Pages

Saturday, January 11, 2014

ထန်းတပင်မြို့နယ်တွင် မြေတူးစဉ် မြေပြို သုံးဦးသေ ၊ ခုနှစ်ဦး ဒဏ်ရာရ

Photo: ထန်းတပင်မြို့နယ်တွင် မြေတူးစဉ် မြေပြို သုံးဦးသေ ၊ ခုနှစ်ဦး ဒဏ်ရာရ
Friday, January 10, 2014

 ပဲခူး တိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ရေကျော် ကျေးရွာ အုပ်စု ကျောက်ကုန်း ကျေးရွာ တောင်ငူ-ဇရပ်ကြီး ကားလမ်းအရှေ့ဘက်ခြမ်းနယ် မြေရှိ ''မင်းဒင်''မြေတူးဖော်ရေး လုပ်ငန်းခွင်အတွင်း ဇန်နဝါရီ ၇ ရက် ည၈နာရီ မိနစ်၎ဝခန့် တွင် မီးများထွန်း၍ မြေများတူး ဖော်စဉ်  မြေပြိုကျ၍ လူသုံးဦးသေဆုံး ပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။

မြေတူးနေကြသော လုပ် သားနှစ်ဦးမှာ အပေါ်မှရုတ်တ ရက်မြေပြိုကျမှုခံရသောကြောင့် မြေကြီးအောက်သို့ ရောက်ရှိ သွားခဲ့မှုအား ဘေးလူများကူ ညီဝိုင်းဖော်ပေးခိုက် နောက် ထပ်တစ်ကြိမ်ထပ်မံမြေပြိုကျ ခဲ့ပြန်သဖြင့် လူသုံးဦးသေဆုံး သွားခဲ့ ရပြီး လူခုနစ်ဦးမှာ ထိ ခိုက်ဒဏ်ရာများရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

''ကျွန်တော်က နှစ်ကြိမ် ပိတာပါ။ ပထမကျွန်တော်နဲ့ ကိုဇော်မင်းနိုင်၄၁နှစ်တို့ နှစ် ယောက်တည်း ည၈နာရီကျော် လောက်မှာ မီးထွန်းပြီး မြေက လိုင်ဖြစ်အောင် တူးနေတာပါ။ ကလိုင်ဖြစ်သွားတဲ့အခါ ကုန်း ပေါ်ကတက်ပြီး သံတူးရွင်းနဲ့ ဖြိုချကြရင် မြေသားထုအများ ကြီးကို ခဏကလေးနဲ့ရတာ မို့ ဒီလိုလုပ်ဆောင်ကြတာပါ။ မိုးချုပ်ပြီဆိုတော့ သူများတွေ ပြန်သွားကြပါပြီ။ အဲဒီအချိန် မှာ ဝုန်းဆိုမြေပြိုကျပြီး ကျွန် တော်တို့နှစ်ယောက်အပေါ် မြေကြီးတွေ ဖုံးသွားပါတယ်။ ကျွန်တော့် အပေါ်က ကိုဇော် မင်းနိုင်က ကားယားခွကြီးဖြစ် ပြီး ကျွန်တော်က အောက်က  အနေအထားနဲ့ ပိသွားတာပါ။ မြေပြိုသံကြားလို့ ဘေးလူတွေ ရောက်လာပြီး ဝိုင်းဆွဲဖော် ကယ်ထုတ်ကြတော့ ကိုဇော် မင်းနိုင်ကို အရင်ရပါတယ်။  ဒါပေမဲ့ ကိုဇော်မင်းနိုင်ကသေ သွားပါပြီ။ ကျွန်တော်ကခေါင်း နဲ့ လက်နဲ့ပေါ်လာပြီး မြေကြီး တွေ ရင်စို့လောက်ကျန်နေချိန် မှာ နောက်တစ်ခါ ဝုန်းဆိုမြေ ပြိုသံကြားရပြီး နောက်တစ်ကြိမ် ကျွန်တော် မြေကြီးအောက် ပြန်ရောက်သွားပါတယ်။ ကျွန် တော် ဘာမှမသိတော့ပါဘူး'' ဟု မြေပြိုကျမှုကြောင့် မြေကြီး အောက်သို့ နှစ်ကြိမ်တိုင်ရောက် ရှိသွားခဲ့သော်လည်း သေကံ မရောက်သက်မပျောက်ဘဲ အ သက်ဘေးမှလွတ်ခဲ့ရသူ မောင် ဝေယံစိုး ၁၇ နှစ်ကပြောသည်။

