Pages

Saturday, January 11, 2014

သင်္ဃန်းကျွန်းမြို့နယ် အနော်ရထာလမ်းပေါ်တွင် စည်ပင်သာယာရုံး ဆောက်လုပ်နေခြင်းကို ဖျက်သိမ်းပေးရန် ဒေသခံတစ်ရာကျော် ဆန္ဒထုတ်ဖော်

သင်္ဃန်းကျွန်းမြို့နယ် အနော်ရထာလမ်းပေါ်တွင် စည်ပင်သာယာရုံး ဆောက်လုပ်နေခြင်းကို ဖျက်သိမ်းပေးရန် ဒေသခံတစ်ရာကျော် ဆန္ဒထုတ်ဖော် 

သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက် အနော်ရထာလမ်း (အများပြည်သူပိုင် လမ်းပေါ်တွင်) စည်ပင်သာယာရုံး ဆောက်လုပ်နေခြင်းကို ဒေသခံ ၁၀၀ ကျော်က ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို တရားဝင် ခွင့်ပြုချက်ဖြင့် ဇန်န၀ါရီ ၁၀ ရက် နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အနော်ရထာလမ်းမှာ ရပ်ကွက်ဖွဲ့စည်းပုံတွင် အများပြည်သူပိုင် လမ်းအဖြစ် ပါရှိကြောင်းနှင့် လမ်းမှာ လေးထောင့်ကန်လမ်းမှ အနော်ရထာလမ်းသို့ အလွယ်တကူ ၀င်ထွက်သွားလာနိုင်သည့် လမ်းဖြစ်သောကြောင့် ရပ်ကွက်နေ ပြည်သူများမှ လမ်းအတိုင်းသာ ဆက်လက်ထားရှိရန် ဆန္ဒရှိကြောင်း ဒေသခံများက ဆိုသည်။

“ဒီအနော်ရထာလမ်းက ရပ်ကွက်ဖွဲ့စည်းပုံမှာ လမ်းအဖြစ်ပါတယ်။ ရပ်ကွက်ရဲ့ မီးတားလမ်းလည်းဖြစ်တယ်။ အရင်ယာယီဈေးဟောင်း တုန်းကတော့ လမ်းပေါ်မှာ ဈေးရောင်းကြတာ တွေတော့ရှိတယ်။ မီးလောင်တဲ့အခါ ဈေးကြီးပြန်ဆောက်တော့ သားငါးဈေးအဖြစ် ထားပေးဖို့ ဈေးသည်တွေကပြောတော့ အများပြည်သူပိုင်လမ်း၊ မည်သည့် အဆောက်အအုံမှ ဆောက်ခွင့်မရှိဘူးလို့ စည်ပင်ရယ်၊ ဆောက်လုပ်တဲ့ ကုမ္ပဏီရယ် ပြောတယ်။ အခု မည်သည့် အဆောက်အအုံမှ ဆောက်ခွင့် မရှိဘူးဆိုတဲ့ နေရာမှာ စည်ပင်သာယာရုံးကျတော့ ဆောက်တယ်။ ဒီလမ်းကို ဈေးဧရိယာထဲ ပါတယ်ဆိုပြီး ဆွဲထည့်တယ်။ ဒီလမ်းကို လမ်းအဖြစ်သာ ထားပေးဖို့ ရပ်ကွက်နေ ပြည်သူတွေက စဆောက်ကတည်းက ကန့်ကွက်တယ်။ ပြည်သူတွေ ကန့်ကွက်တာကို အရေးမလုပ်ဘဲ အာဏာရှင်ဆန်ဆန် ဆက်လုပ်နေလို့ အခုလိုဆန္ဒပြပြီး တောင်းဆိုရတာပါ” ဟု ဆန္ဒပြသူ တစ်ဦးဖြစ်သည့် ဦးကျင်သိန်းက ဇန်န၀ါရီ ၁၀ ရက် နံနက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

အလားတူ ကန့်ကွက်ကြောင်းကို ဈေးသစ်ကြီးတွင် ဈေးဆိုင်ဖွင့် ရောင်းချနေသူ မညိုညိုခိုင်က “လမ်းနေရာမှာ ခရိုင်စည်ပင်ဈေးရုံး ဆောက်မယ်လို့ ပြောပေမယ့် တကယ်လည်း ဈေးအတွင်းမှာ စည်ပင်ဈေးရုံးအတွက် နေရာရှိပါတယ်။ ဈေးအောက်မှာ နဂိုကတည်းကပါတဲ့ ကားပါကင်ကိုလည်း စည်ပင်က စီးတီးမတ်ကို ငှားစားထားတယ်။ အခုဈေးမှာ ကားပါကင်ရပ်ဖို့နေရာ လုံလုံလောက်လောက် မရှိတဲ့အတွက် ဈေးလာဝယ်သူတွေ အခက်အခဲတွေ အများကြီး ဖြစ်ကြတယ်။ အဲ့တော့ ဈေးကကြီးပေမယ့် လာဝယ်တဲ့သူတွေ မလာကြတော့ဘူး။ အခုဆောက်နေတဲ့ စည်ပင်ရုံးပြီးသွားရင် ထပ်ပြီးငှားစားမလား ဆိုတာပြောလို့မရဘူး။ လမ်းအတိုင်းသာ ထားပေးမယ်ရင် ဒေသခံတွေ အတွက်ရော ဈေးဝယ်သူတွေ အတွက်ပါ အဆင်ပြေမှာပါ။ ဒါကြောင့် လမ်းအတိုင်း ထားပေးဖို့ ဆန္ဒပြ တောင်းဆိုတာပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံ ဆောက်လုပ်နေမှုနှင့် ပတ်သက်၍ စည်ပင်သာယာဈေး တာဝန်ခံဖြစ်သူ ဒေါ်သင်းသင်းညွန့်အား မေးမြန်းရာ “ဒီလမ်းက အရင်ကတည်းက ဈေးဧရိယာ မြေပုံထဲမှာ ပါဝင်ပါတယ်။ အရင်ကလမ်းအဖြစ် တည်ရှိနေတယ် ဆိုတာကိုတော့ မသိပါဘူး။ ဈေးထဲမှာ ဈေးစည်ပင်ရုံးအတွက် နေရာမရှိလို့ အခုဒီနေရာမှာ ဆောက်လုပ်ရတာပါ။ ကားပါကင်ကို ငှားရမ်းထားတယ် ဆိုတာလည်း အရင်ကတည်းက ကားပါကင်အဖြစ် ဆောက်လုပ်ထားတာ မဟုတ်ပါဘူး။ ကန့်ကွက်ဆန္ဒ ပြတာတွေကြောင့် အထက်က ရပ်ဆိုင်းခိုင်းထားတာမျိုး လောလောဆယ်တော့ မရှိသေးပါဘူး။ အခု ဖြစ်စဉ်တွေကို အထက်ကို စာတင်ပြပြီးမှ အထက်က အကြောင်းကြားမှာပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။

(အများပြည်သူပိုင် လမ်းပေါ်တွင် စည်ပင်ရုံး ဆောက်လုပ်နေခြင်းကို ဖျက်သိမ်းပေးရန် ဒေသခံများမှ ဆန္ဒပြထုတ်ဖော် နေကြစဉ် )
(အများပြည်သူပိုင် လမ်းပေါ်တွင် စည်ပင်ရုံး ဆောက်လုပ်နေခြင်းကို ဖျက်သိမ်းပေးရန် ဒေသခံများမှ ဆန္ဒပြထုတ်ဖော် နေကြစဉ် )
RangonNewsDaily:: January . 11 .2014
သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက် အနော်ရထာလမ်း (အများပြည်သူပိုင် လမ်းပေါ်တွင်) စည်ပင်သာယာ
ရုံး ဆောက်လုပ်နေခြင်းကို ဒေသခံ ၁၀၀ ကျော်က ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို တရားဝင် ခွင့်ပြု
ချက်ဖြင့် ဇန်န၀ါရီ ၁၀ ရက် နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အနော်ရထာလမ်းမှာ ရပ်ကွက်ဖွဲ့စည်းပုံတွင် အများပြည်သူပိုင် လမ်းအဖြစ် ပါရှိကြောင်းနှင့် လမ်းမှာ
လေးထောင့်ကန်လမ်းမှအနော်ရထာလမ်းသို့အလွယ်တကူဝင်ထွက်သွားလာနိုင်သည့်လမ်းဖြစ်သောကြောင့်
ရပ်ကွက်နေ ပြည်သူများမှ လမ်းအတိုင်းသာ ဆက်လက်ထားရှိရန် ဆန္ဒရှိကြောင်း ဒေသခံများက ဆိုသည်။

“ဒီအနော်ရထာလမ်းက ရပ်ကွက်ဖွဲ့စည်းပုံမှာ လမ်းအဖြစ်ပါတယ်။ ရပ်ကွက်ရဲ့ မီးတားလမ်းလည်းဖြစ်တယ်။ အရင်ယာယီဈေးဟောင်းတုန်းကတော့လမ်းပေါ်မှာ ဈေးရောင်းကြတာ တွေတော့ရှိတယ်။ မီးလောင်တဲ့အခါ
ဈေးကြီးပြန်ဆောက်တော့သားငါးဈေးအဖြစ် ထားပေးဖို့ ဈေးသည်တွေကပြောတော့ အများပြည်သူပိုင်လမ်း၊ မည်သည့် အဆောက်အအုံမှ ဆောက်ခွင့်မရှိဘူးလို့ စည်ပင်ရယ်၊ ဆောက်လုပ်တဲ့ ကုမ္ပဏီရယ် ပြောတယ်။ 
 
အခု မည်သည့် အဆောက်အအုံမှ ဆောက်ခွင့် မရှိဘူးဆိုတဲ့ နေရာမှာစည်ပင်သာယာရုံးကျတော့ ဆောက်
တယ်။ ဒီလမ်းကို ဈေးဧရိယာထဲ ပါတယ်ဆိုပြီး ဆွဲထည့်တယ်။ 
 
ဒီလမ်းကို လမ်းအဖြစ်သာ ထားပေးဖို့ ရပ်ကွက်နေ ပြည်သူတွေက စဆောက်ကတည်းက ကန့်ကွက်တယ်
။ ပြည်သူတွေကန့်ကွက်တာကိုအရေးမလုပ်ဘဲအာဏာရှင်ဆန်ဆန်ဆက်လုပ်နေလို့အခုလိုဆန္ဒပြပြီး တောင်း
ဆိုရတာပါ” ဟု ဆန္ဒပြသူ တစ်ဦးဖြစ်သည့် ဦးကျင်သိန်းက ဇန်န၀ါရီ ၁၀ ရက် နံနက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

အလားတူ ကန့်ကွက်ကြောင်းကို ဈေးသစ်ကြီးတွင် ဈေးဆိုင်ဖွင့် ရောင်းချနေသူ မညိုညိုခိုင်က “လမ်းနေရာ
မှာခရိုင်စည်ပင်ဈေးရုံး ဆောက်မယ်လို့ ပြောပေမယ့်တကယ်လည်း ဈေးအတွင်းမှာစည်ပင်ဈေးရုံးအတွက်
နေရာရှိပါတယ်။
 
 ဈေးအောက်မှာ နဂိုကတည်းကပါတဲ့ ကားပါကင်ကိုလည်း စည်ပင်က စီးတီးမတ်ကို ငှားစားထားတယ်။ အခု
ဈေးမှာ ကားပါကင်ရပ်ဖို့နေရာ လုံလုံလောက်လောက် မရှိတဲ့အတွက် ဈေးလာဝယ်သူတွေ အခက်အခဲတွေ အများကြီး ဖြစ်ကြတယ်။ 
 
အဲ့တော့ ဈေးကကြီးပေမယ့် လာဝယ်တဲ့သူတွေ မလာကြတော့ဘူး။ အခုဆောက်နေတဲ့ စည်ပင်ရုံးပြီးသွားရင် ထပ်ပြီးငှားစားမလား ဆိုတာပြောလို့မရဘူး။ လမ်းအတိုင်းသာ ထားပေးမယ်ရင် ဒေသခံတွေ အတွက်ရော
ဈေးဝယ်သူတွေ အတွက်ပါ အဆင်ပြေမှာပါ။ ဒါကြောင့် လမ်းအတိုင်း ထားပေးဖို့ ဆန္ဒပြ တောင်းဆိုတာပါ” ဟု ပြောကြားခဲ့သည်။

အဆိုပါ အဆောက်အအုံ ဆောက်လုပ်နေမှုနှင့် ပတ်သက်၍ စည်ပင်သာယာဈေး တာဝန်ခံဖြစ်သူ ဒေါ်သင်း
သင်းညွန့်အား မေးမြန်းရာ“ဒီလမ်းကအရင်ကတည်းက ဈေးဧရိယာ မြေပုံထဲမှာ ပါဝင်ပါတယ်။ အရင်ကလမ်း
အဖြစ် တည်ရှိနေတယ် ဆိုတာကိုတော့ မသိပါဘူး။ ဈေးထဲမှာ ဈေးစည်ပင်ရုံးအတွက် နေရာမရှိလို့ အခုဒီနေ
ရာမှာ ဆောက်လုပ်ရတာပါ။ 
 
ကားပါကင်ကို ငှားရမ်းထားတယ် ဆိုတာလည်း အရင်ကတည်းက ကားပါကင်အဖြစ် ဆောက်လုပ်ထားတာ မဟုတ်ပါဘူး။ ကန့်ကွက်ဆန္ဒ ပြတာတွေကြောင့် အထက်က ရပ်ဆိုင်းခိုင်းထားတာမျိုး လောလောဆယ်တော့ မရှိသေးပါဘူး။အခု ဖြစ်စဉ်တွေကိုအထက်ကိုစာတင်ပြပြီးမှအထက်က အကြောင်းကြားမှာပါ” ဟု ပြန်လည်
ဖြေကြားခဲ့သည်။
 
Eleven Media ,  kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment