Pages

Saturday, January 11, 2014

အာရှဖုလား U-22 မြန်မာအသင်းပွဲစင်များ ပြည်တွင်းရုပ်သံလိုင်းများတွင် ပြသမည်မဟုတ်သော်လည်း အယ်ဂျာဇီယားရုပ်သံလိုင်းမှ ကြည့်ရှုနိုင်မည်

RangonNewsDaily:: January . 11 .2014
အိုမန်နိုင်ငံတွင်လက်ခံကျင်းပမည့် အာရှဖလားU-22 ဘောလုံးပြိုင်ပွဲဖြစ်သည့် မြန်မာအသင်းပွဲစဉ်များကို
ပြည်တွင်းရုပ်သံလိုင်းများတွင် ပြသရန် အစီအစဉ်မရှိသဖြင့် မြန်မာပရိသက်များထံမှ ဝေဖန်မှုများထွက်ပေါ်
လျှက်ရှိသည်။ အရှေ့တောင်အာရှဒေသမှ တစ်သင်းတည်းသော ခြေစစ်ပွဲအောင် မြန်မာ U-22 အသင်း၏ ကစားပွဲများကို မြန်မာဘောလုံးပရိသက်များက ကြည့်ရှုခွင့်ရလိုကြကြောင်း သိရသည်။ ထိုသို့ ပြည်တွင်းရုပ်သံလိုင်းများက ပြသမည်မဟုတ်သော်လည်း ၈ ပေစလောင်း အယ်ဂျာဇီယား Sports ရုပ်သံလိုင်းတွင် တိုက်ရိုတ်ကြည့်ရှုခွင့် ရရှိမည်ဖြစ်သည်။

အာရှ U-22 အမျိုးသားဘောလုံးပွဲစဉ်တွင် မြန်မာက အိမ်ရှင် အိုမန်၊ တောင်ကိုရီးယား၊ ဂျော်ဒန်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ယနေ့ည ဒေသစံတော်ချိန် ၈ နာရီ(မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ) အချိန်တွင် အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် အိုမန်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
 
မြန်မာအသင်း၏ ဒုတိယပွဲအဖြစ် ၁၃ ရက်နေ့တွင် တောင်ကိုရီးယား၊ ၁၅ ရက်နေ့တွင် တတိယပွဲစဉ်အဖြစ်
ဂျော်ဒန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ၎င်းပွဲစဉ်များကို အဆိုပါရုပ်သံလိုင်းမှ ည ၁၀း၃၀ နာရီအ
ချိန်တို့တွင် ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်သည်။

News Watch ,kolatt(PBDN)
RangonNewsDaily

1 comments:

Unknown said...

ကောင်းပါတယ်။အကုသိုလ်မများတော့ဘူးပေါ့

Post a Comment