Pages

Wednesday, December 5, 2012

ပါရှန် ပင်လယ်ကွေ့ ကိုဖြတ်၍ နိုင်ငံပိုင်နက် အတွင်း ဝင်ရောက် လာသော အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း အီရန် ထိန်းချုပ်ခဲ့

ပါရှန် ပင်လယ်ကွေ့ ကိုဖြတ်၍ နိုင်ငံပိုင်နက် အတွင်း ဝင်ရောက် လာသော အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်း အီရန် ထိန်းချုပ်ခဲ့ခြင်း

အီရန် နိုင်ငံ၏ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC မှ ရေတပ် ဖွဲ့သည် အီရန် ရေပိုင်နက် ပါရှန် ပင်လယ်ကွေ့ အပေါ်၌ ပျံသန်း နေသော အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စီးအား ထိန်းချုပ် ဆင်းသက် စေခဲ့ကြောင်း Sepah News သတင်း ဌာနက ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။ ပြီးခဲ့သော ရက်များ အတွင်းတွင် ပါရှန် ပင်လယ်ကွေ့ အပေါ် ပျံသန်းမှုများ ပြုလုပ်၍ ထောက်လှမ်းရေး သတင်းများ စုဆောင်းလျက် ရှိသော အမေရိကန် မောင်းသူမဲ့ လေယာဉ်သည် IRGC ၏ လေကြောင်းရန် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စနစ် များ အတွင်း ထိန်းချုပ်ခံ ခဲ့ရပြီး အီရန် ဝေဟင်ပိုင်နက် အတွင်းသို့ ဝင်ရောက်ပြီးနောက် မကြာမီ အချိန်တွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရကြောင်း ၎င်းသတင်း ဌာနက ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါ လေယာဉ်သည် အကြီးစား စစ်သင်္ဘော များမှ ပျံတက် နိုင်သော Scan Eagle အမျိုးအစား မောင်းသူမဲ့ လေယာဉ် ဖြစ်ကြောင်း IRGC ၏ ရေတပ် ဖွဲ့တပ်မှူး ရေတပ် ဗိုလ်ချုပ် အလီ ဖဒါဗီက ပြောကြား ခဲ့ပါသည်။

အလားတူ အီရန် တိုက်လေယာဉ် တစ်စီးသည် ပါရှန် ပင်လယ်ကွေ့ အပေါ်၌ ပျံသန်းနေသော အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စီးအား ထိပ်တိုက် ရင်ဆိုင်မှု ပြုလုပ်ခဲ့ကြောင်း အီရန် ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အာမက်ဗာ ဟီဒီက နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ ပါရှန် ပင်လယ်ကွေ့တွင် ပုံမှန် ကင်းလှည့် နေသော အမေရိကန် မောင်းသူမဲ့ လေယာဉ်အား အီရန် တိုက်လေယာဉ် တစ်စီးမှ တိုက်ခိုက် ခဲ့သော်လည်း ၎င်း၏ ပစ်မှတ်အား လွဲချော် သွားခဲ့ကြောင်းနှင့် မောင်းသူမဲ့ လေယာဉ်သည် ထိခိုက်မှု တစ်စုံတစ်ရာ မရရှိဘဲ အခြေ စိုက် စခန်းသို့ ဘေးကင်း လုံခြုံစွာ ပြန်လည်ရောက်ရှိ လာခဲ့ကြောင်း အမေရိကန် ကာကွယ် ရေး ဝန်ကြီးဌာန ကလည်း အစောပိုင်းတွင် ပြောကြား ခဲ့ပါသည်။ 

အဆိုပါ ဖြစ်စဉ်သည် နိုင်ငံတကာ ရေပိုင်နက် ပါရှန် ပင်လယ်ကွေ့ အပေါ်၌ ပျံသန်းနေသော အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စီး ပထမဆုံး အကြိမ် ပစ်ခတ်တိုက်ခိုက် ခံရမှု ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး အရာရှိများက ပြောကြား ခဲ့ပါသည်။ အမေရိကန် မောင်းသူမဲ့ လေယာဉ်သည် ပါရှန် ပင်လယ်ကွေ့ အပေါ်ရှိ အီရန်နိုင်ငံ၏ ဝေဟင်ပိုင်နက် အတွင်းသို့ ဝင်ရောက် လာခဲ့ကြောင်း အီရန် ကာကွယ်ရေး ဝန်ကြီးက ပြောကြား ခဲ့ပါသည်။ 

အထက်ပါ ဖြစ်စဉ်သည် ဒေသတွင်း လှုပ်ရှားမှုများ အားလုံးကို အီရန် နိုင်ငံက သတိကြီးစွာ စောင့်ကြည့် လျက်ရှိပြီး အချိန်နှင့် တစ်ပြေးညီ ထိရောက်သော တုံ့ပြန်မှုများ ဆောင်ရွက် သွားမည် ဆိုသည်ကို ဖော် ညွှန်းလျက် ရှိကြောင်း သိရှိ ရပါသည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

အီရန် နိုင်ငံ၏ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC မှ ရေတပ် ဖွဲ့သည် အီရန် ရေပိုင်နက် ပါရှန် ပင်
လယ်ကွေ့ အပေါ်၌ ပျံသန်း နေသော အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စီးအား ထိန်းချုပ် ဆင်းသက် စေ
ခဲ့ကြောင်း Sepah News သတင်း ဌာနက ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။

အစိုးရသတင်းစာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ နာမည် ထိန်ချန်မှုတွေ ပြုလုပ်နေ

အစိုးရသတင်းစာ ဖော်ပြမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ နာမည် ထိန်ချန်မှုတွေ ပြုလုပ်နေတယ်လို့ အိုးပင်းသတင်းဂျာနယ်နဲ့ မြန်မာ့ဓန မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောက ဒီဗွီဘီ ကို ပြောပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ “စုံစမ်းရေးကော်မရှင်၏ ညှိနှိုင်းအစည်းအဝေးကျင်းပ” ခေါင်းစဉ်နဲ့ သတင်းရေးသားဖော်ပြရာမှာ ဘယ်လိုစုံစမ်းရေးကော်မရှင် ဆိုတာကို မဖော်ပြရုံသာ မက ကော်မရှင် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်
နာမည်ကို လုံးဝ မဖော်ပြခဲ့တာလို့ သူက ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာ ပြည်ထောင်စု ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ သူ့ရဲ့ Facebook အင်တာနက် စာမျက်နှာတစ်ဆင့် ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက် အတိုင်းသာ ဖော်ပြခဲ့တဲ့အကြောင်း ဖြေရှင်းရေးသားထားပါတယ်။

ပြီးခဲ့တဲ့ အမေရိကန် သမ္မတ ခရီးစဉ်တုန်းကလည်း အစိုးရ သတင်းစာတွေမှာ သမ္မတ အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန်တွေ့ဆုံတာ၊ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားတာတွေကို ဖော်ပြခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ သတင်းနဲ့ သတင်းဓာတ်ပုံတွေကို ဖော်ပြတာ မျိုး မရှိခဲ့ပါဘူး။
ီDVB

အေးချမ်းမွန်မှ ခေတ်သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ခေတ်သတင်း

အစိုးရသတင်းစာ ဖော်ပြမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ နာမည် ထိန်ချန်မှုတွေ ပြုလုပ်နေတယ်လို့ အိုးပင်းသတင်းဂျာနယ်နဲ့ မြန်မာ့ဓန မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောက ဒီဗွီဘီ ကို ပြောပါတယ်။

ကြေးနီတိုက်ပွဲကမွေးဖွားပေးလိုက်တဲ့ သံမဏိမိန်းမသားနှစ်ဦး

ကြေးနီတိုက်ပွဲကမွေးဖွားပေးလိုက်တဲ့ သံမဏိမိန်းမသားနှစ်ဦး


သူတို့တွေကို အရပ်ဝတ်နဲ့ ရဲတွေက ထပ် ကြပ်မကွာလိုက်တာခံခဲ့ရပြီး အာဏာပိုင် အချို့က “နွားမတွေ”လို့ ခေါ်တာခံခဲ့ရတယ်။ သူတို့ဟာ အချုပ်ထဲမှာ လေးညတိတိ အိပ် ခဲ့ရတာမှာ လူထုက မခံမရပ်နိုင်ဖြစ်ပြီး သူတို့ကိုလွှတ်ပေးဖို့ ၀ိုင်းတောင်းဆိုကြရတဲ့ အထိပါပဲ။
သူတို့ကတော့ အခုတလော နာမည် ကြီးနေတဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်း ဆိုတဲ့ တောင်သူနှစ်ဦးပါပဲ။ သူတို့ဟာ အခြေခံ ပညာလောက်ပဲ တတ်ပေမယ့် လက်ပန်း တောင်းတောင် ကြေးနီစီမံကိန်းမှာသူတို့ ထက် အဆများစွာ အင်အားကြီးတဲ့ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးနဲ့ တရုတ်နိုင်ငံက  လက်နက်ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုရဲ့  လုပ်ငန်းခွဲတစ်ခုတို့ကို အံတုရင်းကနေ တစ်နိုင်ငံလုံးက သူတို့ကို သတိပြုမိကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေ ကတော့ သူတို့နှစ်ဦးကို မိမိထက် အဆ မတန် အင်အားကြီးမားသူများနဲ့ထိပ်တိုက် တွေ့ရဲသူ သတ္တိရှင်မိန်းမနှစ်ဦးအနေနဲ့ ရေး သားဖော်ပြကြပါတယ်။

“သူတို့ဘယ်လိုပဲ ဖိအားလာပေးပေး၊ ကျွန်မတို့ အလျှော့မပေးဘူး။ ကျွန်မတို့ ကတော့ ဒီစီမံကိန်းလုံးဝ ရပ်ဆိုင်းရတဲ့ အထိဖြစ်စေချင်တယ်”လို့
aကြးနီမိုင်းတွင်း နားမှာရှိတဲ့ သူတို့ရွာမှာလုပ်တဲ့ အင်တာဗျူးမှာ
 ပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက သမ္မတကြီးဦးသိန်းစိန်က မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ဆီကို “နောက်ကြောင်း ပြန်မလှည့်စတမ်း ခြေလှမ်းနေပါပြီ”လို့ ကုလသမဂ္ဂမှာ ပြောကြားသွားပါတယ်။ အစိုးရအနေနဲ့လည်း သိသာထင်ရှားတဲ့ဖြေ လျှော့ပြောင်းလဲမှုတွေကို လုပ်ဆောင်လျက် ရှိပါတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲ တွေဟာ လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက် နေထိုင်ကြတဲ့ကျေးလက်ဒေသနေ ပြည်သူတွေရဲ့ ဘ၀နဲ့တော့ ကမ္ဘာခြားသလောက် ကွာဝေးနေတုန်းပါပဲ။
အခုတော့ ၀က်မှေးရွာတစ်ဝိုက်မှာ အာဏာပိုင်တွေဟာ အရင်လုပ်နေကျ ဖြစ် တဲ့ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုတွေကို ကျင့်သုံးနေတုန်းပါပဲ။
ဝက်မှေးရွာဟာ စီမံကိန်းကြောင့် ရွှေ့ပေးရမယ့် ရွာပေါင်း ၂၀ ကျော်ထဲက တစ်ရွာပါ။ ပြီးခဲ့တဲ့ဒီဇင်ဘာမှာဒေသခံ အာဏာပိုင်တွေက အဲဒီမှာရှိတဲ့ ဘုန်းကြီး ကျောင်းကို ၀င်ဖျက်ဆီးပြီး ဗုဒ္ဓဆင်းတု တွေကို ယူဆောင်သွားတယ်။ စာသင် ကျောင်းတစ်ခုမှာဆိုရင်လည်း ပရိဘောဂ တွေ၊ တခြားပစ္စည်းတွေကို ဖယ်ရှားပစ်ခဲ့ပြီး ဒေသခံရွာသားတွေ နေရာရွှေ့ပေးအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလိုကိစ္စတွေ ကြောင့် ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာ ခဲ့ပြီး ရဲနဲ့ထိပ်တိုက်တွေ့ခဲ့ကြတာမှာ အစိုးရ သစ်တက်ပြီးနောက်ပိုင်း အကြီးဆုံး ဆန္ဒပြ မှုတွေ ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ရဲတွေဘက်ကလည်းခပ် မာမာပါပဲ။ မသွဲ့သွဲ့ဝင်းတို့နှစ်ဦးကို ချုပ် ထားခဲ့တဲ့ မုံရွာရဲစခန်းရဲ့ စခန်းမှူး ဦးတင့်အောင်ကို ဘာလို့ ဒီအမျိုးသမီးနှစ်ယောက် ကို စောင့်ကြည့်နေရတာလဲ လို့ တယ်လီဖုန်း ဆက်ပြီးမေးရာမှာတော့ သူက ပြန်ပြီးအော် ငေါက်ပစ်ခဲ့ပါတယ်။
ဒေသခံအာဏာပိုင်တွေဟာ ဒီကိစ္စကို နိုင်ငံခြားသားတွေ စိတ်ဝင်စားမှာကိုလည်း မလိုလားကြပါဘူး။ နိုင်ငံခြားသတင်း ထောက်
တစ်ယောက် အဲဒီကိုနှစ်ရက် လောက်သွားတော့ သူ့ကို မော်တော်ဆိုင် ကယ်နဲ့ လူတွေက တောက်လျှောက်လိုက် တာခံရသလို  လ၀ကအရာရှိရဲ့တစ်နာရီ လောက်ထိန်းသိမ်းပြီးနောက်ကို ဒီနေရာ ပြန်မလာဖို့ သတိပေးတာကိုလည်းခံခဲ့ရပါ တယ်။ သူ့ရဲ့စကားပြန်ကိုလည်း ဖမ်းမယ် ဆီးမယ်နဲ့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံရဲ့ အနည်းငယ်လွတ်လပ် လာတဲ့ ပြည်တွင်းမီဒီယာမှာ ဒီကိစ္စဟာ ကျယ်ကျယ်ပြန့်ပြန့် ပါလာခဲ့ပါတယ်။ ဒီကိစ္စကို အဓိကဆန့်ကျင်ကြရတာက ဒီစီမံကိန်းကြောင့် အနီးအနား လယ်မြေ တွေပေါ် ဓာတုပစ္စည်းတွေ စုပုံရောက်လာ ပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမယ်၊ ဒါ့ ထက်မက အနီးအနား လယ်တွေအသိမ်း ခံရမယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အကျယ်ကျယ်အငြင်းပွားမှုတွေဟာ မအေး နက်နဲ့ မသွဲ့သွဲ့ဝင်းတို့နှစ်ဦးကို အာဏာ ပိုင်တွေက ပြုမူပုံတွေကြောင့်လည်း ဒီ လောက်အထိ ဂယက်ထခဲ့ရတာပါ။ “ဒီ အရေးကြောင့် သူတို့နှစ်ဦး
သံမဏိမိန်းမတွေ ဖြစ်လာခဲ့ကြတယ်။ ဒါသူတို့အတွက် သေ ရေး ရှင်ရေးပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ဒေသ ကို သူတို့ကာကွယ်ကြလိမ့်မယ်”လို့ မုံရွာ မြို့ခံ ကဗျာဆရာ ဦးအံ့မောင်က ပြောပါ တယ်။

ဒီအမှုအခင်းဟာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးရဲ့ စစ်မှန်းမှုကို စမ်းသပ် စစ်ဆေးမှု ကောင်းတစ်ခုပဲလို့လည်း ဦးအံ့ မောင်က ပြောပါတယ်။
ပြဿနာက လွန်ခဲ့တဲ့နှစ်နှစ်လောက် မှာစတာပါ။ အစိုးရအာဏာပိုင်တွေက ဒီစီမံကိန်းအတွက် ဒေသခံတွေကို ရွှေ့ ပြောင်းခိုင်းပြီး အိမ်ရာအသစ်ဆောက်လုပ် ပေးတယ်၊ သူတို့ရဲ့သုံးလစာဝင်ငွေနဲ့ညီမျှ တဲ့လျော်ကြေးငွေကိုလည်း ပေးဖို့ ကမ်းလှမ်းပါတယ်။ ဒါပေမယ့် အသစ်ပေးမယ့် အိမ်ရာကတွေက ဖြစ်ကတတ်ဆန်းဆောက် ထားပြီး သူတို့လယ်တွေကို ဆုံးရှုံးရရင် ဘာမှလုပ်ကိုင်စားစရာ မရှိတော့ဘူးလို့ တချို့ကကန့်ကွက်ခဲ့ပါတယ်။ ကမ်းလှမ်း ချက်ကို လူတချို့က လက်ခံခဲ့ရာမှာတော့ အာဏာပိုင်တွေက အစည်းအဝေး ခေါ်ပြီး တော့ ရွာသားအားလုံးကို ရွှေ့ပြောင်းပေးဖို့ ပြောပါတယ်။

“သူတို့က ကျွန်မတို့ကို အော်တယ်၊ တိရစ္ဆာန်တွေလို့လည်း ပြောတယ်”လို့ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။ သူတို့က အစည်းအဝေးကို ရပ်ဖို့လုပ်ရာမှာ သူက အရပ်မခံခဲ့ဘူးလို့လည်း မသွဲ့သွဲ့ဝင်းက ပြောပါတယ်။
“ကျွန်မလည်း “အခု ကျွန်မပြောဖို့ အလှည့်”လို့ ပြောလိုက်တယ်။ အဲဒီတုန်းက အုပ်ချုပ်ရေးမှူးကို လက်ညှိုးထိုးပြီး “ရှင် လူကြီးလူကောင်းမဟုတ်ဘူး။ ဒီလို အစည်း အဝေးကို ကျွန်မကို နောက်ထပ် ထပ်မခေါ် နဲ့”လို့ပြောလိုက်တယ်” အဲဒီတုန်းက
 ရပ်ရွာအုပ်ချုပ်ရေးမှူး ဟာ အခုအနားယူသွားပြီမို့ သူ့မှတ်ချက် ကို မရနိုင်ခဲ့ပါဘူး။

လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ ဒီလုပ် ငန်းကိုလုပ်ကိုင်နေတဲ့ ကနေဒါအိုင်ဗင်ဟိုး ကုမ္ပဏီနုတ်ထွက်သွားတဲ့နောက် တရုတ် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ “နိုရင်ကို” ရဲ့လက်အောက်ခံဖြစ်တဲ့ မြန်မာဝမ်ပေါင် ကြေးနီတူးဖော်ရေးက  လက်လွှဲယူခဲ့ပါ တယ်။ အခုတော့ ဒီသတ္တုတွင်းကို တရုတ် ကုမ္ပဏီနဲ့ မြန်မာ့တပ်မတော်ရဲ့ စီးပွားရေး ဦးပိုင်လီမိတက်တို့ ပိုင်ဆိုင်လုပ်ကိုင်နေ ကြပါတယ်။ ပြီးခဲ့တဲ့ဇွန်လတုန်းက
 ကုမ္ပဏီဝန် ထမ်းအချို့က ဒေသခံတွေကို ရိုင်းစိုင်းတဲ့ အမူအရာတွေလုပ်ပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ၀က်မှေးရွာသားတွေ မခံမရပ်နိုင် ဖြစ်ပြီး ဆန္ဒပြပွဲတွေ စခဲ့ကြပါတယ်။ မအေးနက်တို့နှစ်ဦးကို ဖမ်းဆီးတဲ့နောက် ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဒီကိုလာပြီး သူတို့ကို လွှတ်ပေးဖို့ ညှိနှိုင်းရာမှာတော့ သူတို့ကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ လွှတ်ပေး ခဲ့ပါတယ်။
မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာကုံးယီကတော့ သူ့ဝန်ထမ်းတွေဟာ ဒေသခံတွေနဲ့ အဆင် ပြေအောင်နေလိုကြပြီး ရိုင်းရိုင်း စိုင်းစိုင်း အမူအယာတွေလုပ်ခဲ့တာ မရှိပါဘူးလို့ အီးမေးလ်နဲ့ ဖြေကြားပါတယ်။
““ဒီမိုင်းတွင်းဟာ အလုပ်အကိုင် ထောင်နဲ့ချီဖန်တီးပေးနိုင်ပြီး ပတ်ဝန်းကျင် ဒေသဖွံ့ဖြိုးရေးကိုလည်း အများကြီး အထောက်အကူပြုမှာ
ဖြစ်ပါတယ်။ 

