Pages

Thursday, June 13, 2013

သင်္ကန်းကျွန်းမြို့နယ် အိမ် ၁ဝဝ ကျော် တပ်မတော်က ယနေ့ အဓမ္မဝင်သိမ်း

သင်္ကန်းကျွန်းမြို့နယ် အိမ် ၁ဝဝ ကျော် တပ်က အဓမ္မဝင်သိမ်း

တပ်မတော်ကို မြေဌားရမ်းခပေးပြီး မိသားစုလိုက် မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ကိုင်နေထိုင်နေတဲ့ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ၁ ၊ ၂ ရပ်ကွက်တွင်းက အိမ်ထောင်စု ၁ဝဝ ကျော်ရဲ့ နေအိမ်တွေကို အာဏာပိုင်တွေက ဒီကနေ့ အင်အားသုံးဝင်ရောက် ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

အခုလို တပ်မတော်က လူထုကို အင်အားသုံး ဖျက်ဆီးနေတာဟာ နိုင်ငံတော် သမ္မတရဲ့ ကောင်းမွန်သန့်ရှင်းတဲ့အစိုးရ လုပ်ဆောင်မှုဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ သင်္ကန်းကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က အခုလို ပြောပါတယ်။

"ဒီနေ့ အင်အားသုံးဖြေရှင်းမှုဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလကို အရုပ်ဆိုးအကျည်းတန်စေပါတယ်၊ သမ္မတကြီးရဲ့ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရ ဦးတည်ချက်ကို အခုလိုလူထုကို အင်အားသုံးပြီးတော့ ဖြေရှင်းလိုက်တဲ့အတွက် ဘာပဲပြောပြော မေးခွန်းထုတ်စရာဖြစ်ပါတယ်၊ တပ်မတော်ပိုင်ဖြစ်တော့ တပ်မတော်အနေနဲ့ မာရှယ်လောကာလတုန်းကလို အင်အားသုံးလို့ရတယ်ဆိုတဲ့အခါမှာ ဒါကျနော်တို့ပါတီအနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ရော သဘောမတူပါဘူး"

အဲဒီအိမ်ထောင်စုတွေဟာ မြေဧက ၃ဝ ကျော် ကျယ်ဝန်းတဲ့ အဲဒီမြေနေရာမှာ ၁၉၉၂ ခုနှစ်ကတည်းက တပ်မတော်ကို တစ်လ ၃၅ သိန်းပေးပြီး ဌားရမ်းလုပ်ကိုင်ခွင့်နဲ့ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

မြေဌားရမ်းထားသူတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ကတည်းက အပြီးဖယ်ရှားပေးဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲဒီမြေနေရာမှာ လုပ်ကိုင်စားသောက်နေထိုင်နေတဲ့ အိမ်ထောင်စုဝင်ပေါင်း ၁၁၈ စု ရှိတယ်လို့ သိရပါတယ်။

တပ်မတော်ကို မြေဌားရမ်းခပေးပြီး မိသားစုလိုက် မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ကိုင်နေထိုင်နေတဲ့ သင်္ဃန်း
ကျွန်းမြို့နယ် မိကျောင်းကန် ၁ ၊ ၂ ရပ်ကွက်တွင်းက အိမ်ထောင်စု ၁ဝဝ ကျော်ရဲ့ နေအိမ်တွေကို အာဏာ
ပိုင်တွေက ဒီကနေ့ အင်အားသုံးဝင်ရောက် ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် တပ်မတော်သားသုံးဦး စကားများရာက တစ်ဦးသေဆုံး

တောင်ငူ၊ ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့သစ် တပင်ရွှေထီးရပ်ကွက်တွင် ဇွန်လ ၁၀ ရက်နေ့ ည ၁၀နာရီ မိနစ်၃၀က အရက်ဆိုင်မှ ပြန်လာသည့် တပ်မတော်သား သုံးဦး စကားများ ရန်ဖြစ်ရာမှ တပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ကေတုမတီမြို့သစ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အင်းစိန်ရွာမရှိ ကားသင်္ချိုင်းမှ ဝန်ထမ်းလေးဦးခိုးမှုဖြင့် တရားစွဲခံရ