''အားလုံးမြေပြိုကျလို့ ပိ သွားတာ ၁၁ယောက်ပါ။ ဇော် မင်းနိုင်နဲ့ ဝေယံစိုးက အရင် ပိတာပါ။ ဒီနောက်ဝိုင်းပြီးဖော် ထုတ်ကယ်တင်နေကြတုန်း နောက်တစ်ကြိမ်မြေထပ်ပြိုကျ လို့ ဝိုင်းကယ်ပေးကြတဲ့သူတွေ ပါထပ်ပိသွားတာရှစ်ယောက် ဆိုတော့ စုစုပေါင်းမြေပိတာ ၁၁ယောက်ပေါ့။ ကျွန်တော် က ရုံမှာဗီဒီယိုပြနေတာ။ မြေ ပြိုကျလို့ဆိုပြီး ဘိုဂွဲ(ရွှေမိုးဇော်) က လာအကူအညီတောင်းတာ နဲ့ ရွာထဲကိုမိုက်နဲ့အော်ပြီးပြော လိုက်တော့ တစ်ရွာလုံးအကုန် ဆိုင်ကယ်တွေနဲ့ထွက်ပြီး ပြေး ကူညီတူး ဖော်ခဲ့ကြတာပါ။ အဲ ဒီမှာ ဇော်မင်းနိုင် ၄၁နှစ်၊ မင်း နိုင် ၃ဝနှစ်၊ ဇော်ဦး ၄ဝနှစ်တို့ သုံးယောက်က မြေပိသေသွား ပြီး အသက်ဘေးကလွတ်ခဲ့ တာက မခင်နှင်းဦး၊  ဒေါ်ဝင်း၊ ဝေယံစိုး၊ မျိုးမင်း၊ အောင်ဇော် ထိုက်၊ ဒေါ်သိန်းမြင့်၊ ဒေါ်ချို၊ ကျော်စိုးဝင်းတို့ ရှစ်ယောက် ပါ''ဟု ရေကျော်ရွာနေ ဦးတင် ရှိန်က ပြောသည်။ 

မြေတူးကြသည့် လုပ်ငန်း ခွင်မြေသားထုသည် အခြေမှ ကုန်းပေါ်အထိ၁၂ပေခန့်သာ မြင့်ပြီး အခြေမှကလိုင်ဖြစ်စေ ရန် တူးဖော်ထားသည့်မြေသား ထုမှာ ငါးပေ၊ ခြောက်ပေခန့် သာရှိလျက် ကလိုင်မှ အထက် မြေပြင်အထိဖြိုချရန်ချန်ထား သည့် မြေသား ထုမှာ ခြောက် ပေ၊ ခုနစ်ပေခန့်သာရှိကြောင်း သိရသည်။ 

အခင်းဖြစ်ပွားမှုနှင့်ပတ် သက်၍ ထန်းတပင်မြို့မရဲစခန်း မှ သေမှုသေခင်း ရေးဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားရန် စီစဉ်ထားရှိ ကြောင်း သတင်းရရှိသည်။

ကိုဆွေ(တောင်ငူ)
Yangon Media Group 


မြေပြို၍သေဆုံးသွားသူများအား နာရေးကူညီမှုကားဖြင့် သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - ကိုဆွေ(တောင်ငူ)
မြေပြို၍သေဆုံးသွားသူများအား နာရေးကူညီမှုကားဖြင့် သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - ကိုဆွေ(တောင်ငူ)
RangonNewsDaily:: January . 11 .2014
ပဲခူး တိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ရေကျော် ကျေးရွာ အုပ်စု ကျောက်ကုန်း ကျေးရွာ
တောင်ငူ-ဇရပ်ကြီး ကားလမ်းအရှေ့ဘက်ခြမ်းနယ် မြေရှိ ''မင်းဒင်''မြေတူးဖော်ရေး လုပ်ငန်းခွင်အတွင်း ဇန်နဝါရီ ၇ ရက် ည၈နာရီ မိနစ်၎ဝခန့် တွင် မီးများထွန်း၍ မြေများတူး ဖော်စဉ် မြေပြိုကျ၍ လူသုံးဦးသေဆုံး ပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။ မြေတူးနေကြသောလုပ် သားနှစ်ဦးမှာအပေါ်မှရုတ်တ ရက်မြေပြိုကျမှုခံရသောကြောင့် မြေကြီးအောက်သို့
ရောက်ရှိ သွားခဲ့မှုအား ဘေးလူများကူညီဝိုင်းဖော်ပေးခိုက် နောက် ထပ်တစ်ကြိမ်ထပ်မံမြေပြိုကျ ခဲ့ပြန်သဖြင့် လူသုံးဦးသေဆုံး သွားခဲ့ ရပြီး လူခုနစ်ဦးမှာ ထိ ခိုက်ဒဏ်ရာများရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်က နှစ်ကြိမ် ပိတာပါ။ ပထမကျွန်တော်နဲ့ ကိုဇော်မင်းနိုင်၄၁နှစ်တို့ နှစ် ယောက်တည်း ည၈နာရီ
ကျော် လောက်မှာ မီးထွန်းပြီး မြေက လိုင်ဖြစ်အောင် တူးနေတာပါ။ ကလိုင်ဖြစ်သွားတဲ့အခါ ကုန်း ပေါ်က
တက်ပြီး သံတူးရွင်းနဲ့ ဖြိုချကြရင် မြေသားထုအများ ကြီးကို ခဏကလေးနဲ့ရတာ မို့ ဒီလိုလုပ်ဆောင်ကြတာပါ။ မိုးချုပ်ပြီဆိုတော့ သူများတွေ ပြန်သွားကြပါပြီ။ 
 
အဲဒီအချိန် မှာ ဝုန်းဆိုမြေပြိုကျပြီး ကျွန် တော်တို့နှစ်ယောက်အပေါ် မြေကြီးတွေ ဖုံးသွားပါတယ်။ ကျွန်တော့် အပေါ်က ကိုဇော်မင်းနိုင်ကကားယားခွကြီးဖြစ် ပြီးကျွန်တော်က အောက်က အနေအထားနဲ့ ပိသွားတာပါ။
မြေပြိုသံကြားလို့ ဘေးလူတွေ ရောက်လာပြီး ဝိုင်းဆွဲဖော် ကယ်ထုတ်ကြတော့ ကိုဇော် မင်းနိုင်ကို အရင်ရ
ပါတယ်။ ဒါပေမဲ့ ကိုဇော်မင်းနိုင်ကသေ သွားပါပြီ။ 
 
ကျွန်တော်ကခေါင်းနဲ့လက်နဲ့ပေါ်လာပြီး မြေကြီး တွေ ရင်စို့လောက်ကျန်နေချိန် မှာ နောက်တစ်ခါ ဝုန်းဆိုမြေ
ပြိုသံကြားရပြီး နောက်တစ်ကြိမ် ကျွန်တော် မြေကြီးအောက် ပြန်ရောက်သွားပါတယ်။ ကျွန် တော် ဘာမှမ
သိတော့ပါဘူး'' ဟု မြေပြိုကျမှုကြောင့် မြေကြီး အောက်သို့ နှစ်ကြိမ်တိုင်ရောက် ရှိသွားခဲ့သော်လည်း သေကံ မရောက်သက်မပျောက်ဘဲ အ သက်ဘေးမှလွတ်ခဲ့ရသူ မောင် ဝေယံစိုး ၁၇ နှစ်ကပြောသည်။

''အားလုံးမြေပြိုကျလို့ ပိ သွားတာ ၁၁ယောက်ပါ။ ဇော် မင်းနိုင်နဲ့ ဝေယံစိုးက အရင် ပိတာပါ။ဒီနောက်ဝိုင်းပြီး
ဖော် ထုတ်ကယ်တင်နေကြတုန်း နောက်တစ်ကြိမ်မြေထပ်ပြိုကျ လို့ ဝိုင်းကယ်ပေးကြတဲ့သူတွေ ပါထပ်ပိသွား
တာရှစ်ယောက် ဆိုတော့ စုစုပေါင်းမြေပိတာ ၁၁ယောက်ပေါ့။ ကျွန်တော် က ရုံမှာဗီဒီယိုပြနေတာ။
 
မြေ ပြိုကျလို့ဆိုပြီး ဘိုဂွဲ(ရွှေမိုးဇော်)ကလာအကူအညီတောင်းတာနဲ့ ရွာထဲကိုမိုက်နဲ့အော်ပြီးပြော လိုက်တော့
တစ်ရွာလုံးအကုန် ဆိုင်ကယ်တွေနဲ့ထွက်ပြီး ပြေး ကူညီတူး ဖော်ခဲ့ကြတာပါ။ အဲ ဒီမှာ ဇော်မင်းနိုင် ၄၁နှစ်၊ မင်း နိုင် ၃ဝနှစ်၊ ဇော်ဦး ၄ဝနှစ်တို့ သုံးယောက်က မြေပိသေသွား ပြီး အသက်ဘေးကလွတ်ခဲ့ တာက မခင်
နှင်းဦး၊ ဒေါ်ဝင်း၊ ဝေယံစိုး၊ မျိုးမင်း၊ အောင်ဇော် ထိုက်၊ ဒေါ်သိန်းမြင့်၊ ဒေါ်ချို၊ ကျော်စိုးဝင်းတို့ ရှစ်ယောက် ပါ''
ဟု ရေကျော်ရွာနေ ဦးတင် ရှိန်က ပြောသည်။

မြေတူးကြသည့် လုပ်ငန်းခွင်မြေသားထုသည်အခြေမှ ကုန်းပေါ်အထိ၁၂ပေခန့်သာ မြင့်ပြီး အခြေမှကလိုင်
ဖြစ်စေ ရန် တူးဖော်ထားသည့်မြေသား ထုမှာ ငါးပေ၊ ခြောက်ပေခန့် သာရှိလျက် ကလိုင်မှ အထက် မြေပြင်
အထိဖြိုချရန်ချန်ထား သည့် မြေသား ထုမှာ ခြောက် ပေ၊ ခုနစ်ပေခန့်သာရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ် သက်၍ ထန်းတပင်မြို့မရဲစခန်း မှ သေမှုသေခင်း ရေးဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားရန် စီစဉ်ထားရှိ ကြောင်း သတင်းရရှိသည်။

ကိုဆွေ(တောင်ငူ)
Yangon Media  , kolatt(PBDN)
RangonNewsDaily



0 comments:

Post a Comment