ကုမ္ပဏီ မှာ မြန်မာဝန်ထမ်း ၂,၀၀၀ လောက်ရှိပြီး မကြာခင်မှာ ဒီအရေအတွက်ရဲ့ နှစ်ဆ လောက် ရှိလာနိုင်တယ်”လို့ သူကပြောပါ တယ်။ လောလောဆယ်မှာတော့ ဒေသခံတွေကို အတင်းအကြပ်ရွှေ့ခိုင်းဖို့ အစိုးရ မှာ စိတ်ကူးရှိဟန်မတူပါဘူး။ ဆားလင်း ကြီးမြို့နယ် အုပ်ချုပ်ရေးမªး ဦးဇော်မိုး အောင်က အဲဒီလိုလုပ်ဖို့အစီအစဉ် အခု မရှိပါဘူးလို့ ပြောပါတယ်။
ဘုန်းတော်ကြီးကျောင်း ကိစ္စဖြစ်ပြီးခဲ့ တဲ့နောက်မှာ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းတို့ နှစ်ဦးဟာ မန္တလေးကိုသွားပြီး  လယ်ယာ မြေပိုင်ဆိုင်ခွင့်ဆိုင်ရာကိစ္စအတွက် ရှေ့နေ တွေနဲ့တိုင်ပင်ခဲ့ပါတယ်။ နောက်ထပ် အာဏာပိုင်တွေဘက်က ၀င်ရောက်မှုတွေရှိ ရင် မှတ်တမ်းတင်ရအောင် ဗီဒီယိုကင်မရာ တစ်လုံးကိုလည်း ၀ယ်ယူခဲ့ကြပါတယ်။

မသွဲ့သွဲ့ဝင်းက အခုဆိုရင် ၂၀၀၈ ခု နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ဖတ် နေတယ်လို့ ပြောပါတယ်။ အရင်တုန်းက စစ်အုပ်ချုပ်ရေးအောက်မှာ အာဏာပိုင် တွေက တစ်ချက်လွှတ်အမိန့်ကို သုံးခဲ့တယ် လို့ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။ “အခုတော့ စည်းနဲ့ကမ်းနဲ့ဖြစ်လာ ပြီဆိုတာ ကျွန်မတို့သိပါတယ်””လို့ သူက ပြောပါတယ်။

- သောမတ်စ်ဖူလာ
(နယူးယော့ခ်တိုင်းမ် သတင်းစာပါ In Battle Over Myanmar Mine, Folk Heroines Emerge ကို  ညွန့်ဝင်း ဆီလျော်အောင် ပြန်ဆိုပါသည်။)

သူတို့တွေကို အရပ်ဝတ်နဲ့ ရဲတွေက ထပ် ကြပ်မကွာလိုက်တာခံခဲ့ရပြီးအာဏာပိုင်အချို့က “နွားမတွေ”လို့ ခေါ်တာ
ခံခဲ့ရတယ်။ သူတို့ဟာ အချုပ်ထဲမှာ လေးညတိတိ အိပ် ခဲ့ရတာမှာ လူထုက မခံမရပ်နိုင်ဖြစ်ပြီး သူတို့ကိုလွှတ်ပေးဖို့ ၀ိုင်းတောင်းဆိုကြရတဲ့ အထိပါပဲ။သူတို့ကတော့ အခုတလော နာမည် ကြီးနေတဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်း ဆိုတဲ့
aတာင်သူနှစ်ဦးပါပဲ။

လက်ပံတောင်း တောင် သံဃာ တွေ ကို နိုင်ငံ ကူး လက်မှတ် ထုတ်မပေး ......

FNG EXCLUSIVE 

လက်ပံတောင်း တောင် သံဃာ တွေ ကို နိုင်ငံ ကူး လက်မှတ် ထုတ်မပေး
နဲ့  ...... 

Do not Issue  Passport to
 protestors monk 

President Thein Sein to Home Affairs Minister General Ko Ko 

လက်ပံတန်းတောင် သပိတ် စခန်း တွင် သမ္မတ ဦးသိန်းစိန် ၏ အမိန့် ဖြင့် အ
ကြမ်းဖက် တိုက် ခိုက် မှု ကို ခံ ရသည့် သံဃာတော်များ ပြည်သူ များ အား
နိုင်ငံ ကူး လက်မှတ် ထုတ် ပေး ခြင်း မပြု ရန် သမ္မတ ဦးသိန်းစိန် ကိုယ် တိုင်
ပြည်ထဲ ရေး ၀န်ကြီး ဗိုလ် ချုပ် ကိုကို ကို ညွှန်ကြား ထား ပြီး နိုင်ငံ ကူး လက်
မှတ် ရှိသူ များ ဆို ပါက ပြန်လည် ဖျက် သိမ်း ရန် နှင့် ဒဏ်ရာရ ထား သူ
များ သက်ဆိုင်ရာ ထောက်လှမ်း ရေး များ က စောင့် ကြည့် ရန် ညွှန်ကြား ထား သည်။ 

