Pages

Wednesday, December 5, 2012

“ရန်ကုန် စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်ရန် အစည်းအဝေးကျင်းပ”

ရန်ကုန် ဒီဇင်ဘာ ၅

ဂျပန်အခြေစိုက် ( MHIEC )ကုမ္ပဏီ၏ နည်းပညာဖြင့် ရန်ကုန်မြို့ရှိ စွန့်ပစ်အမှိုက်များအား လောင်စာအဖြစ်

 ပြုလုပ်၍ လျှပ်စစ်ဓာတ် ထုတ်လုပ်နိုင်ရန် လုပ်ငန်းပြုလုပ်ပုံ အဆင့်ဆင့်တင်ပြခြင်းအစည်းအဝေးကိုယနေ့
နေ့လည် ( ၁ )နာရီတွင် Trader Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။ယင်းအစည်းအဝေးကို ရန်ကုန်စည်ပင်မှအရာရှိများ UMFCCI အင်ဂျင် နီယာအသင်း ၊ JICA နှင့် MHIEC ကုမ္ပဏီ (MITSUBISHI)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

MHIEC ကုမ္ပဏီသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများအား နည်းပညာဖြင့် ပံ့ပိုး၍ လုပ်ငန်း
လုပ်ကိုင်လိုခြင်းဖြစ်သည်။

ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ အမှိုက်တန် တစ်ထောင်လျှင် လျှပ်စစ် ( ၁၂၈၀၀ )KW ရရှိနိုင်ကြောင်း သိရသည်။

ဝေမာထွန်း

0 comments:

Post a Comment