ဇွန်လ ၁၃ ရက် ၂၀၁၃ ခုနှစ်
အင်းစိန်ရွာမရှိ ကားသင်္ချိုင်းမှ ဝန်ထမ်းလေးဦးသည် စက်ရုံပိုင် မော်တော်ကားများမှ အလွိုင်းခွေများအား ခိုးထုတ်သည်ဟု စွပ်စွဲကာ ဇွန် ၁၁ ရက်က တိုင်ကြားခံရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

သီရိမင်္ဂလာဈေးဟောင်း အပေါ်ဆုံးထပ်ရှိရွှေဆင် KTV ဆိုင်မှ အကြော်ဆရာသေဆုံးနေ၍ သေမှုသေခင်းဖွင့်

၁၃.၆.၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် ကြည့်မြင်တိုင်မြို့နယ်၊
ဆေးငြိမ်းရပ်ကွက်၊ ကမ်းနားလမ်း သီရိမင်္ဂလာဈေးဟောင်း အပေါ်ဆုံးထပ်ရှိ၊ ရွှေဆင် KTV ဆိုင်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသတင်းအရ ကြည့်မြင်တိုင်မြို့မရဲစခန်းမှူးနှင့် အဖွဲ့မှသွားရောက် စစ်ဆေးခဲ့ကြသည်။

သီးလေးသီးမှ ပန်းသီး နုတ်ထွက်တော့မည်

ဇွန် ၁၂၊ ၂၀၁၃
မိုးမခ။  ။ ကိုပန်းသီးရေ ဘယ်လိုကြောင့် နုတ်ထွက်တယ်ဆိုတာသိပါရစေ။ 
ပန်းသီး။  ။ သီးလေးသီးဆိုတဲ့ နာမည် ကိုဇာဂနာပေးပြီး အနုပညာလောကကို  ချီတက်လာခဲ့တာ (၁၀) နှစ်လောက်ရှိပါပြီ။ တိုင်းပြည်နဲ့ လူမျိုးအတွက် ပန်းသီးဆိုတဲ့ အသီးတသီး …  အများကြီးမပေးဆပ်ပေမဲ့ အတိုင်းတာတခုအတွက်  တာဝန်ကျေခဲ့ပါတယ်.. အခုချိန်မှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဘို့  သီးလေးသီးက နုတ်ထွက်ခဲ့တာပါ။

မိုင်းဆတ်လေယာဉ်မတော်တဆမှု data recorder ကိုတရုတ်သို့ ပေးပို့စစ်ဆေးမည်..

Thursday, June 13, 2013

မိုင်းဆတ်လေယာဉ်မတော်တဆမှုမှdata recorderကိုတရုတ်သို့ပေးပို့စစ်ဆေးမည်ဖြစ်ကြောင်း လေကြောင်း

ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဝင်းဆွေထွန်းကပြောသည်။ မေလ(၁၆)ရက်
နေ့ကမိုင်းဆတ်လေယာဉ်ကွင်းတွင်MA 60 လေယာဉ်၊ပြေးလမ်းချော်ခဲ့သောမတော်တဆမှုကိုစစ်ဆေးမည်
ဖြစ်သည်။

ဘီဘာနှင့် ချစ်သူဖြစ်နေကြောင်း သတင်းများကို မိုင်လီဆိုင်းရပ်စ် ငြင်းဆို

Photo: ဘီဘာနှင့် ချစ်သူဖြစ်နေကြောင်း သတင်းများကို မိုင်လီဆိုင်းရပ်စ် ငြင်းဆို
Thursday, June 13, 2013

ဘီဘာနှင့် မိုင်လီတို့ နှစ်ဦးအား လော့စ်အန်ဂျလိစ်ရှိ နိုက်ကလပ် တစ်ခုတွင် သူငယ်ချင်းများနှင့်အတူ တွေ့မြင်ရသည့်နောက် ၎င်းတို့နှစ်ဦး ဇာတ်လမ်းဖြစ်နေကြောင်း ခန့်မှန်းမှုများ အားကောင်းလာ . . . . .

ဂျက်စတင်ဘီဘာနှင့် ချစ်သူဖြစ်နေကြောင်း သတင်းများကို မိုင်လီဆိုင်းရပ်စ်က ပယ်ချလိုက်ပြီး မိမိသည် စေ့စပ်ထားသူ တစ်ဦးသာဖြစ်ကြောင်း ပြောကြားလိုက်သည်။ မိုင်လီသည် လက်ရှိချစ်သူ လီယမ်ဟမ်းဆွော့သ်နှင့် ဆက်ဆံရေး မပြေမလည် ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်နေသလို ဘီဘာနှင့် တွဲလျှက်သား တွေ့မြင်ရသည့် အခြေအနေများကြောင့် ကောလာဟလများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဘီဘာနှင့် မိုင်လီတို့ နှစ်ဦးအား လော့စ်အန်ဂျလိစ်ရှိ နိုက်ကလပ် တစ်ခုတွင် သူငယ်ချင်းများနှင့်အတူ တွေ့မြင်ရသည့်နောက် ၎င်းတို့နှစ်ဦး ဇာတ်လမ်းဖြစ်နေကြောင်း ခန့်မှန်းမှုများ အားကောင်းလာခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် အပြန်အလှန် သိကျွမ်းခဲ့သည်မှာ နှစ်နှင့်ချီ ကြာမြင့်နှင့်ပြီးဖြစ်ကာ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရုဇ်ဗဲ့လ်ဟိုတယ်ရှိ ကလပ်တွင် အတူတွေ့ရခြင်း ဖြစ်သည်။

အသက်(၂၀)အရွယ် မိုင်လီကမူ သူမသည် လီယမ်နှင့် စေ့စပ်ထားဆဲသာ ဖြစ်ကြောင်း တွင်တွင် ပြောကြားခဲ့သည်။ "ဘယ့်နှယ် ဒီသတင်းတွေ ဖြစ်နိုင်မှာလဲ။ ကျွန်မက စေ့စပ်ထားသူလေ"ဟု မိုင်လီက ဆိုသည်။ ဘီဘာသည် ချစ်သူ Disneyစတား အဆိုတော် မင်းသမီးလေး ဆယ်လီနာဂိုမက်ဇ်နှင့် ဆက်ဆံရေး ပြတ်တောက်ခဲ့ပြီးနောက် ယင်းသည် မိုင်လီနှင့် ဘီဘာတို့ကြား ခင်မင်မှုကို ဆယ်လီနာက မနာလို ဖြစ်ခဲ့ခြင်းကြောင့်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

လီယမ်နှင့် မိုင်လီတို့ကြား အချစ်ရေးမှာလည်း အတန်ငယ် အက်ကြောင်းထင်နေသည်ဟု ယူဆရပြီး လီယမ်၏ အစ်ကိုဖြစ်သူ ခရစ်ဟမ်းဆွော့သ်က လီယမ်အား မိုင်လီကို စွန့်ခွာရန် အကြံပေးခဲ့ကြောင်း ဟောလီးဝုဒ် အတင်းအဖျင်း ဝက်ဘ်ဆိုက်အချို့က ရေးသား ဖော်ပြခဲ့သည်။ 

Planet.com.mm
နိုက်ကလပ်တွင် အတူတွေ့မြင်ရသည့် ဘီဘာနှင့် မိုင်လီ
နိုက်ကလပ်တွင် အတူတွေ့မြင်ရသည့် ဘီဘာနှင့် မိုင်လီ
Thursday, June 13, 2013

ဂျက်စတင်ဘီဘာနှင့် ချစ်သူဖြစ်နေကြောင်း သတင်းများကို မိုင်လီဆိုင်းရပ်စ်က ပယ်ချလိုက်ပြီး မိမိသည် စေ့
စပ်ထားသူတစ်ဦးသာဖြစ်ကြောင်း ပြောကြားလိုက်သည်။မိုင်လီသည်လက်ရှိချစ်သူလီယမ်ဟမ်းဆွော့သ်နှင့် 
ဆက်ဆံရေး မပြေမလည် ဖြစ်နေကြောင်းသတင်းများထွက်ပေါ်နေသလိုဘီဘာနှင့်တွဲလျှက်သား တွေ့မြင်
ရသည့် အခြေအနေများကြောင့် ကောလာဟလများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