ဦးသိန်းစိန် ကိုယ်တိုင် ယနေ့  မနက် ဘရူ နိုင်း မှ ညွှန်ကြား မှု ပြု သည် ဟု သိရသည်။ 

Photo : Lotus Man

လက်ပံတန်းတောင် သပိတ် စခန်း တွင် သမ္မတ ဦးသိန်းစိန် ၏ အမိန့် ဖြင့် အကြမ်းဖက်တိုက်ခိုက်မှု ကိုခံ ရသည့်
သံဃာတော်များ ပြည်သူ များ အား နိုင်ငံ ကူး လက်မှတ် ထုတ် ပေး ခြင်း မပြု ရန် သမ္မတ ဦးသိန်းစိန် ကိုယ် တိုင်
ပြည်ထဲ ရေး ၀န်ကြီး ဗိုလ် ချုပ် ကိုကို ကို ညွှန်ကြား ထား ကြောင်းသတင်းရရှိပါသည်။

မျက်မမြင်သင်္ကေတစာများဖြစ်ပေါ်လာရန် နပိုလီယံ ကူညီခဲ့

မျက်မမြင် သင်္ကေတ စာများကို ပြင်သစ် လူမျိုး Braille တီထွင် ဖန်တီးခဲ့ တယ်လို့ သိကြပေမယ့် အမှန်တော့ နပိုလီယံက ဘိုနာပတ်က စခဲ့တာ ဖြစ် ပါတယ်။ သက္ကရာဇ် ၁၈၀၀ ကျော်ကာလအတွင်း အင်ပါယာထောင်ဖို့ စစ်ခင်းတဲ့ နပိုလီယံဟာ တိုက်ပွဲတွင်း အမိန့်ပေးမှုကို အသံထွက် ပြောချင်သူ မဟုတ်ပါဘူး။ ကိုယ်ရဲ့  စစ်ဗျူဟာကို အခြားလူမှာ ဆိုးလို့ ဖြစ်ပါတယ်။

ဖမ်းဆီးမှုကြားမှ တာမွေနှင့်ရေကျော်၌ ဆန္ဒထုတ်ဖော် -

ဖမ်းဆီးမှုကြားမှ တာမွေနှင့်ရေကျော်၌ ဆန္ဒထုတ်ဖော် -

ထက်အောင်ခန့် (မြစ်မခ)
by Myit Makha Mediagroup on 5 Dec, 2012

 လက်ပံတောင်းကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုများနှင့်ပတ်သက်၍ ရန်ကုန်တွင် ကန့်ကွက်ဆန့်ကျင် ဆန္ဒထုတ်ဖော်နေသူများအား သက်ဆိုင်ရာမှအရေးယူဆောင်ရွက် လျက်ရှိသော်လည်း ဒီဇင်ဘာလ(၄)ရက်နေ့က တာမွေနှင့်ရေကျော်၌ ဆန္ဒဖော်ထုတ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိနေဆဲဖြစ်သည်။

အကြမ်းဖက်ဖြိုခွင်းမှုများအပေါ်ကန့်ကွက်ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုများအား နိုဝင်ဘာလ (၃၀) ရက်နေ့ နှင့် ဒီဇင်ဘာလ (၁) ရက်နေ့များတွင်  သံဃာများနှင့် ပြည်သူများဆန္ဒထုတ်ဖော်ပြသခဲ့ပြီး ဒီဇင်ဘာလ (၂) ရက်နေ့ တစ်ကြိမ်၊ (၄) ရက်နေ့၌ တာမွေဗလီအနီးတွင် လူဦးရေ(၄)ယောက်ပါဝင်သည့် ဆန္ဒထုတ်ဖော်မှု ဖြစ်ပွား ခဲ့ပြီး၊ ရေကျော်၌ ကိုတိုးကျော်လှိုင်က ဆိုက်ကားပေါ်မှ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

တာမွေဆန္ဒထုတ်ဖော်သူများတွင် ကိုထင်ကျော်နှင့်ကိုငြိမ်းချမ်းအပါအ၀င် (၅)ဦး ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက်နေ့ကလည်း ကြေးနီစီမံကိန်း ရပ်တန့်ရန် ပြည်သူများ ဆန္ဒထုတ် ဖော်ပြသခဲ့ပြီး ၎င်းဆန္ဒထုတ်ဖော် သူထဲမှ (၆) ဦးကို ဖမ်းဆီးအရေးယူခဲ့ကာ ဒီဇင်ဘာလ (၂) ရက်နေ့တွင် ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့ကို ထပ်မံဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ထို့သို့ သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနေခဲ့သော်လည်း ပြည်သူများက အကြမ်းဖက်ဖြိုခွင်းမှုအပေါ် ဆက်လက် ဆန္ဒထုတ်ဖော်နေဆဲဖြစ်သည်။

