RangonNewsDaily:: January . 11 .2014
ရှေးမြန်မာ ဘုရင်များ၏ ဥယျာဉ် နေရာတွင် တည်ထားခဲ့သည့် မန္တလေး မစိုးရိမ်တိုက်ဟောင်း မဟာနာယက
ရှေးမြန်မာ ဘုရင်များ၏ ဥယျာဉ် နေရာတွင် တည်ထားခဲ့သည့် မန္တလေး မစိုးရိမ်တိုက်ဟောင်း မဟာနာယက
ဖြစ်တော်မူသော တိပိဋကပါဠိ-မြန်မာအဘိဓာန်
ပြုစုထုတ်ဝေရး ဥက္ကဋ္ဌ တာဝန် ယူခဲ့သော
နိုင်ငံတော် သံဃ
မဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု
ဘဒ္ဒန္တတေဇောသာရာဘိဝံသသည် ဇန်နဝါရီလ ၉ ရက်နေ့တွင်ပျံလွန်တော်မူခဲ့ရာယင်းဈာပနကိုမစိုးရိမ်တိုက်ဟောင်းတွင်၁၀ရက်ထားရှိပူဇော်
မည် ဖြစ်ကြောင်း
မန္တလေးခရိုင် သာသနာရေးမှူး ဦးကျော်လှိုင် က ပြောကြားသည်။
အဆိုပါ ဈာပနကို နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီး ခြောက်ပါး အပါအဝင် မန္တလေးမြို့ပေါ်ရှိ မစိုးရိမ်
အဆိုပါ ဈာပနကို နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီး ခြောက်ပါး အပါအဝင် မန္တလေးမြို့ပေါ်ရှိ မစိုးရိမ်
တိုက်ဟောင်း၊တိုက်သစ် ကျောင်းတိုက်ကြီးများမှဆရာတော်(၂၇)ပါးအပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်
တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာ အရာရှိများ ပါဝင်သည့် ကျင်းပရေး ကော်မတီက
ဆပ်ကော်မတီ (၁၁) ခု
ခွဲ၍ ဈာပန အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း၊
နိုင်ငံတော် သံဃနာယက၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရ
အနေနှင့် ဆရာတော်၏ တပည့် ဥပသကာများနှင့် တိုင်ပင်ကာ အခမ်းအနား
ကျင်းပသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြော
ကြားသည်။
“ဆရာတော်ကြီးဈာပနကိုတိုင်းဒေသကြီး အစိုးရအဖွဲ့က အကြီးကျယ်ဆုံးနဲ့ ခမ်းခမ်းနားနား ဖြစ်အောင် လုပ်
“ဆရာတော်ကြီးဈာပနကိုတိုင်းဒေသကြီး အစိုးရအဖွဲ့က အကြီးကျယ်ဆုံးနဲ့ ခမ်းခမ်းနားနား ဖြစ်အောင် လုပ်
သွားဖို့ အစီအစဉ်တွေ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။
ဆရာတော်သည် ပျံလွန်တော်မမူခင် (၁၀) ရက်ခန့်အထိ မည်သည့် ရောဂါမှ ထွေထွေထူးထူး မရှိဘဲ ဒီဇင်
ဆရာတော်သည် ပျံလွန်တော်မမူခင် (၁၀) ရက်ခန့်အထိ မည်သည့် ရောဂါမှ ထွေထွေထူးထူး မရှိဘဲ ဒီဇင်
ဘာလ၃၁ရက်နေ့ ညပိုင်းမှစ၍ ကျောင်းတိုက်
အတွင်းရှိ ခန်းမအတွင်း လဲလျောင်းနေကြောင်း၊ ယင်းနောက်
ခေါင်းမူး
နောက်သဖြင့် ဆေးရုံတင်ခဲ့ ရာတွင် ဦးနှောက်သွေးကြော ပေါက်သည်ဟု ဆရာဝန်က
ပြောဆို
ကြောင်း၊
ဆရာတော် ကို ၁၀ ရက်ခန့်အထိ အနီးကပ် ပြုစုလိုက်ရပြီး
ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျောင်းတိုက်တွင် ပျံ
လွန်တော်မူသွားကြောင်းဆရာတော်၏တပည့်အရင်း ဖြစ်သူဦးခေမိန္ဒနိကာယကျောင်းမစိုးရိမ်ကျောင်းတိုက်
ဆရာတော်က မိန့်ကြားသည်။
ဆရာတော်၏ ဈာပန အခမ်းအနားတွင် မဏ္ဍပ် ပြင်ဆင်မှုမှအစ ရုပ်ကလာပ်တော်ကို မီးပူဇော် ပြီးစီးသည့်
ဆရာတော်၏ ဈာပန အခမ်းအနားတွင် မဏ္ဍပ် ပြင်ဆင်မှုမှအစ ရုပ်ကလာပ်တော်ကို မီးပူဇော် ပြီးစီးသည့်
အထိ ဗြဟ္မာစိုရ်
လူမှုကူညီရေး အသင်းက ကူညီမည့်အပြင် မဟာအောင်မြေမြို့နယ် ပြည်ထောင်စု
ကြံ့ခိုင်
ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဆရာတော်၏ ဈာပနအတွက် ကရဝိတ်
ငှက်ရုပ် လှေလှော်ယိမ်းနှင့် ပူဇော်
ရန် တာဝန် ယူထားကြောင်း မစိုးရိမ်
တိုက်ဟောင်း ဆရာတော်က မိန့်ကြားသည်။
“မစိုးရိမ်တိုက်ဟောင်းတိုက်သစ် အကြီးအမှူးဆရာတော် ဖြစ်တဲ့အတွက် ပျံလွန်တော်မူ သွားတာကို ဝမ်းနည်း
“မစိုးရိမ်တိုက်ဟောင်းတိုက်သစ် အကြီးအမှူးဆရာတော် ဖြစ်တဲ့အတွက် ပျံလွန်တော်မူ သွားတာကို ဝမ်းနည်း
မိတယ်။ တိုင်းပြည်မှာ ပါဠိပညာရှင်တစ်ယောက် ဆုံးရှုံး သွားရတယ်လို့
ခံစားရမိတယ်” ဟု မစိုးရိမ် တိုက်
သစ်ဆရာတော် အရှင်ဝီရသူက မိန့်ဆိုသည်။
ဆရာတော်ကို ၁၉၂၅ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၈၇ ခုနှစ်) တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သံ
ဆရာတော်ကို ၁၉၂၅ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၈၇ ခုနှစ်) တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သံ
ဗိုလ်ကျေးရွာတွင် ခမည်းတော်
ဦးကိုအောင်၊ မယ်တော် ဒေါ်မှုံတို့က မွေးဖွားခဲ့သည်။ ဆရာတော်သည် သက်
တော်
(၈၉)၊ ဝါတော် (၆၉) ဝါတွင် ပျံလွန်တော် မူခဲ့ပြီး နဝတအစိုးရက အဂ္ဂမဟာဂန္တဝါစက
ပဏ္ဍိတတံဆိပ်၊ အဂ္ဂမဟာပဏ္ဍိတ တံဆိပ်၊ လက်ရှိ အရပ်သားအစိုးရက အဘိဓဇမဟာ
ရဋ္ဌဂုရုတံဆိပ်တို့ ကပ်လှူခဲ့သည်။
ဆရာတော်ကြီးသည်တိပိဋကပါဠိမြန်မာအဘိဓာန်အတွဲပေါင်း(၆) တွဲ၊ တိပိဋကပါဠိ မြန်မာအဘိဓာန် အကျဉ်း
ဇာတ်ထိကာ ပေမူကို
လက်ရေးမူအဖြစ် ရေးသားပြုစုနေစဉ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပျံလွန်တော်
မူခဲ့ခြင်း
ဖြစ်သည်။
The Voice , kolatt(PBDN)
RangonNewsDaily
The Voice , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment