Pages

Thursday, June 13, 2013

မိုင်းဆတ်လေယာဉ်မတော်တဆမှု data recorder ကိုတရုတ်သို့ ပေးပို့စစ်ဆေးမည်..

Thursday, June 13, 2013

မိုင်းဆတ်လေယာဉ်မတော်တဆမှုမှdata recorderကိုတရုတ်သို့ပေးပို့စစ်ဆေးမည်ဖြစ်ကြောင်း လေကြောင်း

ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဝင်းဆွေထွန်းကပြောသည်။ မေလ(၁၆)ရက်
နေ့ကမိုင်းဆတ်လေယာဉ်ကွင်းတွင်MA 60 လေယာဉ်၊ပြေးလမ်းချော်ခဲ့သောမတော်တဆမှုကိုစစ်ဆေးမည်
ဖြစ်သည်။
လာမည့် ရက်ပိုင်းအတွင်းပေးပို့စစ်ဆေးမည်ဖြစ်ပြီးထိုရလဒ်ထွက်ပေါ်လာမှသာ စစ်ဆေးချက်အဖြေကိုထုတ်
ပြန်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဇွန်လဆန်းပိုင်းကကော့သောင်းလေယာဉ်ကွင်းတွင် ဖြစ်ပွားခဲ့သောမတော်တဆမှုနှင့် ပတ်သက်၍ စုံစမ်းစစ်

ဆေးရေးကော်မရှင်အဖွဲ့ စစ်ဆေးနေကြောင်းသိရသည်။ “လူကြောင့်လား၊စက်ကြောင့်လားဆိုတာတော့စစ်
ဆေးပြီးမှထုတ်ပြန်နိုင်မယ်”ဟုဒုတိယညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်အရသတင်းရရှိသည်။

SkyNet TV Browser , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၃.၆.၂၀၁၃

0 comments:

Post a Comment