Pages

Saturday, January 11, 2014

စက်ရုံကြို/ပို့ယာဉ်ပေါ်မှ အလုပ်သမားတစ်ဦးပြုတ်ကျသေဆုံး

RangonNewsDaily:: January . 11 .2014
၁၀.၁.၂၀၁၄ရက်နေ့ ၁၉၄၅အချိန်အင်းစိန်မြို့နယ်၊ဒညင်းကုန်းအိမ်ရာ၊မြတောင်ဝန်ဦးမှုန်လမ်းအတိုင်းဒညင်း
ကုန်းအိမ်ရာဘက်မှ ရွှေပြည်သာတံတားဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင် လာသော ၂ခ/-----ဟွန်
ဒိုင်းဘတ်စ် စက်ရုံကြို/ပို့ယာဉ်သည် ရွှေပြည်သာတံတားလမ်းဆုံအရောက် ယာဉ်ပေါ်တွင်တွယ်စီးလိုက်ပါ
လာသော COSTEC အထည်ချုပ်စက်ရုံအလုပ်သမား ကိုရန်နိုင် (ဘ)ဦးဇော်အောင်၊ ထန်းတပင်မြို့နယ်နေသူ
မှာ ယာဉ်ပေါ်မှပြုတ်ကျသွားခဲ့ပါသည်။
ယာဉ်ပေါ်မှပြုတ်ကျသူ ကိုရန်နိုင်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊နှာခေါင်း/ပါးစပ် သွေးထွက်ဒဏ်ရာများ ရရှိပြီး
အခင်းဖြစ်နေရာတွင်သေဆုံးသွားသောကြောင့် ယာဉ်ကိုထားကာတိမ်းရှောင်သွားသူ ယာဉ်မောင်း(စုံစမ်းဆဲ
)အား အင်းစိန်မြို့မရဲစခန်းယာဉ်(ပ) ၂/၂၀၁၄၊ပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေးစုံ
စမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ,  kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment