရက် နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အနော်ရထာလမ်းမှာ ရပ်ကွက်ဖွဲ့စည်းပုံတွင် အများပြည်သူပိုင် လမ်းအဖြစ် ပါရှိကြောင်းနှင့် လမ်းမှာ လေးထောင့်ကန်လမ်းမှ အနော်ရထာလမ်းသို့ အလွယ်တကူ ၀င်ထွက်သွားလာနိုင်သည့် လမ်းဖြစ်သောကြောင့် ရပ်ကွက်နေ ပြည်သူများမှ လမ်းအတိုင်းသာ ဆက်လက်ထားရှိရန် ဆန္ဒရှိကြောင်း ဒေသခံများက ဆိုသည်။

“ဒီအနော်ရထာလမ်းက ရပ်ကွက်ဖွဲ့စည်းပုံမှာ လမ်းအဖြစ်ပါတယ်။ ရပ်ကွက်ရဲ့ မီးတားလမ်းလည်းဖြစ်တယ်။ အရင်ယာယီဈေးဟောင်း တုန်းကတော့ လမ်းပေါ်မှာ ဈေးရောင်းကြတာ တွေတော့ရှိတယ်။ မီးလောင်တဲ့အခါ ဈေးကြီးပြန်ဆောက်တော့ သားငါးဈေးအဖြစ် ထားပေးဖို့ ဈေးသည်တွေကပြောတော့ အများပြည်သူပိုင်လမ်း၊ မည်သည့် အဆောက်အအုံမှ ဆောက်ခွင့်မရှိဘူးလို့ စည်ပင်ရယ်၊ ဆောက်လုပ်တဲ့ ကုမ္ပဏီရယ် ပြောတယ်။ အခု မည်သည့် အဆောက်အအုံမှ ဆောက်ခွင့် မရှိဘူးဆိုတဲ့ နေရာမှာ စည်ပင်သာယာရုံးကျတော့ ဆောက်တယ်။ ဒီလမ်းကို ဈေးဧရိယာထဲ ပါတယ်ဆိုပြီး ဆွဲထည့်တယ်။ ဒီလမ်းကို လမ်းအဖြစ်သာ ထားပေးဖို့ ရပ်ကွက်နေ ပြည်သူတွေက စဆောက်ကတည်းက ကန့်ကွက်တယ်။ ပြည်သူတွေ ကန့်ကွက်တာကို အရေးမလုပ်ဘဲ အာဏာရှင်ဆန်ဆန် ဆက်လုပ်နေလို့ အခုလိုဆန္ဒပြပြီး တောင်းဆိုရတာပါ” ဟု ဆန္ဒပြသူ တစ်ဦးဖြစ်သည့် ဦးကျင်သိန်းက ဇန်န၀ါရီ ၁၀ ရက် နံနက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

အလားတူ ကန့်ကွက်ကြောင်းကို ဈေးသစ်ကြီးတွင် ဈေးဆိုင်ဖွင့် ရောင်းချနေသူ မညိုညိုခိုင်က “လမ်းနေရာမှာ ခရိုင်စည်ပင်ဈေးရုံး ဆောက်မယ်လို့ ပြောပေမယ့် တကယ်လည်း ဈေးအတွင်းမှာ စည်ပင်ဈေးရုံးအတွက် နေရာရှိပါတယ်။ ဈေးအောက်မှာ နဂိုကတည်းကပါတဲ့ ကားပါကင်ကိုလည်း စည်ပင်က စီးတီးမတ်ကို ငှားစားထားတယ်။ အခုဈေးမှာ ကားပါကင်ရပ်ဖို့နေရာ လုံလုံလောက်လောက် မရှိတဲ့အတွက် ဈေးလာဝယ်သူတွေ အခက်အခဲတွေ အများကြီး ဖြစ်ကြတယ်။ အဲ့တော့ ဈေးကကြီးပေမယ့် လာဝယ်တဲ့သူတွေ မလာကြတော့ဘူး။ အခုဆောက်နေတဲ့ စည်ပင်ရုံးပြီးသွားရင် ထပ်ပြီးငှားစားမလား ဆိုတာပြောလို့မရဘူး။ လမ်းအတိုင်းသာ ထားပေးမယ်ရင် ဒေသခံတွေ အတွက်ရော ဈေးဝယ်သူတွေ အတွက်ပါ အဆင်ပြေမှာပါ။ ဒါကြောင့် လမ်းအတိုင်း ထားပေးဖို့ ဆန္ဒပြ တောင်းဆိုတာပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံ ဆောက်လုပ်နေမှုနှင့် ပတ်သက်၍ စည်ပင်သာယာဈေး တာဝန်ခံဖြစ်သူ ဒေါ်သင်းသင်းညွန့်အား မေးမြန်းရာ “ဒီလမ်းက အရင်ကတည်းက ဈေးဧရိယာ မြေပုံထဲမှာ ပါဝင်ပါတယ်။ အရင်ကလမ်းအဖြစ် တည်ရှိနေတယ် ဆိုတာကိုတော့ မသိပါဘူး။ ဈေးထဲမှာ ဈေးစည်ပင်ရုံးအတွက် နေရာမရှိလို့ အခုဒီနေရာမှာ ဆောက်လုပ်ရတာပါ။ ကားပါကင်ကို ငှားရမ်းထားတယ် ဆိုတာလည်း အရင်ကတည်းက ကားပါကင်အဖြစ် ဆောက်လုပ်ထားတာ မဟုတ်ပါဘူး။ ကန့်ကွက်ဆန္ဒ ပြတာတွေကြောင့် အထက်က ရပ်ဆိုင်းခိုင်းထားတာမျိုး လောလောဆယ်တော့ မရှိသေးပါဘူး။ အခု ဖြစ်စဉ်တွေကို အထက်ကို စာတင်ပြပြီးမှ အထက်က အကြောင်းကြားမှာပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

(အများပြည်သူပိုင် လမ်းပေါ်တွင် စည်ပင်ရုံး ဆောက်လုပ်နေခြင်းကို ဖျက်သိမ်းပေးရန် ဒေသခံများမှ ဆန္ဒပြထုတ်ဖော် နေကြစဉ် )
(အများပြည်သူပိုင် လမ်းပေါ်တွင် စည်ပင်ရုံး ဆောက်လုပ်နေခြင်းကို ဖျက်သိမ်းပေးရန် ဒေသခံများမှ ဆန္ဒပြထုတ်ဖော် နေကြစဉ် )
RangonNewsDaily:: January . 11 .2014
သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက် အနော်ရထာလမ်း (အများပြည်သူပိုင် လမ်းပေါ်တွင်) စည်ပင်သာယာ
ရုံး ဆောက်လုပ်နေခြင်းကို ဒေသခံ ၁၀၀ ကျော်က ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို တရားဝင် ခွင့်ပြု
ချက်ဖြင့် ဇန်န၀ါရီ ၁၀ ရက် နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည်။

ပြည်တွင်းရွှေကို တစ်ကျပ်သား နှစ်ကျပ်သားလို့ မရောင်းတော့ဘဲ ဂရမ်ဖြင့်သာ ရောင်းချတော့မည်

 
RangonNewsDaily:: January . 11 .2014
ပြည်တွင်း ရွှေဈေးကွက်အတွင်း နိုင်ငံတကာ စံချိန်မီ ရွှေအရည်အသွေးနှင့်အညီ အခေါက်ရွှေ ဂရမ်ပြား များ
ကို ဖေဖော်ဝါရီလအတွင်းစတင်ဖြန့်ဖြူးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းအထွေထွေ
အတွင်းရေးမှူး ဦးကျော်ဝင်းက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Mobile Banking ဝန်ဆောင်မှု စတင်

 
RangonNewsDaily:: January . 11 .2014
ပြည်တွင်း Mobile Banking ဝန်ဆောင်မှု ပထမဦးဆုံးအနေဖြင့် သမဝါမဘဏ်မှ စတင်ဆောင်ရ&