Pages

Thursday, June 13, 2013

သီရိမင်္ဂလာဈေးဟောင်း အပေါ်ဆုံးထပ်ရှိရွှေဆင် KTV ဆိုင်မှ အကြော်ဆရာသေဆုံးနေ၍ သေမှုသေခင်းဖွင့်

၁၃.၆.၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် ကြည့်မြင်တိုင်မြို့နယ်၊
ဆေးငြိမ်းရပ်ကွက်၊ ကမ်းနားလမ်း သီရိမင်္ဂလာဈေးဟောင်း အပေါ်ဆုံးထပ်ရှိ၊ ရွှေဆင် KTV ဆိုင်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသတင်းအရ ကြည့်မြင်တိုင်မြို့မရဲစခန်းမှူးနှင့် အဖွဲ့မှသွားရောက် စစ်ဆေးခဲ့ကြသည်။ သေဆုံးသူမှာ ကိုဦး(ခ)ကိုခင်မောင်ဝင်း၊၂၇နှစ်၊
(ဘ)ဦးလှမြင့်၊ အကြော်ဆရာ၊ နတ်မောက်မြို့၊ မကွေးတိုင်းဒေသကြီးနေသူသည် အဆိုပါဆိုင်၏ဘေး ရေချိုးခန်း၊အိမ်သာလျှောက်လမ်း တွင်ပြင်ပဒဏ်ရာမရှိဘဲ ၀ဲလက်ချောင်းများကုတ်လျက်သေဆုံးနေ သည်ကိုတွေ့ရှိရပါသည်။ 
၎င်းမှာငယ်စဉ်ကတည်းက အတက်ရောဂါရှိသူဖြစ်ကြောင်းစုံစမ်းသိရှိရပြီး၊ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၃)ရေးဖွင့်၍ သေဆုံးရသည့် အကြောင်းရင်းအားစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၃.၆.၂၀၁၃

0 comments:

Post a Comment