Pages

Thursday, June 13, 2013

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

၁၂.၆.၂၀၁၃ ရက်နေ့ ၀၆၁၅ အချိန် မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသ
တင်းအရ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မင်္ဂလာဈေးကားမှတ်တိုင် အနီး စောင့်ဆိုင်း နေစဉ်ရောက်ရှိလာသူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန်ယန်းမြို့နေ မအုတ်ကွန်း၊ (၂၃)နှစ်၊ (ဘ)ဦးညီသွန်း အားသက်သေများ နှင့်အ
တူ ရှာဖွေစစ်ဆေးရာ ၎င်း၏ခန္ဓာကိုယ်ရှိအ၀ါရောင်ခါးစည်းကြိုးအတွင်းမှပလပ်စတစ်အိတ် ဖြင့်ထည့်လျက်WY စာတမ်းပါ စိတ်ကြွ
ရူးသွပ်ဆေးပြား (၁၀၀၆၅)ပြား၊အလေးချိန် (၁၀၀၆.၅)ဂရမ်၊ တန်ဘိုး (၅၀၃၂၅၀၀၀ိ/-) ကျပ်နှင့်ဘိန်းဖြူဟုယူ
ဆ ရသော အလေးချိန် ၃၈၀ ဂရမ်ခန့်ပါ လေးထောင့်ဘလောက်တုံး (၁)တုံးတန်ဘိုး (၃၀၄၀၀၀၀၀ိ/-) ကျပ်၊ 
 
စုစုပေါင်းတန်ဘိုး (၈၀၇၂၅၀၀၀ိ/)ကျပ်တို့အားရှာဖွေတွေ့ရှိသဖြင့် မအုတ်ကွန်းအား မင်္ဂလာတောင်ညွှန့်မြို့မ
ရဲစခန်း မယ(ပ) ၁၆/၂၀၁၃ ၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ထားရှိပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon police ,ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၂.၆.၂၀၁၃

0 comments:

Post a Comment