“ဒီမိုကရေစီနိုင်ငံလွတ်လပ်တဲ့နိုင်ငံမှာတော့ လွတ်လပ်တဲ့နိုင်ငံသား တစ်ယောက်ဟာ မိမိရဲ့ မကျေနပ်မှုကို မကျေနပ်ဘူးဆိုတာကို ပြောဆိုပိုင်ခွင့်ရှိတယ်။ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချ တာပဲ။”ဟု နိုင်ငံရေးအကျဉ်း သားဟောင်းတစ်ဦးဖြစ်သူ ကိုငြိမ်းချမ်းက ပြောသည်။

ဆန္ဒထုတ်ဖော်သူများအား ဖမ်းဆီးအရေးယူမှုနှင့် သံဃာတော်များအား ဆေးဝါးများလုံလောက်စွာ မကုသပေးခြင်းများကို တာဝန်ယူတာဝန်ခံဖြေရှင်းပေးစေချင်ကြောင်း ဆန္ဒထုတ်ဖော်သူများထံက သိရသည်။

“ဒီလိုဖမ်းဆီးမှုတွေက မကောင်းပါဘူး။ ဒါမျိုးတွေက မလုပ်သင့်ပါဘူး။ လက်ရှိသံဃာတော်တွေကို လုံလောက်စွာ ဆေးကုသမှု မပေးသေးဘူး။ ဒါတွေကိုကျွန်တော်ပြောချင်ပါတယ်။ ဒါတွေကိုတာဝန်ယူ၊ တာဝန်ခံပြီး ဖြေရှင်းပေးပါ လို့ပြောချင်ပါတယ်။”ဟု ကိုငြိမ်းချမ်းက ဆက်ပြောသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသော စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ခုဖြစ်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ဖွဲ့စည်းသည့် စုံစမ်းစစ်ဆေးရေးမျိုး ဖြစ်လျှင် လက်ခံနိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း  ကိုငြိမ်းချမ်းက ဆိုသည်။

လက်ပံတောင်းကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုများနှင့်ပတ်သက်၍ ရန်ကုန်တွင် ကန့်ကွက်ဆန့်ကျင် ဆန္ဒထုတ်ဖော်နေသူများအား သက်ဆိုင်ရာမှအရေးယူဆောင်ရွက် လျက်ရှိသော်လည်း ဒီဇင်
ဘာလ(၄)ရက်နေ့က တာမွေနှင့်ရေကျော်၌ ဆန္ဒဖော်ထုတ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိနေဆဲဖြစ်သည်။

ဗမာအစိုးရ စစ်ရဟတ်ယာဉ်မှ ဗမာစစ်တပ်သို့ မှားယွင်းပစ်ခတ်

ဗမာအစိုးရ စစ်ရဟတ်ယာဉ်မှ ဗမာစစ်တပ်သို့ မှားယွင်းပစ်ခတ်

ဒီဇင်ဘာ (၅) ဗုဒ္ဓဟူး post by Jinghpaw kasa 

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ပန်ဝါဒေသ   အင်ဒီအေကေ ဗျူဟာကုန်း (၁၀၀၂) တပ်တပ်သို့ ဗမာအစိုးရမှ စစ်ရဟတ်ယာဉ် (၇) စီးဖြင့် (၉) ကြီးတိုင် လက်နက်၊ ခဲယမ်းများ၊ စစ်အင်အားများ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဤဗမာအစိုးရ စစ်ရဟတ်ယာဉ်များသည် ကချင်ပြည်နှင့် တရုတ်ပြည်နယ်ခြားမှတ်တိုင် (၅) ဘက်သို့ ထိုးစစ်ဆင်လာသော ဗမာအစိုးရ စစ်တပ် စစ်ကြောင်းများကို ကေအိုင်အေ များထင်မှတ်ကာ ဝေဟင်မှ မြေပြင်ပစ် ဒုံးလက်နက်များဖြင့် မှားယွင်းပစ်ခတ်ခဲ့ကြောင်း၊ ဤသို့ မှားယွင်းပစ်ခတ်မှုကြောင့် ဗမာအစိုးရ စစ်တပ်မှ စစ်ဗိုလ်တစ်ဦးနှင့် စစ်သား အများအပြားသေဆုံး၊ ဒဏ်ရာရရှိကြောင်း ဆက်လက် သတင်းရရှိပါသည်။

 ဗမာအစိုးရစစ်တပ်များသည် ရှေ့တန်းစစ်မျက်နှာပြင်သို့ တပ်အင်းအား အများအပြား ပို့ဆောင်ထားမှုကြောင့် မကြာခဏ အချင်းချင်းမှားယွင်း ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။ ကေအိုင်အေ မျိုးချစ်ရဲဘော်များအား ရည်ရွယ်ကာ လာရောက်ပစ်ခတ်ခြင်းဖြစ်သော်လည်း အချင်းချင်းပစ်ခတ်သွားပြီး ကေအိုင်အေမျိုးချစ်ရဲဘော်များဘက်မှ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသောကြောင့် ကေအိုင်အေမျိုးချစ်ရဲဘော်များမှ ဘုရားရှင်ကို ကျေးဇူးတင် ချီးမွမ်းလျက်ရှိကြောင်း ဆက်လက် သိရှိရပါသည်။

ဒီဇင်ဘာ (၅) ဗုဒ္ဓဟူး

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော ပန်ဝါဒေသ အင်ဒီ
အေကေ ဗျူဟာကုန်း (၁၀၀၂) တပ်တပ်သို့ ဗမာအစိုးရမှ စစ်ရဟတ်ယာဉ် (၇) စီးဖြင့် (၉) ကြီးတိုင် လက်နက်၊ ခဲယမ်းများ၊ စစ်အင်အားများ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

လက်ဖက်ရည်ကြမ်းသည် ဆီးချိုရောဂါဖြစ်ပွားမှုကို လျှော့ချနိုင် ……….

ဗြိတိန်သုတေသီများ၏ လေ့လာချက်အရ တစ်နေ့ လျှင် လက်ဖက်ရည်ကြမ်းသုံးခွက်ခန့်  သောက်သုံးခြင်းဖြင့် ဆီ
းချိုရောဂါဖြစ်ပွားနိုင်မှုကို ကာကွယ်နိုင်ကြောင့် လေ့လာတွေ့ ရှိရသည် ။

ယနေ့ ဒီဇင်ဘာ ၅ရက်နေ့သည် ထိုင်းဘုရင် ဘူမိဘော အဒူရာဒက် ၏ ၈၅ နှစ်မြောက်မွေးနေ့စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်

ထိုင်းဘုရင် ဘူမိဘော အဒူရာဒက် ၏ ၈၅ နှစ်မြောက်မွေးနေ့ဖြစ်သည့် ယနေ့ဝယ် (ဒီဇင်ဘာ ၅) ဘန်ကောက်မြို့ရှိ Anantasamakom နန်းဆောင်ရှေ့ဝယ် ဘုရင်မင်းမြတ် မိန့်ခွန်းနားဆင်ရန် စောင့်ဆိုင်းကြိုဆိုနေကြသည့် ပြည်သူများ(AFP)
စောင်မျှော်နေကြတဲ့ပြည်သူများ
ထိုင်းဘုရင် ဘူမိဘော အဒူရာဒက် ၏ ၈၅ နှစ်မြောက်မွေးနေ့ဖြစ်သည့် ယနေ့ဝယ် (ဒီဇင်ဘာ ၅) ဘန်ကောက်မြို့ရှိ Anantasamakomနန်းဆောင်ရှေ့ဝယ်ဘုရင်မင်းမြတ်မိန့်ခွန်းနားဆင်ရန်ပည်သူများ စောင့်ဆိုင်းကြိုဆိုခဲ့ကြကြောင်း
သည့် ပြည်သူများ(AFP)သတင်းရရှိသည်။

“ရန်ကုန် စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်ရန် အစည်းအဝေးကျင်းပ”

ရန်ကုန် ဒီဇင်ဘာ ၅

ဂျပန်အခြေစိုက် ( MHIEC )ကုမ္ပဏီ၏ နည်းပညာဖြင့် ရန်ကုန်မြို့ရှိ စွန့်ပစ်အမှိုက်များအား လောင်စာအဖြစ်

 ပြုလုပ်၍ လျှပ်စစ်ဓာတ် ထုတ်လုပ်နိုင်ရန် လုပ်ငန်းပြုလုပ်ပုံ အဆင့်ဆင့်တင်ပြခြင်းအစည်းအဝေးကိုယနေ့
နေ့လည် ( ၁ )နာရီတွင် Trader Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

Asean100 Leadership Forum ယနေ့ စတင်ကျင်းပ

Photo: Asean100 Leadership Forum  ယနေ့ စတင်ကျင်းပ

ရန်ကုန် ဒီဇင်ဘာ၅
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ယနေ့ နေ့လည် (၂)နာရီမှ စတင်ကာAsean100 Leadership Forum ကိုကျင်းပရာ
ို မလေးရှားတော်ဝင်မင်းသား HRH Raja Nazrin Shah မှ ASEAN at Crossroads: Staying Together or Drifting Apart?" ခေါင်းစဉ်ဖြင့်ပြောကြားသည်။
  ဖိုရမ်စကားဝိုင်းကို ဒေါက်တာကံဇော် ကဦးဆောင်ကာ စတင်ကျင်းပတော့မည်ဖြစ်သည်။
ည ၇နာရီတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ပြီး မြန်မာနိုင်ငံ၏စိန်ခေါ်မှုနှင့်အခွင့်လမ်းများအကြောင်းကို 
ပြောကြားပြီး ယနေ့အစီစဉ်ပြီးဆုံးမည်ဖြစ်သည်။sk

ရန်ကုန် ဒီဇင်ဘာ၅
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ယနေ့ နေ့လည် (၂)နာရီမှ စတင်ကာAsean100 Leadership Forum ကိုကျင်း
ပရာမလေးရှားတော်ဝင်မင်းသား HRH Raja Nazrin Shah မှ ASEAN at Crossroads: Staying Together or
Drifting Apart?" ခေါင်းစဉ်ဖြင့်ပြောကြားသည်။