စီးကရက်ခေတ်ကို အဆုံးသတ်မဲ့ E-Cigarette

Photo: စီးကရက်ခေတ်ကို အဆုံးသတ်မဲ့ E-Cigarette
Thursday, June 13, 2013

US ရဲ့ နောက်ဆုံးထုတ် နည်းပညာတမျိုးပါ။ Electronic Cigarette ဖြစ်
ပါတယ်။

နောက်ပိုင်း ဆေးလိပ်ကြိုက်သူတွေ၊ စတိုင်လ်ထုတ်ချင်တဲ့သူတွေ အကြိုက်
တွေ့မဲ့ electronic ပစ္စည်း ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ အဓိက
ကတော့ No Smoking Area တွေ၊ ဆေးလိပ်ငွေ့မခံနိုင်သူတွေအတွက်
ရည်ရွယ်ပြီး ထုတ်လုပ်ထားပါတယ်။

တနည်းအားဖြင့် လူမှုဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မဲ့ electronic device လို့ ဆိုနိုင်ပါတယ်။

ဒီ E-Cigarette ဘာနဲ့တူလဲဆိုတော့ ရှေးတုန်းက သုံးတဲ့ ဆေးတံလိုပါပဲ။
ဆေးတံသောက်ဖို့ဆိုရင် အရင်ဆုံး ဆေးတံခွက်မှာ ဆေးဖြည့်၊ မီးညှိပြီး
အသုံးပြုရတာပါ။

သာမန်ဆေးတံနဲ့ ဘာကွဲပြားမှု ရှိသလဲ …

ဆေးတံ --- Cigarette Starter Kit ဖြစ်ပြီး၊
ဆေးတံဆေး --- Flavor Cartridges (အနံ၊အရသာမျိုးစုံရွေးချယ်နိုင်ပါတယ်)
Recharge battery ဖြစ်ပြီး ဆေးတံလို မီးညှိစရာမလိုပါဘူး။

အရွယ်အစားကတော့ စီးကရက်တစ်လိပ်ရဲ့အရွယ်တိုင်းသာ ဖြစ်ပြီး၊ Starter Kit မှာ တပ်ဆင်သုံးရမှာ ဖြစ်ပါတယ်။

E-Cigarette ရဲ့ အားသာချက်ကတော့ အလိုအလျောက်အငွေ့ပြန်သွား
မှာ ဖြစ်သဖြင့် သာမန်စီးကရက်တွေလို ပြာမဖြစ်ဘူး၊ သောက်သုံးသူမှ
လွဲရင် ဆေးနံ့ကို မရနိုင်ဘူး၊ နေရာမရွေး သောက်သုံးဖို့ သင့်တော်နိုင်သလို
စီးကရက်ဘူးတွေ ၀ယ်ယူတဲ့ စရိတ်ထက် ထက်ဝက်လောက်သက်သာနိုင်
တယ်လို့ ဆိုပါတယ်။

စိတ်ဝင်စားသူများအနေဖြင့် ဒီလင့်မှာ http://www.blucigs.com/premium-starter-kits E-Cigaretteရဲ့ အကြောင်းကို ထပ်မံလေ့လာနိုင်
ပါတယ်။

MM Social Sky

Thursday, June 13, 2013

US ရဲ့ နောက်ဆုံးထုတ် နည်းပညာတမျိုးပါ။ Electronic Cigarette ဖြစ် ပါတယ်။ နောက်ပိုင်း ဆေးလိပ်ကြိုက်
သူတွေ၊ စတိုင်လ်ထုတ်ချင်တဲ့သူတွေ အကြိုက်တွေ့မဲ့ electronic ပစ္စည်း ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။

NDFပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံအစည်းအဝေး ကျင်းပမည်

Photo: NDFပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံအစည်းအဝေး ကျင်းပမည်
Thursday, June 13, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၏ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအား ရန်ကုန်မြို့ရှိ YWCA ၌  ဇွန်လ ၁၄ရက်နှင့် ၁၅ရက်နေ့ မနက် ၉နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း NDFပါတီ၏ အတွင်းရေးမှူး ဦးကျော်သူရက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“အဓိကကတော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ ဆွေးနွေးမှာပါ။ ပြီးတော့ ပါတီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့်ကိစ္စ တွေ ရယ် ဆွေးနွေးဖို့ ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါ တနိုင်ငံလုံးဆိုင်ရာပါတီညီလာခံအစည်းအဝေးတွင် ၂၀၁၂- ၂၀၁၃ခုနှစ် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍လည်း နှစ်ပတ်လည်အစီရင်ခံစာများ ပြန်လည်တင်ပြမည်ဖြစ်ကြောင်း NDFပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးနေမင်း ကျော်၏ ပြောကြားချက်အရ သိရသည်။

“အခုလက်ရှိ ကျွန်တော်တို့ NDFပါတီက ၂၀၁၅ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လယ်သမား အလုပ်သမားကိစ္စရပ်တွေလိုမျိုး လူထုအကျိုးပြု လုပ်ငန်းတွေ လုပ်နေပါတယ်။ နောက်ပြီး စည်းရုံးရေးထက် နိုင်ငံသားအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်တာတွေ ရှိပါတယ်။ မြို့နယ်၊ ရပ်ကွက် ရုံးတွေအနေနဲ့တော့ လုပ်ဆောင်တာတွေလည်း ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

လက်ရှိအချိန်၌ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ လွှတ်တော်တွင်းအနေဖြင့် အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်၊ ပြည်သူ့ လွှတ်တော်အမတ်များအဖြစ် ကိုအောင်စိန်၊ ဦးစိုးဝင်းနှင့် ဒေါ်တင်နွယ်ဦးတို့ပါဝင်ကြောင်း သိရပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ်နှစ်ဦးရှိကြောင်း သိရသည်။

မြန်မာ့ခေတ်

Thursday, June 13, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၏ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအား ရန်ကုန်မြို့ရှိ YWCA ၌ ဇွန်လ ၁၄ရက်နှင့် ၁၅ရက်နေ့ မနက် ၉နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း NDFပါတီ၏ အတွင်းရေးမှူး ဦးကျော်သူရက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“ရှစ်လေးလုံးငွေရတုကျင်းပရေး၈၈မျိုးဆက်ရုံးတစ်နေရာတည်းတွင်သာ အလှူငွေ လက်ခံမည်”

Photo: “ရှစ်လေးလုံးငွေရတုကျင်းပရေး၈၈မျိုးဆက်ရုံးတစ်နေရာတည်းတွင်သာ အလှူငွေ လက်ခံမည်”
Thursday, June 13, 2013

ဇွန်လ(၁၂)ရက် မွန်းလွဲ (၂)နာရီတွင် ရှစ်လေးလုံးငွေရတု ကျင်းပရေးလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ်မြောက် လုပ်ငန်းကော်မတီ အစည်းအဝေးကို ပြုလုပ်ခဲ့ကြရာ အစည်းဝေးသို့ ဆပ်ကော်မတီဝင် (၁၀)ဦးတက်ရောက် ခဲ့ကြပြီးဆုံးဖြတ်ချက် (၂၁)ရပ်ကို ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။

၎င်းဆုံးဖြတ်ချက်များတွင် အလှူငွေ ထည့်ဝင်ရန် နေရာအား ၈၈မျိုးဆက်ရုံး တစ်နေရာတည်းတွင်သာ လက်ခံရန်၊ ပြည်တွင်း ပြည်ပမှ လှူဒါန်းငွေများအား ဘဏ်မှတဆင့် လူဒါန်းပေးပို့နိုင်ရန်အတွက် ဘဏ်စာရင်း (၂)ခု ပြုလုပ်ရန်ဆုံးဖြတ်ကြောင်း
နှင့်ပုံနှိပ်၊ ပြခန်း၊ သုတေသနနှင့် ပတ်သက်သည့်စာမူများကို နိုင်ငံရေးအကျဉ်း
သားဟောင်းများ အဖွဲ့ရုံး၊ ရနံသစ်မဂ္ဂဇင်းရုံး၊ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး သို့သာ ပေးပို့ကြရန် တို့ကို ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။

သတင်းဓါတ်ပုံ-8888 silver jubilee
Popular Journal

Thursday, June 13, 2013

ဇွန်လ(၁၂)ရက် မွန်းလွဲ (၂)နာရီတွင်ရှစ်လေးလုံးငွေရတုကျင်းပရေးလုပ်ငန်းကော်မတီ၏ပဉ္စမအကြိမ်မြောက်
လုပ်ငန်းကော်မတီ အစည်းအဝေးကို ပြုလုပ်ခဲ့ကြရာ အစည်းဝေးသို့ ဆပ်ကော်မတီဝင် (၁၀)ဦးတက်ရောက် ခဲ့ကြပြီးဆုံးဖြတ်ချက် (၂၁)ရပ်ကို ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။

တိုင်းရင်းသား ပါတီများမှ ဖက်ဒရယ် ပြည်ထောင်စုပါတီ ဖွဲ့စည်းရန် ပြင်ဆင်

Photo: တိုင်းရင်းသား ပါတီများမှ ဖက်ဒရယ် ပြည်ထောင်စုပါတီ ဖွဲ့စည်းရန် ပြင်ဆင် 
Thursday, June 13, 2013

တိုင်းရင်းသား ညီနောင်ပါတီ (NBF) ၏ (၃) နှစ်ပြည့် အခမ်းအနားတွင် ဖက်ဒရယ် ပြည်ထောင်စု ပါတီ (FUP) ဖွဲ့စည်းရန် အစီအစဉ် ရှိသည်ဟု (၂) ရက်တာ ကျင်းပပြီး ယနေ့ ပြီးဆုံးသွားသော (၁၅) ကြိမ်မြောက် ညီနောင်ပါတီ ညီလာခံတွင် ဆုံးဖြတ်ခဲ့ကြောင်း ချင်းအမျိုးသား ပါတီအထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုအိခ်ထောင် ကဆိုပါသည်။ 

“  ညီလာခံကနေ အဓိကဆုံးဖြတ်ချက်(၆) ချက် ချပါတယ်။အဲဒီထဲက ညီနောင်ပါတီ (၁၅) ပါတီရဲ့ သုံးနှစ်ပြည့် အခမ်းအနားကိုစက်တာဘာလကျရင် လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒီအချိန်မှာ  FUP ဖွဲ့ဖို့ဖြစ်ပါတယ်။ ဒီပါတီထဲ ပါဝင်လိုသူတွေကတော့ သူတို့ရဲ့ မိခင် အဖွဲ့အစည်းကနေ နှုတ်ထွက်ပြီးမှ ပါဝင်ရမယ်လို့ ယေဘူယျ သဘောတူထားတာ ရှိပါတယ်။” ဟုဆိုပါသည်။

FUP ပါတီ မဖွဲ့စည်းမှီ အချိန်၌ NBF အနေဖြင့် အဖွဲ့အစည်း အဟာမိတ်အတွင်း မဟာဗျူဟာ နည်းဗျူးဟာ ရေးဆွဲထားရ မည်ဟု ဆိုပါသည်။  ဇူလိုင်လ ဒုတိယ အပတ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖက်ဒရယ် ကျအောင် ပြည်ထောင်စု စနစ်ပေါ်လာရန် မည်သို့ပြုပြင် ဖြည့်စွက်မလဲဆိုသည့် အပိုင်းကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြင်ဆင် သုံးသပ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရန် ရှိသည်ဟု ဆိုပါသည်။

ယနေ့ အစည်းအဝေးတွင် ဆုံးဖြတ်ထားသော အချက် (၆)ချက်မှာ

 ၁။ တိုင်းရင်းသား ပါတီများ၏ နိုင်ငံရေး ရှင်သန် တိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် PR စနစ်ကို ကန့်ကွက်သည်။

 ၂။ ဇွန်လအတွင်းမှာ လွတ်တော်သို့ တင်သွင်းကြမည့် PR System ၏ အချိုးကျ ကိုယ်စားပြု စနစ်ကို ကန့်ကွက်သည်။

 ၃။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် မတရားအသင်း ဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၁၇/၁  နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈/က ပုဒ်မခွဲ ၃ တို့ကို ပယ်ဖျက်ပေးရန်။ ဤပုဒ်မသည် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်သည့် နေရာ၌ အနှောက်အယှက် ဖြစ်စေသည့်အတွက် အမြန်ဆုံး ပယ်ဖျက်ပေးရန် တိုက်တွန်းထားသည်။

 ၄။၂၀၁၅ ခုနှစ် မတိုင်မီ ပြည်ထောင်စု ညီလာခံ တစ်ရပ် သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ အစိုးရ ကိုယ်စားလှယ်များ၊ တပ်မတော်သားများ၊ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေးစီ အင်အားစုများ အားလုံး ပါဝင်သည့် ပြည်ထောင်စု ညီလာခံ တစ်ရပ်ကို ခေါ်ယူကျင်းပရန်နှင့်  ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖြည့်စွက်၍ ပြည်ထောင်စု ပေါ် ထွန်းလာရေး ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရနှင့် ပြည်ထောင်စု လွတ်တော်ကို အလေးအနက် တိုက်တွန်းထားပါသည်။

 ၅။ နိုင်ငံသား မဟုတ်သူများကိုနိုင်ငံရေးပါတီ တည်ထောင်ခွင့် ရွေးချယ်ခံပိုင်ခွင့် နှင့်ရွေးချယ်မဲပေးခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို အနှောက်အယှက် ထိပါးစေနိုင်သည့် အတွက်ကြောင့် ဤကိစ္စနှင့် ပတ်သတ်သည့် ဥပဒေပုဒ်မ ကို ပယ်ဖျက်ပေးရန်။

 ၆။ တိုင်းရင်းသား ဒေသများတွင် လက်ရှိဖြစ်ပေါ်နေသည့် နေအိမ်များ မီးရှို့ခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက် မတရားပြုကျင့်မှုများ၊ ပြည်သူများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို မတရားသိမ်းသူများ ဥပဒေနှင့် ကျူးလွန်သူ များကို ဥပဒေဖြင့် အရေးယူပေးရန် ဟူ၍ ဆုံးဖြတ်ထားပါသည်။

 ညီနောင် (၁၅) ပါတီ၏ ညီလာခံကို ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဇွန်လ (၁၀) ရက်နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပခဲ့ ကြပါသည်။

 FUP ဖွဲ့စည်းခြင်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အဓိကထား ယှဉ်ပြိုင်ရန် အဓိက ရည်ရွယ်ထားသည့် ပါတီ ဖြစ်ပြီး FUP ကို ဖွဲ့စည်းပြီးပါက ပါတီမှတ်ပုံတင်သွားမည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံတွင် တရားဝင် နိုင်ငံရေးပါတီ (၅၆) ပါတီ ရှိသည့် အနက် တိုင်းရင်းသား ပါတီသည် (၃၀) ခန့် ရှိသည်ဟု ဆိုပါသည်။  

 “တိုင်းရင်းသား ဒေသမှာ ရှိတဲ့ တိုင်းရင်းသားတွေ ချည်းပဲ မဟုတ်ပဲနဲ့ ပြည်ပမှာရှိတဲ့ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး ပြည်ထောင်စု အဆင့်ကို မျှော်လင့်ထားပါတယ်။ ပြောရမယ် ဆိုရင်တော့ FUP ကို တည်ထောင်ခြင်းအားဖြင့် သမ္မတ နေရာကိုပါ မျှော်လင့်လို့ ရတဲ့ အခြေအနေမျိုး ဖန်တီးသည့် သဘောပါ။”ဟုဆိုပါသည်။

NBF သည် ပြည်နယ် အသီးသီး၌ အစိုးရ ဖွဲ့စည်းနိုင်ရန်  ပထမအဆင့် ရည်မှန်းထားပြီး ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စု လွတ်တော်နှင့် အောက်လွှတ်တော်တွင် အစိုးရဖွဲ့နိုင်ရန် ကြိုးစားသွားမည်ဟု ဆိုပါသည်။ 


ရွှေဟင်္သာသတင်းဌာန
NBF အဖွဲ့ဝင်များ

Thursday, June 13, 2013

တိုင်းရင်းသား ညီနောင်ပါတီ (NBF) ၏ (၃) နှစ်ပြည့် အခမ်းအနားတွင် ဖက်ဒရယ် ပြည်ထောင်စု ပါတီ (FUP) ဖွဲ့စည်းရန်အစီအစဉ် ရှိသည်ဟု (၂) ရက်တာ ကျင်းပပြီး ယနေ့ ပြီးဆုံးသွားသော (၁၅) ကြိမ်မြောက် ညီနောင်
ပါတီ ညီလာခံတွင် ဆုံးဖြတ်ခဲ့ကြောင်း ချင်းအမျိုးသား ပါတီအထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုအိခ်
ထောင် ကဆိုပါသည်။

အစိုးရနှင့်လက်တွဲကာဘိန်းနှင့်မူးယစ်တိုက်ဖျက်မည်ဟု ရွက်ဆစ်ပြောကြား